Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 3, 2019

ေသနတ္ကိုင္ေသာေယာဂီအား ဖမ္းဆီးရမိ

ေသနတ္ကိုင္ေသာေယာဂီ

ဖမ္းဝရမ္းအထုတ္ခံထားေသာ ေသနတ္ကိုင္ေယာဂီႀကီးသည္ တ႐ုတ္ျပည္တြင္ အဓိဌာန္ဝင္ေနသေယာင္ လိမ္လည္လွည့္ျဖား၍ ျမန္မာျပည္တြင္ ေရွာင္ပုန္းေနသည္ကို သတင္းရရွိခဲ့ပါသည္။

သတင္းေပးခ်က္အရ ဝရမ္းေျပးမယ္ေတာ္ႀကီး စီးနင္းလိုက္ပါလာေသာ ကိုယ္ပိုင္ေမာ္ေတာ္ယာဥ္အား (၂၀၁၉) ခုႏွစ္ ဇန္နဝါရီလ (၂) ရက္ ဗုဒၶဟူးေန႔ ညေန (၆) နာရီတြင္ ရန္ကုန္-မႏၲေလး အျမန္လမ္း မိုင္တိုင္ (၂၈၄) တြင္ ရဲတပ္ဖြဲ႕က ရပ္တန္႔ရွာေဖြခဲ့ၿပီး ကားေပၚတြင္စီးနင္းလိုက္ပါလာသူ မယ္ေတာ္ႀကီးအား ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သတင္းရရွိပါသည္။

ဓာတ္႐ိုက္ဓာတ္ဆင္ေတာ္ေသာ အၾကားအျမင္မယ္ေတာ္ႀကီးအား ယခုအခါ မႏၲေလးစီအိုင္ဒီသို႔ လႊဲေျပာင္းကာ စတင္စစ္ေဆးေနၿပီျဖစ္ေၾကာင္း ရပ္နီးရပ္ေဝးမွ မယ္ေတာ္ႀကီး၏ တပည့္သာဝက သားသမီးမ်ားအား အေၾကာင္းၾကားအပ္ပါသည္။

ဦးေအာင္လႈိင္ဝင္း
ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္
မဂၤလာဒံုမဲဆႏၵနယ္

....................
ဖမ်းဝရမ်းအထုတ်ခံထားသော သေနတ်ကိုင်ယောဂီကြီးသည် တရုတ်ပြည်တွင် အဓိဌာန်ဝင်နေသယောင် လိမ်လည်လှည့်ဖြား၍ မြန်မာပြည်တွင် ရှောင်ပုန်းနေသည်ကို သတင်းရရှိခဲ့ပါသည်။
သတင်းပေးချက်အရ ဝရမ်းပြေးမယ်တော်ကြီး စီးနင်းလိုက်ပါလာသော ကိုယ်ပိုင်မော်တော်ယာဉ်အား (၂၀၁၉) ခုနှစ် ဇန်နဝါရီလ (၂) ရက် ဗုဒ္ဓဟူးနေ့ ညနေ (၆) နာရီတွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၂၈၄) တွင် ရဲတပ်ဖွဲ့က ရပ်တန့်ရှာဖွေခဲ့ပြီး ကားပေါ်တွင်စီးနင်းလိုက်ပါလာသူ မယ်တော်ကြီးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဓာတ်ရိုက်ဓာတ်ဆင်တော်သော အကြားအမြင်မယ်တော်ကြီးအား ယခုအခါ မန္တလေးစီအိုင်ဒီသို့ လွှဲပြောင်းကာ စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ရပ်နီးရပ်ဝေးမှ မယ်တော်ကြီး၏ တပည့်သာဝက သားသမီးများအား အကြောင်းကြားအပ်ပါသည်။

ဦးအောင်လှိုင်ဝင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
မင်္ဂလာဒုံမဲဆန္ဒနယ်

No comments:

Post a Comment