Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 2, 2019

ကေလးမိဘမ်ား အိမ္မွာ ကေလးရိွသူမ်ား သတိထား

ကြၽန္ေတာ့္သမီးေလး ၿပီးခ့ဲတ့ဲ ျကာသာပေတး ညေန ေက်ာင္း ကျပန္လာေတာ့ ” ဗိုက္နာတယ္ ဗိုက္နာတယ္ေမေမ “ဟု နာရီဝက္တခါေအာ္ေအာ္ငိုေလသည္ ။

ေျသာ္ ငါ့သမီးေလး ဝမ္းမသြားတာ 3ရက္ရိွၿပီ ဝမ္းခ်ဳပ္လို႔ ေနမွာဆိုၿပီး သူ႔အေမက ဒိန္ခ်ဥ္နဲ႔ စေတာ္ဘယ္ရီေကြၽးလိုက္ေတာ့ ခဏေန အီးအီး ပါၿပီးေသာ္လည္း …

သမီးက မၾကာခဏဆိုသလို ဗိုက္နာတယ္ ဗိုက္နာတယ္ ဟု 4ခြန္း5ခြန္း ေအာ္လိုက္ ၿပီးေပ်ာက္သြားလိုက္ နဲ႔ ဆိုေတာ့ ကေလးက ဟန္လုပ္ေနတာလား ဘာလား နဲ႔ ေပါ့ေပါ့ဘဲေတြးမိတယ္ေလ ။

ညဘက္လည္း ေကာင္းေကာင္းမအိပ္ဘဲ မၾကာမၾကာ ေအာ္ေတာ့ မျဖစ္ေခ်ဘူးဆိုၿပီး ေသာၾကာေန႔ မနက္ေစာေစာ ျပေနၾကနာမည္ႀကီး ေဆး႐ုံက နာမည္ႀကီး အထူးကုဆရာဝန္မႀကီးဆီသြားျပ ျဖစ္စဥ္ေျပာျပေတာ့ ….ေသခ်ာနားေထာင္ၿပီး…

“ေအး နင္တို႔က ဝမ္းခ်ဳပ္လို႔ ကေလးကို ဝမ္းသြားေအာင္ ဒိန္ခ်ဥ္တိုက္တယ္ အ့ဲဒါမွားတယ္ ဝမ္းကိုက္တာ ဝမ္းမွန္တာ ဝမ္းေလ်ွာ တာ 3ဆင့္ရိွတယ္ အခုကေလးက ဝမ္းကိုက္ပိုးဝင္ေနၿပီ တစ္ခ်ိဳ႕ကဝမ္းကိုက္သည္အထိ ေစာင့္ၾကည့္တယ္။

ေစာင့္ၾကည့္စရာမလိုဘူး ဝမ္းမကိုက္ေအာင္ႀကိဳတင္ကာကြယ္ထားရမယ္ ” .ဆိုၿပီး ပိုးသတ္ေဆးနဲ႔ တျခား လိုအပ္တ့ဲေဆးေတြ ေပါင္း4မ်ိဳးေပးလိုက္တယ္။

ေဆးေကာင္တာ မွာ ေဆးယူေနရင္း လင္မယား2ေယာက္ ဆရာမႀကီးက ဝမ္းကိုက္ပုံအဆင့္ဆင့္ကို ေသခ်ာေတာ့ ႐ွင္းျပလိုက္တယ္ ။

ဒါေပမ့ဲ ကေလးက ဒိန္ခ်ဥ္ မတိုက္ခင္ကတည္းကဗိုက္နာတယ္ ေအာ္ေနတာ မွားမ်ား မွားေနလား …?ျပန္ဝင္ေျပာရင္ ေကာင္းမလား….? ေနာက္ဆုံးေတာ့ ေျသာ္ သူက အေတြ႔အၾကဳံ အမ်ားႀကီးရိွပါတယ္ ။

သူလည္း ေသခ်ာ႐ွင္းျပတာဘဲ ဟုတ္မွာပါ ဆိုၿပီး ကေလးကို ေဆး ဂ႐ုတစိုက္တိုက္ဖို႔ အမ်ိဳးသမီးကို ေစ်းမလိုက္ခိုင္းဘဲ အိမ္မွာထားခ့ဲတယ္ေလ။

ေစ်းကျပန္ ညေနေလာက္ထိလည္း ကေလးက သိပ္မသက္သာ ညဘက္ အိပ္ယာဝင္ေတာ့လည္း တအီအီနဲ႔ ဆိုေတာ့ တျခားဆရာနဲ႔ သြားျပဖို႔ေျပာေတာ့ ဆရာမႀကီးက ပိုးသတ္ေဆးေပးထားတာ တျခားဆရာက ေဆးေျပာင္းေပးရင္ ပိုးသတ္ေဆး 4ခြက္ေလာက္က ဝင္ေနၿပီ .မေျပာင္းခ်င္ဘူး ။



