CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, January 9, 2019
ကြိုက်တဲ့ပစ်မှုနဲ့သာဖမ်းပေတော့(ဆရာနေ၀င်းမြင့်)
ရွာသား နာမည်ကကြွက်သိုး
သူကြီးအိမ်မှာ ရေလေးခတ် ထင်းလေးခွဲ ပိုက်ဆံမယူရှာဘူး
တစ်နှစ်လောက်ကြာတော့သူကြီးကတော်ကသနား
သူကြီးကိုပြော မောင်ကြွက်သိုးလေးဆယ်အိမ်ခေါင်းခန့်လိုက်ပါတော်တဲ့
ဟဲ့ နင့်ကောင်က စာမှမတတ်တာ
ရှင်ကလည်း စာမတတ်ပဲ အုပ်ချုပ်နေတဲ့သူတွေတစ်ပုံကြီး
ကဲခန့်ပါမယ်ကွာ။
ကြွက်သိုးကို ဆယ်အိမ်ခေါင်းခေါ်ခန့်
သူကြီးခန့်တာတော့ဟုတ်ပါပြီ ကျုပ်မှာကော်လာကတုံး မရှိဘူး
သူကြီးက အင်္ကျီ အဟောင်းလေးခေါ်ပေး
ကြွက်သိုးက မြောက်ကြွကြွ
ပထမဆုံးဘုံဆိုင်သွား အရက်လေးကစ်
မူးပြီးငိုက်စိုက်ငိုက်စိုက်ခွေးတွေကဟောင်တော့
ဘာမှတ်နေလည်း ဆယ်အိမ်ခေါင်းကွ ဖမ်းချုပ်လိုက်ရမလား
ခွေးတွေနဲ့စရန်ဖြစ်မဖြစ်သေးပါဘူး ဆယ်အိမ်ခေါင်း training ဘယ်လိုဆင်းရမလည်း
ရွာမြောက်ဖျားက ငါ့အမေနဲ့နှမအိမ်သွားမယ်
ညသန်းကောင် ကြွက်သိုး အမေ့အိမ်ရောက်သွား
ထရံလေးပုတ်နှိုး။မအေကြီးက ဖွင့်ပေးရှာတယ်။
ငါ့သားကြွက်သိုးပါလား။
ဘာကြွက်သိုးလည်း ဆယ်အိမ်ခေါင်းမင်းဗျ ခင်ဗျားဝတ္တရား
နှောက်ယှက်မှု နဲ့ အရေးယူလိုက်ရမလား
ဒါနဲ့နေပါဦး ခင်ဗျားကျုပ်မြင်ဘူးပါတယ်
ငါ နင့်အမေ ဒေါ်ခလေ။သြော် ဒေါ်ခ ဒါနဲ့ ဒီအိမ်မှာ လူဘယ်နှစ်ယောက်နေလည်း
ခက်ပါပြီ ငါနဲ့မင်းနှမ မိကောက် နှစ်ယောက်ပေါ့ဟဲ့
မရှည်နဲ့ လိုရင်းဖြေ ခင်ဗျားယောက်ကျားနာမည်ဘယ်သူလည်း
ဟဲ့ နင့်အဖေ ကိုကောက်လေ။ခုဘယ်မှာလည်း။
သေတာ နှစ်နှစ်ဆယ်ရှိပြီလေ မင်းကိုယ်တိုင် သင်းချိုင်းထမ်းချတာ
သေတာ သေချာရဲ့လား။မင်းကိုယ်တိုင်သင်းချိုင်းကုန်းထမ်းချတာပါဆို
ခင်ဗျားကျုပ်ကို စဏ္ဌာလပြောတာလား ဟို ခြင်ထောင်ထဲကဘယ်သူလည်း
မင်းညီမ မိကောက်လေ
သူကတဖအေလား
ဒီကောင်ခက်တော့ခက်နေပြီ
ကဲသန်းကောင်စာရင်းသာပြ
(သန်းကောင်စာရင်းလေးကြည့်)
ဒေါ်ခ လက်ဝဲပါးမှဲ့ရှိ မှန်းဟိုဘက်လှညိ့စမ်း
ဟုတ်ပြီ အလုပ်အကိုင်က မှီခို ဆိုပါလား
အေးလေ မင်းအဖေရှိတုန်းက ငါက မှီခိုပေါ့
အင်းခင်ဗျားတို့လိုမှီခိုတွေများနေလို့ တိုင်းပြည်မတိုးတက်တာ
ခုဘာလုပ်စားလည်း
သက်ကယ်ပစ်စားတယ် မလောက်မင ပါတော်
ဘာတုန်းခင်ဗျားက အစိုးရ အသုံးမကျဘူးပြောချင်တာလား
အမယ်လေးတော် အစိုးရဆိုတာများ ခေါင်းထဲရှိပါဘူးတော်
ဘာ အစိုးရကို နှစ်ပြားမတန်ဘူးပြောချင်တာလား
ငါ့ကို အမှု ကြီးအောင်မလုပ်ပါနဲ့
ခင်ဗျား တောနဲ့အဆက်အသွယ်ရှိလား
ရှိတာပေါ့ဟဲ့ သက်ကယ်ပစ်စားပါတယ်ဆိုမှ တောနဲ့
အဆက်အသွယ်ရှိတာပေါ့
ကျုပ်ပြောတာ သူပုန်နဲ့ဆက်သွယ်တာပြောတာ
ဟဲ့ငါကြားတာတော့ အစိုးရသာ သူပုန်နဲ့ဆက်သွယ်ရတယ်လို့ကြားတာဘဲ
ဘာလည်းခင်ဗျားက အစိုးရနဲ့သူပုန်လက်ဝါးခြင်း
ရိုက်ထားတယ်ပြောချင်တာလား။
ကဲ မင်း ငါ့ကို ကြိုက်တဲ့အမှု နဲ့သာ ဖမ်းပေတော့
သေခြင်းဆိုးရေတဲ့။
ကြွက်သိုး အမေကတောင်စိတ်မရှည်တော့ဘူး………။
ကြိုက်တဲ့ပစ်မှုနဲ့သာဖမ်းပေတော့(ဆရာနေ၀င်းမြင့်)
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 09, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 09, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment