Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 13, 2019

အမည္မသိလူေလးဦးက ႐ူပေဗဒေက်ာင္းသားတစ္ဦးကို ဓားျဖင့္ထိုးမႈျဖစ္ပြား


မိတၳီလာတကၠသိုလ္ေရွ႕တြင္ဇန္နဝါရီ ၁၁ရက္ မြန္းလြဲပိုင္းကအမ်ိဳးသားေလးဦးက တကၠသိုလ္ေက်ာင္းသားတစ္ဦးကို ဓားျဖင့္ထိုးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မိတၳီလာတကၠသိုလ္တြင္ ႐ူပေဗဒဘာသာ ပထမႏွစ္တက္ေရာက္ေနသည့္ ေဇာ္ထူးေအာင္သည္ ေက်ာင္းမွအေဆာင္သို႔ျပန္ရန္၄င္း၏ Click ဆိုင္ကယ္ျဖင့္မိတၳီလာ-ေက်ာက္ပန္းေတာင္းကားလမ္းအတိုင္း တစ္ဦးတည္းေမာင္းလာရာ ေက်ာင္းဝင္းတံခါးေပါက္ ႏွစ္ေပါက္အလယ္သို႔ေရာက္စဥ္ ဇန္နဝါရီ ၁၀ရက္က ၄င္း၏သူငယ္ခ်င္းျဖစ္သူ ဇင္ဘိုထြန္းႏွင့္စကားမ်ားရန္ျဖစ္ခဲ့သည့္ မ်ိဳးသန္႔ဇင္ႏွင့္ အမည္မသိလူသံုးဦးက ဓား၊ေက်ာက္လွည့္ျဖင့္ ထိုး၊ တုတ္ျဖင့္႐ိုက္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ဝိုင္းဝန္း၍ ဓား၊ေက်ာက္လွည့္ျဖင့္ ထိုး၊ တုတ္ျဖင့္႐ိုက္သျဖင့္ေဇာ္ထူးေအာင္သည္ ေက်ာင္းဝင္းအတြင္းသို႔ေျပးဝင္ခဲ့ေၾကာင္း၊ ဆိုင္ကယ္မွာအခ်င္းျဖစ္ေနရာတြင္က်န္ရွိေနေၾကာင္း၊ ဖ်န္ေျဖေပးရန္ေရာက္ရွိလာသည့္ ေဇာ္ထူးေအာင္၏သူငယ္ခ်င္းျဖစ္သူ မ်ိဳးခန္႔ေဇာ္၏Honda wave – 110 – ၁၁၀ ဆိုင္ကယ္ႏွင့္ေဇာ္ထူးေအာင္၏ Click ဆိုင္ကယ္ကို မ်ိဳးသန္႔ဇင္ႏွင့္ အမည္မသိလူသံုးဦးက ႐ိုက္ခ်ိဳးဖ်က္ဆီးခဲ့ေၾကာင္းသိရသည္။

ေဇာ္ထူးေအာင္တြင္ ဓား၊ေက်ာက္လွည့္ျဖင့္ထိုးခံခဲ့ရၿပီး ႐ိုက္ႏွက္ခံခဲ့ရသည့္အတြက္ ယာလက္ေမာင္း၊ ဝဲလက္ျပင္၊ ယာပခံုးထိုးသြင္းဒဏ္ရာ၊ ေက်ာျပင္နာက်င္ဒဏ္ရာမ်ားရရွိသျဖင့္မိတၳီလာေဆး႐ံုသို႔ တင္ပို႔ေဆးကုသထားေၾကာင္း၊ ဆိုင္ကယ္ႏွစ္စီးကို႐ိုက္ခ်ိဳးဖ်က္ဆီးထားသည့္အတြက္ေငြက်ပ္ ေျခာက္သိန္းခန္႔ဆံုး႐ံႈးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ မ်ိဳးသန္႔ဇင္ႏွင့္ အမည္မသိလူသံုးဦးကိုဥပေဒအရ အေရးယူေပးပါရန္ေဇာ္ထူးေအာင္က တရားလိုျပဳလုပ္တိုင္တန္းသျဖင့္ မိတၳီလာၿမိဳ႕မရဲစခန္းက(ပ)၇/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၂၄၊၂၉၄၊၄၂၇၊၁၁၄ျဖင့္ အမႈဖြင့္ထားၿပီးျပစ္မႈက်ဴးလြန္သူမ်ားဖမ္းဆီးရမိေရးေဆာင္ရြက္ေနေၾကာင္း သတင္းရရွိသည္။

