CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, January 13, 2019
အကဲ့ရဲ့ ဖြေဆေး
မြတ်စွာဘုရား လက်ထက်က“အတုလ” ဆိုတဲ့
ဒကာတစ်ယောက် ရှိခဲ့ဖူးပါတယ်။
သူကတော့ ဘယ်ပုဂ္ဂိုလ်မှအကောင်းမမြင်တတ်ပဲ
လူတိုင်းကို ကဲ့ရဲ့တတ်တဲ့လူ့ ဂွစာ တစ်ယောက်လို့ ဆိုရမယ်။
တစ်နေ့ -မြတ်စွာဘုရားထံရောက်လာတယ်။
အတုလ ဒီနေ့“တရားနာပြီးပြီလား” လို့
မြတ်စွာဘုရားက မေးတော့...
ဒကာစိတ်ထဲမှာ မကြေမနပ်နဲ့“နာလာပါတယ်ဘုရား…
အရှင်ရေဝတလည်း စကားနည်း၊အရှင်သာရိပုတ္တရာကတော့
အဘိဓမ္မာတွေကြီး အများကြီးဟော၊အရှင်အာနန္ဒာ ကြတော့လည်း
တရားနည်းနည်း ဟောနဲ့အားမရပါဘူး ဘုရား၊ ဒါကြောင့်
အရှင်တွေကို စိတ်ဆိုးပြီးဘုရားရှင်ထံ ရောက်လာတာပါ” ဟု
လျှောက်ထားတော့....
မြတ်စွာဘုရာက -
“အတုလ… လောကကြီးမှာအချို့ ဘုရင်ကိုလည်း
ကဲ့ရဲ့ကြ၊ ချီးမွမ်းကြ၏။
အချို့ နေ၊ လ၊ မြေတို့ကိုလည်းကဲ့ရဲ့ကြ၊ ချီးမွမ်ကြ၏။
ငါဘုရားကိုလည်း ကဲ့ရဲ့သူ ကဲ့ရဲ့ကြ၊
ချီးမွမ်းသူ ချီးမွမ်းကြပဲ။
လူမိုက်တို့ ကဲ့ရဲ့သည်မှာ လိုရင်းမဟုတ်
ပညာရှိများ မကဲ့ရဲ့အောင်နေပါ။
ကဲ့ရဲ့ခြင်း သဘောတရားသည်ခုခေတ်မှ ပေါ်ပေါက်လာခြင်းမဟုတ်
ရှေးလက်ဟောင်း သဘောတရားဖြစ်တယ်။
စကားမပြောသူကိုလည်းတုဏှီဘောဟု ကဲ့ရဲ့ကြ၊
စကားများသူကိုလည်းလူပေါကြီးဟု ကဲ့ရဲ့ကြ၊
နှိုင်းနှိုင်းချိန်ချိန် ပြောတတ်သူကိုလည်း
ဆရာကြီးလုပ်သည်ဟု ကဲ့ရဲ့တတ်ကြတယ်။
လောကမှာ ..အကဲ့ရဲ့လွတ်သူ မည်သူမှ မရှိ။
ရှေးကလည်းမရှိ၊ နောက်လည်းမရှိခဲ့။
ယခုလည်း ရှိမည်မဟုတ်” ဟုကဲ့ရဲ့ဖြေဆေး ပေးတော်မူပါတယ်။
(ဓမ္မပဒ)
❋ ရဟန်းတစ်ပါး
မြတ်စွာဘုရားလက်ထက်က…
ရဟန်းတစ်ပါးအိမ်မှာ ဆွမ်းခံကြွရင်းနဲ့
အိမ်ရှင်တွေနဲ့ တရင်းတနှီးခင်မင်လာကြတယ်။
နောက်တော့ ရဟန်းတော်က..
တရားတွေ အားထုတ်လို့ကိလေသာကင်းစင်
ရဟန္တာအရှင်တောင် ဖြစ်သွားပါပြီ။
ရဟန်းတစ်ပါး ထိုအိမ်၌ရင်းရင်းနှီးနှီး
ဝင်ထွက်သွားလာနေတာကို မြင်တဲ့နတ်သားတစ်ယောက်က..
ရဟန်းရဲ့ ပျက်စီးမှုကို မလိုလားလို့
အိမ်ရှင်ဒကာမ ယောင်ဆောင်ကာ....
“အရှင်ဘုရား…မြစ်ဆိပ်၊ မြို့ဝ၊ လမ်းမတွေမှာ
အရှင်ဘုရားနဲ့တပည့်တော်တို့အကြောင်း
ဘာလိုလို ညာလိုလိုပြောနေကြတယ်... ဘုရား"
လျှောက်ထားတော့....
ရဟန်းတော်ကလေး ပြန်အမိန့်ရှိတာက -
“ဆန်ကျင်ဖက် ပဲ့တင်ထပ်သောအသံတို့ကား... များပေစွ၊
ရဟန်းတို့မည်သည် အသံကိုခံနိုင်စွမ်းရှိရမည်၊ အသံကြောင့်
တုန်လှုပ်ခြောက်ခြားခြင်း မဖြစ်ရ။
တောထဲ၌...လေတိုက်တိုင်း လန့်သော သမင်လို
အသံကို လန့်သော ရဟန်းကိုစိတ်ပေါ့သူဟု ဆိုကြ၏။
ထိုရဟန်းမျိုးအား အကျင့်မပြည့်စုံနိုင်ပါ”
ဆွမ်းဒကာမ ယောင်ဆောင်ကာစွတ်စွဲပြောဆိုသော နတ်သားအား
မိန့်ကြားတော်မူပါတယ် ...။
(သဂါထာဝဂ္ဂ)
ဤရဟန်းလေးကို စံနမူနာယူ၍လောက၌ ကဲ့ရဲ့သံကို သတိထားနေလျှင်
ဘာမှ အလုပ်မဖြစ်... အလုပ်ပျက်ရုံသာ။
မိမိကိုယ်ကို စစ်ဆေးကြည့်၊ဘုရားတရားတော်တွေနဲ့ စစ်ဆေးကြည့်။
အပြစ်မရှိရင် ဆက်လုပ်နိုင်ပါတယ် ...။
ဓမ္မလက်ဆောင်
အကဲ့ရဲ့ ဖြေဆေး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 13, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 13, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment