Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 17, 2019

ကုုန္သြယ္ေရး ညႊန္ခ်ဳပ္ ဦးရန္ႏုုိင္ထြန္း ထုုတ္ပယ္ခံရျခင္း၏ ေနာက္ကြယ္မွ အရႈပ္ေတာ္ပုုံ


စီးပြားေရးနဲ႔ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန၊ ကုုန္သြယ္ေရးဦးစီးဌာနရဲ႕ ညႊန္ၾကားေရးမွဴးခ်ဳပ္လည္းျဖစ္ ၊ ယာယီအၿမဲတမ္း အတြင္း၀န္လည္းျဖစ္တဲ့ ဦးရန္ႏုုိင္ထြနး္ဟာ ဇန္န၀ါရီလ ၁၄ ရက္ေန႔ ညပုိင္းမွာ ႏုိင္ငံေတာ္ သမၼတအမိန္႔နဲ႔ ရာထူးကေန ထုုတ္ပယ္ခံလိုုက္ရပါတယ္။

ပုံမွန္အားျဖင့္ ႏုုိင္ငံ့၀န္ထမ္းေတြကုုိ ျပႆနာ တစ္စုုံတစ္ရာေၾကာင့္ ရာထူးတာ၀န္က ဖယ္ရွားတဲ့အခါ အနားေပးသည္ဆုုိတဲ့စကားလုုံးကိုု အသုုံးမ်ားေလ့ရွိေပမယ့္လည္း ဦးရန္ႏုုိင္ထြန္းကုုိ ဖယ္ရွားရာမွာေတာ့ ရာထူးတာ၀န္က ထုုတ္ပယ္သည္ဆုုိတဲ့ စကားရပ္ကုုိ အသုုံးျပဳသြားတာမိုု႔ ဒီအခ်က္ဟာ ထူးျခားမႈျဖစ္ေနပါတယ္။

စစ္တပ္က အရာရွိဘ၀ကေန စီးပြားေရးကူးသန္း၀န္ႀကီးဌာနကုုိ အရပ္ဘက္အရာရွိအျဖစ္ ကူးေျပာင္းလာတဲ့ ဦးရန္ႏုုိင္ထြနး္ဟာ စီးပြား/ကူးသန္း၀န္ႀကီးဌာနမွာ ဆယ္စုုႏွစ္ ၁ ခုုေက်ာ္ၾကာေအာင္ တာ၀န္ထမ္းေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။ စီးပြား/ကူးသန္း၀န္ႀကီးဌာန လက္ေအာက္မွာရွိတဲ့ နယ္စပ္ကုုန္သြယ္ေရးဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး၊ ကုုန္သြယ္ေရးဦးစီးဌာနမွာ ညႊန္ခ်ဳပ္၊ ယာယီ အၿမဲတမ္းအတြင္း၀န္ စတဲ့ တာ၀န္ေတြထမ္းေဆာင္ခဲ့တာမိုု႔ ကုုန္သည္အသုုိင္းအ၀ုုိင္း၊ ၀န္ထမ္းအသုုိင္းအ၀ုုိင္းမွာ လူသိမ်ားၾကပါတယ္။ သူ႕ကုုိ ထုုတ္ပယ္မႈအေပၚ ၀န္ႀကီးဌာနအသုုိက္အ၀န္း နဲ႔ ကုုန္သည္ အသုုိင္းအ၀ုုိင္းက အံ့အားသင့္ၾကပါတယ္။

ဦးရန္ႏုုိင္ထြန္းကိုု ထုုတ္ပယ္မႈမွာ အဂတိလိုုက္စားမႈနဲ႔ ပတ္သက္လုုိ႔ တုုိင္ၾကားတာ တစ္စုံတစ္ရာမရွိဘူးလို႔ အဂတိလိုုက္စားမႈ တုုိက္ဖ်က္ေရးေကာ္မရွင္ဘက္က ထုုတ္ေဖာ္ေျပာဆိုုခဲ့တာမိုု႔ သူဟာ လာဘ္ေပးလာဘ္ယူမႈနဲ႔ေတာ့ မပတ္သက္ဘူးလုုိ႔ အၾကမ္းဖ်ဥ္း ယူဆႏုုိင္စရာရွိပါတယ္။ဘယ္လိုုအေၾကာင္းတရားေတြက ဦးရန္ႏုုိင္ထြန္းကိုု ထုုတ္ပယ္ေစခဲ့တာပါလဲ။ သူ႕ကုုိ ထုုတ္ကြယ္မႈ ေနာက္ကြယ္မွာ ဘယ္လုုိျဖစ္ရပ္ေတြရွိေနပါသလဲ။

