Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 20, 2019

ကိုယ္ေစာင့္နတ္ အေၾကာင္းႏွင့္ လူကိုေစာင့္ေရွာက္ပုံ အေၾကာင္း


ေမး -ကိုယ္ေစာင့္နတ္ဆိုတာ တကယ္ရွိပါသလား၊
ေျဖ -ကိုယ္ေစာင့္နတ္ဆိုတာတကယ္ရွိပါတယ္၊
မေကာင္းမွုျပဳေသာသူသည္ သူမေကာင္းမွုျပဳတဲ့အေၾကာင္းကို သူကိုယ္တိုင္ပတမဦးဆုံးသိ၏ ထိုေနာက္သူ၏ကိုယ္ေစာင့္နတ္သိ၏ ထိုေနာက္သူတပါး၏ စိတ္ကို ေဖာက္ထြင္းသိျမင္နိုင္ေသာ္ တန္ခိုးရွင္မ်ားသိ၏ လို႔” ပါရာဇိကဏ္အဌထာ သုဒိႏၵက႑ “အဖြင့္မွာပါတဲ့စာရပ္ကိုေထာက္ၿပီး လူကိုနတ္ေစာင့္တယ္ဆိုတာ သိရပါတယ္၊

ေနာက္ေမးခြန္းတခုက …
ေမး -လူကို ဘယ္လိုေစာင့္ေရွာက္သလည္းဆိုတာပါ၊

ဘုန္းကံႀကီးမားတဲ့ လူကို စိတ္ဓာတ္အင္အား ခိုင္မာေတာင့္တင္းမွုရွိတဲ့ သူေတာ္ေကာင္းနတ္မ်ားက ေစာင့္ေရွာက္ၾကပါတယ္ ဘုန္းကံမြဲမြဲ လူမ်ားကိုေတာ့ တန္ခိုးေသးႏုပ္ၿပီး စိတ္ဓာတ္အင္အား ခိုင္မာေတာင့္တင္းမွု မရွိတဲ့ နတ္ေသးနတ္မႊား ေလးေတြက ေစာင့္ေရွာက္ၾကပါတယ္၊

တန္းခိုးအင္အားႀကီးမားေလ လုပ္နိုင္တဲ့အရာေတြ၊ လုပ္ပိုင္ခြင့္ေတြ ပိုရွိေလမို႔ သူလုပ္နိုင္တဲ့ပမာဏ သူလုပ္ခြင့္ရွိတဲ့ အတိုင္းအတာထဲကေန ကူညီေစာင့္ေရွာက္ ေပးၾကပါတယ္၊

ေရွးက ဗရာဏသီမင္းဟာ ေကာသလမင္းကို သတ္ၿပီး တိုင္းျပည္ကိုသိမ္းပိုက္၊ ေကာသလမင္းရဲ့ မိဖုရားကိုလည္း သူမိဖုရားအျဖစ္ သိမ္းပိုက္ခဲ့ပါတယ္၊

အဲဒီမိဖုရားႀကီးမွာ သြားေလသူ ေကာသလမင္းႀကီးနဲ႔ ရထားတဲ့ ကိုယ္ဝန္က်န္ခဲ့ပါတယ္၊ အခ်ိန္တန္ေတာ့ သားေယာက်ာ္းေလး ေမြးဖြားခဲ့တယ္၊ အရြယ္ေရာက္လာခ်ိန္မွာ အျခားမိဖုရားနဲ႔ ရထားတဲ့ ကုဂုဂၤေဒဝီဆိုတဲ့ မင္းသမီးေလးနဲ႔ ခ်စ္ႀကိဳက္သြားၾကတယ္၊

ဒါကို ဗရာဏသီမင္းႀကီးကသိလို႔ မင္းသားကိုသတ္ဘို႔ လုပ္တယ္၊ အဲဒါကို မင္းသားေလးကို ေသေဘးကလြတ္ေအာင္ ကယ္တင္ေပးခဲ့တယ္၊ ကယ္တင္ေပးသူက မင္းသားေလးရဲ့ ကိုယ္ေစာင့္နတ္ပဲ ျဖစ္ပါတယ္၊ နတ္က သူလုပ္ပိုင္ခြင့္ရွိတဲ့ ပမာဏ အားေလၽွာ္စြာ လုပ္ကိုင္ေစာင့္ေရွာက္ ေပးတယ္လို႔ မွတ္သားေစျခင္ပါတယ္၊

