Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 14, 2019

ဘီလ်ံနာ ဘဏ္သူေ႒းမဘ၀မွ ဗုုဒၶဘာသာ သီလရွင္တစ္ပါးျဖစ္လာသူ အေၾကာင္း

အယ္မာစလိတ္(Emma Slade) ဆိုုတဲ႔ ၿဗ္ိတိန္သူဟာ တစ္ခါတုုန္းက အလြန္ခ်မ္းသာတဲ႔ ဘဏ္သူေဌးမတစ္ ေယာက္ပါ။ ဘယ္ေလာက္ခ်မ္းသာသလဲဆိုုရင္ အေမရိကန္ေဒၚလာ တစ္ဘီလ်ံအထက္ ခ်မ္းသာတာပါ။ ဒါေပမယ္႔ သူဘ၀ဟာ ရုုတ္တရက္ေျပာင္းလဲသြားခဲ႔ရပါတယ္။ ၁၉၉၇ခုုႏွစ္ တုုန္းက သူဟာ အင္ဒိုုနီးရွားႏိုုင္ငံ၊ဂ်ာကာတာျမိဳ႕ေတာ္က သူတည္းတဲ႔ ဟိုုတယ္ခန္းထဲမွာ ဓါးျပတိုုက္ခံရတာကစတာပါ။ အဲဒီသေကာင္႔သားက သူ႕၀မ္းဗိုုက္ကိုုေသနတ္ေျပာင္း၀နဲ႔ ေတ႔ထားတယ္။ အျခားလက္တစ္ဖက္က သူ႔ပါးစပ္ေပၚမွာ။ ျပီးေတာ႔ သူ႕ကိုု ေကာ္ေဇာ ေပၚ တြန္းခ်တယ္။

“ ဆရာေလးအေနနဲ႔ တကယ္႔ကိုု မေသခ်င္ဘူးဆိုုတာ ကိုုယ္႔ကိုကိုုယ္သိလိုုက္တယ္။ ခ်က္ျခင္းဆိုုသလိုုပဲ မၾကာမီဆံုုးရႈံးေတာ႔မယ္႔ ဘ၀နဲ႔ပတ္သက္ၿပီး အေတြးၾကီးၾကီး တစ္ခုု၀င္လာတယ္” လိုု႔ သူကေျပာပါတယ္။ ဆလိတ္ဟာကံေကာင္းေထာက္မစြာနဲ႕ ေသေဘးက လက္မတင္ကေလး လြတ္ခဲ႔ရပါတယ္။ အဲဒီေနာက္မွာ သူဟာ ဘ၀နဲ႔ပတ္သက္လိုု႔ပိုုၿပီးၾကီးမားနက္ရႈိင္းတဲ႔ အဓိပၸါယ္နဲ႔ ရည္ရြယ္ခ်က္ ေတြကိုု အငမ္းမရရွာခဲ႔တယ္။

ဓားျပေတြလက္က အသက္မေသပဲ လြတ္ေျမာက္ခဲ့တဲ့သူမရဲ႕ စီးပြားေရးကိုရပ္တန္႔လုိက္ၿပီး ဟိမ၀ႏာၱေတာင္တန္းေတြဘက္ကုိ ခရီးထြက္ခဲ့ပါတယ္။ ကမာၻ႔အေအးခ်မ္းဆုံးလုိ႔သိၾကတဲ့ ဘူတန္ႏုိင္ငံကိုေရာက္ခဲ့ၿပီး လာမားဘုန္းေတာ္ႀကီးေတြနဲ႔ ေတြ႔ခဲ့ပါတယ္။ လာမားဘုန္းေတာ္ႀကီးေတြဆီကေန ဗုဒၶဘာသာကုိ ေလ့လာခြင့္ရခဲ့ၿပီး ဘ၀ေနထုိင္မႈေတြကိုပါသင္ယူခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ သူမဟာ ဘူတန္ႏုိင္ငံရဲ႕ ပထမဆုံးေသာ သီလရင္ျဖစ္လာခဲ့ပါတယ္။