အ့ဲဒီေတာ့ အ့ဲေဆး႐ုံဘဲ ဖုန္းဆက္ၿပီးေတာ့ ဆရာမႀကီးကို on call ေခၚေပးလို႔ရမလားဆိုေတာ့ မရပါဘူး ။အေရးႀကီးရင္ ရန္ကင္းကေလးေဆး႐ုံ ျဖစ္ျဖစ္ ဟယ္ပင္ျဖစ္ျဖစ္သြားပါဆိုေတာ့ အမွန္အတိုင္းေျပာရရင္ မသြားခ်င္တာနဲ႔ ကဲ ေနာက္ေန႔မနက္ေစာေစာ ဆရာမႀကီးဆီဘဲ သြားၾကတာေပါ့ကြာ ဆိုေပမ့့့ဲ ကေလးေရာ ကိုယ္ေရာ တစ္ညလုံး မအိပ္ရပါ။

တကယ္ေတာ့ ကြၽန္ေတာ္လည္း ေသာၾကာေန႔ကတည္းက ဖ်ားခ်င္ခ်င္ စေနေန႔ၾကေတာ့ လုံးဝကိုမလႈပ္ႏိုင္။ဒါနဲ႔ ကေလးေဆးခန္းကို အမ်ိဳးသမိီးဘဲလႊတ္လိုက္ေတာ့ စေနေန႔ မို႔ ဆရာမႀကီး ေဆးခန္းမထိုင္ပါတ့ဲ ….

ဒါဆိုလည္း ရန္ကင္းကေလးေဆး႐ုံဘဲ သြားလိုက္ကြာဆိုၿပီး ရန္ကင္းကေလး ေဆး႐ုံေရာက္ေတာ့ ေဆးတစ္လုံးတိုက္ၿပီး တစ္နာရီေလာက္ေစာင့္ၾကည့္မယ္ …

မသက္သာရင္ျပန္လာ ဆိုျပီးေတာ့ အိမ္ျပန္လာတယ္။ေလ သို႔မဟုတ္ သံေကာင္ေၾကာင့္ျဖစ္မွာပါတ့ဲ။ဒါေပမ့ဲ ကေလးက မသက္သာ မၾကာမၾကာေအာ္ေနရဆဲ ။စိတ္ထဲမွာ သေဘာမက်ေတာ့ဘူး ။

ဒါနဲ႔ ကိုယ့္ဘာသာ ဓာတ္မွန္ေလး ultrasound ေလး႐ိုက္ၿပီး အေျဖ႐ွာရင္ မေကာင္းဘူးလား ၊ဆိုၿပီး အေထြေထြ မိသားစု ဆရာဝန္ဆီ လက္မွတ္ေတာင္းဖို႔ သြားရင္း ကေလးျပၿပီး စမ္းသပ္ၾကည့္ေတာ့ သူလည္း ဘာမွမေတြ႔ဘူး ။

ဗိုက္က normal ဘဲ ဟဲ့ ေဆးစာအုပ္မွာ ေရးထားတာက ဝမ္းကိုက္တာလည္း ျဖစ္နိင္တယ္ Emotion လို႔လည္းပါတယ္ ဆိုေတာ့”နင့္ကေလးက ဝမ္းကိုက္တာေတာ့ မဟုတ္ေလာက္ဘူး အႀကီးေတြက အငယ္ကေလး ေရာက္လာရင္ အ့ဲလိုျဖစ္တတ္တယ္ ။

သူတို႔ကို ပိုဂ႐ုစိုက္ေအာင္ ကဲျပတာမ်ိဳးေလ..စိတ္မပူနဲ႔ Ultrasound သြား႐ိုက္လည္း ဘာမွေတြ႔မွာ မဟုတ္ဘူးရယ္ “ဆိုေတာ့လည္း ဆရာဝန္စကား နားေထာင္ၿပီး မ႐ိုက္ဘဲနဲ႔ ျပန္လာၿပီးေတာ့ကေလးကိုဘဲ ပိုဂ႐ုစိုက္ျပရေတာ့တာေပါ့။

ဒါေပမဲ့ ကေလးက မသက္သာ ပိုပိုဆိုးလာသလိုဘဲ ညလည္း အိပ္ရင္း နာရီဝက္ေလာက္ေန ထထငိုလိုက္နဲ႔ ။အိပ္ေရးေတြပ်က္ ၊ ကြၽန္ေတာ္ကိုယ္တိုင္ကလည္း တေနကုန္ အဖ်ားမက်လို႔ ကတုန္ကယင္ေတြျဖစ္ေနခ်ိန္ေပါ့။

တနဂၤေႏြမနက္က် အမ်ိဳးသမီးကိုျပေနက် ဆရာမႀကီးရိွရာ ေစာေစာသြား “ဆရာမႀကီး ကေလးက မသက္သာလို႔ Ultrasound ေလး ဘာေလး႐ိုက္ဖို႔လိုမလား ေျပာေတာ့ “႐ိုက္ခ်င္႐ိုက္ၾကည့္ေလ”တ့ဲ …။

တစ္ခ်ိဳ႕ ကေလးအေမေတြက ကြၽန္မတို႔က ႐ိုက္ခိုင္းရင္ေတာင္ မလိုအပ္ဘဲ ႐ိုက္ခိုင္းတယ္ ထင္ၿပီး မ႐ိုက္ခ်င္ၾကဘူး ႐ိုက္ၾကည့္တာ ေကာင္းပါတယ္”ဆိုေတာ့…

