Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 13, 2019

သနပ္​ခါး ေက်ာက္ပ်ဥ္ အသစ္ကို အသံုးမျပဳခင္ ဒါေတြအရင္လုပ္ပါ


ေက်ာက္ပ်ဥ္ အသစ္အသံုးမျပဳခင္
ေမေမ ေျပာျပတဲ့ ပ်ိဳေမ တို႔အႀကိဳက္ သနပ္ခါး ေက်ာက္ပ်ဥ္ သနပ္ခါး ေက်ာက္ျပင္ အသစ္ဆို ေရေလးေဆးလိုက္ၿပီး သနပ္ခါး တုံး ေသြးထည့္လိုက္တာပဲ အဲသလို လုပ္လို႔မရပါဘူး
ေက်ာက္သား အစစ္ကိုထြင္းထားတဲ့ ေက်ာက္ပ်ဥ္ ျဖစ္ျဖစ္ ဘိလပ္ေျမ လိုမ်ိဳးကိုပံုျပဳ႕ထားတဲ့ ေက်ာက္ပ်ဥ္ျဖစ္ျဖစ္ ပထမဦးဆံုး အသံုးမျပဳ႕ခင္မွာ ဝယ္လာတဲ့ ေက်ာက္ပ်ဥ္ကို ေရစင္စင္ေဆးၿပီး ေက်ာက္ပ်ဥ္ကို ေရပုန္းထဲကို ထည့္ၿပီး ေရနဲ႔ တစ္ည စိမ္ထားပါ။
ေနာက္တစ္ရက္မွာ နႏြန္းတက္နဲ႔ ဆားနဲ႔ကို ေသြးၿပီး တစ္ေနကုန္ ေနလွမ္းထားရပါတယ္။ ဆီေျခာက္ေတာ့မွ သနပ္ခါးေက်ာက္ပ်ဥ္ကို ေရထပ္ေဆးၿပီး မိမိႀကိဳက္ႏွစ္သက္ရာ သနပ္ခါးတံုးကို ေသြးရပါတယ္။
ထြက္လာတဲ့ သနပ္ခါး ကေလးေတြက ညက္ေနၿပီး တစ္ေနကုန္ ပါးျပင္ေပၚ အရာထင္ေနပါတယ္တဲ့။ ကဲ ေက်ာက္ပ်ဥ္ အသစ္ကို ဘယ္လို အသံုးျပဳ႕ရသလဲဆိုတာ သိသြားၿပီေပါ့။
ေမေမေျပာျပတယ္ ေက်ာက္ပ်ဥ္ေပၚ သနပ္ခါးေသြးတာ ေလ့က်င့္ခန္း တစ္ခုလုပ္တာနဲ႔တူတူပဲတဲ့။ ဒါေပမဲ့ ၾကမ္းျပင္ေပၚ ခ်ေသြးရတာ မဟုတ္ပဲ မိမိခါး အလည္ေလာက္ အျမင့္ရွိတဲ့ ေနရာမွာ ထားၿပီး ေသြးရမယ္တဲ့။
သနပ္ခါးကို အားစိုက္ ေသြးေနရေတာ့ ေလ့က်င့္ခန္း လုပ္ေနတယ္လို႔ မထင္ရေပမဲ့ ႏွစ္နဲ႔ခ်ီၿပီး ေန႔စဥ္ ေသြးေနရေတာ့ လက္ေမာင္း ႂကြက္သြားေတြက ပိုၿပီးသန္မာတယ္။ ေပ်ာ့ၿပီး ရြဲက်ျခင္းမ်ိဳး မျဖစ္ဘူးတဲ့ ဘယ္ညာေတာ့ လွည့္ေသြးေပါ့တဲ့။
င႐ုပ္သီးေထာင္း တာလဲ အတူတူပဲတဲ့ ဗခါင္းေလ့က်င့္ခန္းကေတာ့ ေရအိုး ရြက္တာပါတဲ့ ေမေမရဲ႕ အဖြား ေျပာျပတာလို႔ ေျပာတယ္။
Credit

Unicode version

မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ် သနပ်ခါး ကျောက်ပြင် အသစ်ဆို ရေလေးဆေးလိုက်ပြီး သနပ်ခါး တုံး သွေးထည့်လိုက်တာပဲ အဲသလို လုပ်လို့မရပါဘူး
ကျောက်သား အစစ်ကိုထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကိုပုံပြု့ထားတဲ့ ကျောက်ပျဉ်ဖြစ်ဖြစ် ပထမဦးဆုံး အသုံးမပြု့ခင်မှာ ဝယ်လာတဲ့ ကျောက်ပျဉ်ကို ရေစင်စင်ဆေးပြီး ကျောက်ပျဉ်ကို ရေပုန်းထဲကို ထည့်ပြီး ရေနဲ့ တစ်ည စိမ်ထားပါ။

နောက်တစ်ရက်မှာ နနွန်းတက်နဲ့ ဆားနဲ့ကို သွေးပြီး တစ်နေကုန် နေလှမ်းထားရပါတယ်။ ဆီခြောက်တော့မှ သနပ်ခါးကျောက်ပျဉ်ကို ရေထပ်ဆေးပြီး မိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံးကို သွေးရပါတယ်။



ထွက်လာတဲ့ သနပ်ခါး ကလေးတွေက ညက်နေပြီး တစ်နေကုန် ပါးပြင်ပေါ် အရာထင်နေပါတယ်တဲ့။ ကဲ ကျောက်ပျဉ် အသစ်ကို ဘယ်လို အသုံးပြု့ရသလဲဆိုတာ သိသွားပြီပေါ့။

မေမေပြောပြတယ် ကျောက်ပျဉ်ပေါ် သနပ်ခါးသွေးတာ လေ့ကျင့်ခန်း တစ်ခုလုပ်တာနဲ့တူတူပဲတဲ့။ ဒါပေမဲ့ ကြမ်းပြင်ပေါ် ချသွေးရတာ မဟုတ်ပဲ မိမိခါး အလည်လောက် အမြင့်ရှိတဲ့ နေရာမှာ ထားပြီး သွေးရမယ်တဲ့။

သနပ်ခါးကို အားစိုက် သွေးနေရတော့ လေ့ကျင့်ခန်း လုပ်နေတယ်လို့ မထင်ရပေမဲ့ နှစ်နဲ့ချီပြီး နေ့စဉ် သွေးနေရတော့ လက်မောင်း ကြွက်သွားတွေက ပိုပြီးသန်မာတယ်။ ပျော့ပြီး ရွဲကျခြင်းမျိုး မဖြစ်ဘူးတဲ့ ဘယ်ညာတော့ လှည့်သွေးပေါ့တဲ့။

ငရုပ်သီးထောင်း တာလဲ အတူတူပဲတဲ့ ဗခါင်းလေ့ကျင့်ခန်းကတော့ ရေအိုး ရွက်တာပါတဲ့ မေမေရဲ့ အဖွား ပြောပြတာလို့ ပြောတယ်။

Credit

No comments:

Post a Comment