အဲဒါေတြနဲ႔ ပတ္သက္လိုု႔သူဟာ စာအုုပ္တစ္ အုုပ္ေရးတယ္။ စာအုုပ္နာမည္က “လြတ္ေျမာက္ျခင္း- ဘဏ္သူေ႒းမွ ဘူတန္ရွိဗုုဒၶဘာသာသိုု႔ ဘ၀ေျပာင္းခရီး” ျဖစ္ပါတယ္။ ဆလိတ္ဟာ ဟိမ၀ႏၵာေတာင္တန္းေတြဆီေရာက္သြားတယ္။ အဲဒီေနရာမွာ သူဟာ ဘုုန္းေတာ္ၾကီးေတြဆီက ဗုုဒၶဘာသာေလ႔လာသင္ယူခြင္႔ရခဲ႔တယ္။သူဟာ တရားေတြကိုု ကိုုယ္တိုုင္က်င္႔ၾကံတယ္။

သိပ္ မၾကာလိုုက္ပါဘူး။ဆလိတ္ဟာ ဘူတန္ရဲ႕ ပထမဆံုုးေသာ အေနာက္ႏိုုင္ငံသူ ဗုုဒၶဘာသာ သီလရွင္တစ္ပါးျဖစ္သြားပါတယ္။ သူ႔ရဲ႕အရင္ ဘဏ္သူေ႒းဘ၀အေၾကာင္းေမးတဲ႔အခါ သူက “ ဆရာေလးအေနနဲ႔ ဘာတစ္ခုု မွဆံုုးရႈံးမသြားဘူး။ အမ်ားၾကီးထပ္ရလိုုက္တာ” လိုု႔ေျပာပါတယ္။

အခုုဆလိတ္ကိုု သီလရွင္ဆရာေလး အနီပီမာေဒကီအေနနဲ႔သိၾကပါတယ္။ တိုုင္းမ္မဂၢဇင္းက ဆရာေလးကိုု ေဟာင္ေကာင္မွာေတြ႕ခဲ႔ပါတယ္။ ဆရာေလးက သူ႕ရဲ႕ စာအုုပ္ကိုု အေရာင္းျမွင္႔တင္ဖိုု႔ေရာက္ေနတာပါ။ အသက္ဆံုုးရႈံးလုုနီးပါးျဖစ္ခဲ႔ရတာဟာ သူ႔ ဘ၀ကိုု ေလးေလးနက္နက္အၾကီးအက်ယ္ေျပာင္းလဲေစခဲ႔တယ္လိုု႔ ဆရာေလး အနီပီမာ ေဒကီကေျပာပါတယ္။ အဓိပၸါယ္ျပည္႔၀တဲ႔ ဘ၀ကိုုလိုုခ်င္တဲ႔သူေတြကို ဘာအၾကံေပးမလဲဆိုုေတာ႔

“ ျငိမ္းေအးတဲ့ စိတ္ကေလးေတြ ေမြးတဲ႔အလုုပ္ကုုိ နည္းနည္းပိုုၿပီးဦးစားေပးလိုုက္ပါ” လိုု႔ဆိုုပါတယ္။အျခားသူေတြကိုုၾကင္နာမႈျပသပါ။လူသားေတြ၊ တိရစၧာန္ေတြ၊ဘယ္သူေတြပဲျဖစ္ျဖစ္ပါ။ ဒီလိုုလုုပ္တာဟာ တည္ျငိမ္ၿပီးၾကည္လင္တဲ့ စိတ္အၾကည္ဓါတ္ကိုုရေစဖိုု႕အေထာက္အကူ ျပဳပါလိမ္႔မယ္”လိုု႔ ဆရာေလးကေျပာပါတယ္။

လက္ရွိအခ်ိန္မွာ Ani Pema Deki လုိ႔ဘြဲ႔အမည္ခံယူထားတဲ့ Slade ဟာ သီလရင္ဘ၀နဲ႔ တရာေလ့လာအားထုတ္သူျဖစ္ေနၿပီး Opening Your Heart to Bhutan ဆုိတဲ့ ပရဟိတအဖြဲ႔ကို ထူေထာင္ထားပါေသးတယ္။

“လူေတြက ကြ်န္မ ဘီလ်ံနာသူေဌးဘ၀ကေန အခုဘ၀ကို ေရာက္သြားတာ ဆုံးရႈံးသြားတယ္လုိ႔ထင္ၾကတယ္။ တကယ္ကကြ်န္မ အျမတ္ေတြရရွိလုိက္တာပါ။ သတိတရားက ကိုုယ္႔ကိုုပိုုၿပီးတည္ျငိမ္ေအးခ်မ္းေစတယ္။ ေမတၱာတရားက ကိုုယ္႔ကိုု ေပ်ာ္ရႊင္ခ်မ္းေျမ႕ ေစတယ္”လိုု႔ ဆရာေလးက ဆုိပါတယ္။

