Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 13, 2019

ရေသ့ၾကီး ဦးခႏၱီ ရြတ္ဆိူေသာ လြန္စြာ အက်ိဳးေပးသည့္ ဘုရားရွိခိုး

လာဘ္ တိတ္ေနသူမ်ား ၊ ေစ်းေရာင္း မေကာင္းသူမ်ား ၊ အေၾကြး မရသူမ်ား ၊ အေၾကြး မဆပ္ႏိုင္သူမ်ား ၊ ေငြေၾကး အခက္ အခဲျဖစ္ေနသူမ်ား ၊အၾကီး အကဲနဲ႕ အဆင္မေျပသူမ်ား ၊ အလုပ္ အကိုင္ တုိ႕လုိ႔ တန္း လန္း ျဖစ္ေနသူမ်ား ၊ လာဒ္ရႊင္ေငြ၀င္ လိုသူမ်ား အတြက္ အလြန္တရာ မွ လာဒ္ရႊင္ေစေသာ ရေသ့ၾကီး ဦးခႏၱီရြတ္ေသာ ဂါထာ ကို လက္ေဆာင္ေပးလုိက္ရပါတယ္ ခင္ဗ်ာ….

ကုိယ္ေတြ႕ တစ္ခု ေျပာပါရေစ… 2012.12.31 ေန႕ မွာ ေငြ ၆ သိန္း ေပးပါမယ္ လုိ႕ ကတိျပဳ ခဲ့တာပါ.. 29.12.2012 ေန႕ မွာ လက္ထဲ မွာ ေငြ ၄ သိန္း ပဲ ရွိပါတယ္.. ၂ သိန္း လုိေနတယ္ေလ.. ၂ သိန္း ကုိ ၂ ရက္ အတြင္း ဘယ္လုိ ရွာရမလဲ.. စိတ္ေပါက္ေပါက္ နဲ႕ တီဗီြ ဖြင့္ၾကည့္လုိက္တာ ။

အဲဒီ မွာ ဗန္းေမာ္ ဆရာေတာ္ ေဒါက္တာ ကုမာရ ဘိ၀ံသ က MRTV 4 မွာ ရေသ့ၾကီး ဦးခႏီၱ အေၾကာင္း တရားေဟာေနတာ နာ လုိက္ ရျပီး အဲဒီ လာဒ္ရြင္ေစတဲ့ ဂါထာ ကို အားတုိင္း ရြတ္ မနက္ ၄၅ မိနစ္ ၊ ည ၄၅ မိနစ္ ရြတ္လုိက္တာ 31.12.2012 ေန႕လည္ 2း00 နာရီမွာ ေဟာခန္း မွာ ေဗဒင္ေဟာေနရင္း ဖုန္း၀င္လာတယ္..

ကံစမ္းမဲေပါက္တယ္တဲ့ ၂ သိန္း ရမွာတဲ့……ဟုိက္ရွားပါး…. လန္းသြားပါတယ္…..
ကတိ အတုိင္း ေပးႏိုင္ခဲ့ပါတယ္….ကုိယ္ေတြ႕ပါဗ်ာ..

အဲဒါနဲ႕ သူငယ္ခ်င္းေဗဒင္ဆရာ တစ္ေယာက္ကုိ ဖုန္းဆက္ျပီး ေျပာျပတာ သူက ျပန္ေျပာတယ္.. ငါလည္း အဲဒါ ရြတ္တာ ဒီ မနက္ပဲ အိမ္၀ုိင္းေရာင္းထြက္ လုိ႕ ဆုိျပီး ၂ သိန္း လာကန္ေတာ့သြားတယ္တဲ့…. ..ေတာ္ေတာ္ထူး တဲ့ ဂါထာ ပါပဲဗ်ာ

ေငြေၾကး အခက္ခဲ ရွိတဲ့ မိတ္ေဆြ မ်ား လည္း မနက္ ၄၅ မိနစ္ ည ၄၅ မိနစ္ ရြတ္ၾကည့္ ပါလား ဗ်ာ….ဘာ ခက္တာ မွတ္လို႕ …

ေဒါက္တာ ကုမာရ ဘိ၀ံသ(ဗန္းေမာ္ဆရာေတာ္) ခ်ီးျမွင့္ေတာ္မူေသာ ရေသ့ၾကီး ဦးခႏၱီ ၏ ဂါထာေတာ္။

အရဟံ၊ ဗဟိ-အႏၱ-ဇယံ၊ သုဂတံ၊
အမိတံ၊ ၀ိရဇံ၊ လလိတံ၊ အတုလံ၊

စရဏံ၊ တိ-ဘ၀ူပ-သမံ၊ ယမကံ၊
သုခံ ဒံ ၊ သရဏံ ၊ ပဏာ မာမိ ဇိနံ။

(အနက္ကုိ ရြတ္ဆုိရန္ မလုိပါ..အဓိပၸါယ္ သိရန္ ေရးေပးတာပါ…
အထက္ပါ ဂါထာ ကုိ သာရြတ္ပါ။)

