Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 14, 2019

သင်္ဘောရွက်


သင်္ဘေရွက်မှာ ပက်ပိန်း papain ၊ ခိုင်မိုပက်ပိန်း အင်ဇိုင်း enzymes များ ပါဝင်ပါတယ် ။
၎င်းတို့ဟာ ပရိုတိန်းကို အစာချေရာမှာ အသုံးကျပါတယ် ။

ထို့ပြင် အယ်ကလွိုက်ကွန်းပေါင်း alkaloid compounds ၊ ကာပိန်း carpaine ၊
ဆူဒိုကာပိန်း pseudocarpaine နဲ့ ဒီဟိုက်ဒရို ကာပိန်း dehydrocarpaine တို့လည်း
ပါဝင်ပါတယ် ။
၎င်းသတ္တိများက ဗိုက်ရစ်နာခြင်း ၊ နာကျင်ကိုက်ခဲခြင်း ၊ ဘက်တီးရီးယားများ သေစေခြင်း
တို့ ဖြစ်စေပါတယ် ။

ထို့ပြင် ဖီနောလစ်ကွန်ပေါင်း phenolic compounds ၊ ကဖီးအစ်အက်စစ် caffeic acid ၊
ကလိုရိုဂျင်းနစ် အက်ဆစ် chlorogenic acid ၊ ကွီရာစီတင် quercetin နဲ့
ကမ်ဖာရော kaempferol တို့လည်း ပါဝင်ပါတယ် ။
၎င်းတိုက အစွမ်းထက် ဓါတ်တိုးကာကွယ် ပစ္စည်း antioxidant များဖြစ်ပါတယ် ။
( ဆဲတွင်း ဓါတ်တိုးဖြစ်စဉ် Oxidation က ဆဲလ်များ ပျက်စီးစေပါတယ် ၊
၎င်း ဓါတ်တိုးဖြစ်စဉ်ကို အင်တီအောက်ဆီဒင့် ဓါတ်က တားဆီးပေးပါတယ် )

သင်္ဘောရွက်မှာ ကယ်လဆီယမ် calcium ၊ ပိုတက်ဆဇိယမ် potassium ၊
ဆိုဒီယမ် sodium ၊ မဂ္ဂနီဆီယမ် magnesium ၊ သံဓါတ် iron နဲ့ မန်းဂနိ manganese
သတ္တုဓါတ်များ ပါဝင်ပါသေးတယ် ။
သင်္ဘောရွက်ဖျော်ရည် အစွမ်းသတ္တိများကတော့ (HEALTH BENEFITS OF PAPAYA LEAF JUICE )
ပလိပ်လက်သွေးဥ ထုတ်လုပ်ခြင်း ( Blood platelet production )
သင်္ဘောရွက်က ပလိပ်လက်သွေးဥ ထုတ်လုပ်မှုကို အားပေးပါတယ် ။
၎င်း ပလိပ်လက် သွေးဥ ကို အပြင်းအထန် ဖျားနာသည့်အခါမှာ အမြောက်အများ
ထုတ်လုပ်ဖို့ အရေးကြီးပါတယ် ။
ဥပမာ သွေးလွန်တုပ်ကွေး ဖြစ်သည့်အခါ ပလိပ်လက်သွေးဥများ အလွန်အမင်း
အန္တရာယ်ရှိလောက်အောင် ကျဆင်းသွားပါတယ် ။
ဒါကြောင့် သင်္ဘောရွက်ကို သွေးလွန်တုပ်ကွေးရောဂါမှာ အသုံးပြုနိုင်ပါတယ် ။

အသည်းကို ထောက်ပံ့ခြင်း ( Supports the liver )
သင်္ဘောရွက်ဖျော်ရည်က အသည်းကို သန့်စင်စေတဲ့အတွက်
အသည်းနာတာရှည်ရောဂါများ ပျောက်ကင်းစေပါတယ် ။
အသည်းရောင်အသားဝါ jaundice ၊ အသည်းခြောက်ခြင်း liver cirrhosis နဲ့
အသည်းကင်ဆာ liver cancer များ သက်သာ ပျောက်ကင်းစေနိုင်ပါတယ် ။

ရောဂါများ ကာကွယ်ခြင်း ( Prevents diseases )
သင်္ဘောရွက်ဖျော်တွင် အက်ဆီတိုဂျင် ပါဝင်တဲ့အတွက် ငှက်ဖျား malaria ၊
သွေးလွန်တုပ်ကွေး dengue နဲ့ ကင်ဆာ cancer ရောဂါဆိုးများကို တိုက်ဖျက်နိုင်ပါတယ် ။
သင်္ဘောရွက်ဖျော်ရည်က ကိုယ်ခံအားစံနစ် immune system ကို ကောင်းစေတဲ့အတွက်
ဗိုင်းရပ် viral နဲ့ ဘက်တီးရီးယား ကူးစက်ဝင်ရောက်ခြင်းကို ကာကွယ်ပေးပါတယ် ။

အင်အားဖြစ်စေပါတယ် (Boosts energy levels )
သင်္ဘောရွက်ဖျော်ရည်ဟာ သွေးသန့်စင်စေခြင်း ၊ အနာကျက်စေခြင်း
အပြင် စွမ်းအင်ပါ ဖြစ်စေပါတယ် ။
နာတာရှည် နွမ်းနယ်ကုန်ခန်းခြင်းကို ပျောက်စေပါတယ် ။