အေသးစိတ္ဖတ္လိုုသူမ်ား မူရင္းကိုု time.com မွာရွာဖတ္ႏိုုင္ပါတယ္။
http://time.com/5036195/buddhist-nun-banker-happiness-life-emma-slade/

ကိုုးကား။ This High-Flying Banker Became a Buddhist Nun. Here’s Her Advice on Happiness : Time Magazine
ကုိကုိ (စက္မႈတကၠသုိလ္)

#Unicode Version#

အယ်မာစလိတ်(Emma Slade) ဆိုတဲ့ ြဗိတိန်သူဟာ တစ်ခါတုန်းက အလွန်ချမ်းသာတဲ့ ဘဏ်သူဌေးမတစ် ယောက်ပါ။ ဘယ်လောက်ချမ်းသာသလဲဆိုရင် အမေရိကန်ဒေါ်လာ တစ်ဘီလျံအထက် ချမ်းသာတာပါ။ ဒါပေမယ့် သူဘဝဟာ ရုတ်တရက်ပြောင်းလဲသွားခဲ့ရပါတယ်။ ၁၉၉၇ခုနှစ် တုန်းက သူဟာ အင်ဒိုနီးရှားနိုင်ငံ၊ဂျာကာတာမြို့တော်က သူတည်းတဲ့ ဟိုတယ်ခန်းထဲမှာ ဓါးပြတိုက်ခံရတာကစတာပါ။ အဲဒီသကောင့်သားက သူ့ဝမ်းဗိုက်ကိုသေနတ်ပြောင်းဝနဲ့ တေ့ထားတယ်။ အခြားလက်တစ်ဖက်က သူ့ပါးစပ်ပေါ်မှာ။ ပြီးတော့ သူ့ကို ကော်ဇော ပေါ် တွန်းချတယ်။

“ ဆရာလေးအနေနဲ့ တကယ့်ကို မသေချင်ဘူးဆိုတာ ကိုယ့်ကိုကိုယ်သိလိုက်တယ်။ ချက်ခြင်းဆိုသလိုပဲ မကြာမီဆုံးရှုံးတော့မယ့် ဘဝနဲ့ပတ်သက်ပြီး အတွေးကြီးကြီး တစ်ခုဝင်လာတယ်” လို့ သူကပြောပါတယ်။ ဆလိတ်ဟာကံကောင်းထောက်မစွာနဲ့ သေဘေးက လက်မတင်ကလေး လွတ်ခဲ့ရပါတယ်။ အဲဒီနောက်မှာ သူဟာ ဘဝနဲ့ပတ်သက်လို့ပိုပြီးကြီးမားနက်ရှိုင်းတဲ့ အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက် တွေကို အငမ်းမရရှာခဲ့တယ်။

ဓားပြတွေလက်က အသက်မသေပဲ လွတ်မြောက်ခဲ့တဲ့သူမရဲ့ စီးပွားရေးကိုရပ်တန့်လိုက်ပြီး ဟိမဝန္တာတောင်တန်းတွေဘက်ကို ခရီးထွက်ခဲ့ပါတယ်။ ကမ္ဘာ့အအေးချမ်းဆုံးလို့သိကြတဲ့ ဘူတန်နိုင်ငံကိုရောက်ခဲ့ပြီး လာမားဘုန်းတော်ကြီးတွေနဲ့ တွေ့ခဲ့ပါတယ်။ လာမားဘုန်းတော်ကြီးတွေဆီကနေ ဗုဒ္ဓဘာသာကို လေ့လာခွင့်ရခဲ့ပြီး ဘဝနေထိုင်မှုတွေကိုပါသင်ယူခဲ့ပါတယ်။ အဲဒီနောက်တော့ သူမဟာ ဘူတန်နိုင်ငံရဲ့ ပထမဆုံးသော သီလရင်ဖြစ်လာခဲ့ပါတယ်။