ေနာက္ထပ္ ကေလးအထူးကုေဆး႐ုံ တစ္ခုသြား Ultrasound ႐ုိက္လိုက္ေတာ့ ကေလးက အူ အႀကီးထဲကို အူအေသးစြပ္သြားတာ အူကြၽံတယ္ေခၚတာေပါ့ဗ်ာ ထူးေတာ့ထူးဆန္းတယ္။

ဒါမ်ိဳးက 6လ 1ႏွစ္အရြယ္ေတြအျဖစ္မ်ားတယ္ 3ႏွစ္ခဲြ အရြယ္က ျဖစ္ခဲတယ္တ့ဲ ။အဲ့ဒါ စအိုထဲကေန ေဆးရည္ထ့ဲပီးအူကို ပြလာေအာင္လုပ္ရမယ္ ။အူက ပြလာရင္ ျပန္ကြၽတ္ခ်င္လည္းကြၽၽတ္မယ္ ….

50=50ဘဲ မကြၽတ္ရင္ ဗိုက္ခဲြၿပီး စြပ္ေနတ့ဲအူကို ျဖတ္ေတာက္ျပန္ဆက္လုပ္ရမယ္ ဆိုၿပီး ကေလးကို စအိုထဲ ေဆးထည့္ဖို႔ အက်ၤ ီ အဝတ္အစားေတြလဲေပးျကတယ္တ့ဲ”။

အ့ဲဒီမွာ အမ်ိဳးသမီးက ”ဟာ မျဖစ္ေသးဘူး ဒါဆို အမ်ိဳးသားနဲ႔ တိုင္ပင္ရဦးမယ္”ဆိုၿပီး ေနမေကာင္းျဖစ္ေနတ့ဲ ကြၽန္ေတာိ့ဆီဖုန္းဆက္လာေတာ့….

“ဟာ ခြဲရ စိတ္ရမယ္ဆိုရင္ေတာ့ ဒီမွာမလုပ္ဘူး ။ဘန္ေကာက္သြားမယ္ စအိုကေန ေဆးသြင္းတာဘဲ လုပ္မယ္ ဆိုရင္ေရာ ”ဆိုေတာ့ …

“အ့ဲဒါဆို မခဲြဘဲနဲ႔ ခဲြစိတ္ဆရာဝန္ေခၚရမွာ အားနာတယ္တ့ဲ ေဆးရည္ကလည္း ဝမ္းထဲကေန ဝင္တာနဲ႔ ဗိုက္ႀကီးေဖာင္းလာၿပီး ကေလးကေနနိင္မွာမဟုတ္ဘူး” ဆိုေတာ့ ကြၽန္ေတာ္လည္း အျပင္းဖ်ားေနတ့ဲ ၾကားက ….

သမီးဆိုတ့ဲ အသိတစ္ခုတည္းနဲ႔ အခုဘဲ မီရာ ေလယဥ္နဲ႔ ဘန္ေကာက္သြားမယ္ ဆိုၿပီး သိန္း300ေလာက္ ေဒၚလာလဲခိုင္း ….လိုရင္ ထပ္လႊဲခိုင္းဖို႔ ဟြန္တီေတြခ်ိတ္ ခ်ိီးမယ့္ငွါးမယ့္သူေတြ ႀကိဳ႐ွာနဲ႔ သမီးေဇာေပါ့ဗ်ာ။

အဲ့ဒီအခ်ိန္မွာ ခြဲစိတ္ကုသရမယ္ဆို ေငြေတြ အမ်ားႀကီးကုန္ေလာက္တယ္ ဆိုတာႏွေမ်ာဖို႔ထက္ က်န္းမာေရးကို မနက္ျဖန္ေရႊ႕လို႔မရဘူး ေနာက္က်မွေနာင္တေတြရေနရမယ္ ….

က်န္တာ ေနာက္မွေျဖ႐ွင္းလို႔ရတယ္ ဆိုၿပီး ေဆး႐ုံမေရာက္မခ်င္း လင္မယား2ေယာက္ အားေတြတင္းရင္း သမီးမ်က္ႏွာၾကည့္လိုက္ ငါ့သမီးေလးရယ္…ဆိုၿပီးမခ်ိေတြးေတြးလိုက္နဲ႔ အ့ဲေန႔ည 10နာရီေက်ာ္ေက်ာ္ေလာက္ Bumrungrad ေဆး႐ုံအေရာက္သြားၾကတယ္ေလ။

ေဆး႐ုံေရာက္ေတာ့ ကေလးဗိုက္ေသးေသးေလးကို Ultrasound 12ေနရာေလာက္႐ိုက္ၿပီးေတာ့ “ဟုတ္တယ္ ကေလးက အူကြၽံေနတာအ့ဲဒါ စအိုကေန ေဆးအမႈံံ႕ေလးထည့္ၿပီးေလမႈတ္ လိုက္႐ုံဘဲ ဘာမွမပူနဲ႔ 80%ေလာက္ေအာင္ျမင္တယ္ ။

အမ်ားဆုံးၾကာလွ တစ္နာရီဘဲရယ္ ထုံေဆးလည္းမေပးဘူး ။ေမ့ေဆးေပးစရာလည္း မလိုဘူးရယ္ ။စိတ္ခ် အကယ္၍ တခုခုျဖစ္ခ့ဲမယ္ဆိုလည္း ခြဲစိတ္ဆရာဝန္ႀကီးလည္း stand by ထားထားတယ္” တ့ဲ။