ကုန္သြယ္ေရးဦးစီးဌာန၏ တာ၀န္

စီးပြားေရးနဲ႔ ကူးသန္းေရာင္း၀ယ္ႀကီးဌာန၊ ကုုန္သြယ္ေရးဦးစီးဌာနဟာ အဓိက အေရးပါတဲ့ ဌာနျဖစ္ၿပီး ကုုန္စည္ေတြနဲ႔ပတ္သက္တဲ့ သြင္းကုန္၊ ပုိ႔ကုုန္ပါမစ္ေတြ၊ လိုုင္စင္ေတြ ခ်ထားေပးရတဲ့ ဌာနလည္းျဖစ္ပါတယ္။ သာမန္ကုုန္စည္ေတြကစလုုိ႔ အေရးႀကီးကုုန္စည္ေတြအထိ အထုုတ္အသြင္း ခြင့္ျပဳခ်က္လုုိင္စင္ေတြ၊ ပါမစ္ေတြ ထုုတ္ေပးရတာမုုိ႔ လုုပ္ငန္းအားျဖင့္လည္း မ်ားျပားလွတာ၀န္ေတြကုုိ ထမ္းေဆာင္ရတဲ့ ဌာနတစ္ခုုလည္း ျဖစ္ပါတယ္။

ကုုန္သြယ္ေရးဦးစီးဌာန၊ ညြန္ၾကားေရးမွဴးခ်ဳပ္ ဦးရန္ႏုုိင္ထြန္း ထုုတ္ပယ္ခံရမႈမွာ အဓိကအားျဖင့္ ကုုန္သြယ္ေရး ဦးစီးဌာနက လုုပ္ေဆာင္တဲ့ ပုုိ႔ကုုန္သြင္းကုုန္၊ လိုုင္စင္၊ ပါမစ္ေတြနဲ႕ ခ်ထားေပးမႈနဲ႔ဆက္စပ္ၿပီး အဲဒီလိုု ခ်ထားေပးမႈေတြကိုု ျပန္လည္စိစစ္တဲ့အခါမွာ အားနည္းခ်က္ေတြ ၊ ခ်ဳိ႕ယြင္းမႈေတြ၊ စီမံခန္႔ခြဲမႈဆုုိင္ရာ အလြဲအမွားေတြ ရွိခဲ့တာကိုု စစ္ေဆးေတြ႕ရွိခဲ့ရတာေၾကာင့္ ထုုတ္ပယ္ခဲ့ရတာလုုိ႔ လက္ေထာက္အတြင္း၀န္ ဦးခင္ေမာင္လြင္က သတင္းမီဒီယာေတြကုုိ ထုုတ္ေဖာ္ေျပာဆိုုခဲ့ပါတယ္။

သၾကား Re-export ပါမစ္မ်ား ခ်ထားေပးျခင္း

ျပည္ပႏိုင္ငံေတြက ကုန္စည္ေတြကုိ ျပည္တြင္းသုိ႔ တင္သြင္းၿပီး ေဈးကြက္ လိုအပ္ခ်က္ရွိတဲ့ အျခားျပည္ပ ႏိုင္ငံေတြကိုု ျပန္လည္ တင္ပို႔ႏုုိင္တဲ့ (Re-export) ကုုန္စည္ေတြမွာ သၾကားကို ၂၀၁၅ ခုႏွစ္ စက္တင္ဘာက ထည့္သြင္းၿပီး Re-export စတင္လုုပ္ခြင့္ျပဳခဲ့ပါတယ္။ေစ်းကြက္လုုိအပ္ခ်က္ႀကီးမားၿပီး စားသုုံးမႈ မ်ားျပားတဲ့ တရုုတ္ေစ်းကြက္ကုုိ သၾကားေတြ တင္ပုုိ႔ႏုုိင္ဖုုိ႔ ဘရားဇီး၊ ကာတာ၊ ယူေအအီး၊ အိႏိၵယ၊ ထုုိင္းႏုုိင္ငံအပါအ၀င္ ျပည္ပႏုုိင္ငံေတြက သၾကားေတြကုုိ ေရေၾကာင္းလမ္းကေန ျပည္တြင္းကုိ တင္သြငး္ၿပီး တရုုတ္ႏုုိင္ငံကုုိ ျပန္လည္ တင္ပုုိ႔တာျဖစ္ပါတယ္။

ျပည္ပက သၾကားကိုု ျပည္တြင္းကုုိ တင္သြင္းၿပီး ျပည္တြင္းကေန တရုုတ္ေစ်းကြက္ကုုိ တင္ပုုိ႔ျခင္းျဖစ္ၿပီး Re-export အတြက္ ပါမစ္ေတြကိုု ကုုန္သြယ္ေရးဦးစီးဌာန ထုုတ္ေပးပါတယ္။သၾကားကို Re-Export စနစ္နဲ႔ ကုန္သြယ္မႈမွာ ႏွစ္စဥ္ တန္ခ်ိန္ ၂ သန္းခန္႔ ရွိခဲ့ၿပီး တရုုတ္ႏုုိင္ငံဘက္က အဲဒီတင္ပုုိ႔မႈ ကိုု တရား၀င္ တင္ပုုိ႔မႈ အျဖစ္ လက္မခံပါဘူး။

ျမန္မာႏုုိင္ငံက စားသုုံးကုုန္အပါအ၀င္ ပုိ႔ကုုန္ေတြ တင္ပုုိ႔တဲ့အခါမွာ တရား၀င္ ကုုန္သြယ္မႈအျဖစ္ တရုုတ္ႏုုိင္ငံက အသိအမွတ္မျပဳဘဲ မလိုုရင္ မလုုိသလိုု ဖမ္းဆီးမႈေတြ လုုပ္တာေၾကာင့္ သၾကား Re-export ဟာလည္း စကတည္းမွာပဲ မွားယြင္းတဲ့ ကုုန္သြယ္ေရးစနစ္ တစ္ခုု ဆုုိရင္ မမွားႏုုိင္ပါဘူး။

ျပည္ပႏုုိင္ငံကုုိ သၾကားေတြကုုိ ကုိယ့္ျပည္တြင္းတင္သြင္းဖိုု႔ ေဒၚလာ၊ ယူရုုိ အပါအ၀င္ ႏုုိင္ငံျခားေငြ အေျမာက္အျမား သုုံးၾကရၿပီး တရုုတ္ေစ်းကြက္ကုုိ တင္ပုုိ႔ခ်ိန္မွာေတာ့ တရုုတ္သုုံးေငြ ယြမ္ကုုိသာ ျပန္လည္ရရွိတာပါ။ တရုုတ္ႏုုိင္ငံရဲ႕ ခြင့္ျပဳမႈ အေပၚ မူတည္ၿပီး ျပည္တြင္းသၾကားေစ်း အတက္အက်ျဖစ္တာ၊ ႀကံစုုိက္ေတာင္သူေတြနဲ႔ စီးပြားေရးသမားေတြ ကိုု ထိခိုုက္မႈ အတြက္ ခ်ိန္ဆရတာေတြေၾကာင့္ Re-export ပါမစ္ထုုတ္ေပးမႈဟာ ပိတ္လိုုက္ ဖြင့္လိုုက္ မၾကာခဏ ျဖစ္ေပၚခဲ့ရပါတယ္။

သၾကား Re-export ပါမစ္ေစ်းကြက္ ျဖစ္ထြန္းျခင္း

တရုုတ္ႏုုိင္ငံရဲ႕ သၾကားစားသုုံးတဲ့ေစ်းကြက္က ႀကီးမားတာမုုိ႔ သၾကား Re-export လုုပ္ငန္းဟာ ႏုုိင္ငံအတြက္ အက်ဳိးျဖစ္ထြန္းမႈ နည္းပါးေပမယ့္လည္း ကုုန္သည္နဲ႔ စီးပြားေရးသမားေတြအတြက္ေတာ့ ေငြရွာေပါက္ ႀကီးတစ္ခုုအျဖစ္ ရွိေနခဲ့ပါတယ္။ တရုုတ္ေစ်းကြက္ရဲ႕ ၀ယ္လုုိအားေၾကာင့္ Re-export သၾကား လုုပ္ငန္းဟာ ႀကီးမားခဲ့ၿပီး သၾကားတင္သြင္း ျပန္လည္တင္ပုုိ႔ႏုုိင္တဲ့ ပါမစ္ေစ်းကြက္လည္းျဖစ္ထြန္းခဲ့ပါတယ္။

သၾကား Re-export လုုပ္ငန္းအတြက္ ကုုမၺဏီေထာင္ ပါမစ္ေလ ွ်ာက္ လုုပ္ကုုိင္ၾကတာမ်ားၿပီး အဲဒီအထဲမွာမွ စညး္ကမ္းခ်က္ မလုုိက္နာတဲ့ ကုုမၺဏီေတြကိုု စီးပြား/ကူးသန္း၀န္ႀကီးဌာနက လုုပ္ငန္းမွတ္ပုုံတင္ ပိတ္သိမ္း တာေတြ ျပဳလုုပ္အေရးယူရတာေတြလည္း ရွိခဲ့ပါတယ္။သၾကား Re-export ပါမစ္ ေလ်ွာက္ထားမႈအတြက္ စည္းကမ္းခ်က္ေတြသတ္မွတ္ခ်က္ေတြကုုိ စီးပြား/ကူးသန္း၀န္ႀကီးဌာန ဘက္က ျပန္လည္ ျပင္ဆင္သတ္မွတ္တာေတြ မၾကာခဏ လုုပ္ရပါတယ္။ ပါမစ္ လိမ္လည္ ေလ ွ်ာက္တဲ့ျဖစ္စဥ္ေတြ မ်ားစြာ ရွိခဲ့တာမုုိ႔ သၾကား Re-export လုုပ္ငန္းဟာ စတင္ခ်ိန္ကတည္းက လာျခင္း မေကာင္းခဲ့ဘူးလိုု႔ ဆုုိရမွာပါ။