အဲဒါတွေနဲ့ ပတ်သက်လို့သူဟာ စာအုပ်တစ် အုပ်ရေးတယ်။ စာအုပ်နာမည်က “လွတ်မြောက်ခြင်း- ဘဏ်သူဋ္ဌေးမှ ဘူတန်ရှိဗုဒ္ဓဘာသာသို့ ဘဝပြောင်းခရီး” ဖြစ်ပါတယ်။ ဆလိတ်ဟာ ဟိမဝန္ဒာတောင်တန်းတွေဆီရောက်သွားတယ်။ အဲဒီနေရာမှာ သူဟာ ဘုန်းတော်ကြီးတွေဆီက ဗုဒ္ဓဘာသာလေ့လာသင်ယူခွင့်ရခဲ့တယ်။သူဟာ တရားတွေကို ကိုယ်တိုင်ကျင့်ကြံတယ်။

သိပ် မကြာလိုက်ပါဘူး။ဆလိတ်ဟာ ဘူတန်ရဲ့ ပထမဆုံးသော အနောက်နိုင်ငံသူ ဗုဒ္ဓဘာသာ သီလရှင်တစ်ပါးဖြစ်သွားပါတယ်။ သူ့ရဲ့အရင် ဘဏ်သူဋ္ဌေးဘဝအကြောင်းမေးတဲ့အခါ သူက “ ဆရာလေးအနေနဲ့ ဘာတစ်ခု မှဆုံးရှုံးမသွားဘူး။ အများကြီးထပ်ရလိုက်တာ” လို့ပြောပါတယ်။

အခုဆလိတ်ကို သီလရှင်ဆရာလေး အနီပီမာဒေကီအနေနဲ့သိကြပါတယ်။ တိုင်းမ်မဂ္ဂဇင်းက ဆရာလေးကို ဟောင်ကောင်မှာတွေ့ခဲ့ပါတယ်။ ဆရာလေးက သူ့ရဲ့ စာအုပ်ကို အရောင်းမြှင့်တင်ဖို့ရောက်နေတာပါ။ အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရတာဟာ သူ့ ဘဝကို လေးလေးနက်နက်အကြီးအကျယ်ပြောင်းလဲစေခဲ့တယ်လို့ ဆရာလေး အနီပီမာ ဒေကီကပြောပါတယ်။ အဓိပ္ပါယ်ပြည့်ဝတဲ့ ဘဝကိုလိုချင်တဲ့သူတွေကို ဘာအကြံပေးမလဲဆိုတော့

“ ငြိမ်းအေးတဲ့ စိတ်ကလေးတွေ မွေးတဲ့အလုပ်ကို နည်းနည်းပိုပြီးဦးစားပေးလိုက်ပါ” လို့ဆိုပါတယ်။အခြားသူတွေကိုကြင်နာမှုပြသပါ။လူသားတွေ၊ တိရစ္ဆာန်တွေ၊ဘယ်သူတွေပဲဖြစ်ဖြစ်ပါ။ ဒီလိုလုပ်တာဟာ တည်ငြိမ်ပြီးကြည်လင်တဲ့ စိတ်အကြည်ဓါတ်ကိုရစေဖို့အထောက်အကူ ပြုပါလိမ့်မယ်”လို့ ဆရာလေးကပြောပါတယ်။

လက်ရှိအချိန်မှာ Ani Pema Deki လို့ဘွဲ့အမည်ခံယူထားတဲ့ Slade ဟာ သီလရင်ဘဝနဲ့ တရာလေ့လာအားထုတ်သူဖြစ်နေပြီး Opening Your Heart to Bhutan ဆိုတဲ့ ပရဟိတအဖွဲ့ကို ထူထောင်ထားပါသေးတယ်။

“လူတွေက ကျွန်မ ဘီလျံနာသူဌေးဘဝကနေ အခုဘဝကို ရောက်သွားတာ ဆုံးရှုံးသွားတယ်လို့ထင်ကြတယ်။ တကယ်ကကျွန်မ အမြတ်တွေရရှိလိုက်တာပါ။ သတိတရားက ကိုယ့်ကိုပိုပြီးတည်ငြိမ်အေးချမ်းစေတယ်။ မေတ္တာတရားက ကိုယ့်ကို ပျော်ရွှင်ချမ်းမြေ့ စေတယ်”လို့ ဆရာလေးက ဆိုပါတယ်။

အသေးစိတ်ဖတ်လိုသူများ မူရင်းကို time.com မှာရှာဖတ်နိုင်ပါတယ်။
http://time.com/5036195/buddhist-nun-banker-happiness-life-emma-slade/

ကိုးကား။ This High-Flying Banker Became a Buddhist Nun. Here’s Her Advice on Happiness : Time Magazine

No comments:

Post a Comment