Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 20, 2019

ဂ်ပန္ကို သြားခ်င္ၾကတာ၊ ဂ်ပန္ကို အထင္ႀကီးေနၾကတဲ့သူေတြ ဒါေလးကို မျဖစ္မေန ဖတ္ၾကည့္ပါ


ကြ်န္ေတာ္ ဂ်ပန္ေရာက္ၿပီး ၁ ႏွစ္ေလာက္ေနေတာ့ ဟီဘိရပန္းျခံမွာ က်င္းပတ့ဲ ျမန္မာသၾကၤန္ပြဲေတာ္ကိုသြားခ့ဲတယ္။ အဲ့ဒီမွာသူငယ္ခ်င္းကမိတ္ဆက္ေပးလို႔ သိခ့ဲရတ့ဲ ျမန္မာအဝတ္အစားနဲ႔ဂ်ပန္ႀကီးတစ္ေယာက္ ေဘာ္လန္ဒီယာ လုပ္ရင္း ပြဲေတာ္မွာရွိတ့ဲ အမိႈက္ေတြေကာက္ေနတာ ေတြ႕လိုက္ရတယ္။ ဒီလိုမ်ိဳးသူမ်ားစားေသာက္ထားတ့ဲအမိႈက္ေတြကို ပရဟိတစိတ္နဲ႔ လုပ္ေပးေနတ့ဲသူဆိုေတာ့ ေလးစားမိသြားတယ္။
သူ႔လ္ိုမ်ိဳးတကယ္ အလုပ္လုပ္တ့ဲဂ်ပန္ေတြလဲရွိပါတယ္ ။ ေနာက္ေတာ့သူငယ္ခ်င္းကမိတ္ဆက္ေပးေတာ့ အဲ့ဂ်ပန္နဲ႔စကားေျပာျဖစ္လိုက္တယ္။ အဲ့ကထဲကအဲ့ဂ်ပန္ကိုကြ်န္ေတာ္ေကာင္းေကာင္းမွတ္မိလိုက္တယ္။ေနာက္ေတာ့ ဂ်ပန္စာ groupေလးေတြမွာ ဝင္ၿပီး ခုမွဂ်ပန္စာသင္ခါစ လူေတြရဲ႕ဂ်ပန္လိုေရးထားတ့ဲစာေလးေတြကို မွားရင္ျပင္ျပင္ ေပးေနတဲ့ ဂ်ပန္အေကာင့္(၁)ခုေတြ႕လို႔ စိတ္ဝင္စားၿပီး အဲ့အေကာင့္ထဲဝင္ၾကည့္မိေတာ့ သၾကၤန္ပြဲေတာ္တုန္းက ကိုဂ်ပန္ျဖစ္ေနတယ္။

ဒီေလာက္ထိျမန္မာေတြကိုသံေယာဇဥ္ျဖစ္တ့ဲဂ်ပန္ဆိုေတာ့ နဲနဲေတာ့ သံသယျဖစ္မိတယ္။ ဒီလိုနဲ႔ေနလိုက္ရင္း သူ႔ FB ကိုစေတြ႕ေတာ့ဒီလူဘာအၾကံနဲ႔လႈပ္ရွားေနလဲသိခ်င္တာနဲ႔ ေစာင့္ၾကည့္ေနလိုက္တယ္။ခုမွ ဂ်ပန္စာ စသင္တ့ဲကေလးေတြကို သူအကုန္လိုက္ေရာတယ္။ျမန္မာႏိုင္ငံသြားၿပီး ပရဟိတဂ်ပန္စာသင္တ့ဲေနရာေတြသြား အဲ့ကလူေတြနဲ႔ခင္ေအာင္လုပ္တာေတြေတြ႕ရတယ္။ အဲ့ကတဆင့္ ကြ်န္ေတာ့္သူငယ္ခ်င္းနဲ႔လဲရင္းႏွီးခ့ဲတယ္ေျပာတယ္။

