Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 13, 2019

ဂ်ပန္တြင္ လစာ ၂၅သိန္းရမည့္အလုပ္လုပ္ရန္အခမဲ့ပို့ေဆာင္ေပးမည္။ တက္တူးထိုးထားသည့္လူငယ္မ်ားမပါ


ဂ်ပန္ႏုိင္ငံတြင္ အေျခခံလုပ္ခလစာ က်ပ္ ၂၅ သိန္းေက်ာ္ ရရိွႏုိင္သည့္ အလုပ္ရရိွေရးအတြက္ ၁ဝ တန္းေအာင္ ျမင္ၿပီး အသက္ ၂၅ ႏွစ္ေအာက္ တက္တူးထုိးထားျခင္းမရိွသူမ်ား လာေရာက္ေလွ်ာက္ထားႏုိင္ေၾကာင္း သတင္းရရိွသည္။

ဂ်ပန္ႏုိင္ငံမွ အလုပ္ေခၚစာမ်ား လာမည့္ ဧၿပီလအတြင္း ေရာက္ရိွလာမည္ျဖစ္၍ အထက္ ပါအရည္အခ်င္းႏွင့္ ကုိက္ညီသူမ်ား ေလွ်ာက္ထားႏုိင္ေၾကာင္း ေငြႀကိဳးၾကာျပည္ပအလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီမွ သိရသည္။

ယင္းသုိ႔ လာေရာက္ေလွ်ာက္ထားသူမ်ားအား ထုိေအဂ်င္စီမွ အခမဲ့သင္တန္းေပးမည္ျဖစ္သလုိ ဂ်ပန္ႏုိင္ငံသုိ႔ သြားေရာက္အလုပ္လုပ္ကိုင္ရာတြင္လည္း ယင္းေအဂ်င္စီကပင္ ကုန္က်စရိတ္စုိက္ထုတ္ကာ အခမဲ့ပုိ႔ေဆာင္ ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ သင္တန္း သား ၉၇ ဦးကို ဂ်ပန္စာ အခမဲ့သင္ၾကား ေပးလ်က္ရိွၿပီး ေအဂ်င္စီမ်ားမွတဆင့္ ဂ်ပန္ႏုိင္ငံသို႔ အလုပ္သမားမ်ားေစလႊတ္ရာတြင္ အေျခခံလုပ္ခ လစာဂ်ပန္ေငြ ယန္း ၁၈ဝဝဝဝ (ျမန္မာေငြက်ပ္ ၂၅ သိန္း ေက်ာ္) ရရိွႏုိင္မည္ျဖစ္ေၾကာင္း ေငြႀကိဳးၾကာ ျပည္ပအလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီမွ မန္ေနဂ်င္း ဒါ႐ိုက္တာဦးစိုင္းစည္သူက ေျပာသည္။

လက္ရိွပို႔ေဆာင္ေပးမည့္ လုပ္သား မ်ားသည္ ၅ ႏွစ္သက္တမ္းျဖင့္ သြားေရာက္လုပ္ကိုင္ႏုိင္မည္ျဖစ္ေၾကာင္းႏွင့္ လုပ္ကိုင္ရမည့္အလုပ္မွာ သက္ႀကီးရြယ္ေစာင့္ ေရွာက္ေရးလုပ္ငန္းျဖစ္ေၾကာင္း ၎က ေျပာသည္။ ထုိ႔အျပင္ ယခင္က ဂ်ပန္ႏိုင္ငံသို႔ လုပ္သားေစလႊတ္ရာတြင္ ဂ်ပန္ႏိုင္ငံ၏ ေအဂ်င္စီမ်ားျဖင့္ ခ်ိတ္ဆက္ေဆာင္ရြက္ခဲ့ ေသာ္လည္း ယခုပုိ႔ေဆာင္ရာတြင္ လုပ္သားမ်ားအား အလုပ္ရွင္ႏွင့္ တုိက္႐ိုက္ဆက္သြယ္ ပို႔ေဆာင္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

”ကြၽန္ေတာ္တု႔ိႏုိင္ငံရဲ႕ လူငယ္ေတြ ျပည္တြင္းမွာလည္း အလုပ္အကိုင္က ရွားပါးေနတယ္။ ဂ်ပန္စာကိုတတ္ခ်င္တဲ့ သူေတြ တက္လို႔ရေအာင္ ကြၽန္ေတာ္တုိ႔က သင္ၾကားေပးေနတယ္။ သူတို႔ကိုတႏွစ္ ေလာက္သင္ၾကားေပးၿပီး ဂ်ပန္စာ N-4-N-3 ထိတတ္ေအာင္ သင္ၾကားေပးမယ္။

