Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 17, 2019

အရက္ဆိပ္သင့္ၿပီး ေဆး႐ုံတက္ေနရတဲ့ အမ်ိဳးသား၊ ဘီယာ(၁၅)ဘူးနဲ႔ နာလန္ျပန္ထူႏုိင္ခဲ့


အမ်ိဳးသားတစ္ဦးဟာ အရက္ျပင္းေတြ အေသာက္မ်ားၿပီး ေဆး႐ုံကို အေရးေပၚအေျခေနအျဖစ္ တက္ေရာက္ခဲ့ရပါတယ္။ သူရဲ႕အမည္ကေတာ့ Nguyen Van Nhat ျဖစ္ၿပီး အသက္ (၄၈)ႏွစ္ပါ။ Alcohol poisoning ဆုိတာ အခ်ိန္ပမာဏအနည္းငယ္ေလးအတြင္းမွာ အရက္ျပင္း မ်ားမ်ားေသာက္သူေတြ ျဖစ္တတ္ပါတယ္။

Van ကေတာ့ သတိလစ္အေနအထားနဲ႔ ဗီယက္နမ္က ျပည္သူ႕ေဆး႐ုံႀကီးမွာ အေရးေပၚေဆးကုသမႈ ခံခဲ့ရၿပီး အေျခအေနတုိးတက္မႈမရွိလုိ႔ ေစာင့္ၾကည့္အေနအထားနဲ႔ ရင္ဆုိင္ခဲ့ရပါတယ္။ ေျပာရရင္ ေဆးကုသမႈမေအာင္ျမင္ဘူးဆုိရင္ ဒီအတုိင္း ေသသြားရဖုိ႔ ရွိေနပါတယ္။

ေဆး႐ုံအုပ္ႀကီးျဖစ္တဲ့ ေဒါက္တာ Le Van Lam ရဲ႕ အဆုိအရ Van ရဲ႕ ေသြးထဲမွာ Level of methanol ပမာဏျမင့္တက္ေနၿပီး ရွိသင့္တဲ့ပမာဏထက္ အဆေပါင္း (၁၁၁၉)ဆအထိ ရွိပါတယ္။ ဒီအေျခအေနဟာ လူတစ္ေယာက္ ေငါက္ကနဲ ေသသြားႏုိင္တဲ့အေနအထားပါ။

ေနာက္ဆုံးေတာ့ ဆရာေတြဟာ အသည္းကေန Methanol ပမာဏဆက္တုိက္ထုတ္လႊတ္ေနမႈကို ကာကြယ္ဖုိ႔အတြက္ ဘီယာ(၃)ဘူးကို ပိုက္ကေနတစ္ဆင့္ အစာအိမ္ထဲကို တုိက္႐ိုက္ထည့္ေပးလုိက္ပါတယ္။ အဲဒီေနာက္ အေျခအေနဟာ တုိးတက္လာၿပီး Methanol ထုတ္လုပ္မႈက သိသိသာသာ ေရာ့က်သြားတာကို ေတြ႔ရပါတယ္။

ဒါေၾကာင့္ Van ကုိ တစ္နာရီျခားမွာ ဘီယာတစ္ဘူး အစာအိမ္ထဲကို သြင္းေစခဲ့ရာ၊ (၁၅)နာရီအတြက္ ဘီယာ(၁၅)ဘူး အသုံးျပဳခဲ့ရပါတယ္။ အဲဒီေနာက္ Van ဟာ ေကာင္းစြာ သတိရလာၿပီး၊ အသက္ျပန္ရွင္ဖုိ႔ အာမခံခ်က္လမ္းစ ျပန္ရသြားေၾကာင္း သိရပါတယ္။

Credit – လင္းသူရိန္ (MyanmarNote)
source : metro.co.uk

ယူနီကုဒ်ဖြင့် ဖတ်ရန်-

အမျိုးသားတစ်ဦးဟာ အရက်ပြင်းတွေ အသောက်များပြီး ဆေးရုံကို အရေးပေါ်အခြေနေအဖြစ် တက်ရောက်ခဲ့ရပါတယ်။ သူရဲ့အမည်ကတော့ Nguyen Van Nhat ဖြစ်ပြီး အသက် (၄၈)နှစ်ပါ။ Alcohol poisoning ဆိုတာ အချိန်ပမာဏအနည်းငယ်လေးအတွင်းမှာ အရက်ပြင်း များများသောက်သူတွေ ဖြစ်တတ်ပါတယ်။

Van ကတော့ သတိလစ်အနေအထားနဲ့ ဗီယက်နမ်က ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်ဆေးကုသမှု ခံခဲ့ရပြီး အခြေအနေတိုးတက်မှုမရှိလို့ စောင့်ကြည့်အနေအထားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပြောရရင် ဆေးကုသမှုမအောင်မြင်ဘူးဆိုရင် ဒီအတိုင်း သေသွားရဖို့ ရှိနေပါတယ်။

ဆေးရုံအုပ်ကြီးဖြစ်တဲ့ ဒေါက်တာ Le Van Lam ရဲ့ အဆိုအရ Van ရဲ့ သွေးထဲမှာ Level of methanol ပမာဏမြင့်တက်နေပြီး ရှိသင့်တဲ့ပမာဏထက် အဆပေါင်း (၁၁၁၉)ဆအထိ ရှိပါတယ်။ ဒီအခြေအနေဟာ လူတစ်ယောက် သေခချာပေါက် ငေါက်ကနဲ သေသွားနိုင်တဲ့အနေအထားပါ။

နောက်ဆုံးတော့ ဆရာတွေဟာ အသည်းကနေ Methanol ပမာဏဆက်တိုက်ထုတ်လွှတ်နေမှုကို ကာကွယ်ဖို့အတွက် ဘီယာ(၃)ဘူးကို ပိုက်ကနေတစ်ဆင့် အစာအိမ်ထဲကို တိုက်ရိုက်ထည့်ပေးလိုက်ပါတယ်။ အဲဒီနောက် အခြေအနေဟာ တိုးတက်လာပြီး Methanol ထုတ်လုပ်မှုက သိသိသာသာ ရော့ကျသွားတာကို တွေ့ရပါတယ်။

ဒါကြောင့် Van ကို တစ်နာရီခြားမှာ ဘီယာတစ်ဘူး အစာအိမ်ထဲကို သွင်းစေခဲ့ရာ၊ (၁၅)နာရီအတွက် ဘီယာ(၁၅)ဘူး အသုံးပြုခဲ့ရပါတယ်။ အဲဒီနောက် Van ဟာ ကောင်းစွာ သတိရလာပြီး၊ အသက်ပြန်ရှင်ဖို့ အာမခံချက်လမ်းစ ပြန်ရသွားကြောင်း သိရပါတယ်။

လင်းသူရိန် (MyanmarNote)
source : metro.co.uk

No comments:

Post a Comment