ကုုမၺဏီမ်ားစြာေထာင္၍ ပါမစ္ေလ ွ်ာက္ျခင္းႏွင့္ ပါမစ္ေစ်းကြက္ျဖစ္ထြန္းျခင္း

သၾကား Re-export ပါမစ္ေလ ွ်ာက္ထားမႈေတြမွာ တစ္ဦးတည္း ကုုမၺဏီမ်ားစြာ ခြဲေထာင္ၿပီး ပါမစ္ေလ ွ်ာက္တာမ်ဳိး၊ စီးပြားေရးအုုပ္စုု တစ္ခုုက ကုုမၺဏီခြဲေတြမ်ားစြာနဲ႔ ပါမစ္ေလ ်ွာက္တာမ်ဳိးေတြျဖစ္ေပၚလာပါတယ္။ အဲဒီလိုု ကုုမၺဏီနာမည္မ်ားစြာနဲ႔ ပါမစ္ေလ ွ်ာက္ထားတယ္ဆုုိေပမယ့္လည္း သတ္မွတ္ခ်က္ေတြနဲ႔အညီ ေလ်ွာက္ထားၾကတာမိုု႔ ပါမစ္ေတြ ရရွိသြားၾကတာလိုု႔ ဆိုုႏုုိင္ပါတယ္။

တစ္ဦးတည္းက ၊ စီးပြားေရးအုုပ္စုု တစ္ခုုတည္းက ပါမစ္မ်ားစြာကုုိင္ၿပီး ျပန္လည္ေရာင္းခ်တဲ့ေစ်းကြက္ကလည္း ႀကီးႀကီးမားမားရွိေနခဲ့တာပါ။အဲဒီတစ္ဦးတည္းက၊ စီးပြားေရးအုုပ္စုုတစ္ခုုတည္းက ပါမစ္ေတြကိုု ကိုုင္ထားခဲ့ၾကတဲ့ ကုမၺဏီေတြထဲမွာ အရင္ ၀န္ႀကီး ဌာနဆုုိင္ရာအႀကီးအကဲေဟာင္း ေတြရဲ႕ကုုမၺဏီေတြလည္း ပါ၀င္ပါတယ္။

ေဒၚလာေစ်းျမင့္တက္ျခင္းႏွင့္ ပါမစ္ေစ်းကြက္ ႀကီးမားလာျခင္း

ျမန္မာႏုုိင္ငံမွာ ေဒၚလာေငြလဲေစ်းႏႈန္းဟာ ၂၀၁၈ ခုုႏွစ္ ႏွစ္ေႏွာင္းပုုိင္းမွာ အျမင့္ဆုုံးတက္ခဲ့ၿပီး အေမရိကန္တစ္ေဒၚလာ ၁၆၀၀ ေက်ာ္အထိ တက္ခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ေဒၚလာေစ်း ထပ္မံ မျမင့္တက္ေစဖုုိ႔ ေဒၚလာသုုံးစြဲေနတဲ့ သြင္းကုုန္စည္တင္သြင္းမႈ လုုပ္ငန္းေတြ၊ ႏုုိင္ငံျခားေငြထြက္ေပါက္ အရင္းအျမစ္ေတြကိုု အစုုိးရက ပိတ္ပင္လုုိက္ပါတယ္။

သၾကား Re-export ပါမစ္ကိုုလည္း အစုုိးရဘက္က ပိတ္ပင္ခဲ့တာပါ။ သုုိ႔ေသာ္လည္း ယခင္ ေလ်ွာက္ထားခဲ့ၾကတဲ့ ပါမစ္ေတြ ကုုမၺဏီေတြ လက္ထဲမွာ ရွိေနခဲ့ၿပီး ပါမစ္တစ္ေစာင္ကုုိ အေမရိကန္ေဒၚလာ ေသာင္းနဲ႔ခ်ီေပး၀ယ္ရတဲ့အထိ ေစ်းေကာင္းလာပါတယ္။

သမၼတရုုံးက ကုိင္တြယ္ျခင္း

သမၼတရုုံးညႊန္ၾကားေရးမွဴးခ်ဴပ္ဦးေဇာ္ေဌးက ၂၀၁၈ ခုုႏွစ္၊ စက္တင္ဘာလ ၂၁ ရက္ေန႔ ေနျပည္ေတာ္ပုုံမွန္ သတင္းစာရွင္းလင္းပြဲမွာ ေဒၚလာေစ်းျမင့္တက္မႈနဲ႔ ေနာက္ဆက္တြဲ ျပႆနာေတြ ေျပာဆိုုရင္ သၾကား Re-export ပါမစ္ကိစၥကိုုပါ ထည့္သြင္းေျပာဆုုိခဲ့ပါတယ္။

ျပည္တြင္းက ေဒၚလာေငြ စီးထြက္မႈေၾကာင့္ ေဒၚလာလိုုအပ္ခ်က္မ်ားၿပီး ေဒၚလာတန္ဖုုိး ဆက္တက္လာမႈေတြ တားဆီးႏုုိင္ဖုုိ႔ ၂၀၁၈ ခုႏွစ္၊ ၾသဂုုတ္လစကလုုိ႔ သၾကားအပါအ၀င္ ကုန္ပစၥည္းတခ်ဳိ႕ကုုိ တစ္ဆင့္ခံ ျပည္ပတင္ပုုိ႔ခြင့္ Re-export ပိတ္ခဲ့ေၾကာင္း၊ ေစ်းကြက္ထဲမွာ သၾကား အပါအ၀င္ ကုန္ပစၥည္း Re-export ပါမစ္ေတြ ေဒၚလာေသာင္းခ်ီ ေစ်းေပါက္ေနတာကိုု သိရွိထားေၾကာင္း တရား၀င္ ထုုတ္ေဖာ္ေျပာဆိုုခဲ့ပါတယ္။

ဦးေဇာ္ေဌးက အဲဒီကိစၥကုုိ သမၼတရုုံးနဲ႔ စီးပြား/ကူးသန္း၀န္ႀကီးဌာနက ပူးေပါင္းကုုိင္တြယ္ ေဆာင္ရြက္ခဲ့တယ္လုုိ႔ ထုုတ္ေဖာ္ေျပာဆိုုခဲ့တာေၾကာင့္ သတင္းစာရွင္းလင္းပြဲ လုုပ္အၿပီး ၄ လအၾကာမွာ ဦးရန္ႏုုိင္ထြန္း ရာထူးတာ၀န္ကေန ဖယ္ရွားထုုတ္ပယ္ခံလုုိက္ရျခင္းျဖစ္ပါတယ္။

အဓိကအားျဖင့္ Re-export ပါမစ္ေတြ ေလ်ွာက္ထားမႈေတြမွာ ပါမစ္ေတြ တစ္ဦးတည္းက ေထာင္ထားတဲ့ ကုုမၼဏီမ်ားစြာကို ထုုတ္ေပးခဲ့မႈနဲ႔ အဲဒီပါမစ္ေတြျပင္ပမွာ ေစ်းကြက္အႀကီးအက်ယ္ ျဖစ္ထြန္းခဲ့မႈေတြနဲ႔ ဆက္စပ္လုုိ႔ တာ၀န္အရွိဆုုံးလုုိ႔ ယူဆတဲ့အတြက္ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးရန္ႏုုိင္ထြန္း ကုုိ ရာထူးကေန ထုုတ္ပယ္ခဲ့တယ္ ဆုုိရင္လည္း မမွားႏုုိင္ဘူးလိုု႔ ကုုန္သည္နဲ႔ အရာရွိအသုုိင္းအ၀ုုိင္းမွာ ေ၀ဖန္သုုံးသပ္ေျပာဆုုိေနၾကပါတယ္။ ရန္ကုန္ေခတ္သစ္

Unicode

စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ် ၊ ယာယီအမြဲတမ်း အတွင်းဝန်လည်းဖြစ်တဲ့ ဦးရန်နိုင်ထွနး်ဟာ ဇန်နဝါရီလ ၁၄ ရက်နေ့ ညပိုင်းမှာ နိုင်ငံတော် သမ္မတအမိန့်နဲ့ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

ပုံမှန်အားဖြင့် နိုင်ငံ့ဝန်ထမ်းတွေကို ပြဿနာ တစ်စုံတစ်ရာကြောင့် ရာထူးတာဝန်က ဖယ်ရှားတဲ့အခါ အနားပေးသည်ဆိုတဲ့စကားလုံးကို အသုံးများလေ့ရှိပေမယ့်လည်း ဦးရန်နိုင်ထွန်းကို ဖယ်ရှားရာမှာတော့ ရာထူးတာဝန်က ထုတ်ပယ်သည်ဆိုတဲ့ စကားရပ်ကို အသုံးပြုသွားတာမို့ ဒီအချက်ဟာ ထူးခြားမှုဖြစ်နေပါတယ်။

စစ်တပ်က အရာရှိဘဝကနေ စီးပွားရေးကူးသန်းဝန်ကြီးဌာနကို အရပ်ဘက်အရာရှိအဖြစ် ကူးပြောင်းလာတဲ့ ဦးရန်နိုင်ထွနး်ဟာ စီးပွား/ကူးသန်းဝန်ကြီးဌာနမှာ ဆယ်စုနှစ် ၁ ခုကျော်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ စီးပွား/ကူးသန်းဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာနမှာ ညွှန်ချုပ်၊ ယာယီ အမြဲတမ်းအတွင်းဝန် စတဲ့ တာဝန်တွေထမ်းဆောင်ခဲ့တာမို့ ကုန်သည်အသိုင်းအဝိုင်း၊ ဝန်ထမ်းအသိုင်းအဝိုင်းမှာ လူသိများကြပါတယ်။ သူ့ကို ထုတ်ပယ်မှုအပေါ် ဝန်ကြီးဌာနအသိုက်အဝန်း နဲ့ ကုန်သည် အသိုင်းအဝိုင်းက အံ့အားသင့်ကြပါတယ်။