ျမန္မာမိန္းကေလးေတြ ျမန္မာအသိေတြသူအမ်ားႀကီးလိုက္ add တယ္ရွာတယ္ အထူးသျဖင့္ ဂ်ပန္ကိုအထင္ႀကီးအားက်ေနတ့ဲ သူေတာ္ေတာ္မ်ားမ်ားကို ဂ်ပန္စာနဲ႔ ဝင္ေရာရင္း ပစ္မွတ္ထားလာတာေတြ႕ရတယ္။ေနာက္ သူ group တစ္ခုေထာင္တယ္ စဖြင့္ကာစက group နံမည္က ဂ်ပန္သီခ်င္းႏွင့္ ဂ်ပန္စကားသင္ရေအာင္ ဆိုတ့ဲနံမည္ျဖစ္မယ္။ နဲနဲေလးနံမည္လြဲႏိုင္တယ္ အဲ့ group မွာ ဂ်ပန္ကာတြန္းစာအုပ္ေတြတို႔ ဂ်ပန္သီခ်င္းေတြတင္ေပးတယ္ ။ ခုေတာ့ ဂ႐ုနံမည္ေျပာင္းထားတယ္။ ကြ်န္ေတာ္ သူ႔အေကာင့္ကိုစေတြ႕ခါစကလဲ အဂၤလိပ္လိုနံမည္ ခုေတာ့ျမန္မာနံမည္ေျပာင္းထားတယ္။

(သူသူကိုကို ဂ်ပန္စာ သင္ေနတ့ဲသူတစ္ေယာက္က ဂ်ပန္လူမ်ိဳးတစ္ေယာက္နဲ႔ ရင္းႏွီးခ်င္မွာပါ) ဒီအားနည္းခ်က္ကို အသုံးခ်ၿပီး တျဖည္းျဖည္းနဲ႔ ျမန္မာမိန္းကေလးေတာ္ေတာ္မ်ားမ်ားကို ဂ်ပန္လူမ်ိဳးအဘိုးႀကီးေတြနဲ႔ ေအာင္သြယ္လုပ္ငန္းကို စတင္လည္ပါတ္လာတယ္။ေနာက္ဆံုးကြ်န္ေတာ့္အသိ မိန္းကေလးထံကို FB ကေနစာပို႔လာတယ္ အသက္(၆၀)တဲ့ ဘယ္လိုလဲတ့ဲ ဘာလုပ္ငန္းလုပ္တယ္ ဘာညာနဲ႔ စိတ္ဝင္စားလား စိတ္ဝင္စားရင္ေဖာင္ျဖည့္ျပန္ပို႔ပါတ့ဲ အသိသူငယ္ခ်င္းရွိရင္လဲခ်ိတ္ေပးပါတ့ဲ။

အဲ့စာကြ်န္ေတာ္ျမင္ေတာ့ေတာ္ေတာ္ စိတ္မေကာင္းျဖစ္မိတယ္။ ဒါေတာင္ကြ်န္ေတာ္သိတ့ဲ မိန္းကေလး တျခားဘယ္သူေတြဘယ္ေလာက္ပါသြားၿပီမသိ။ဟိုတစ္ေလာကအသံၾကားတာ ျမန္မာမိန္းကေလး(၄၂)ေယာက္တ့ဲ ေရာက္လာတာ ဘယ္သူနဲ႔လာတာလဲဆိုေတာ့ သူနဲ႔ခ်ိတ္လာတာလို႔ သူငယ္ခ်င္းထံကေနျပႏ္ုၾကားရတယ္။သူ FB account ကိုၾကည့္ခ်င္းအားျဖင္႔ သူဆင္းရဲတ့ဲအာရွႏိုင္ငံေတြေတာ္ေတာ္မ်ားမ်ားသြားထားတာေတြ႕ရတယ္။ ေနာက္ဆုံးေတာ့ ျမန္မာျပည္ကမိန္းကေလးေတြက သူျဖားေယာင္လို႔အေကာင္းဆုံးျဖစ္သြားတယ္ထင္တယ္။

ရွင္းရွင္းေျပာရရင္ ဂ်ပန္ျပည္မွာ ဂ်ပန္မ ငယ္ငယ္ေခ်ာေခ်ာလွလွေလးေတြ ပိုက္ဆံခ်မ္းသာတ့ဲ ဂ်ပန္လူမ်ိဳး/ အေနာက္ႏိုင္ငံသားေတြနဲ႔ တြဲသြားလာေနတာ အမ်ားႀကီးပါ။ မ်ားေသာအားျဖင့္ ဒီလို ေအာင္သြယ္ရွာခိုင္းၿပီး ယူတယ္ဆိုတာ ဘယ္လိုလူမ်ိဳးျဖစ္ႏိုင္သလဲဆိုတာစဥ္းစားသာၾကည့္ပါ။ ေသျခာတာကေတာ့ ျမန္မာမိန္းကေလးကိုအထင္ႀကီးလို႔ ခ်စ္ျမတ္ႏိုးလို႔ယူတာထက္ မရွိဆင္းရဲတ့ဲႏိုင္ငံက မိန္းကေလးေတြကို ေစ်းေပါေပါနဲ႔ ေျခေတာ္တင္မယ္ဆိုတ့ဲ ရည္ရြယ္ခ်က္ေၾကာင့္ဆိုတာ စဥ္းစာဉာဏ္ရွိသူတိုင္းသိႏိုင္ပါတယ္။

ခက္တာက ေငြဆိုတာ လူတိုင္းမက္ေမာတယ္ ငါဘာျဖစ္ျဖစ္ ငါ့ဘဝကိုစေတးၿပီး ငါ့မိသားစု အဆင္ေျပဖို႔ဆိုတဲ့အေတြးနဲ႔ မ်က္စိမွိတ္ လက္ခံမယ့္ မိန္းကေလးေတြအမ်ားႀကီးရွိပါတယ္။ အဲ့လိုယူတိုင္းအဆင္ေျပမယ္ ဘဝႀကီးေျပာင္းလဲမယ္လို႔ထင္ရင္ အမွားႀကီးမွားမွာေပါ့။ ဂ်ပန္ယူၿပီး လုပ္ေကြ်းေနရတဲ့ ႏိုင္ငံျခားသားေတြအမ်ားႀကီးပါ။ ခ်စ္လို႔ႀကိဳက္လို႔ ေမတၱာရွိလို႔ယူတယ္ဆို ႀကိဳက္တဲ့လူမ်ိဳး ႀကိဳက္တ့ဲဘာသာဝင္ကို လြတ္လပ္စြာယူပါ ဒါသူတို႔လြတ္လပ္ခြင့္ပဲ ဘာမွမေျပာလိုပါ။

ခုလို ကိုယ့္ႏိုင္ငံက ျမန္မာမိန္းမပ်ိဳေလးေတြ လိင္ကြ်န္အျဖစ္ ေျခေတာ္တင္ခံရမယ့္အျဖစ္ကိုျမင္ရတာေတာ့ ငါ့ညီမ ငါ့အစ္မသာဆိုရင္ဆိုတ့ဲစိတ္နဲ႔ ရင္ထဲမေကာင္းမိဘူး။ ဗီဇာတစ္ခုရတာပဲရွိတာပါ ဇိမ္နဲ႔ထိုင္စားၿပီး ေယာက္က်ားရွာသမွ် ပိုက္ဆံ မိဘေဆြမ်ိဳးေတြ ေထာက္ပံ့ေပးႏိုင္လာမယ္လို႔မထင္လိုက္ပါနဲ႔။ဂ်ပန္လူမ်ိဳးေတာ္ေတာ္မ်ားမ်ားက ရရစားစားေတြေပါတယ္။ ဂ်ပန္ေငြေၾကးနဲ႔ ျမန္မာေငြေၾကး တန္ဘိုးကြာဟမႈေၾကာင့္သာ သူတို႔ႏိုင္ငံမွာရတ့ဲပိုက္ဆံက မက္ေလာက္စရာျဖစ္ေနတာပါ။

ဂ်ပန္မွာအေလ့အက်င့္တစ္ခုရွိပါတယ္ ဂ်ပန္လူမ်ိဳးသမီးရည္းစားေတြ အျပင္ေလွ်ာက္လည္မယ္ သြားမယ္လာမယ္စားမယ္ဆိုရင္ေတာင္မွ ကုန္က်ေငြကို (၂)ေယာက္စလုံးမွ်ရွင္းပါတယ္ (မ႐ိုေသစကား) ဟိုတယ္တည္းမယ္ဆိုရင္ေတာင္ မွ်ေပးပါတယ္။ ေယာက္က်ားေလးမလို႔ မိန္းကေလးမလ္ု႔ိဆိုၿပီး တစ္ေယာက္ထဲဘယ္ေတာ့မွမရွင္းပါဘူး။ အဲ့လိုအေလ့အက်င့္ရွိတ့ဲ ဂ်ပန္မွာ ခင္ဗ်ားတို႔ကို ေပးေကြ်းေပါင္းေနၿပီဆို သတိသာထားပါ။ အက်ိဳးလိုလို႔ေညာင္ေရေလာင္းေနခ်င္းပါ ။

ကြ်န္ေတာ့္ ပါတ္ဝန္းက်င္မွာလဲ ေတြ႕ေနရတာပဲ ဂ်ပန္ယူလိုက္လို႔ သူေဌးမႀကီးေတြျဖစ္ေနတယ္ဆိုတာ မရွိသေလာက္ရွားပါတယ္ သူ႔ႏိုင္ငံမွာ အကုန္အလုပ္လုပ္ရပါတယ္ မလုပ္ရင္ ငတ္ေနမွာပါ။ အခုဆို သူနဲ႔အတူတူၾကံရာပါလုပ္ေပးေနတ့ဲ ျမန္မာအမ်ိဳးသမီးေတာင္ရွိပါတယ္။ စိတ္ထဲေတာ္ေတာ္မေကာင္းမိဘူး။ ျမန္မာမိန္းကေလးေတြ ဦးေႏွာက္နဲ႔ စဥ္းစားဆုံးျဖတ္ႏိုင္က်ပါေစ။ဂ်ပန္ဆိုတိုင္းအထင္မႀကီးပါနဲ႔။

ဟ္ုေန႔ကဒီ group ထဲမွာေၾကာ္ျငာထားတ့ဲ Ryo Aska ဆိုတ့ဲအေကာင့္အတုဟာ ဒီလူပါပဲ။ သူ႔အေကာင့္ကေတာ့ ဖ်က္ထားပါတယ္ သူ႔ကိုအထူးတလည္အကူအညီေပးေနတာကေတာ့ သူ႔ရည္းစားအတူေန ျမန္မာအမ်ိဳးသမီး တစ္ေယာက္ရွိပါတယ္ ဒီထက္လြန္လာရင္ အစအဆုံးလွန္ပါမယ္။

ေရးသားသူ – ‎ဦးဝဏၰ ဘုန္းျမင့္ေမာင္.





...............................
ကျွန်တော် ဂျပန်ရောက်ပြီး ၁ နှစ်လောက်နေတော့ ဟီဘိရပန်းခြံမှာ ကျင်းပတဲ့ မြန်မာသြင်္ကန်ပွဲတော်ကိုသွားခဲ့တယ်။ အဲ့ဒီမှာသူငယ်ချင်းကမိတ်ဆက်ပေးလို့ သိခဲ့ရတဲ့ မြန်မာအဝတ်အစားနဲ့ဂျပန်ကြီးတစ်ယောက် ဘော်လန်ဒီယာ လုပ်ရင်း ပွဲတော်မှာရှိတဲ့ အမှိုက်တွေကောက်နေတာ တွေ့လိုက်ရတယ်။ ဒီလိုမျိုးသူများစားသောက်ထားတဲ့အမှိုက်တွေကို ပရဟိတစိတ်နဲ့ လုပ်ပေးနေတဲ့သူဆိုတော့ လေးစားမိသွားတယ်။

