Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 2, 2019

ယခု၂၀၁၉မွာ ဆယ္တန္းေျဖသူတိုင္းကို ေအာင္ေအာင္႐ွံုး႐ွံုး ဆယ္တန္းၿပီးဆံုးေၾကာင္းလတ္မွတ္ေပး


၂၀၁၉ – ၂၀၂၀ ပညာသင္ႏွစ္ကေန စၿပီး ( ၁၀ ) တန္းေျဖဆိုမယ့္ ေက်ာင္းသား၊ ေက်ာင္းသူေတြကို High School Complete Certificate ( အထက္တန္းအဆင့္ၿပီးဆုံးေၾကာင္းအသိအမွတ္ျပဳလက္မွတ္ ) ထုတ္ေပးေတာ့မွာျဖစ္တယ္လို႔ ပညာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။

အသိအမွတ္ျပဳလက္မွတ္ဟာ တကၠသိုလ္ဝင္ခြင့္ ေအာင္ျခင္း၊ က်ျခင္း နဲ႕ သက္ဆိုင္မွာမဟုတ္ပဲ ( ၁၀ ) တန္းကို ၿပီးဆုံးေအာင္တက္ေရာက္ျခင္း အသိအမွတ္ျပဳတဲ့လက္မွတ္ျဖစ္တယ္လို႔လည္းသိရပါတယ္။

အေၾကာင္းကေတာ့ အသိအမွတ္ျပဳလက္မွတ္မရွိတဲ့အတြက္ အလယ္တန္းေအာင္အျဖစ္ပဲသတ္မွတ္ခံရတဲ့အခါ နစ္နာမႈေတြရွိေစနိုင္လို႔ျဖစ္တယ္လို႔သိရပါတယ္။

တကၠသိုလ္ဝင္ခြင့္စာေမးပြဲေတြကို ပုံစံ၊ စနစ္သစ္ေဖာ္ေဆာင္ဖို႔ လုပ္ေဆာင္ေနဆဲျဖစ္ၿပီး အခ်ိန္အတိုင္းတာတစ္ခုအထိေတာ့ ေစာင့္ေပးရမွာျဖစ္တယ္လို႔လည္းသိရပါတယ္။

Gabriel
Ministry of Education Myanmar

Unicode ဖြင့်ဖတ်ရန်

၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်ကနေ စပြီး ( ၁၀ ) တန်းဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေကို High School Complete Certificate ( အထက်တန်းအဆင့်ပြီးဆုံးကြောင်းအသိအမှတ်ပြုလက်မှတ် ) ထုတ်ပေးတော့မှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အသိအမှတ်ပြုလက်မှတ်ဟာ တက္ကသိုလ်ဝင်ခွင့် အောင်ခြင်း၊ ကျခြင်း နဲ့ သက်ဆိုင်မှာမဟုတ်ပဲ ( ၁၀ ) တန်းကို ပြီးဆုံးအောင်တက်ရောက်ခြင်း အသိအမှတ်ပြုတဲ့လက်မှတ်ဖြစ်တယ်လို့လည်းသိရပါတယ်။

အကြောင်းကတော့ အသိအမှတ်ပြုလက်မှတ်မရှိတဲ့အတွက် အလယ်တန်းအောင်အဖြစ်ပဲသတ်မှတ်ခံရတဲ့အခါ နစ်နာမှုတွေရှိစေနိုင်လို့ဖြစ်တယ်လို့သိရပါတယ်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကို ပုံစံ၊ စနစ်သစ်ဖော်ဆောင်ဖို့ လုပ်ဆောင်နေဆဲဖြစ်ပြီး အချိန်အတိုင်းတာတစ်ခုအထိတော့ စောင့်ပေးရမှာဖြစ်တယ်လို့လည်းသိရပါတယ်။

Gabriel
Ministry of Education Myanmar

No comments:

Post a Comment