ေနာက္ေမးခြန္းတခုက ……
နတ္က လူ႔ကိုယ့္ထဲမွာ ေနသလား
အျပင္မွာ ေနသလားဆိုတဲ့ေမးခြန္းပါ၊

လူကိုယ္ထဲမွာ မေနပါဘူး အျပင္ဘက္မွာေနပါတယ္၊ ကိုယ္ေစာင့္နတ္ဆိုတာ ကိုယ့္ပတ္ဝန္းက်င္မွာ ရွိေနတဲ့ ဘုမၼစိုး၊ ႐ုကၡစိုး အစရွိတဲ့ နတ္ေတြပါ၊
လူ႔ ကိုယ္ထဲမွာ နတ္ရွိရင္ အဲဒီလူမ်ိဳးကို တခ်ိဳ႕က စုန္းလို႔သတ္မွတ္ၾကပါတယ္၊

ေနာက္ေမးခြန္းတခု ….
လူတိုင္းမွာ ကိုယ္ေစာင့္နတ္ရွိပါသလား
ဆိုတဲ့ေမးခြန္းပါ၊

လူတိုင္းမွာ သဘာဝအားျဖင့္ ကိုယ္ေစာင့္နတ္ရွိပါတယ္၊

အထက္မွာဆိုထားသလို ဘုန္းကံႀကီးမားတဲ့လူကို စိတ္ဓာတ္အင္အား ခိုင္မာ ေတာင့္တင္းတဲ့ သူေတာ္ေကာင္းနတ္မ်ားက ေစာက္ေရွာက္ၿပီး ဘုန္းကံမြဲမြဲ လူမ်ားကိုေတာ့ တန္ခိုးေသးႏုပ္ စိတ္ဓာတ္အင္အား ခိုင္မာေတာင့္တင္းမွု မရွိတဲ့ နတ္ေသးနတ္မႊားေလးေတြက ေစာင့္ေရွာက္ပါတယ္၊

ကိုယ္ေစာင့္နတ္ေတြဆိုတာ လူေစာင့္ေရွာက္တဲ့ လူရဲ့အလိုကို လိုက္ၿပီး ေျပာင္းလဲတတ္ၾကပါတယ္၊

မ်ားေသာအားျဖင့္ တန္ခို႔ေသးႏုပ္ၿပီး စိတ္ဓါတ္အင္အား ခိုင္မာေတာင့္တင္းမွုမရွိတဲ့ ကိုယ္ေစာင့္နတ္ေတြေပါ့၊ ဒီလိုနတ္ေတြက သူေစာင့္ေရွာက္တဲ့ လူကေကာင္းရင္ သူလည္း လိုက္ေကာင္းၿပီး သူေစာင့္ေရွာက္တဲ့သူက ဆိုးရင္ သူလည္း လိုက္ၿပီးဆိုးသြားတတ္ပါတယ္၊

တန္ခိုးႀကီးမားၿပီး စိတ္ဓာတ္အင္အား ခိုင္မာေတာင့္တင္းတဲ့ နတ္မ်ားကေတာ့ သူတို႔မႀကိဳက္တာလုပ္ရင္ အဲဒီလူကို စြန႔္ပယ္ၿပီး ထြက္သြားတတ္ၾကပါတယ္၊ လူေျပာင္းတိုင္းလည္း သူကလိုက္ၿပီး မေျပာင္းလြဲတတ္ပါဘူး၊

ဥပမာအားျဖင့္…ေစတိယမင္းကို တန္ခိုးႀကီးတဲ့ နတ္သားေလးပါး ေစာင့္ေရွာက္ပါတယ္၊ ေစတိယမင္း မုသားေျပာေတာ့ နတ္သားေလးပါးက ေစတိယမင္းကို တခါထဲ စြန႔္ျပစ္ထြက္သြားၾကပါတယ္၊

ဒါေၾကာင့္ လူတိုင္းမွာ သဘာဝအားျဖင့္ကိုယ္ေစာင့္နတ္ ရွိၾကေသာ္လည္း ကိုယ္ေစာင့္နတ္မႀကိဳက္တာလုပ္လို႔ ကိုယ္ေစာင့္နတ္ရဲ့ စြန႔္ျပစ္ျခင္း ခံၾကရလို႔ ကိုယ္ေစာင့္နတ္ မရွိတဲ့ လူမ်ိဳးေတြလည္းရွိၾကပါတယ္၊

ဒါေၾကာင့္ကိုယ္ေစာင့္နတ္ ျမဲျခင္ရင္ သီလျမဲၾကပါလို႔ တိုက္တြန္းပါရေစ…..၊

ေရးသူ - အရွင္ေခမာနႏၵ
◾◾◾◾◾◾◾◾◾◾◾◾

ေအာင္ဝိုင္းၿဖိဳးရဲ့ အေမးမွာ –

“အရွင္ဘုရား တပည့္ေတာ္ အား ကိုယ္ေစာင့္နတ္ ႏွင့္ ပတ္သတ္ေသာ အေၾကာင္းအရာမ်ားကို ေျဖၾကားေပးပါဘုရား.
ကိုယ္ေစာင့္နတ္သည္ မည္သည့္ နတ္အႏြယ္ဝင္ ျဖစ္ပါသလဲ ဘုရား.