အနိမ့္ဆံုး N-4 ေလာက္ေတာ့ ေအာင္ ထားရမွာေပါ့။ လက္ရိွ တရက္ကို ၇ နာရီ တပတ္ကို ငါးရက္ထိသင္ၾကားေပးေန တယ္။ နယ္ကလာတဲ့ကေလးေတြကို အဆင္ေျပေအာင္ အေဆာင္ေၾကးကိုလည္း တဝက္က်ခံေပးတယ္။ ေနာက္ၿပီး ဂ်ပန္က စစ္တ့ဲစာေမးပြဲကို တႀကိမ္ေငြေၾကးစိုက္ေပးမယ္။ က်ခဲ့ရင္ေတာ့ ကိုယ့္ပိုက္ဆံနဲ႔ကိုယ္ေျဖေပါ့။

ဂ်ပန္ႏိုင္ငံကို အခမဲ့ပို႔ေဆာင္ၿပီးေတာ့ ဂ်ပန္ႏိုင္ငံမွာ အလုပ္ရရိွသြားၿပီဆုိရင္လည္း လစာေငြထဲကမျဖတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဂ်ပန္ႏိုင္ငံဘက္က လုပ္ငန္းရွင္က ျပန္ထုတ္ေပးသြားမွာ ျဖစ္လို႔ပဲ”ဟု ဦးစိုင္းစည္သူက ေျပာသည္။

စိတ္ပါ၀င္စားသူမ်ားအေနျဖင့္ ဖုန္း-၀၉ ၄၀၁၅၉၉၉၈၂ သို႔ ဆက္သြယ္စံုစမ္းႏိုင္ေၾကာင္း သိရသည္။

ဂ်ပန္ႏုိင္ငံသည္ အေျခခံလုပ္သားရွားပါးမႈေၾကာင့္ ျမန္မာႏုိင္ငံအပါအဝင္ ႏုိင္ငံေပါင္း ကိုးႏုိင္ငံမွ အေျခခံလုပ္သားမ်ားကို ေခၚယူရန္စီစဥ္ထားၿပီး ျမန္မာႏိုင္ငံႏွင့္ ဂ်ပန္ႏုိင္ငံတို႔ သေဘာတူစာခ်ဳပ္ MoC ကို ေရးထုိးထားၿပီးျဖစ္ေၾကာင္း ဂ်ပန္ႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္မည့္ သူသည္ အေျခခံလုပ္ခလစာယန္း ၁၂ဝဝဝဝ ရရိွလွ်င္ လိုင္စင္ရအက်ဳိးေဆာင္ ေအဂ်င္စီမွ တရားဝင္ေစလႊတ္ႏိုင္ၿပီး ကုန္က်စရိတ္ ကန္ေဒၚလာ ၂၈ဝဝ ျဖစ္သည္ဟု ျမန္မာႏိုင္ငံအစိုးရမွ သတ္မွတ္ထားေၾကာင္း သိရသည္။

ေက်ာ္ေက်ာ္
News watch

Unicode

ဂျပန်နိုင်ငံတွင် အခြေခံလုပ်ခလစာ ကျပ် ၂၅ သိန်းကျော် ရရှိနိုင်သည့် အလုပ်ရရှိရေးအတွက် ၁ဝ တန်းအောင် မြင်ပြီး အသက် ၂၅ နှစ်အောက် တက်တူးထိုးထားခြင်းမရှိသူများ လာရောက်လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။

ဂျပန်နိုင်ငံမှ အလုပ်ခေါ်စာများ လာမည့် ဧပြီလအတွင်း ရောက်ရှိလာမည်ဖြစ်၍ အထက် ပါအရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ကြောင်း ငွေကြိုးကြာပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ သိရသည်။

ယင်းသို့ လာရောက်လျှောက်ထားသူများအား ထိုအေဂျင်စီမှ အခမဲ့သင်တန်းပေးမည်ဖြစ်သလို ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရာတွင်လည်း ယင်းအေဂျင်စီကပင် ကုန်ကျစရိတ်စိုက်ထုတ်ကာ အခမဲ့ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သင်တန်း သား ၉၇ ဦးကို ဂျပန်စာ အခမဲ့သင်ကြား ပေးလျက်ရှိပြီး အေဂျင်စီများမှတဆင့် ဂျပန်နိုင်ငံသို့ အလုပ်သမားများစေလွှတ်ရာတွင် အခြေခံလုပ်ခ လစာဂျပန်ငွေ ယန်း ၁၈ဝဝဝဝ (မြန်မာငွေကျပ် ၂၅ သိန်း ကျော်) ရရှိနိုင်မည်ဖြစ်ကြောင်း ငွေကြိုးကြာ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာဦးစိုင်းစည်သူက ပြောသည်။