၁။ အရဟံ – ပူေဇာ္ အထူး ကို ခံယူေတာ္ မူထိုက္ေသာ ျမတ္စြာဘုရား ကို ပဏာမာမိ-ရိွခုိးပါ၏။
၂။ ဗဟိ-အႏၱ-ဇယ – အတြင္း-အပ ရန္ကို ေအာင္ေတာ္ မူေသာ ျမတ္စြာဘုရား ကို ပဏာမာမိ-ရိွခုိးပါ၏။

၃။ သုဂတံ – ေကာင္းေသာ စကားကို ေဟာေျပာ တတ္ေသာ ျမတ္စြာဘုရား ကို ပဏာမာမိ-ရိွခုိးပါ၏။
၄။ အမိတံ – မနွုိင္းယွဥ္နိုင္သည့္ တန္ခိုး ဗ်ာဋိဟာ ရိွေသာ ျမတ္စြာဘုရား ကို ပဏာမာမိ-ရိွခုိးပါ၏။

၅။ ၀ိရဇံ – ကိေလသာျမဴ ကင္းေတာ္ မူေသာ ျမတ္စြာဘုရား ကို ပဏာမာမိ-ရိွခုိးပါ၏။
၆။ လလိတံ – တင့္တယ္ သပၸါယ္ေတာ္ မူေသာ ျမတ္စြာဘုရား ကို ပဏာမာမိ-ရိွခုိးပါ၏။

၇။ အတုလံ – အတု မရိွေသာ ျမတ္စြာဘုရား ကို ပဏာမာမိ-ရိွခုိးပါ၏။
၈။ စရဏံ – အက်င့္ စရဏနွင့္ ျပည့္စံုေတာ္ မူေသာ ျမတ္စြာဘုရား ကို ပဏာမာမိ-ရိွခုိးပါ၏။

၉။ တိ-ဘ၀ူပ-သမံ – ဘံုသံုးပါး ၌ ကိေလသာျငိမ္းေအးေသာ ျမတ္စြာဘုရား ကို ပဏာမာမိ-ရိွခုိးပါ၏။
၁၀။ ယမကံ – ေရမီး အစံုအစံု တန္ခိုး ဗ်ာဋိဟာနွင့္ ျပည့္စံုေသာ ျမတ္စြာဘုရား ကို ပဏာမာမိ-ရိွခုိးပါ၏။

၁၁။ သုခဒံ – ခ်မ္းသာ ကို ေပးစြမ္းနုိင္ေသာ ျမတ္စြာဘုရား ကို ပဏာမာမိ-ရိွခုိးပါ၏။
၁၂။ သရဏံ – ကိုးကြယ္ အားထားရာျဖစ္ေသာ ျမတ္စြာဘုရား ကို ပဏာမာမိ-ရိွခုိးပါ၏။

၁၃။ ဇိနံ – မာန္ငါးပါး ကိုေအာင္ျမင္ေသာ ျမတ္စြာဘုရား ကို ပဏာမာမိ-ရိွခုိးပါ၏။

လုိသေလာက္ မရေပမဲ့ လုပ္ သေလာက္ေတာ့ ရပါတယ္…. ခင္ဗ်ာ……

Credit-https://www.facebook.com/kominn.koko/posts/

photo-yomalan

လာဘ် တိတ်နေသူများ ၊ ဈေးရောင်း မကောင်းသူများ ၊ အကြွေး မရသူများ ၊ အကြွေး မဆပ်နိုင်သူများ ၊ ငွေကြေး အခက် အခဲဖြစ်နေသူများ ၊အကြီး အကဲနဲ့ အဆင်မပြေသူများ ၊ အလုပ် အကိုင် တို့လို့ တန်း လန်း ဖြစ်နေသူများ ၊ လာဒ်ရွှင်ငွေဝင် လိုသူများ အတွက် အလွန်တရာ မှ လာဒ်ရွှင်စေသော ရသေ့ကြီး ဦးခန္တီရွတ်သော ဂါထာ ကို လက်ဆောင်ပေးလိုက်ရပါတယ် ခင်ဗျာ….