ကိုယ္ေစာင့္နတ္သည္ အစဥ္အျမဲ ေစာင့္ေရွာက္ျခင္း ရွိပါသလား ဘုရား.
ကိုယ္ေစာင့္နတ္ အျဖစ္ကို မည္သည့္ ပုဂၢိဳလ္မ်ား ေရာက္ရွိနိုင္ပါသလဲ ဘုရား.
အရွင္ဘုရားကို ရွိခိုးဦးခ်ပါတယ္ ဘုရား”

နိုင္ငံျခားသား ရဟန္း ခ်က္ဇ္ ဦးသရဏရဲ့ အေျဖ –
ဗုဒၶဘာသာမွာ ကိုယ္ေစာင့္နတ္ရွိလိုတယ္ဆိုရင္ ေျခာက္နည္း ျဖစ္နိုင္ပါတယ္ –

၁။ ကံေကာင္းလို႔ အရင္ဘဝမွ ေဆြမ်ိဳးတစ္ေယာက္က အခု နတ္ျဖစ္ရင္ ဒကာ ဒကာမတို႔ရဲ့ ကိုယ့္ေစာင့္နတ္ျဖစ္နိုင္ပါတယ္။ ဥပမာဆိုပါေတာ့ ရန္ကုန္မွ ဆရာႀကီး ဦးရွိန္ဟာ လူေတြရဲ့ အပမွီတဲ့ေရာဂါ ( သရဲစီးတဲ့ေရာဂါ) ေတြကို (အရင္ဘဝက သူ႔အေမ) အခု ဒီဘဝမွာ သူ႔ကိုယ္ေစာင့္နတ္ျဖစ္သူရဲ့ စြမ္းအားနဲ႔ ကုသေပးပါတယ္။ (ကုသမွု မွန္ကန္လို႔ PhDဆုလည္း ရပါတယ္။ ၿပီးခဲ့တဲ့ သုံးႏွစ္ေလာက္က ဆုံးသြားပါၿပီ။)

ဗုဒၶဘာသာက်မ္းဂန္မွေျပာမယ္ဆိုရင္ ဥဒါန ဗာဟိယသုတ္မွာဆိုေတာ့ ဗာဟိယ ဒါ႐ုစီရိယ အရင္ဘဝမွ ေဆြမ်ိဳး ဒီဘဝမွာ နတ္ျဖစ္တဲ့ နတ္တစ္ပါးဟာ ဗာဟိယဆီလာၿပီး ဓမၼမဟုတ္တဲ့အက်င့္ကို ေျပာျပၿပီး၊ ျမတ္စြာဘုရားနဲ႔ ေတြဖို႔ ႏွိုးေဆာ္ေပးပါတယ္။ ဒါဆို ဒီလို ကံေကာင္းလို႔ ကိုယ့္ေစာင့္နတ္တစ္ဦး ရနိုင္ပါတယ္။ ဒါ ပထမနည္း။

၂။ ပရိတ္ ရြတ္တဲ့အခါ နတ္ေတြက လာေစာင့္ေရွာက္တတ္ၾကပါတယ္။ အထူးသျဖင့္ (သက္သတ္လြတ္စားၿပီး) မဟာသမယသုတ္ကို ေန႔တိုင္း ေန႔တိုင္း မနက္ ၁ နာရီ တစ္ခါ မနက္ ၃ နာရီတစ္ခါ ရြတ္လိုက္ရင္ ၃ လေလာက္ၾကာၿပီး နတ္ေတြက လာေစာင့္ေရွာက္မယ္ ကိုယ့္ႀကိဳက္တာေတြ လုပ္ေပးမယ္ ေဆာင္ရြက္ေပးမယ္။ (သက္သတ္လြတ္စားရတာ နတ္ေတြက အသားအနံ့ မႀကိဳက္လို႔ သူတို႔ကို ကိုယ့္အနီးလာေစခ်င္တယ္ဆိုရင္ သက္သတ္လြတ္စားရပါတယ္။)

၃။ သီလကို ေဆာက္တည္တယ္ဆိုလို႔ရွိရင္ နတ္ေတြက ေစာင့္ေရွာက္လိမ့္မယ္။ အထူးသျဖင့္ သၾကားမင္းက ေစာင့္ေရွာက္ေပးပါတယ္ – ရွိခိုးေတာင္ ရွိခိုးပါတယ္။ သံယုတ္နိကာယ္ ဂဟ႒ဝႏၵနာသုတ္မွာ သိၾကားမင္းက မိန႔္တယ္ – ျဗာဟၼဏပုဏၰား၊ ခတၱိယာ၊ မဟာရဇ္၊ နတ္ႀကီး ၃၀ကလည္း သိၾကားမင္းကို ရွိခိုးၾကပါတယ္။ သို႔ေသာ္ သိၾကားမင္းက သီလျပည့္စုံတဲ့ ပုဂၢိဳလ္မ်ားတို႔ကို ရွိခိုးတယ္လို႔ ေျပာထားပါတယ္။

၄။ လွူဒါန္းၿပီး နတ္ေတြကို အႏုေမာဒနာ (ဝမ္းသာဖို႔) သာဓုေခၚဖို႔ ဖိတ္ေခၚတယ္ဆိုရင္လည္း နတ္ေတြက ကာကြယ္ၾကမယ္။ သီရိလကၤာမွာ အိမ္က ဆြမ္းကပ္ၿပီး ေဆြမ်ိဳးညာတိေတြကို အမၽွေဝလိုက္ရင္ေတာ့ “ကိုယ့္ျပဳလုပ္ထားတဲ့ ကုသိုလ္မွ ဝမ္းသာၿပီး ကာကြယ္ပါေစ”လို႔ ဖိတ္ေခၚဆုေတာင္းၾကပါတယ္ –

အာကာသ႒ာ စ ဘုမၼ႒ာ၊
ေဒဝါ နာဂါ မဟိဒၶိကာ၊
ပုညံ တံ အႏုေမာဒိတြာ
စိရံ ရကၡႏၲဳ မံ ပရႏၲိ။”

၅။ ေမတၱာဘာဝနာ ပြားရင္လည္း ကိုယ္ေစာင့္နတ္ေတြက လာၿပီး ကာကြယ္မယ္လို႔ အဂၤဳတၱိဳရ္နိကာယ္ ၁၁ ေမတၱာနိသံသသုတ္ မွာ ျမတ္စြာဘုရား ေဟာၾကားေတာ္မူပါတယ္။ ေမတၱာဘာဝနာ အားထုတ္ရင္ ေကာင္းက်ိဳး ၁၁ မ်ိဳးရပါတယ္။ အဲဒီ ေကာင္းက်ိဳး ၁၁ မ်ိဳးမွာ တစ္မ်ိဳးက “ေဒဝတာ ရကၡႏၲိ” (နတ္မ်ား ကာကြယ္ၾကမည္) လို႔ ျဖစ္ပါတယ္။ ပိလိႏၵဝစၧမေထရ္ႀကီးရဲ့ ေမတၱာစြမ္းအားက အင္မတန္မွ ႀကီးမားပါတယ္။ အဂၤဳတၱိဳရ္နိကာယ္ ၁ ဧတဒဂၢဝဂၢမွာ ျမတ္စြာဘုရား ပိလိႏၵဝစၧမေထရ္ႀကီးကို ဒီလို ခ်ီးမႊမ္းေတာ္မူပါတယ္

“ဧတဒဂၢံ ဘိကၡေဝ မမ သာဝကာနံ ဘိကၡဴနံ ေဒဝတာနံ ပိယမနာပါနံ ယဒိဒံ ပိလိႏၵဝေစၧာ။”
“ရဟန္းတို႔ ငါဘုရား တပည့္သာဝကာတို႔တြင္ နတ္တို႔၏ခ်စ္ျခင္းမွာ အျမင့္ျမတ္ဆုံးရဟန္းသည္ ပိလိႏၵဝစၧမေထရ္ ျဖစ္ပါတယ္။”