လက်ရှိပို့ဆောင်ပေးမည့် လုပ်သား များသည် ၅ နှစ်သက်တမ်းဖြင့် သွားရောက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်းနှင့် လုပ်ကိုင်ရမည့်အလုပ်မှာ သက်ကြီးရွယ်စောင့် ရှောက်ရေးလုပ်ငန်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့အပြင် ယခင်က ဂျပန်နိုင်ငံသို့ လုပ်သားစေလွှတ်ရာတွင် ဂျပန်နိုင်ငံ၏ အေဂျင်စီများဖြင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ သော်လည်း ယခုပို့ဆောင်ရာတွင် လုပ်သားများအား အလုပ်ရှင်နှင့် တိုက်ရိုက်ဆက်သွယ် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

”ကျွန်တော်တု့ိနိုင်ငံရဲ့ လူငယ်တွေ ပြည်တွင်းမှာလည်း အလုပ်အကိုင်က ရှားပါးနေတယ်။ ဂျပန်စာကိုတတ်ချင်တဲ့ သူတွေ တက်လို့ရအောင် ကျွန်တော်တို့က သင်ကြားပေးနေတယ်။ သူတို့ကိုတနှစ် လောက်သင်ကြားပေးပြီး ဂျပန်စာ N-4-N-3 ထိတတ်အောင် သင်ကြားပေးမယ်။ အနိမ့်ဆုံး N-4 လောက်တော့ အောင် ထားရမှာပေါ့။

လက်ရှိ တရက်ကို ၇ နာရီ တပတ်ကို ငါးရက်ထိသင်ကြားပေးနေ တယ်။ နယ်ကလာတဲ့ကလေးတွေကို အဆင်ပြေအောင် အဆောင်ကြေးကိုလည်း တဝက်ကျခံပေးတယ်။ နောက်ပြီး ဂျပန်က စစ်တဲ့စာမေးပွဲကို တကြိမ်ငွေကြေးစိုက်ပေးမယ်။ ကျခဲ့ရင်တော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဖြေပေါ့။

ဂျပန်နိုင်ငံကို အခမဲ့ပို့ဆောင်ပြီးတော့ ဂျပန်နိုင်ငံမှာ အလုပ်ရရှိသွားပြီဆိုရင်လည်း လစာငွေထဲကမဖြတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဂျပန်နိုင်ငံဘက်က လုပ်ငန်းရှင်က ပြန်ထုတ်ပေးသွားမှာ ဖြစ်လို့ပဲ”ဟု ဦးစိုင်းစည်သူက ပြောသည်။

စိတ်ပါဝင်စားသူများအနေဖြင့် ဖုန်း-၀၉ ၄၀၁၅၉၉၉၈၂ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ဂျပန်နိုင်ငံသည် အခြေခံလုပ်သားရှားပါးမှုကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ကိုးနိုင်ငံမှ အခြေခံလုပ်သားများကို ခေါ်ယူရန်စီစဉ်ထားပြီး မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ သဘောတူစာချုပ် MoC ကို ရေးထိုးထားပြီးဖြစ်ကြောင်း ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်မည့် သူသည် အခြေခံလုပ်ခလစာယန်း ၁၂ဝဝဝဝ ရရှိလျှင် လိုင်စင်ရအကျိုးဆောင် အေဂျင်စီမှ တရားဝင်စေလွှတ်နိုင်ပြီး ကုန်ကျစရိတ် ကန်ဒေါ်လာ ၂၈ဝဝ ဖြစ်သည်ဟု မြန်မာနိုင်ငံအစိုးရမှ သတ်မှတ်ထားကြောင်း သိရသည်။

ကျော်ကျော်
News watch

ဂ်ပန္အျပာကားထုတ္လုပ္မွဳ အမ်ိဳးသား သရုပ္ေဆာင္မ်ားနည္းပါးမွဳ ေၾကာင့္အခက္ေတြ့ေန
အျပာကားသရုပ္ေဆာင္ဘုရင္ရွီမင္ခန္


No comments:

Post a Comment