Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 17, 2019

ရေသ့ၾကိီး နဲ႕ ျပည့္တန္ဆာမေလး။

တစ္ခါ က သာ၀တၱိျမိဳ႕ အစြန္႕ ေတာစပ္မွာ ရေသ့ၾကီးတစ္ပါးတဲေလးထုိးျပီး သတင္းသံုး တရားက်င့္ေနေလတယ္။မ်ားမၾကာမွီအဲဒီရေသ့ၾကီးေက်ာင္းသခၤန္းနဲ႕ မနီးမေ၀းမွာျပည့္တန္ဆာမေလးတစ္ေယာက္ဟာ တဲေလးထုိးျပီးလာေနေလတယ္။

ရေသ့ၾကီး ေက်ာင္းသခၤန္းကေန ျမင္ေနရတဲ့ေနရာေလာက္မွာပါ။အဲလုိပဲ ျပည့္တန္ဆာမ တဲကၾကည့္ရင္လည္ ရေသ့ၾကီး ေက်ာင္းသခၤန္းကုိျမင့္ေနရတာေပါ့ ။မနက္တုိင္း သူမ က ရေသ့ၾကီးကုိ
ဦးခ် ကန္ေတာ့တယ္။

ေနာက္ေတာ့ ရေသ့ၾကီးက ျပည့္တန္ဆာမဆီ အမ်ိဳးသားတစ္ေယာက္လာတုိင္း ေက်ာက္ခဲေလးတစ္လံုးေကာက္ထားတယ္။အဲလုိ နဲ႕ အဲဒီ ေကာ်က္ခဲေလးေတြကေက်ာက္ပံုေလး ျဖစ္လာတယ္ ။

ရေသ့ၾကီးကေန႕တုိင္းေတြးတယ္။ေအာ္ ဒီကေလးမ နွယ္ ငါ့ေက်ာင္းသခၤန္းနားမွာ မွလာျပီး တဲထိုးရတယ္လုိ႕ ကြာ ။ငါ့ကုိ မေလးစားတာပဲ လုိ႕ ေဒါသျဖစ္တယ္။ ျပီးေတာ့ ၾကည့္ပါဦး ေယာက်ၤားေတြ တစ္ေယာက္ျပီး တစ္ေယာက္ အထဲ၀င္သြားျပီးဘယ္လိုေတြမ်ားျဖစ္ေနလဲ မသိ ။

တစ္ခါ တစ္ခါ နွစ္ေယာက္ပူးၾကီးေတာင္ ၀င္သြားတာ ။ အဲဒီ နွစ္ေယာက္နဲ႕ မ်ား ဘယ္လုိမ်ား စခန္းသြားၾကလဲမသိ ။ဆိုျပီး ေတြးရင္း ေဒါသေတြ ေသာကေတြ ေမာဟ ေတြျဖစ္ေနေလရဲ႕ ။

ေသလြန္တဲ့အခါ ရေသ့ၾကီးကအပယ္က်သြားတယ္။ ျပိတၱာျဖစ္သြားတယ္။ ျပည့္တန္ဆာမ ကေတာ့ နတ္ျပည္ေရာက္သြားေလ ရဲ႕ ။အဲဒါနဲ႕ ရေသ့ျပိတၱာၾကီးက ငရဲမင္း ကုိ မေၾကမနပ္နဲ႕ သြားေျပာေလတယ္။

“‘ ဒီမွာ ငရဲမင္း တရားက်င့္တဲ့ က်ဴပ္ ရေသ့ က ေတာ့ အပယ္က်ျပီး ဟုိျပည့္တန္ဆာမ က်ေတာ့ ဘာလုိ႕ နတ္ျပည္ေရာက္ရတာလဲ ”လို႕ေပါ့ …

အဲဒီမွာ ငရဲမင္း က ေျပာတာက —

” မင္းက ရေသ့ျဖစ္ျပီး မင္းရဲ႕ စိတ္က ျပည့္တန္ဆာမ ဆီပဲ စိတ္ေရာက္ျပီး တစ္ခ်ိန္လံုး အကုသိုလ္စိတ္ျဖစ္ေနခဲ့တယ္ေလ။ တစ္ခ်ိန္လံုး ျပည့္တန္ဆာမ အေၾကာင္းပဲ ေတြးေနတယ္။ အဲဒါေၾကာင့္ အပယ္က်တာ။
ဟုိတစ္ေယာက္က်ေတာ့