အစာခြေခြင်းကို ထောက်ပံ့ခြင်း (Supports your digestive systems )
ပက်ပိန်း papain ၊ ခိုင်မိုပက်ပိန်း chymopapain ၊ ပရိုတီးယေ့ protease ၊
အမိုင်လေ့ amylase အင်ဇိုင်းများ enzymes ပါဝင်တဲ့အတွက် ပရိုတိန်း proteins ၊
ကာဘိုဟိုက်ဒြိတ် များကို ချေဖျက်ရာမှာ အစွမ်းထက်ပါတယ် ။
ဘက်တီးရီးယားတိုက်ဖျက်စွမ်းအင် very potent antimicrobial ကြောင့်ရော ၊
အနာကျက်စေသည့်စွမ်းအင်ကြောင့်ရော အစာအိမ်မှေးရောင်ရမ်းခြင်း ပျောက်စေပြီး ၊
ဘက်တီးရီးယား H.Pylori ကို သေစေသဖြင့် အစာအိမ်အနာ ပျောက်စေပါသည် ။
အူမကြီးရောင်ရမ်းမှု inflammatory bowel diseases (IBD) ကိုလည်း ပျောက်စေပါတယ် ။

ရောင်ရမ်းမှု လျော့စေခြင်း ( Minimizes inflammation )
ရောင်ရမ်းခြင်း Inflammation သည် ဖျားနာခြင်း illnesses ၊ ဓါတ်မတည့်ခြင်း allergies
တို့တွင် အခြေခံအကြောင်း ဖြစ်ပါတယ် ။
ရောင်ရမ်းမှုလျော့စေတဲ့ သင်္ဘောရွက်ဖျော်ရည် သတ္တိကြောင့် ဓါတုကုထုံးရဲ့ဘေးထွက်ဆိုးကျိုး
chemotherapy side effects များကို လျော့နည်းစေပါတယ် ။

ဓမ္မတာပြဿနာများ ( Regulate menstruation disorders )
သင်္ဘောရွက်ဖျော်ရည် က ဓမ္မတာ မှန်စေပါတယ် ။
ဓမ္မတာမဖြစ်မီ ဖြစ်ပေါ်တတ်တဲ့ လက္ခဏာ PMS symptoms များ ဖြစ်တဲ့
စိတ်အပြောင်းလဲများခြင်း mood swings ၊ ရင်သားများ နာခြင်း tender breasts ၊
အစားခုံမင်အငမ်းမရဖြစ်ခြင်း food cravings ၊ နွမ်းနယ်ခြင်း fatigue ၊
စိတ်ဆိုးမာန်ဆိုးဖြစ်ခြင်း irritability ၊ စိတ်ကျခြင်း depression တို့ကို
ဖယ်ရှားပေးပါတယ် ။

နှလုံးသွေးကြောများ ကာကွယ်ခြင်း ( Protects cardiovascular health )
သင်္ဘောရွက်ဖျော်ရည်ရဲ့ အင်တီအောက်ဆီဒင့် သတ္တိက ကိုယ်ခံအားစံနစ် immune system
ကို အားပေးပါတယ် ။ သွေးလှည့်ပတ်ခြင်း blood circulation ကို ကောင်းစေပါတယ် ။
သွေးကြောများ ကျယ်စေ dilates vessels တဲ့အတွက် နှလုံးသွေးကြောပိတ်ခြင်း ၊
လေဖြတ်ခြင်း stroke ကို ကာကွယ်ပါတယ် ။

သွေးတွင်းသကြားဓါတ်ကျစေခြင်း ( Naturally lowers blood sugar levels )
သင်္ဘောရွက်ဖျော်ရည်က အင်ဆူလင်တုန့်ပြန်မှု insulin sensitivity ကို ကောင်းမွန်စေတဲ့အတွက်
သွေးအချိုဓါတ်ကို ထိန်းပေးနိုင်ပါတယ် ။
အင်တီအောက်ဆီဒင့်သတ္တိကြောင့် ဆီးချိုဆိုကျိုးများ ဖြစ်တဲ့ အသည်းအဆီဖုံးခြင်း fatty liver ၊
ကျောက်ကပ်ပျက်ခြင်း တို့ကို ကာကွယ်ပါတယ် ။


ဖျော်ရည် ပြုလုပ်ပုံ
သင်္ဘောရွက် အခက် ၃-၄ ခက်ကို ရေစင်စင်ဆေး ၊
လှီးဖြတ်ပြီး ဖျော်စက်ထဲ ထည့် ၊
ရေ ရေသန့်ဗူး ၂ဗူးစာ ထည့်
စက်နဲ့ မွှေ

သို့မဟုတ်
သင်္ဘောရွက်ကို အိုးမှာထည့် ၊ ရေ ၂ဗူးထည့်
ရေအရောင်ပြောင်းသည်ထိ ကျို

တခါသောက်လျှင် လက်ဘက်ရည်ဇွန်း ၅ ဇွန်း ၊ တနေ့ ၂ ကြိမ် သောက်ရပါမယ် ။

သွေးလွန်တုပ်ကွေးရောဂါ ဆိုလျှင် ၅ ရက် သောက်လျှင် ပျောက်ကင်းနိုင်ပါတယ် ။
နာတာရှည်ဝေဒနာများအတွက်တော့ တတ်အားသမျှ ရေရှည်သောက်ပေးနိုင်ပါတယ် ။
သတိပြုရမှာက
ကိုယ်ဝန်ဆောင်များ မသောက်ရပါဘူး ။
ကိုယ်ဝန် ပျက်စေတတ်ပါတယ် ။
ကျန်းမာချမ်းသာကြပါစေခင်ဗျာ
ဒေါက်တာမြင့်သိန်း
15/1/2016

No comments:

Post a Comment