စိတ္ပူရတာ တစ္ဝက္ေလာက္ကိုသက္သာသြားတယ္ဗ်ာ။ဒါနဲ႔ ခဲြခန္းထဲ ကြၽန္ေတာ္ေရာဝင္လို႔ရလားဆိုေတာ့ ရတယ္ဆိုတာနဲ႔ သမီးေဇာတစ္ခုတည္းနဲ႔ ဝင္သြားလိုက္တာ ဟိုက် ကေလးက စအိုထဲပိုက္ထဲ့လိုက္ခ်ိန္ ေၾကာက္လန္႔တၾကားငိုေတာ့ သူ႔ကို မငိုဖို႔ ေခ်ာ့ရင္း ကိုယ့္မွာ ငါ့သမီးေလးရယ္….ဆိုၿပီး ငိုလိုက္ရေသးတာ။

စအိုထဲပိုက္ေရာက္တာနဲ႔ pressureတိုင္းတ့ဲ ေဘာလုံးလိုဟာေလးနဲ႔ 2ခ်က္ေလာက္ညစ္ၿပီး X ray နဲ႔ တစ္ခါတည္း႐ိုက္ အေျခအေနၾကည့္ ရေလာက္ၿပီဆိုတာနဲ႔ျပန္ျဖဳတ္ Ultrasound ကို ေစာနက ေနရာေတြအတိုင္းျပန္႐ိုက္ၿပီးေတာ့ အားလုံးOKပါတယ္ ။

စိတ္ခ်လိုက္ပါေတာ့တ့ဲ ။ စုစုေပါင္း 15မိနစ္ေလာက္ဘဲၾကာတယ္။အ့ဲဒါၿပီးကတည္းက သမီးေလးကဗိုက္နာတယ္ တစ္ခါမွ မေျပာေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေနနိင္တာၾကည့္ၿပီး ကိုယ့္ဘာသာကို ေဒါသထြက္မိတယ္ ။

“ျမန္မာျပည္မွာ ဆရာဝန္ၾကည့္ခေတာင္ 1ေသာင္း2ေထာင္ ေပးေနရခ်ိန္ Ultrasound ေလး႐ိုက္တာ 1ေသာင္း8ေထာင္ဘဲကုန္တာ ဘာလို႔ တစ္ခါတည္းမ႐ိုက္ခိုင္းရလဲ ။ ဆရာဝန္ မ႐ိုက္ခိုင္းလည္း ကိုယ့္ဘာသာ ဘာလို႔ မ႐ိုက္မိလဲ(Ultrasound ႐ိုက္တာ ေဘးထြက္ဆိုးက်ိဳးမရိွဆိုတာ အခုမွသိတာလဲပါပါတယ္)။

အခုဆို ကေလးမွာ 4ရက္ေလာက္ အအိပ္ပ်က္ အစားပ်က္နဲ႔ နာေန႐ွာတာ ။သနားလိုက္တာ သမီးရယ္။ဒီ အူကြၽံတ့ဲ ကိစၥက ၾကာလာရင္ အတြင္းထဲက အူက ပုတ္လာရင္ ဗိုက္ခြဲ ျဖတ္ထုတ္ရမွာေလ ၊ေပါ့ေသးေသးမွမဟုတ္တာ။

ပိုးသတ္ေဆးနဲ႔ အားေဆး တစ္လုံးသြင္းၿပီး ေနာက္ေန႔ ညေန 6နာရီက်ေတာ့ေဆး႐ုံကဆင္းလို႔ရၿပီတ့ဲေလ။ ကဲ ဘာေတြ ေတြးၿပီး ဘယ္လိုေရြးခ်ယ္ၾကမလဲ…?

ေဆး႐ုံမွာ စုစုေပါင္း ကုန္က်စရိတ္ ဘတ္ေငြ 38550ဆိုေတာ့ ျုမန္မာေငြ 15သိန္း ဝန္းက်င္ဘဲ ကုန္ပါတယ္ ။ေလယာဥ္ခ ဘာညာေပါင္းမွ သိန္း30မကုန္ဘူးရယ္။

ကေလးမိဘေတြအေနနဲ႔ သိေစခ်င္တာေလး တစ္ခုဘဲရိွပါတယ္ခင္ဗ်ာ။ တစ္ခုခုဆို သူမ်ားစကားတစ္ခြန္းတည္းနဲ႔ လမ္းမဆုံး ၾကပါနဲ႔ ။ ကုိယ့္ဘက္က လုပ္သင့္တာလုပ္စရာ ရိွတာေတြ အကုန္လုပ္ပါ။

ၿပီးရင္ နိင္ငံျခား ေဆးသြားကု ရတာကိုေၾကာက္ေနတာတို႔ ကုန္က်စရိတ္ အမ်ားႀကီး က်မွာဘဲတို႔သိပ္မေတြးပါနဲ႔။ တစ္ခါတစ္ခါ ကိုယ္ထင္ထားသလို ေပါက္ဆိန္နဲ႔ မေပါက္ရဘဲ အပ္ကေလးနဲ႔ ထြင္းလိုက္သလိုဘဲ ၿပီးသြားတ့ဲ ကိစၥေတြ အမ်ားႀကီးရိွတတ္ပါတယ္ခင္ဗ်ာ။