၆။ မဂ္ ဖိုလ္ ရမယ္ဆိုလိုရွိရင္လည္း နတ္ေတြက ကာကြယ္လိမ့္မယ္။ ဓမၼပဒ အ႒ကထာရဲ့ ပထမဆုံး ပုံဝတၳဳဟာ စကၡဳပါလမေထရ္ရဲ့ အတၳဳပၸတၱိကို ေျပာျပပါတယ္။ အဲဒီမွာ စကၡဳပါလမေထရ္ႀကီးက ရဟႏၲာျဖစ္ၿပီး သူ႔မ်က္စိေတြက ပ်က္သြားပါတယ္။ မျမင္နိုင္ေတာ့ပါဘူး။ ခရီးထြက္တဲ့အခါ လမ္းျပတဲ့ ရဟန္းေတာ္ဟာ မိန္းမတစ္ေယာက္နဲ႔ ပါရာဇိကက်ေတာ့ စကၡဳပါလမေထရ္ႀကီးက သူ႔ကို ႏွင္ထုတ္ေတာ္မူပါတယ္။ ဒါေၾကာင့္လည္း တစ္ပါးတည္းပဲ လမ္းေပၚမွာ က်န္ေတာ္မူတယ္။ဒါကို သိၾကားမင္းက သိသြားၿပီး စကၡဳပါလမေထရ္ႀကီးကို ကိုယ့္တိုင္လာၿပီး လမ္းျပပါတယ္။

အတိုခ်ဳပ္ေျပာမယ္ဆိုရင္ ကိုယ့္ေစာင့္နတ္ရဖို႔ – (၁) အရင္ဘဝမွ ေဆြမ်ိဳးရွိရမယ္၊ (၂) ပရိတ္ရြတ္ရမယ္ (၃) သီလျပည့္စုံရမယ္ (၄) လွူဒါန္းၿပီး အႏုေမာဒနာျပဳရမယ္ (၅) ေမတၱာဘာဝနာ က်င့္ႀကံအားထုတ္ရမယ္ (၆) မဂ္ဖိုလ္ေအာင္ျမင္ရမယ္။

ကိုယ့္ေစာင့္နတ္ေတြ ဘယ္ႏွစ္ပါး ျဖစ္ပါသလဲလို႔ သိဖို႔ မလြယ္ပါဘူး။ သူတို႔ကလည္း ကူညီေပးခ်င္စိတ္ရွိမွပဲ ကူညီေပးၾကပါတယ္။ အဲ့လို သူတို႔ကို တာဝန္ ေပးမထားပဲနဲ႔ လြတ္လပ္စြာ ေစာင့္ေရွာက္ၾကပါတယ္။ ကုသိုလ္မလုပ္ဘဲ အကုသိုလ္မ်ားရင္ေတာ့ ေျပးၾကမွာေပါ့။

ဒါေၾကာင့္ ဒကာ ဒကာမေတြက ကုသိုလ္ေတြ အတတ္နိုင္ဆုံး လုပ္ၿပီး နတ္တို႔ရဲ့ အခ်စ္ကို မေပ်ာက္ေစတဲ့ ရဟႏၲာဆုကို ေအာင္ျမင္နိုင္ၾကပါေစကုန္သတည္း။

သတၱဝါ အားလုံး က်န္းမာခ်မ္းသာၾကပါေစ။
နိုင္ငံျခားသား ရဟန္း ခ်က္ဇ္ ဦးသရဏပါ။

ဦးဇင္းေရးထားတဲ့ ျမန္မာစာကို Cathy Hlaing ျပင္ေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီး တင္ပါတယ္။ အျမဲက်န္းမာခ်မ္းသာပါေစ ။

အရွင္ဓမၼရကၡိတ
..................................
မေး > ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါသလား၊

ဖြေ > ကိုယ်စောင့်နတ်ဆိုတာတကယ်ရှိပါတယ်၊

မကောင်းမှုပြုသောသူသည် သူမကောင်းမှုပြုတဲ့အကြောင်းကို သူကိုယ်တိုင်ပတမဦးဆုံးသိ၏ ထိုနောက်သူ၏ကိုယ်စောင့်နတ်သိ၏ ထိုနောက်သူတပါး၏ စိတ်ကို ဖောက်ထွင်းသိမြင်နိုင်သော် တန်ခိုးရှင်များသိ၏ လို့” ပါရာဇိကဏ်အဌထာ သုဒိန္ဒကဏ္ဍ “အဖွင့်မှာပါတဲ့စာရပ်ကိုထောက်ပြီး လူကိုနတ်စောင့်တယ်ဆိုတာ သိရပါတယ်၊

နောက်မေးခွန်းတခုက …
မေး > လူကို ဘယ်လိုစောင့်ရှောက်သလည်းဆိုတာပါ၊

ဘုန်းကံကြီးမားတဲ့ လူကို စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့ သူတော်ကောင်းနတ်များက စောင့်ရှောက်ကြပါတယ် ဘုန်းကံမွဲမွဲ လူများကိုတော့ တန်ခိုးသေးနုပ်ပြီး စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှု မရှိတဲ့ နတ်သေးနတ်မွှား လေးတွေက စောင့်ရှောက်ကြပါတယ်၊