သူ့လိုမျိုးတကယ် အလုပ်လုပ်တဲ့ဂျပန်တွေလဲရှိပါတယ် ။ နောက်တော့သူငယ်ချင်းကမိတ်ဆက်ပေးတော့ အဲ့ဂျပန်နဲ့စကားပြောဖြစ်လိုက်တယ်။ အဲ့ကထဲကအဲ့ဂျပန်ကိုကျွန်တော်ကောင်းကောင်းမှတ်မိလိုက်တယ်။နောက်တော့ ဂျပန်စာ groupလေးတွေမှာ ဝင်ပြီး ခုမှဂျပန်စာသင်ခါစ လူတွေရဲ့ဂျပန်လိုရေးထားတဲ့စာလေးတွေကို မှားရင်ပြင်ပြင် ပေးနေတဲ့ ဂျပန်အကောင့်(၁)ခုတွေ့လို့ စိတ်ဝင်စားပြီး အဲ့အကောင့်ထဲဝင်ကြည့်မိတော့ သြင်္ကန်ပွဲတော်တုန်းက ကိုဂျပန်ဖြစ်နေတယ်။

ဒီလောက်ထိမြန်မာတွေကိုသံယောဇဉ်ဖြစ်တဲ့ဂျပန်ဆိုတော့ နဲနဲတော့ သံသယဖြစ်မိတယ်။ ဒီလိုနဲ့နေလိုက်ရင်း သူ့ FB ကိုစတွေ့တော့ဒီလူဘာအကြံနဲ့လှုပ်ရှားနေလဲသိချင်တာနဲ့ စောင့်ကြည့်နေလိုက်တယ်။ခုမှ ဂျပန်စာ စသင်တဲ့ကလေးတွေကို သူအကုန်လိုက်ရောတယ်။မြန်မာနိုင်ငံသွားပြီး ပရဟိတဂျပန်စာသင်တဲ့နေရာတွေသွား အဲ့ကလူတွေနဲ့ခင်အောင်လုပ်တာတွေတွေ့ရတယ်။ အဲ့ကတဆင့် ကျွန်တော့်သူငယ်ချင်းနဲ့လဲရင်းနှီးခဲ့တယ်ပြောတယ်။

မြန်မာမိန်းကလေးတွေ မြန်မာအသိတွေသူအများကြီးလိုက် add တယ်ရှာတယ် အထူးသဖြင့် ဂျပန်ကိုအထင်ကြီးအားကျနေတဲ့ သူတော်တော်များများကို ဂျပန်စာနဲ့ ဝင်ရောရင်း ပစ်မှတ်ထားလာတာတွေ့ရတယ်။နောက် သူ group တစ်ခုထောင်တယ် စဖွင့်ကာစက group နံမည်က ဂျပန်သီချင်းနှင့် ဂျပန်စကားသင်ရအောင် ဆိုတဲ့နံမည်ဖြစ်မယ်။ နဲနဲလေးနံမည်လွဲနိုင်တယ် အဲ့ group မှာ ဂျပန်ကာတွန်းစာအုပ်တွေတို့ ဂျပန်သီချင်းတွေတင်ပေးတယ် ။ ခုတော့ ဂရုနံမည်ပြောင်းထားတယ်။ ကျွန်တော် သူ့အကောင့်ကိုစတွေ့ခါစကလဲ အင်္ဂလိပ်လိုနံမည် ခုတော့မြန်မာနံမည်ပြောင်းထားတယ်။

