Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 17, 2019

မိမိအားမည္သည့္ေမးခြန္းမဆိုေမးျမန္းႏိုင္ေၾကာင္ေနေရႊေသြးေအာင္ ဖိတ္ေခၚ


ဗိုလ္ခ်ဳပ္မွဳးႀကီးသန္းေရႊ(ၿငိမ္း)၏ေျမးျဖစ္သူေနေရႊေသြးေအာင္ကမီဒီယာႏွင့္လူပုဂၢိဳလ္တို႔အေနျဖင့္မိမိအားမည္သည့္ေမးခြန္းမဆိုေမးျမန္းႏိုင္ေၾကာင္းဖိတ္ေခၚ /ဗိုလ္ခ်ဳပ္မွဳးႀကီးသန္းေရႊ(ၿငိမ္း)၏ေျမးျဖစ္သူေနေရႊေသြးေအာင္က မီဒီယာႏွင့္လူပုဂၢိဳလ္တစ္ဦးတစ္ေယာက္ခ်င္းစီအေနျဖင့္မိမိအားမည္သည့္ေမးခြန္းမဆိုေမးျမန္းႏိုင္ေၾကာင္းလူမွဳကြန္ရက္က ဖိတ္ေခၚလိုက္သည္။

မိမိအေနျဖင့္ Enrique Lglesias ၏သီခ်င္းမ်ားကိုအလြန္ႀကိဳက္ခဲ့သည့္အတြက္ Enrique Lglesias သီခ်င္းမ်ားကို Cover Song အေနျဖင့္ ျပန္လည္ရိုက္ကူးသီဆိုခဲ့ေၾကာင္း၊ယင္းရိုက္ကူးခဲ့သည့္သီခ်င္းမ်ားမွာ Forgiveness , Escape , Taking Back My Love , Do You Know စသည္တို႔ျဖစ္ေၾကာင္းလည္း သိရသည္။

“ကၽြန္ေတာ္ေနာက္ထပ္တက္မယ့္ Video ေလးမွာ အရင္ကရိုက္ကူးခဲ့တဲ့သီခ်င္းေတြရဲ့ Behind The Scenes ေတြကို ထည့္သြင္းၿပီးေတာ့ တင္ဆက္သြားဖို႔ ရွိပါတယ္၊တစ္ဆက္တည္းမွာပဲ သတင္းမီဒီယာေတြရဲ့ ေမးခြန္းႏွင့္အင္တာဗ်ဴးေတြကိုလည္း ဖိတ္ေခၚေၾကာင္းေျပာၾကားလိုပါတယ္။မီဒီယာမ်ားရဲ့ ေမးခြန္းမ်ားသာမက လူပုဂၢိဳလ္တစ္ဦးတစ္ေယာက္ခ်င္းစီမွာလည္းေမးခြန္း ေတြေမးျမန္းႏိုင္ပါေၾကာင္း ဖိတ္ေခၚအပ္ပါတယ္။

ဒီေမးခြန္းေတြကိုေတာ့ ေနာက္ထပ္တင္မယ့္ Video ေလးမွာ ျပန္လည္ ေျဖၾကားေပးမွာ ျဖစ္တယ္။မီဒီယာမ်ားႏွင့္မိတ္ေဆြမ်ားအေနနဲ႔ ႀကိဳက္ႏွစ္သက္တဲ့မည္သည့္ေမးခြန္းကိုမဆို ေမးျမန္းႏိုင္ၿပီးေတာ့ ေျဖၾကားလို႔ရသေလာက္ ျပန္လည္ၿပီးေတာ့ ေျဖၾကားေပးသြားမွာ ျဖစ္ပါတယ္။ေမးခြန္းေတြကို ရင္ခုန္စြာျဖင့္ေစာင့္ေမွ်ာ္လ်က္ရွိပါတယ္ခင္ဗ်ာ”ဟု ေနေရႊေသြးေအာင္က ေျပာၾကားထားသည္။



ေမးခြန္းမ်ားကို uclmyanmar@gmail.com ကို ဆက္သြယ္ေပးပို႔ႏိုင္ေၾကာင္းႏွင့္Business card သို႔မဟုတ္ မွတ္ပံုတင္နံပါတ္ျဖင့္ ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္း လည္း ယင္း၏ ရုပ္သံဖိုင္တြင္ ေဖာ္ျပထားသည္။PyiMyanmar

Unicode

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ(ငြိမ်း)၏မြေးဖြစ်သူနေရွှေသွေးအောင်ကမီဒီယာနှင့်လူပုဂ္ဂိုလ်တို့အနေဖြင့်မိမိအားမည်သည့်မေးခွန်းမဆိုမေးမြန်းနိုင်ကြောင်းဖိတ်ခေါ်

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ(ငြိမ်း)၏မြေးဖြစ်သူနေရွှေသွေးအောင်က မီဒီယာနှင့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့်မိမိအားမည်သည့်မေးခွန်းမဆိုမေးမြန်းနိုင်ကြောင်းလူမှုကွန်ရက်က ဖိတ်ခေါ်လိုက်သည်။


·
မိမိအနေဖြင့် Enrique Lglesias ၏သီချင်းများကိုအလွန်ကြိုက်ခဲ့သည့်အတွက် Enrique Lglesias သီချင်းများကို Cover Song အနေဖြင့် ပြန်လည်ရိုက်ကူးသီဆိုခဲ့ကြောင်း၊ယင်းရိုက်ကူးခဲ့သည့်သီချင်းများမှာ Forgiveness , Escape , Taking Back My Love , Do You Know စသည်တို့ဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော်နောက်ထပ်တက်မယ့် Video လေးမှာ အရင်ကရိုက်ကူးခဲ့တဲ့သီချင်းတွေရဲ့ Behind The Scenes တွေကို ထည့်သွင်းပြီးတော့ တင်ဆက်သွားဖို့ ရှိပါတယ်၊တစ်ဆက်တည်းမှာပဲ သတင်းမီဒီယာတွေရဲ့ မေးခွန်းနှင့်အင်တာဗျူးတွေကိုလည်း ဖိတ်ခေါ်ကြောင်းပြောကြားလိုပါတယ်။မီဒီယာများရဲ့ မေးခွန်းများသာမက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီမှာလည်းမေးခွန်း တွေမေးမြန်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်။

ဒီမေးခွန်းတွေကိုတော့ နောက်ထပ်တင်မယ့် Video လေးမှာ ပြန်လည် ဖြေကြားပေးမှာ ဖြစ်တယ်။မီဒီယာများနှင့်မိတ်ဆွေများအနေနဲ့ ကြိုက်နှစ်သက်တဲ့မည်သည့်မေးခွန်းကိုမဆို မေးမြန်းနိုင်ပြီးတော့ ဖြေကြားလို့ရသလောက် ပြန်လည်ပြီးတော့ ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။မေးခွန်းတွေကို ရင်ခုန်စွာဖြင့်စောင့်မျှော်လျက်ရှိပါတယ်ခင်ဗျာ”ဟု နေရွှေသွေးအောင်က ပြောကြားထားသည်။

မေးခွန်းများကို uclmyanmar@gmail.com ကို ဆက်သွယ်ပေးပို့နိုင်ကြောင်းနှင့်Business card သို့မဟုတ် မှတ်ပုံတင်နံပါတ်ဖြင့် ဆက်သွယ်မေးမြန်းနိုင်ကြောင်း လည်း ယင်း၏ ရုပ်သံဖိုင်တွင် ဖော်ပြထားသည်။PyiMyanmar

No comments:

Post a Comment