တန်းခိုးအင်အားကြီးမားလေ လုပ်နိုင်တဲ့
အရာတွေ၊ လုပ်ပိုင်ခွင့်တွေ ပိုရှိလေမို့ သူလုပ်နိုင်တဲ့ပမာဏ သူလုပ်ခွင့်ရှိတဲ့ အတိုင်းအတာထဲကနေ ကူညီစောင့်ရှောက် ပေးကြပါတယ်၊

ရှေးက ဗရာဏသီမင်းဟာ ကောသလမင်းကို သတ်ပြီး တိုင်းပြည်ကိုသိမ်းပိုက်၊ ကောသလမင်းရဲ့ မိဖုရားကိုလည်း သူမိဖုရားအဖြစ် သိမ်းပိုက်ခဲ့ပါတယ်၊

အဲဒီမိဖုရားကြီးမှာ သွားလေသူ ကောသလမင်းကြီးနဲ့ ရထားတဲ့ ကိုယ်ဝန်ကျန်ခဲ့ပါတယ်၊ အချိန်တန်တော့ သားယောကျာ်းလေး မွေးဖွားခဲ့တယ်၊ အရွယ်ရောက်လာချိန်မှာ အခြားမိဖုရားနဲ့ ရထားတဲ့ ကုဂုင်္ဂဒေဝီဆိုတဲ့ မင်းသမီးလေးနဲ့ ချစ်ကြိုက်သွားကြတယ်၊

ဒါကို ဗရာဏသီမင်းကြီးကသိလို့ မင်းသားကိုသတ်ဘို့ လုပ်တယ်၊ အဲဒါကို မင်းသားလေးကို သေဘေးကလွတ်အောင် ကယ်တင်ပေးခဲ့တယ်၊ ကယ်တင်ပေးသူက မင်းသားလေးရဲ့ ကိုယ်စောင့်နတ်ပဲ ဖြစ်ပါတယ်၊ နတ်က သူလုပ်ပိုင်ခွင့်ရှိတဲ့ ပမာဏ အားလျှော်စွာ လုပ်ကိုင်စောင့်ရှောက် ပေးတယ်လို့ မှတ်သားစေခြင်ပါတယ်၊

နောက်မေးခွန်းတခုက ……
နတ်က လူ့ကိုယ့်ထဲမှာ နေသလား
အပြင်မှာ နေသလားဆိုတဲ့မေးခွန်းပါ၊

လူကိုယ်ထဲမှာ မနေပါဘူး အပြင်ဘက်မှာနေပါတယ်၊ ကိုယ်စောင့်နတ်ဆိုတာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဘုမ္မစိုး၊ ရုက္ခစိုး အစရှိတဲ့ နတ်တွေပါ၊
လူ့ ကိုယ်ထဲမှာ နတ်ရှိရင် အဲဒီလူမျိုးကို တချို့က စုန်းလို့သတ်မှတ်ကြပါတယ်၊

နောက်မေးခွန်းတခု ….
လူတိုင်းမှာ ကိုယ်စောင့်နတ်ရှိပါသလား
ဆိုတဲ့မေးခွန်းပါ၊

လူတိုင်းမှာ သဘာဝအားဖြင့် ကိုယ်စောင့်နတ်ရှိပါတယ်၊

အထက်မှာဆိုထားသလို ဘုန်းကံကြီးမားတဲ့လူကို စိတ်ဓာတ်အင်အား ခိုင်မာ တောင့်တင်းတဲ့ သူတော်ကောင်းနတ်များက စောက်ရှောက်ပြီး ဘုန်းကံမွဲမွဲ လူများကိုတော့ တန်ခိုးသေးနုပ် စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှု မရှိတဲ့ နတ်သေးနတ်မွှားလေးတွေက စောင့်ရှောက်ပါတယ်၊

ကိုယ်စောင့်နတ်တွေဆိုတာ လူစောင့်ရှောက်တဲ့ လူရဲ့အလိုကို လိုက်ပြီး ပြောင်းလဲတတ်ကြပါတယ်၊

များသောအားဖြင့် တန်ခို့သေးနုပ်ပြီး စိတ်ဓါတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ ကိုယ်စောင့်နတ်တွေပေါ့၊ ဒီလိုနတ်တွေက သူစောင့်ရှောက်တဲ့ လူကကောင်းရင် သူလည်း လိုက်ကောင်းပြီး သူစောင့်ရှောက်တဲ့သူက ဆိုးရင် သူလည်း လိုက်ပြီးဆိုးသွားတတ်ပါတယ်၊