(သူသူကိုကို ဂျပန်စာ သင်နေတဲ့သူတစ်ယောက်က ဂျပန်လူမျိုးတစ်ယောက်နဲ့ ရင်းနှီးချင်မှာပါ) ဒီအားနည်းချက်ကို အသုံးချပြီး တဖြည်းဖြည်းနဲ့ မြန်မာမိန်းကလေးတော်တော်များများကို ဂျပန်လူမျိုးအဘိုးကြီးတွေနဲ့ အောင်သွယ်လုပ်ငန်းကို စတင်လည်ပါတ်လာတယ်။နောက်ဆုံးကျွန်တော့်အသိ မိန်းကလေးထံကို FB ကနေစာပို့လာတယ် အသက်(၆၀)တဲ့ ဘယ်လိုလဲတဲ့ ဘာလုပ်ငန်းလုပ်တယ် ဘာညာနဲ့ စိတ်ဝင်စားလား စိတ်ဝင်စားရင်ဖောင်ဖြည့်ပြန်ပို့ပါတဲ့ အသိသူငယ်ချင်းရှိရင်လဲချိတ်ပေးပါတဲ့။

အဲ့စာကျွန်တော်မြင်တော့တော်တော် စိတ်မကောင်းဖြစ်မိတယ်။ ဒါတောင်ကျွန်တော်သိတဲ့ မိန်းကလေး တခြားဘယ်သူတွေဘယ်လောက်ပါသွားပြီမသိ။ဟိုတစ်လောကအသံကြားတာ မြန်မာမိန်းကလေး(၄၂)ယောက်တဲ့ ရောက်လာတာ ဘယ်သူနဲ့လာတာလဲဆိုတော့ သူနဲ့ချိတ်လာတာလို့ သူငယ်ချင်းထံကနေပြန်ုကြားရတယ်။သူ FB account ကိုကြည့်ချင်းအားဖြင့် သူဆင်းရဲတဲ့အာရှနိုင်ငံတွေတော်တော်များများသွားထားတာတွေ့ရတယ်။ နောက်ဆုံးတော့ မြန်မာပြည်ကမိန်းကလေးတွေက သူဖြားယောင်လို့အကောင်းဆုံးဖြစ်သွားတယ်ထင်တယ်။

ရှင်းရှင်းပြောရရင် ဂျပန်ပြည်မှာ ဂျပန်မ ငယ်ငယ်ချောချောလှလှလေးတွေ ပိုက်ဆံချမ်းသာတဲ့ ဂျပန်လူမျိုး/ အနောက်နိုင်ငံသားတွေနဲ့ တွဲသွားလာနေတာ အများကြီးပါ။ များသောအားဖြင့် ဒီလို အောင်သွယ်ရှာခိုင်းပြီး ယူတယ်ဆိုတာ ဘယ်လိုလူမျိုးဖြစ်နိုင်သလဲဆိုတာစဉ်းစားသာကြည့်ပါ။ သေခြာတာကတော့ မြန်မာမိန်းကလေးကိုအထင်ကြီးလို့ ချစ်မြတ်နိုးလို့ယူတာထက် မရှိဆင်းရဲတဲ့နိုင်ငံက မိန်းကလေးတွေကို ဈေးပေါပေါနဲ့ ခြေတော်တင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ဆိုတာ စဉ်းစာဉာဏ်ရှိသူတိုင်းသိနိုင်ပါတယ်။

ခက်တာက ငွေဆိုတာ လူတိုင်းမက်မောတယ် ငါဘာဖြစ်ဖြစ် ငါ့ဘဝကိုစတေးပြီး ငါ့မိသားစု အဆင်ပြေဖို့ဆိုတဲ့အတွေးနဲ့ မျက်စိမှိတ် လက်ခံမယ့် မိန်းကလေးတွေအများကြီးရှိပါတယ်။ အဲ့လိုယူတိုင်းအဆင်ပြေမယ် ဘဝကြီးပြောင်းလဲမယ်လို့ထင်ရင် အမှားကြီးမှားမှာပေါ့။ ဂျပန်ယူပြီး လုပ်ကျွေးနေရတဲ့ နိုင်ငံခြားသားတွေအများကြီးပါ။ ချစ်လို့ကြိုက်လို့ မေတ္တာရှိလို့ယူတယ်ဆို ကြိုက်တဲ့လူမျိုး ကြိုက်တဲ့ဘာသာဝင်ကို လွတ်လပ်စွာယူပါ ဒါသူတို့လွတ်လပ်ခွင့်ပဲ ဘာမှမပြောလိုပါ။