အခု ကြၽန္ေတာ့္ျဖစ္စဥ္ကိုဘဲၾကည့္ပါခင္ဗ်ာ…..။

မွတ္ခ်က္။ ။ဒီစာသည္ သမီးကို အရမ္းခ်စ္ေသာ ဖခင္စိတ္ျဖင့္ တစ္ျခားကေလးေတြ ကိုယ့္လို အျဖစ္မ်ိဳး ၾကဳံမွာစိုး သျဖင့္ ေရးျခင္းသာျဖစ္ပါတယ္။မည္သူ တစ္ဦး တစ္ေယာက္ကိုမွ် ထိခိုက္လိုျခင္း အလွ်င္း မရိွပါ။တစ္ျခား ဆႏၵလည္း လုံးဝမရိွပါ။
Tuu Naing
============

ကျန်းမာရေး တစ်ခုခုဖြစ်ရင်ဒီလိုတွေကြီးပဲ ကြားနေရတာစိတ်ပျက် ရင်နာစရာပါ

“ကလေးမိဘများ အိမ်မှာ ကလေးရှိသူများ သတိထား”…..

ကျွန်တော့်သမီးလေး ပြီးခဲ့တဲ့ ကြာသာပတေး ညနေ ကျောင်း ကပြန်လာတော့ ” ဗိုက်နာတယ် ဗိုက်နာတယ်မေမေ “ဟု နာရီဝက်တခါအော်အော်ငိုလေသည် ။

သြော် ငါ့သမီးလေး ဝမ်းမသွားတာ 3ရက်ရှိပြီ ဝမ်းချုပ်လို့ နေမှာဆိုပြီး သူ့အမေက ဒိန်ချဉ်နဲ့ စတော်ဘယ်ရီကျွေးလိုက်တော့ ခဏနေ အီးအီး ပါပြီးသော်လည်း …

သမီးက မကြာခဏဆိုသလို ဗိုက်နာတယ် ဗိုက်နာတယ် ဟု 4ခွန်း5ခွန်း အော်လိုက် ပြီးပျောက်သွားလိုက် နဲ့ ဆိုတော့ ကလေးက ဟန်လုပ်နေတာလား ဘာလား နဲ့ ပေါ့ပေါ့ဘဲတွေးမိတယ်လေ ။

ညဘက်လည်း ကောင်းကောင်းမအိပ်ဘဲ မကြာမကြာ အော်တော့ မဖြစ်ချေဘူးဆိုပြီး သောကြာနေ့ မနက်စောစော ပြနေကြနာမည်ကြီး ဆေးရုံက နာမည်ကြီး အထူးကုဆရာဝန်မကြီးဆီသွားပြ ဖြစ်စဉ်ပြောပြတော့ ….သေချာနားထောင်ပြီး…

“အေး နင်တို့က ဝမ်းချုပ်လို့ ကလေးကို ဝမ်းသွားအောင် ဒိန်ချဉ်တိုက်တယ် အဲ့ဒါမှားတယ် ဝမ်းကိုက်တာ ဝမ်းမှန်တာ ဝမ်းလျှော တာ 3ဆင့်ရှိတယ် အခုကလေးက ဝမ်းကိုက်ပိုးဝင်နေပြီ တစ်ချို့ကဝမ်းကိုက်သည်အထိ စောင့်ကြည့်တယ်။

စောင့်ကြည့်စရာမလိုဘူး ဝမ်းမကိုက်အောင်ကြိုတင်ကာကွယ်ထားရမယ် ” .ဆိုပြီး ပိုးသတ်ဆေးနဲ့ တခြား လိုအပ်တဲ့ဆေးတွေ ပေါင်း4မျိုးပေးလိုက်တယ်။

ဆေးကောင်တာ မှာ ဆေးယူနေရင်း လင်မယား2ယောက် ဆရာမကြီးက ဝမ်းကိုက်ပုံအဆင့်ဆင့်ကို သေချာတော့ ရှင်းပြလိုက်တယ် ။

ဒါပေမဲ့ ကလေးက ဒိန်ချဉ် မတိုက်ခင်ကတည်းကဗိုက်နာတယ် အော်နေတာ မှားများ မှားနေလား …?ပြန်ဝင်ပြောရင် ကောင်းမလား….? နောက်ဆုံးတော့ သြော် သူက အတွေ့အကြုံ အများကြီးရှိပါတယ် ။

သူလည်း သေချာရှင်းပြတာဘဲ ဟုတ်မှာပါ ဆိုပြီး ကလေးကို ဆေး ဂရုတစိုက်တိုက်ဖို့ အမျိုးသမီးကို စျေးမလိုက်ခိုင်းဘဲ အိမ်မှာထားခဲ့တယ်လေ။