တန်ခိုးကြီးမားပြီး စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းတဲ့ နတ်များကတော့ သူတို့မကြိုက်တာလုပ်ရင် အဲဒီလူကို စွန့်ပယ်ပြီး ထွက်သွားတတ်ကြပါတယ်၊ လူပြောင်းတိုင်းလည်း သူကလိုက်ပြီး မပြောင်းလွဲတတ်ပါဘူး၊

ဥပမာအားဖြင့်…စေတိယမင်းကို တန်ခိုးကြီးတဲ့ နတ်သားလေးပါး စောင့်ရှောက်ပါတယ်၊ စေတိယမင်း မုသားပြောတော့ နတ်သားလေးပါးက စေတိယမင်းကို တခါထဲ စွန့်ပြစ်ထွက်သွားကြပါတယ်၊

ဒါကြောင့် လူတိုင်းမှာ သဘာဝအားဖြင့်ကိုယ်စောင့်နတ် ရှိကြသော်လည်း ကိုယ်စောင့်နတ်မကြိုက်တာလုပ်လို့ ကိုယ်စောင့်နတ်ရဲ့ စွန့်ပြစ်ခြင်း ခံကြရလို့ ကိုယ်စောင့်နတ် မရှိတဲ့ လူမျိုးတွေလည်းရှိကြပါတယ်၊

ဒါကြောင့်ကိုယ်စောင့်နတ် မြဲခြင်ရင် သီလမြဲကြပါလို့ တိုက်တွန်းပါရစေ…..၊

ရေးသူ -အရှင်ခေမာနန္ဒ
◾◾◾◾◾◾◾◾◾◾◾◾

အောင်ဝိုင်းဖြိုးရဲ့ အမေးမှာ –

“အရှင်ဘုရား တပည့်တော် အား ကိုယ်စောင့်နတ် နှင့် ပတ်သတ်သော အကြောင်းအရာများကို ဖြေကြားပေးပါဘုရား.
ကိုယ်စောင့်နတ်သည် မည်သည့် နတ်အနွယ်ဝင် ဖြစ်ပါသလဲ ဘုရား.

ကိုယ်စောင့်နတ်သည် အစဉ်အမြဲ စောင့်ရှောက်ခြင်း ရှိပါသလား ဘုရား.
ကိုယ်စောင့်နတ် အဖြစ်ကို မည်သည့် ပုဂ္ဂိုလ်များ ရောက်ရှိနိုင်ပါသလဲ ဘုရား.
အရှင်ဘုရားကို ရှိခိုးဦးချပါတယ် ဘုရား”

နိုင်ငံခြားသား ရဟန်း ချက်ဇ် ဦးသရဏရဲ့ အဖြေ –
ဗုဒ္ဓဘာသာမှာ ကိုယ်စောင့်နတ်ရှိလိုတယ်ဆိုရင် ခြောက်နည်း ဖြစ်နိုင်ပါတယ် –

၁။ ကံကောင်းလို့ အရင်ဘဝမှ ဆွေမျိုးတစ်ယောက်က အခု နတ်ဖြစ်ရင် ဒကာ ဒကာမတို့ရဲ့ ကိုယ့်စောင့်နတ်ဖြစ်နိုင်ပါတယ်။ ဥပမာဆိုပါတော့ ရန်ကုန်မှ ဆရာကြီး ဦးရှိန်ဟာ လူတွေရဲ့ အပမှီတဲ့ရောဂါ ( သရဲစီးတဲ့ရောဂါ) တွေကို (အရင်ဘဝက သူ့အမေ) အခု ဒီဘဝမှာ သူ့ကိုယ်စောင့်နတ်ဖြစ်သူရဲ့ စွမ်းအားနဲ့ ကုသပေးပါတယ်။ (ကုသမှု မှန်ကန်လို့ PhDဆုလည်း ရပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်လောက်က ဆုံးသွားပါပြီ။)

ဗုဒ္ဓဘာသာကျမ်းဂန်မှပြောမယ်ဆိုရင် ဥဒါန ဗာဟိယသုတ်မှာဆိုတော့ ဗာဟိယ ဒါရုစီရိယ အရင်ဘဝမှ ဆွေမျိုး ဒီဘဝမှာ နတ်ဖြစ်တဲ့ နတ်တစ်ပါးဟာ ဗာဟိယဆီလာပြီး ဓမ္မမဟုတ်တဲ့အကျင့်ကို ပြောပြပြီး၊ မြတ်စွာဘုရားနဲ့ တွေဖို့ နှိုးဆော်ပေးပါတယ်။ ဒါဆို ဒီလို ကံကောင်းလို့ ကိုယ့်စောင့်နတ်တစ်ဦး ရနိုင်ပါတယ်။ ဒါ ပထမနည်း။