မနက္တုိင္း ညတုိင္း ရေသ့ၾကီးျဖစ္တဲ့မင္းကို ကန္ေတာ့ရင္း ေအာ္ ေရေသ့ၾကီးတို႕ ဘ၀ ကံေကာင္းလုိက္တာ ၊ လွဴမည့္တမ္းမည့္သူနဲ႕ ေက်ာင္းေဆာက္ေပးမည့္သူနဲ႕ ကုိယ့္ဟာကိုလြတ္လြတ္လပ္လပ္တရားက်င့္ရံုပဲ ။

ငါဘ၀မ်ားက်ေတာ့ သူမ်ားတကာနဲ႕ေပ်ာ္ပါးမွ ထမင္းစားရတဲ့ဘ၀ ငါ့ အတိတ္ကံကလည္း ဆိုးလုိက္တာ လို႕ကုသုိလ္ကံေကာင္းတဲ့ ရေသ့ၾကီးကုိ ကန္ေတာ့ပါတယ္။ ရေသ့ၾကီးက်န္းက်န္းမာမာ တရားက်င့္ တရားထူး ရႏိုင္ပါေစ ။

တျပည့္ေတာ္မ ကန္ေတာ့ ပါတယ္ ဘုရား လုိ႕ စိတ္ထဲက အျမဲသတိသံေ၀ဂ ရျပီး ကန္ေတာ့ရင္းကုသိုလ္စိတ္ေတြ ျဖစ္ေနခဲ့တာေလ ။အဲဒီ ကုသိုလ္စိတ္ေၾကာင့္ သူမ က နတ္ျပည္ေရာက္ရတာေပါ့ ။ရေသ့မုိက္ ရဲ႕ “”လို ေျပာလုိက္ေလေတာ့ သတည္း ။

က်ြန္ေတာ္တုိ႕ ပတ္၀န္းက်င္မွာလည္း ……

ကုိယ္ဘယ္လို အေနအထားပဲ ေရာက္ေရာက္ကုိယ့္စိတ္ကုိ အကုသိုလ္စိတ္ကင္းျပီးကုသုိလ္စိတ္ေတြ မ်ားမ်ား ထားနိုင္ၾကပါေစလို႕ဆုေတာင္းေမတၱာ ပုိ႕သရင္း ……….creditဆရာထြန္း ေက်ာက္ဆည္ ။

Unicode

တစ်ခါ က သာဝတ္တိမြို့ အစွန့် တောစပ်မှာ ရသေ့ကြီးတစ်ပါးတဲလေးထိုးပြီး သတင်းသုံး တရားကျင့်နေလေတယ်။များမကြာမှီအဲဒီရသေ့ကြီးကျောင်းသင်္ခန်းနဲ့ မနီးမဝေးမှာပြည့်တန်ဆာမလေးတစ်ယောက်ဟာ တဲလေးထိုးပြီးလာနေလေတယ်။

ရသေ့ကြီး ကျောင်းသင်္ခန်းကနေ မြင်နေရတဲ့နေရာလောက်မှာပါ။အဲလိုပဲ ပြည့်တန်ဆာမ တဲကကြည့်ရင်လည် ရသေ့ကြီး ကျောင်းသင်္ခန်းကိုမြင့်နေရတာပေါ့ ။မနက်တိုင်း သူမ က ရသေ့ကြီးကို
ဦးချ ကန်တော့တယ်။

နောက်တော့ ရသေ့ကြီးက ပြည့်တန်ဆာမဆီ အမျိုးသားတစ်ယောက်လာတိုင်း ကျောက်ခဲလေးတစ်လုံးကောက်ထားတယ်။အဲလို နဲ့ အဲဒီ ကျောက်ခဲလေးတွေကကျောက်ပုံလေး ဖြစ်လာတယ် ။