စျေးကပြန် ညနေလောက်ထိလည်း ကလေးက သိပ်မသက်သာ ညဘက် အိပ်ယာဝင်တော့လည်း တအီအီနဲ့ ဆိုတော့ တခြားဆရာနဲ့ သွားပြဖို့ပြောတော့ ဆရာမကြီးက ပိုးသတ်ဆေးပေးထားတာ တခြားဆရာက ဆေးပြောင်းပေးရင် ပိုးသတ်ဆေး 4ခွက်လောက်က ဝင်နေပြီ .မပြောင်းချင်ဘူး ။

အဲ့ဒီတော့ အဲ့ဆေးရုံဘဲ ဖုန်းဆက်ပြီးတော့ ဆရာမကြီးကို on call ခေါ်ပေးလို့ရမလားဆိုတော့ မရပါဘူး ။အရေးကြီးရင် ရန်ကင်းကလေးဆေးရုံ ဖြစ်ဖြစ် ဟယ်ပင်ဖြစ်ဖြစ်သွားပါဆိုတော့ အမှန်အတိုင်းပြောရရင် မသွားချင်တာနဲ့ ကဲ နောက်နေ့မနက်စောစော ဆရာမကြီးဆီဘဲ သွားကြတာပေါ့ကွာ ဆိုပေမဲ့့့ ကလေးရော ကိုယ်ရော တစ်ညလုံး မအိပ်ရပါ။

တကယ်တော့ ကျွန်တော်လည်း သောကြာနေ့ကတည်းက ဖျားချင်ချင် စနေနေ့ကြတော့ လုံးဝကိုမလှုပ်နိုင်။ဒါနဲ့ ကလေးဆေးခန်းကို အမျိုးသမိီးဘဲလွှတ်လိုက်တော့ စနေနေ့ မို့ ဆရာမကြီး ဆေးခန်းမထိုင်ပါတဲ့ ….

ဒါဆိုလည်း ရန်ကင်းကလေးဆေးရုံဘဲ သွားလိုက်ကွာဆိုပြီး ရန်ကင်းကလေး ဆေးရုံရောက်တော့ ဆေးတစ်လုံးတိုက်ပြီး တစ်နာရီလောက်စောင့်ကြည့်မယ် …

မသက်သာရင်ပြန်လာ ဆိုပြီးတော့ အိမ်ပြန်လာတယ်။လေ သို့မဟုတ် သံကောင်ကြောင့်ဖြစ်မှာပါတဲ့။ဒါပေမဲ့ ကလေးက မသက်သာ မကြာမကြာအော်နေရဆဲ ။စိတ်ထဲမှာ သဘောမကျတော့ဘူး ။

ဒါနဲ့ ကိုယ့်ဘာသာ ဓာတ်မှန်လေး ultrasound လေးရိုက်ပြီး အဖြေရှာရင် မကောင်းဘူးလား ၊ဆိုပြီး အထွေထွေ မိသားစု ဆရာဝန်ဆီ လက်မှတ်တောင်းဖို့ သွားရင်း ကလေးပြပြီး စမ်းသပ်ကြည့်တော့ သူလည်း ဘာမှမတွေ့ဘူး ။

ဗိုက်က normal ဘဲ ဟဲ့ ဆေးစာအုပ်မှာ ရေးထားတာက ဝမ်းကိုက်တာလည်း ဖြစ်နိင်တယ် Emotion လို့လည်းပါတယ် ဆိုတော့”နင့်ကလေးက ဝမ်းကိုက်တာတော့ မဟုတ်လောက်ဘူး အကြီးတွေက အငယ်ကလေး ရောက်လာရင် အဲ့လိုဖြစ်တတ်တယ် ။

သူတို့ကို ပိုဂရုစိုက်အောင် ကဲပြတာမျိုးလေ..စိတ်မပူနဲ့ Ultrasound သွားရိုက်လည်း ဘာမှတွေ့မှာ မဟုတ်ဘူးရယ် “ဆိုတော့လည်း ဆရာဝန်စကား နားထောင်ပြီး မရိုက်ဘဲနဲ့ ပြန်လာပြီးတော့ကလေးကိုဘဲ ပိုဂရုစိုက်ပြရတော့တာပေါ့။

ဒါပေမဲ့ ကလေးက မသက်သာ ပိုပိုဆိုးလာသလိုဘဲ ညလည်း အိပ်ရင်း နာရီဝက်လောက်နေ ထထငိုလိုက်နဲ့ ။အိပ်ရေးတွေပျက် ၊ ကျွန်တော်ကိုယ်တိုင်ကလည်း တနေကုန် အဖျားမကျလို့ ကတုန်ကယင်တွေဖြစ်နေချိန်ပေါ့။

တနင်္ဂနွေမနက်ကျ အမျိုးသမီးကိုပြနေကျ ဆရာမကြီးရှိရာ စောစောသွား “ဆရာမကြီး ကလေးက မသက်သာလို့ Ultrasound လေး ဘာလေးရိုက်ဖို့လိုမလား ပြောတော့ “ရိုက်ချင်ရိုက်ကြည့်လေ”တဲ့ …။

တစ်ချို့ ကလေးအမေတွေက ကျွန်မတို့က ရိုက်ခိုင်းရင်တောင် မလိုအပ်ဘဲ ရိုက်ခိုင်းတယ် ထင်ပြီး မရိုက်ချင်ကြဘူး ရိုက်ကြည့်တာ ကောင်းပါတယ်”ဆိုတော့…