ကိုယ်တွေ့ တစ်ခု ပြောပါရစေ… 2012.12.31 နေ့ မှာ ငွေ ၆ သိန်း ပေးပါမယ် လို့ ကတိပြု ခဲ့တာပါ.. 29.12.2012 နေ့ မှာ လက်ထဲ မှာ ငွေ ၄ သိန်း ပဲ ရှိပါတယ်.. ၂ သိန်း လိုနေတယ်လေ.. ၂ သိန်း ကို ၂ ရက် အတွင်း ဘယ်လို ရှာရမလဲ.. စိတ်ပေါက်ပေါက် နဲ့ တီဗွီ ဖွင့်ကြည့်လိုက်တာ ။

အဲဒီ မှာ ဗန်းမော် ဆရာတော် ဒေါက်တာ ကုမာရ ဘိဝံသ က MRTV 4 မှာ ရသေ့ကြီး ဦးခန္တီ အကြောင်း တရားဟောနေတာ နာ လိုက် ရပြီး အဲဒီ လာဒ်ရွင်စေတဲ့ ဂါထာ ကို အားတိုင်း ရွတ် မနက် ၄၅ မိနစ် ၊ ည ၄၅ မိနစ် ရွတ်လိုက်တာ 31.12.2012 နေ့လည် 2း00 နာရီမှာ ဟောခန်း မှာ ဗေဒင်ဟောနေရင်း ဖုန်းဝင်လာတယ်..

ကံစမ်းမဲပေါက်တယ်တဲ့ ၂ သိန်း ရမှာတဲ့……ဟိုက်ရှားပါး…. လန်းသွားပါတယ်…..
ကတိ အတိုင်း ပေးနိုင်ခဲ့ပါတယ်….ကိုယ်တွေ့ပါဗျာ..

အဲဒါနဲ့ သူငယ်ချင်းဗေဒင်ဆရာ တစ်ယောက်ကို ဖုန်းဆက်ပြီး ပြောပြတာ သူက ပြန်ပြောတယ်.. ငါလည်း အဲဒါ ရွတ်တာ ဒီ မနက်ပဲ အိမ်ဝိုင်းရောင်းထွက် လို့ ဆိုပြီး ၂ သိန်း လာကန်တော့သွားတယ်တဲ့…. ..တော်တော်ထူး တဲ့ ဂါထာ ပါပဲဗျာ

ငွေကြေး အခက်ခဲ ရှိတဲ့ မိတ်ဆွေ များ လည်း မနက် ၄၅ မိနစ် ည ၄၅ မိနစ် ရွတ်ကြည့် ပါလား ဗျာ….ဘာ ခက်တာ မှတ်လို့ …

ဒေါက်တာ ကုမာရ ဘိဝံသ(ဗန်းမော်ဆရာတော်) ချီးမြှင့်တော်မူသော ရသေ့ကြီး ဦးခန္တီ ၏ ဂါထာတော်။

အရဟံ၊ ဗဟိ-အန္တ-ဇယံ၊ သုဂတံ၊
အမိတံ၊ ဝိရဇံ၊ လလိတံ၊ အတုလံ၊

စရဏံ၊ တိ-ဘဝူပ-သမံ၊ ယမကံ၊
သုခံ ဒံ ၊ သရဏံ ၊ ပဏာ မာမိ ဇိနံ။

(အနက်ကို ရွတ်ဆိုရန် မလိုပါ..အဓိပ္ပါယ် သိရန် ရေးပေးတာပါ…
အထက်ပါ ဂါထာ ကို သာရွတ်ပါ။)

၁။ အရဟံ – ပူဇော် အထူး ကို ခံယူတော် မူထိုက်သော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။
၂။ ဗဟိ-အန္တ-ဇယ – အတွင်း-အပ ရန်ကို အောင်တော် မူသော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။

၃။ သုဂတံ – ကောင်းသော စကားကို ဟောပြော တတ်သော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။
၄။ အမိတံ – မနှိုင်းယှဉ်နိုင်သည့် တန်ခိုး ဗျာဋိဟာ ရှိသော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။

၅။ ဝိရဇံ – ကိလေသာမြူ ကင်းတော် မူသော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။
၆။ လလိတံ – တင့်တယ် သပ္ပါယ်တော် မူသော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။

၇။ အတုလံ – အတု မရှိသော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။
၈။ စရဏံ – အကျင့် စရဏနှင့် ပြည့်စုံတော် မူသော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။

၉။ တိ-ဘဝူပ-သမံ – ဘုံသုံးပါး ၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။
၁၀။ ယမကံ – ရေမီး အစုံအစုံ တန်ခိုး ဗျာဋိဟာနှင့် ပြည့်စုံသော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။

၁၁။ သုခဒံ – ချမ်းသာ ကို ပေးစွမ်းနိုင်သော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။
၁၂။ သရဏံ – ကိုးကွယ် အားထားရာဖြစ်သော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။

၁၃။ ဇိနံ – မာန်ငါးပါး ကိုအောင်မြင်သော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။

လိုသလောက် မရပေမဲ့ လုပ် သလောက်တော့ ရပါတယ်…. ခင်ဗျာ……

https://www.facebook.com/kominn.koko/posts/

photo-yomalan

No comments:

Post a Comment