ရသေ့ကြီးကနေ့တိုင်းတွေးတယ်။အော် ဒီကလေးမ နှယ် ငါ့ကျောင်းသင်္ခန်းနားမှာ မှလာပြီး တဲထိုးရတယ်လို့ ကွာ ။ငါ့ကို မလေးစားတာပဲ လို့ ဒေါသဖြစ်တယ်။ ပြီးတော့ ကြည့်ပါဦး ယောင်္ကျားတွေ တစ်ယောက်ပြီး တစ်ယောက် အထဲဝင်သွားပြီးဘယ်လိုတွေများဖြစ်နေလဲ မသိ ။

တစ်ခါ တစ်ခါ နှစ်ယောက်ပူးကြီးတောင် ဝင်သွားတာ ။ အဲဒီ နှစ်ယောက်နဲ့ များ ဘယ်လိုများ စခန်းသွားကြလဲမသိ ။ဆိုပြီး တွေးရင်း ဒေါသတွေ သောကတွေ မောဟ တွေဖြစ်နေလေရဲ့ ။

သေလွန်တဲ့အခါ ရသေ့ကြီးကအပယ်ကျသွားတယ်။ ပြိတ္တာဖြစ်သွားတယ်။ ပြည့်တန်ဆာမ ကတော့ နတ်ပြည်ရောက်သွားလေ ရဲ့ ။အဲဒါနဲ့ ရသေ့ပြိတ္တာကြီးက ငရဲမင်း ကို မကြေမနပ်နဲ့ သွားပြောလေတယ်။

“‘ ဒီမှာ ငရဲမင်း တရားကျင့်တဲ့ ကျူပ် ရသေ့ က တော့ အပယ်ကျပြီး ဟိုပြည့်တန်ဆာမ ကျတော့ ဘာလို့ နတ်ပြည်ရောက်ရတာလဲ ”လို့ပေါ့ …

အဲဒီမှာ ငရဲမင်း က ပြောတာက —

” မင်းက ရသေ့ဖြစ်ပြီး မင်းရဲ့ စိတ်က ပြည့်တန်ဆာမ ဆီပဲ စိတ်ရောက်ပြီး တစ်ချိန်လုံး အကုသိုလ်စိတ်ဖြစ်နေခဲ့တယ်လေ။ တစ်ချိန်လုံး ပြည့်တန်ဆာမ အကြောင်းပဲ တွေးနေတယ်။ အဲဒါကြောင့် အပယ်ကျတာ။
ဟိုတစ်ယောက်ကျတော့

မနက်တိုင်း ညတိုင်း ရသေ့ကြီးဖြစ်တဲ့မင်းကို ကန်တော့ရင်း အော် ရေသေ့ကြီးတို့ ဘဝ ကံကောင်းလိုက်တာ ၊ လှူမည့်တမ်းမည့်သူနဲ့ ကျောင်းဆောက်ပေးမည့်သူနဲ့ ကိုယ့်ဟာကိုလွတ်လွတ်လပ်လပ်တရားကျင့်ရုံပဲ ။

ငါဘဝများကျတော့ သူများတကာနဲ့ပျော်ပါးမှ ထမင်းစားရတဲ့ဘဝ ငါ့ အတိတ်ကံကလည်း ဆိုးလိုက်တာ လို့ကုသိုလ်ကံကောင်းတဲ့ ရသေ့ကြီးကို ကန်တော့ပါတယ်။ ရသေ့ကြီးကျန်းကျန်းမာမာ တရားကျင့် တရားထူး ရနိုင်ပါစေ ။

တပြည့်တော်မ ကန်တော့ ပါတယ် ဘုရား လို့ စိတ်ထဲက အမြဲသတိသံဝေဂ ရပြီး ကန်တော့ရင်းကုသိုလ်စိတ်တွေ ဖြစ်နေခဲ့တာလေ ။အဲဒီ ကုသိုလ်စိတ်ကြောင့် သူမ က နတ်ပြည်ရောက်ရတာပေါ့ ။ရသေ့မိုက် ရဲ့ “”လို ပြောလိုက်လေတော့ သတည်း ။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ……

ကိုယ်ဘယ်လို အနေအထားပဲ ရောက်ရောက်ကိုယ့်စိတ်ကို အကုသိုလ်စိတ်ကင်းပြီးကုသိုလ်စိတ်တွေ များများ ထားနိုင်ကြပါစေလို့ဆုတောင်းမေတ္တာ ပို့သရင်း ……….creditဆရာထွန်း ကျောက်ဆည် ။

No comments:

Post a Comment