နောက်ထပ် ကလေးအထူးကုဆေးရုံ တစ်ခုသွား Ultrasound ရိုက်လိုက်တော့ ကလေးက အူ အကြီးထဲကို အူအသေးစွပ်သွားတာ အူကျွံတယ်ခေါ်တာပေါ့ဗျာ ထူးတော့ထူးဆန်းတယ်။

ဒါမျိုးက 6လ 1နှစ်အရွယ်တွေအဖြစ်များတယ် 3နှစ်ခွဲ အရွယ်က ဖြစ်ခဲတယ်တဲ့ ။အဲ့ဒါ စအိုထဲကနေ ဆေးရည်ထဲ့ပီးအူကို ပွလာအောင်လုပ်ရမယ် ။အူက ပွလာရင် ပြန်ကျွတ်ချင်လည်းကျွျတ်မယ် ….

50=50ဘဲ မကျွတ်ရင် ဗိုက်ခွဲပြီး စွပ်နေတဲ့အူကို ဖြတ်တောက်ပြန်ဆက်လုပ်ရမယ် ဆိုပြီး ကလေးကို စအိုထဲ ဆေးထည့်ဖို့ အကျင်္ ီ အဝတ်အစားတွေလဲပေးကြတယ်တဲ့”။

အဲ့ဒီမှာ အမျိုးသမီးက ”ဟာ မဖြစ်သေးဘူး ဒါဆို အမျိုးသားနဲ့ တိုင်ပင်ရဦးမယ်”ဆိုပြီး နေမကောင်းဖြစ်နေတဲ့ ကျွန်တောိ့ဆီဖုန်းဆက်လာတော့….

“ဟာ ခွဲရ စိတ်ရမယ်ဆိုရင်တော့ ဒီမှာမလုပ်ဘူး ။ဘန်ကောက်သွားမယ် စအိုကနေ ဆေးသွင်းတာဘဲ လုပ်မယ် ဆိုရင်ရော ”ဆိုတော့ …

“အဲ့ဒါဆို မခွဲဘဲနဲ့ ခွဲစိတ်ဆရာဝန်ခေါ်ရမှာ အားနာတယ်တဲ့ ဆေးရည်ကလည်း ဝမ်းထဲကနေ ဝင်တာနဲ့ ဗိုက်ကြီးဖောင်းလာပြီး ကလေးကနေနိင်မှာမဟုတ်ဘူး” ဆိုတော့ ကျွန်တော်လည်း အပြင်းဖျားနေတဲ့ ကြားက ….

သမီးဆိုတဲ့ အသိတစ်ခုတည်းနဲ့ အခုဘဲ မီရာ လေယဉ်နဲ့ ဘန်ကောက်သွားမယ် ဆိုပြီး သိန်း300လောက် ဒေါ်လာလဲခိုင်း ….လိုရင် ထပ်လွှဲခိုင်းဖို့ ဟွန်တီတွေချိတ် ချိီးမယ့်ငှါးမယ့်သူတွေ ကြိုရှာနဲ့ သမီးဇောပေါ့ဗျာ။

အဲ့ဒီအချိန်မှာ ခွဲစိတ်ကုသရမယ်ဆို ငွေတွေ အများကြီးကုန်လောက်တယ် ဆိုတာနှမျောဖို့ထက် ကျန်းမာရေးကို မနက်ဖြန်ရွှေ့လို့မရဘူး နောက်ကျမှနောင်တတွေရနေရမယ် ….

ကျန်တာ နောက်မှဖြေရှင်းလို့ရတယ် ဆိုပြီး ဆေးရုံမရောက်မချင်း လင်မယား2ယောက် အားတွေတင်းရင်း သမီးမျက်နှာကြည့်လိုက် ငါ့သမီးလေးရယ်…ဆိုပြီးမချိတွေးတွေးလိုက်နဲ့ အဲ့နေ့ည 10နာရီကျော်ကျော်လောက် Bumrungrad ဆေးရုံအရောက်သွားကြတယ်လေ။

ဆေးရုံရောက်တော့ ကလေးဗိုက်သေးသေးလေးကို Ultrasound 12နေရာလောက်ရိုက်ပြီးတော့ “ဟုတ်တယ် ကလေးက အူကျွံနေတာအဲ့ဒါ စအိုကနေ ဆေးအမှုံံ့လေးထည့်ပြီးလေမှုတ် လိုက်ရုံဘဲ ဘာမှမပူနဲ့ 80%လောက်အောင်မြင်တယ် ။

အများဆုံးကြာလှ တစ်နာရီဘဲရယ် ထုံဆေးလည်းမပေးဘူး ။မေ့ဆေးပေးစရာလည်း မလိုဘူးရယ် ။စိတ်ချ အကယ်၍ တခုခုဖြစ်ခဲ့မယ်ဆိုလည်း ခွဲစိတ်ဆရာဝန်ကြီးလည်း stand by ထားထားတယ်” တဲ့။