ခုလို ကိုယ့်နိုင်ငံက မြန်မာမိန်းမပျိုလေးတွေ လိင်ကျွန်အဖြစ် ခြေတော်တင်ခံရမယ့်အဖြစ်ကိုမြင်ရတာတော့ ငါ့ညီမ ငါ့အစ်မသာဆိုရင်ဆိုတဲ့စိတ်နဲ့ ရင်ထဲမကောင်းမိဘူး။ ဗီဇာတစ်ခုရတာပဲရှိတာပါ ဇိမ်နဲ့ထိုင်စားပြီး ယောက်ကျားရှာသမျှ ပိုက်ဆံ မိဘဆွေမျိုးတွေ ထောက်ပံ့ပေးနိုင်လာမယ်လို့မထင်လိုက်ပါနဲ့။ဂျပန်လူမျိုးတော်တော်များများက ရရစားစားတွေပေါတယ်။ ဂျပန်ငွေကြေးနဲ့ မြန်မာငွေကြေး တန်ဘိုးကွာဟမှုကြောင့်သာ သူတို့နိုင်ငံမှာရတဲ့ပိုက်ဆံက မက်လောက်စရာဖြစ်နေတာပါ။

ဂျပန်မှာအလေ့အကျင့်တစ်ခုရှိပါတယ် ဂျပန်လူမျိုးသမီးရည်းစားတွေ အပြင်လျှောက်လည်မယ် သွားမယ်လာမယ်စားမယ်ဆိုရင်တောင်မှ ကုန်ကျငွေကို (၂)ယောက်စလုံးမျှရှင်းပါတယ် (မရိုသေစကား) ဟိုတယ်တည်းမယ်ဆိုရင်တောင် မျှပေးပါတယ်။ ယောက်ကျားလေးမလို့ မိန်းကလေးမလ်ု့ိဆိုပြီး တစ်ယောက်ထဲဘယ်တော့မှမရှင်းပါဘူး။ အဲ့လိုအလေ့အကျင့်ရှိတဲ့ ဂျပန်မှာ ခင်ဗျားတို့ကို ပေးကျွေးပေါင်းနေပြီဆို သတိသာထားပါ။ အကျိုးလိုလို့ညောင်ရေလောင်းနေချင်းပါ ။

ကျွန်တော့် ပါတ်ဝန်းကျင်မှာလဲ တွေ့နေရတာပဲ ဂျပန်ယူလိုက်လို့ သူဌေးမကြီးတွေဖြစ်နေတယ်ဆိုတာ မရှိသလောက်ရှားပါတယ် သူ့နိုင်ငံမှာ အကုန်အလုပ်လုပ်ရပါတယ် မလုပ်ရင် ငတ်နေမှာပါ။ အခုဆို သူနဲ့အတူတူကြံရာပါလုပ်ပေးနေတဲ့ မြန်မာအမျိုးသမီးတောင်ရှိပါတယ်။ စိတ်ထဲတော်တော်မကောင်းမိဘူး။ မြန်မာမိန်းကလေးတွေ ဦးနှောက်နဲ့ စဉ်းစားဆုံးဖြတ်နိုင်ကျပါစေ။ဂျပန်ဆိုတိုင်းအထင်မကြီးပါနဲ့။

ဟ်ုနေ့ကဒီ group ထဲမှာကြော်ငြာထားတဲ့ Ryo Aska ဆိုတဲ့အကောင့်အတုဟာ ဒီလူပါပဲ။ သူ့အကောင့်ကတော့ ဖျက်ထားပါတယ် သူ့ကိုအထူးတလည်အကူအညီပေးနေတာကတော့ သူ့ရည်းစားအတူနေ မြန်မာအမျိုးသမီး တစ်ယောက်ရှိပါတယ် ဒီထက်လွန်လာရင် အစအဆုံးလှန်ပါမယ်။

ရေးသားသူ – ‎ဦးဝဏ္ဏ ဘုန်းမြင့်မောင်

No comments:

Post a Comment