YDNP
..............................
Unicode
မိတ္ထီလာတက္ကသိုလ်ရှေ့တွင်ဇန်နဝါရီ ၁၁ရက် မွန်းလွဲပိုင်းကအမျိုးသားလေးဦးက တက္ကသိုလ်ကျောင်းသားတစ်ဦးကို ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိတ္ထီလာတက္ကသိုလ်တွင် ရူပဗေဒဘာသာ ပထမနှစ်တက်ရောက်နေသည့် ဇော်ထူးအောင်သည် ကျောင်းမှအဆောင်သို့ပြန်ရန်၄င်း၏ Click ဆိုင်ကယ်ဖြင့်မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းအတိုင်း တစ်ဦးတည်းမောင်းလာရာ ကျောင်းဝင်းတံခါးပေါက် နှစ်ပေါက်အလယ်သို့ရောက်စဉ် ဇန်နဝါရီ ၁၀ရက်က ၄င်း၏သူငယ်ချင်းဖြစ်သူ ဇင်ဘိုထွန်းနှင့်စကားများရန်ဖြစ်ခဲ့သည့် မျိုးသန့်ဇင်နှင့် အမည်မသိလူသုံးဦးက ဓား၊ကျောက်လှည့်ဖြင့် ထိုး၊ တုတ်ဖြင့်ရိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဝိုင်းဝန်း၍ ဓား၊ကျောက်လှည့်ဖြင့် ထိုး၊ တုတ်ဖြင့်ရိုက်သဖြင့်ဇော်ထူးအောင်သည် ကျောင်းဝင်းအတွင်းသို့ပြေးဝင်ခဲ့ကြောင်း၊ ဆိုင်ကယ်မှာအချင်းဖြစ်နေရာတွင်ကျန်ရှိနေကြောင်း၊ ဖျန်ဖြေပေးရန်ရောက်ရှိလာသည့် ဇော်ထူးအောင်၏သူငယ်ချင်းဖြစ်သူ မျိုးခန့်ဇော်၏Honda wave – 110 – ၁၁၀ ဆိုင်ကယ်နှင့်ဇော်ထူးအောင်၏ Click ဆိုင်ကယ်ကို မျိုးသန့်ဇင်နှင့် အမည်မသိလူသုံးဦးက ရိုက်ချိုးဖျက်ဆီးခဲ့ကြောင်းသိရသည်။

ဇော်ထူးအောင်တွင် ဓား၊ကျောက်လှည့်ဖြင့်ထိုးခံခဲ့ရပြီး ရိုက်နှက်ခံခဲ့ရသည့်အတွက် ယာလက်မောင်း၊ ဝဲလက်ပြင်၊ ယာပခုံးထိုးသွင်းဒဏ်ရာ၊ ကျောပြင်နာကျင်ဒဏ်ရာများရရှိသဖြင့်မိတ္ထီလာဆေးရုံသို့ တင်ပို့ဆေးကုသထားကြောင်း၊ ဆိုင်ကယ်နှစ်စီးကိုရိုက်ချိုးဖျက်ဆီးထားသည့်အတွက်ငွေကျပ် ခြောက်သိန်းခန့်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မျိုးသန့်ဇင်နှင့် အမည်မသိလူသုံးဦးကိုဥပဒေအရ အရေးယူပေးပါရန်ဇော်ထူးအောင်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် မိတ္ထီလာမြို့မရဲစခန်းက(ပ)၇/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၂၄၊၂၉၄၊၄၂၇၊၁၁၄ဖြင့် အမှုဖွင့်ထားပြီးပြစ်မှုကျူးလွန်သူများဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

YDNP /Dkhitmedia

No comments:

Post a Comment