စိတ်ပူရတာ တစ်ဝက်လောက်ကိုသက်သာသွားတယ်ဗျာ။ဒါနဲ့ ခွဲခန်းထဲ ကျွန်တော်ရောဝင်လို့ရလားဆိုတော့ ရတယ်ဆိုတာနဲ့ သမီးဇောတစ်ခုတည်းနဲ့ ဝင်သွားလိုက်တာ ဟိုကျ ကလေးက စအိုထဲပိုက်ထဲ့လိုက်ချိန် ကြောက်လန့်တကြားငိုတော့ သူ့ကို မငိုဖို့ ချော့ရင်း ကိုယ့်မှာ ငါ့သမီးလေးရယ်….ဆိုပြီး ငိုလိုက်ရသေးတာ။

စအိုထဲပိုက်ရောက်တာနဲ့ pressureတိုင်းတဲ့ ဘောလုံးလိုဟာလေးနဲ့ 2ချက်လောက်ညစ်ပြီး X ray နဲ့ တစ်ခါတည်းရိုက် အခြေအနေကြည့် ရလောက်ပြီဆိုတာနဲ့ပြန်ဖြုတ် Ultrasound ကို စောနက နေရာတွေအတိုင်းပြန်ရိုက်ပြီးတော့ အားလုံးOKပါတယ် ။

စိတ်ချလိုက်ပါတော့တဲ့ ။ စုစုပေါင်း 15မိနစ်လောက်ဘဲကြာတယ်။အဲ့ဒါပြီးကတည်းက သမီးလေးကဗိုက်နာတယ် တစ်ခါမှ မပြောတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေနိင်တာကြည့်ပြီး ကိုယ့်ဘာသာကို ဒေါသထွက်မိတယ် ။

“မြန်မာပြည်မှာ ဆရာဝန်ကြည့်ခတောင် 1သောင်း2ထောင် ပေးနေရချိန် Ultrasound လေးရိုက်တာ 1သောင်း8ထောင်ဘဲကုန်တာ ဘာလို့ တစ်ခါတည်းမရိုက်ခိုင်းရလဲ ။ ဆရာဝန် မရိုက်ခိုင်းလည်း ကိုယ့်ဘာသာ ဘာလို့ မရိုက်မိလဲ(Ultrasound ရိုက်တာ ဘေးထွက်ဆိုးကျိုးမရှိဆိုတာ အခုမှသိတာလဲပါပါတယ်)။

အခုဆို ကလေးမှာ 4ရက်လောက် အအိပ်ပျက် အစားပျက်နဲ့ နာနေရှာတာ ။သနားလိုက်တာ သမီးရယ်။ဒီ အူကျွံတဲ့ ကိစ္စက ကြာလာရင် အတွင်းထဲက အူက ပုတ်လာရင် ဗိုက်ခွဲ ဖြတ်ထုတ်ရမှာလေ ၊ပေါ့သေးသေးမှမဟုတ်တာ။

ပိုးသတ်ဆေးနဲ့ အားဆေး တစ်လုံးသွင်းပြီး နောက်နေ့ ညနေ 6နာရီကျတော့ဆေးရုံကဆင်းလို့ရပြီတဲ့လေ။ ကဲ ဘာတွေ တွေးပြီး ဘယ်လိုရွေးချယ်ကြမလဲ…?

ဆေးရုံမှာ စုစုပေါင်း ကုန်ကျစရိတ် ဘတ်ငွေ 38550ဆိုတော့ ြုမန်မာငွေ 15သိန်း ဝန်းကျင်ဘဲ ကုန်ပါတယ် ။လေယာဉ်ခ ဘာညာပေါင်းမှ သိန်း30မကုန်ဘူးရယ်။

ကလေးမိဘတွေအနေနဲ့ သိစေချင်တာလေး တစ်ခုဘဲရှိပါတယ်ခင်ဗျာ။ တစ်ခုခုဆို သူများစကားတစ်ခွန်းတည်းနဲ့ လမ်းမဆုံး ကြပါနဲ့ ။ ကိုယ့်ဘက်က လုပ်သင့်တာလုပ်စရာ ရှိတာတွေ အကုန်လုပ်ပါ။

ပြီးရင် နိင်ငံခြား ဆေးသွားကု ရတာကိုကြောက်နေတာတို့ ကုန်ကျစရိတ် အများကြီး ကျမှာဘဲတို့သိပ်မတွေးပါနဲ့။ တစ်ခါတစ်ခါ ကိုယ်ထင်ထားသလို ပေါက်ဆိန်နဲ့ မပေါက်ရဘဲ အပ်ကလေးနဲ့ ထွင်းလိုက်သလိုဘဲ ပြီးသွားတဲ့ ကိစ္စတွေ အများကြီးရှိတတ်ပါတယ်ခင်ဗျာ။

အခု ကျွန်တော့်ဖြစ်စဉ်ကိုဘဲကြည့်ပါခင်ဗျာ…..။

မှတ်ချက်။ ။ဒီစာသည် သမီးကို အရမ်းချစ်သော ဖခင်စိတ်ဖြင့် တစ်ခြားကလေးတွေ ကိုယ့်လို အဖြစ်မျိုး ကြုံမှာစိုး သဖြင့် ရေးခြင်းသာဖြစ်ပါတယ်။မည်သူ တစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်လိုခြင်း အလျှင်း မရှိပါ။တစ်ခြား ဆန္ဒလည်း လုံးဝမရှိပါ။
Tuu Naing

No comments:

Post a Comment