ဦးရန်နိုင်ထွန်းကို ထုတ်ပယ်မှုမှာ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ တိုင်ကြားတာ တစ်စုံတစ်ရာမရှိဘူးလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဘက်က ထုတ်ဖော်ပြောဆိုခဲ့တာမို့ သူဟာ လာဘ်ပေးလာဘ်ယူမှုနဲ့တော့ မပတ်သက်ဘူးလို့ အကြမ်းဖျဉ်း ယူဆနိုင်စရာရှိပါတယ်။ဘယ်လိုအကြောင်းတရားတွေက ဦးရန်နိုင်ထွန်းကို ထုတ်ပယ်စေခဲ့တာပါလဲ။ သူ့ကို ထုတ်ကွယ်မှု နောက်ကွယ်မှာ ဘယ်လိုဖြစ်ရပ်တွေရှိနေပါသလဲ။

ကုန်သွယ်ရေးဦးစီးဌာန၏ တာဝန်

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနဟာ အဓိက အရေးပါတဲ့ ဌာနဖြစ်ပြီး ကုန်စည်တွေနဲ့ပတ်သက်တဲ့ သွင်းကုန်၊ ပို့ကုန်ပါမစ်တွေ၊ လိုင်စင်တွေ ချထားပေးရတဲ့ ဌာနလည်းဖြစ်ပါတယ်။ သာမန်ကုန်စည်တွေကစလို့ အရေးကြီးကုန်စည်တွေအထိ အထုတ်အသွင်း ခွင့်ပြုချက်လိုင်စင်တွေ၊ ပါမစ်တွေ ထုတ်ပေးရတာမို့ လုပ်ငန်းအားဖြင့်လည်း များပြားလှတာဝန်တွေကို ထမ်းဆောင်ရတဲ့ ဌာနတစ်ခုလည်း ဖြစ်ပါတယ်။

ကုန်သွယ်ရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း ထုတ်ပယ်ခံရမှုမှာ အဓိကအားဖြင့် ကုန်သွယ်ရေး ဦးစီးဌာနက လုပ်ဆောင်တဲ့ ပို့ကုန်သွင်းကုန်၊ လိုင်စင်၊ ပါမစ်တွေနဲ့ ချထားပေးမှုနဲ့ဆက်စပ်ပြီး အဲဒီလို ချထားပေးမှုတွေကို ပြန်လည်စိစစ်တဲ့အခါမှာ အားနည်းချက်တွေ ၊ ချို့ယွင်းမှုတွေ၊ စီမံခန့်ခွဲမှုဆိုင်ရာ အလွဲအမှားတွေ ရှိခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ရတာကြောင့် ထုတ်ပယ်ခဲ့ရတာလို့ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သကြား Re-export ပါမစ်များ ချထားပေးခြင်း

ပြည်ပနိုင်ငံတွေက ကုန်စည်တွေကို ပြည်တွင်းသို့ တင်သွင်းပြီး ဈေးကွက် လိုအပ်ချက်ရှိတဲ့ အခြားပြည်ပ နိုင်ငံတွေကို ပြန်လည် တင်ပို့နိုင်တဲ့ (Re-export) ကုန်စည်တွေမှာ သကြားကို ၂၀၁၅ ခုနှစ် စက်တင်ဘာက ထည့်သွင်းပြီး Re-export စတင်လုပ်ခွင့်ပြုခဲ့ပါတယ်။ဈေးကွက်လိုအပ်ချက်ကြီးမားပြီး စားသုံးမှု များပြားတဲ့ တရုတ်ဈေးကွက်ကို သကြားတွေ တင်ပို့နိုင်ဖို့ ဘရားဇီး၊ ကာတာ၊ ယူအေအီး၊ အိန္ဒိယ၊ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေက သကြားတွေကို ရေကြောင်းလမ်းကနေ ပြည်တွင်းကို တင်သွငး်ပြီး တရုတ်နိုင်ငံကို ပြန်လည် တင်ပို့တာဖြစ်ပါတယ်။

ပြည်ပက သကြားကို ပြည်တွင်းကို တင်သွင်းပြီး ပြည်တွင်းကနေ တရုတ်ဈေးကွက်ကို တင်ပို့ခြင်းဖြစ်ပြီး Re-export အတွက် ပါမစ်တွေကို ကုန်သွယ်ရေးဦးစီးဌာန ထုတ်ပေးပါတယ်။သကြားကို Re-Export စနစ်နဲ့ ကုန်သွယ်မှုမှာ နှစ်စဉ် တန်ချိန် ၂ သန်းခန့် ရှိခဲ့ပြီး တရုတ်နိုင်ငံဘက်က အဲဒီတင်ပို့မှု ကို တရားဝင် တင်ပို့မှု အဖြစ် လက်မခံပါဘူး။

မြန်မာနိုင်ငံက စားသုံးကုန်အပါအဝင် ပို့ကုန်တွေ တင်ပို့တဲ့အခါမှာ တရားဝင် ကုန်သွယ်မှုအဖြစ် တရုတ်နိုင်ငံက အသိအမှတ်မပြုဘဲ မလိုရင် မလိုသလို ဖမ်းဆီးမှုတွေ လုပ်တာကြောင့် သကြား Re-export ဟာလည်း စကတည်းမှာပဲ မှားယွင်းတဲ့ ကုန်သွယ်ရေးစနစ် တစ်ခု ဆိုရင် မမှားနိုင်ပါဘူး။

