Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 13, 2019

သမီးလေးရေ.. !မြမိုးဂင်္ဂါ ..သရုပ်ဆောင် ဘုဏ်းသိုက်ကသမီးလေးအတွက်သူ့ခံစားချက်ကိုရေးတဲ့စာ


အဲဒီလိုနဲ့ပဲ…မြမိုးဂင်္ဂါ တို့ သားအဖ နှစ်ယောက်ဟာ ပြက္ခဒိန်ပေါ်က
နေ့ရက်တွေကို အတိအကျ နေထိုင်ရင်း…
တစ်ခါတစ်ရံ မိုးတွင်းကြီးမှာ ခြောက်ကပ်စွာ..။တစ်ခါတစ်ရံလည်း ဆောင်းတွင်းကြီး ပေမယ့်
သားအဖနှစ်ယောက်ကတင်းတင်းကျပ်ကျပ် ဖက်ထားကြတဲ့အတွက်
တစ်ယောက်ရင်ငွေ့ တစ်ယောက် ခိုလှုံလို့…မီး မွှေးပြစရာ မလိုဘဲ အနွေးဓာတ် ရခဲ့ကြပါတယ်။


“ဒီလိုပါပဲ…သမီးလေးရယ်..ရတယ် လို့
တစ်ကယ်တွေးမှပဲ နွေး ရမယ့် တို့ခေတ်ကြီးထဲဘဝ ဆိုတာတော့….
မျက်ရည်ကျတဲ့အထိ ရယ်မောရလိုက်…မျက်ရည်တွေ ကျလာလိုက်ပေါ့….။
အဲဒီတော့ ..ကျောင်းတွေတက်ရင်း..ကြိုရင်း….ပို့ရင်း..ပျံရင်း.. သန်းရင်း နဲ့ပဲ…
ရှာရင်း… ဖွေရင်း…ငိုရင်း…ရယ်ရင်း…. ပျော်ရင်း….ပါးရင်း…
ဒီဘဝ မှာလည်း.. လိပ်ပြာ လှလှ ပျံကြရအောင်ပါ သမီးလေးရေ..!မြမိုးဂင်္ဂါ ..
ဘုဏ်းသိုက်”

No comments:

Post a Comment