ပြည်ပနိုင်ငံကို သကြားတွေကို ကိုယ့်ပြည်တွင်းတင်သွင်းဖို့ ဒေါ်လာ၊ ယူရို အပါအဝင် နိုင်ငံခြားငွေ အမြောက်အမြား သုံးကြရပြီး တရုတ်ဈေးကွက်ကို တင်ပို့ချိန်မှာတော့ တရုတ်သုံးငွေ ယွမ်ကိုသာ ပြန်လည်ရရှိတာပါ။ တရုတ်နိုင်ငံရဲ့ ခွင့်ပြုမှု အပေါ် မူတည်ပြီး ပြည်တွင်းသကြားဈေး အတက်အကျဖြစ်တာ၊ ကြံစိုက်တောင်သူတွေနဲ့ စီးပွားရေးသမားတွေ ကို ထိခိုက်မှု အတွက် ချိန်ဆရတာတွေကြောင့် Re-export ပါမစ်ထုတ်ပေးမှုဟာ ပိတ်လိုက် ဖွင့်လိုက် မကြာခဏ ဖြစ်ပေါ်ခဲ့ရပါတယ်။

သကြား Re-export ပါမစ်ဈေးကွက် ဖြစ်ထွန်းခြင်း

တရုတ်နိုင်ငံရဲ့ သကြားစားသုံးတဲ့ဈေးကွက်က ကြီးမားတာမို့ သကြား Re-export လုပ်ငန်းဟာ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှု နည်းပါးပေမယ့်လည်း ကုန်သည်နဲ့ စီးပွားရေးသမားတွေအတွက်တော့ ငွေရှာပေါက် ကြီးတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။ တရုတ်ဈေးကွက်ရဲ့ ဝယ်လိုအားကြောင့် Re-export သကြား လုပ်ငန်းဟာ ကြီးမားခဲ့ပြီး သကြားတင်သွင်း ပြန်လည်တင်ပို့နိုင်တဲ့ ပါမစ်ဈေးကွက်လည်းဖြစ်ထွန်းခဲ့ပါတယ်။

သကြား Re-export လုပ်ငန်းအတွက် ကုမ္ဗဏီထောင် ပါမစ်လေ ျှာက် လုပ်ကိုင်ကြတာများပြီး အဲဒီအထဲမှာမှ စညး်ကမ်းချက် မလိုက်နာတဲ့ ကုမ္ဗဏီတွေကို စီးပွား/ကူးသန်းဝန်ကြီးဌာနက လုပ်ငန်းမှတ်ပုံတင် ပိတ်သိမ်း တာတွေ ပြုလုပ်အရေးယူရတာတွေလည်း ရှိခဲ့ပါတယ်။သကြား Re-export ပါမစ် လျှောက်ထားမှုအတွက် စည်းကမ်းချက်တွေသတ်မှတ်ချက်တွေကို စီးပွား/ကူးသန်းဝန်ကြီးဌာန ဘက်က ပြန်လည် ပြင်ဆင်သတ်မှတ်တာတွေ မကြာခဏ လုပ်ရပါတယ်။ ပါမစ် လိမ်လည် လေ ျှာက်တဲ့ဖြစ်စဉ်တွေ များစွာ ရှိခဲ့တာမို့ သကြား Re-export လုပ်ငန်းဟာ စတင်ချိန်ကတည်းက လာခြင်း မကောင်းခဲ့ဘူးလို့ ဆိုရမှာပါ။

ကုမ္ဗဏီများစွာထောင်၍ ပါမစ်လေ ျှာက်ခြင်းနှင့် ပါမစ်ဈေးကွက်ဖြစ်ထွန်းခြင်း

သကြား Re-export ပါမစ်လေ ျှာက်ထားမှုတွေမှာ တစ်ဦးတည်း ကုမ္ဗဏီများစွာ ခွဲထောင်ပြီး ပါမစ်လေ ျှာက်တာမျိုး၊ စီးပွားရေးအုပ်စု တစ်ခုက ကုမ္ဗဏီခွဲတွေများစွာနဲ့ ပါမစ်လေ ျှာက်တာမျိုးတွေဖြစ်ပေါ်လာပါတယ်။ အဲဒီလို ကုမ္ဗဏီနာမည်များစွာနဲ့ ပါမစ်လေ ျှာက်ထားတယ်ဆိုပေမယ့်လည်း သတ်မှတ်ချက်တွေနဲ့အညီ လျှောက်ထားကြတာမို့ ပါမစ်တွေ ရရှိသွားကြတာလို့ ဆိုနိုင်ပါတယ်။

တစ်ဦးတည်းက ၊ စီးပွားရေးအုပ်စု တစ်ခုတည်းက ပါမစ်များစွာကိုင်ပြီး ပြန်လည်ရောင်းချတဲ့ဈေးကွက်ကလည်း ကြီးကြီးမားမားရှိနေခဲ့တာပါ။အဲဒီတစ်ဦးတည်းက၊ စီးပွားရေးအုပ်စုတစ်ခုတည်းက ပါမစ်တွေကို ကိုင်ထားခဲ့ကြတဲ့ ကုမ္ဗဏီတွေထဲမှာ အရင် ဝန်ကြီး ဌာနဆိုင်ရာအကြီးအကဲဟောင်း တွေရဲ့ကုမ္ဗဏီတွေလည်း ပါဝင်ပါတယ်။

ဒေါ်လာဈေးမြင့်တက်ခြင်းနှင့် ပါမစ်ဈေးကွက် ကြီးမားလာခြင်း

မြန်မာနိုင်ငံမှာ ဒေါ်လာငွေလဲဈေးနှုန်းဟာ ၂၀၁၈ ခုနှစ် နှစ်နှောင်းပိုင်းမှာ အမြင့်ဆုံးတက်ခဲ့ပြီး အမေရိကန်တစ်ဒေါ်လာ ၁၆၀ဝ ကျော်အထိ တက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒေါ်လာဈေး ထပ်မံ မမြင့်တက်စေဖို့ ဒေါ်လာသုံးစွဲနေတဲ့ သွင်းကုန်စည်တင်သွင်းမှု လုပ်ငန်းတွေ၊ နိုင်ငံခြားငွေထွက်ပေါက် အရင်းအမြစ်တွေကို အစိုးရက ပိတ်ပင်လိုက်ပါတယ်။

သကြား Re-export ပါမစ်ကိုလည်း အစိုးရဘက်က ပိတ်ပင်ခဲ့တာပါ။ သို့သော်လည်း ယခင် လျှောက်ထားခဲ့ကြတဲ့ ပါမစ်တွေ ကုမ္ဗဏီတွေ လက်ထဲမှာ ရှိနေခဲ့ပြီး ပါမစ်တစ်စောင်ကို အမေရိကန်ဒေါ်လာ သောင်းနဲ့ချီပေးဝယ်ရတဲ့အထိ ဈေးကောင်းလာပါတယ်။

သမ္မတရုံးက ကိုင်တွယ်ခြင်း

သမ္မတရုံးညွှန်ကြားရေးမှူးချူပ်ဦးဇော်ဌေးက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ နေပြည်တော်ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ဒေါ်လာဈေးမြင့်တက်မှုနဲ့ နောက်ဆက်တွဲ ပြဿနာတွေ ပြောဆိုရင် သကြား Re-export ပါမစ်ကိစ္စကိုပါ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပြည်တွင်းက ဒေါ်လာငွေ စီးထွက်မှုကြောင့် ဒေါ်လာလိုအပ်ချက်များပြီး ဒေါ်လာတန်ဖိုး ဆက်တက်လာမှုတွေ တားဆီးနိုင်ဖို့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လစကလို့ သကြားအပါအဝင် ကုန်ပစ္စည်းတချို့ကို တစ်ဆင့်ခံ ပြည်ပတင်ပို့ခွင့် Re-export ပိတ်ခဲ့ကြောင်း၊ ဈေးကွက်ထဲမှာ သကြား အပါအဝင် ကုန်ပစ္စည်း Re-export ပါမစ်တွေ ဒေါ်လာသောင်းချီ ဈေးပေါက်နေတာကို သိရှိထားကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဦးဇော်ဌေးက အဲဒီကိစ္စကို သမ္မတရုံးနဲ့ စီးပွား/ကူးသန်းဝန်ကြီးဌာနက ပူးပေါင်းကိုင်တွယ် ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် သတင်းစာရှင်းလင်းပွဲ လုပ်အပြီး ၄ လအကြာမှာ ဦးရန်နိုင်ထွန်း ရာထူးတာဝန်ကနေ ဖယ်ရှားထုတ်ပယ်ခံလိုက်ရခြင်းဖြစ်ပါတယ်။

အဓိကအားဖြင့် Re-export ပါမစ်တွေ လျှောက်ထားမှုတွေမှာ ပါမစ်တွေ တစ်ဦးတည်းက ထောင်ထားတဲ့ ကုမ္မဏီများစွာကို ထုတ်ပေးခဲ့မှုနဲ့ အဲဒီပါမစ်တွေပြင်ပမှာ ဈေးကွက်အကြီးအကျယ် ဖြစ်ထွန်းခဲ့မှုတွေနဲ့ ဆက်စပ်လို့ တာဝန်အရှိဆုံးလို့ ယူဆတဲ့အတွက် ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း ကို ရာထူးကနေ ထုတ်ပယ်ခဲ့တယ် ဆိုရင်လည်း မမှားနိုင်ဘူးလို့ ကုန်သည်နဲ့ အရာရှိအသိုင်းအဝိုင်းမှာ ဝေဖန်သုံးသပ်ပြောဆိုနေကြပါတယ်။ ရန်ကုန်ခေတ်သစ်

No comments:

Post a Comment