၂။ ပရိတ် ရွတ်တဲ့အခါ နတ်တွေက လာစောင့်ရှောက်တတ်ကြပါတယ်။ အထူးသဖြင့် (သက်သတ်လွတ်စားပြီး) မဟာသမယသုတ်ကို နေ့တိုင်း နေ့တိုင်း မနက် ၁ နာရီ တစ်ခါ မနက် ၃ နာရီတစ်ခါ ရွတ်လိုက်ရင် ၃ လလောက်ကြာပြီး နတ်တွေက လာစောင့်ရှောက်မယ် ကိုယ့်ကြိုက်တာတွေ လုပ်ပေးမယ် ဆောင်ရွက်ပေးမယ်။ (သက်သတ်လွတ်စားရတာ နတ်တွေက အသားအနံ့ မကြိုက်လို့ သူတို့ကို ကိုယ့်အနီးလာစေချင်တယ်ဆိုရင် သက်သတ်လွတ်စားရပါတယ်။)

၃။ သီလကို ဆောက်တည်တယ်ဆိုလို့ရှိရင် နတ်တွေက စောင့်ရှောက်လိမ့်မယ်။ အထူးသဖြင့် သကြားမင်းက စောင့်ရှောက်ပေးပါတယ် – ရှိခိုးတောင် ရှိခိုးပါတယ်။ သံယုတ်နိကာယ် ဂဟဋ္ဌဝန္ဒနာသုတ်မှာ သိကြားမင်းက မိန့်တယ် – ဗြာဟ္မဏပုဏ္ဏား၊ ခတ္တိယာ၊ မဟာရဇ်၊ နတ်ကြီး ၃၀ကလည်း သိကြားမင်းကို ရှိခိုးကြပါတယ်။ သို့သော် သိကြားမင်းက သီလပြည့်စုံတဲ့ ပုဂ္ဂိုလ်များတို့ကို ရှိခိုးတယ်လို့ ပြောထားပါတယ်။

၄။ လှူဒါန်းပြီး နတ်တွေကို အနုမောဒနာ (ဝမ်းသာဖို့) သာဓုခေါ်ဖို့ ဖိတ်ခေါ်တယ်ဆိုရင်လည်း နတ်တွေက ကာကွယ်ကြမယ်။ သီရိလင်္ကာမှာ အိမ်က ဆွမ်းကပ်ပြီး ဆွေမျိုးညာတိတွေကို အမျှဝေလိုက်ရင်တော့ “ကိုယ့်ပြုလုပ်ထားတဲ့ ကုသိုလ်မှ ဝမ်းသာပြီး ကာကွယ်ပါစေ”လို့ ဖိတ်ခေါ်ဆုတောင်းကြပါတယ် –

အာကာသဋ္ဌာ စ ဘုမ္မဋ္ဌာ၊
ဒေဝါ နာဂါ မဟိဒ္ဓိကာ၊
ပုညံ တံ အနုမောဒိတွာ
စိရံ ရက္ခန္တု မံ ပရန္တိ။”

၅။ မေတ္တာဘာဝနာ ပွားရင်လည်း ကိုယ်စောင့်နတ်တွေက လာပြီး ကာကွယ်မယ်လို့ အင်္ဂုတ္တိုရ်နိကာယ် ၁၁ မေတ္တာနိသံသသုတ် မှာ မြတ်စွာဘုရား ဟောကြားတော်မူပါတယ်။ မေတ္တာဘာဝနာ အားထုတ်ရင် ကောင်းကျိုး ၁၁ မျိုးရပါတယ်။ အဲဒီ ကောင်းကျိုး ၁၁ မျိုးမှာ တစ်မျိုးက “ဒေဝတာ ရက္ခန္တိ” (နတ်များ ကာကွယ်ကြမည်) လို့ ဖြစ်ပါတယ်။ ပိလိန္ဒဝစ္ဆမထေရ်ကြီးရဲ့ မေတ္တာစွမ်းအားက အင်မတန်မှ ကြီးမားပါတယ်။ အင်္ဂုတ္တိုရ်နိကာယ် ၁ ဧတဒဂ္ဂဝဂ္ဂမှာ မြတ်စွာဘုရား ပိလိန္ဒဝစ္ဆမထေရ်ကြီးကို ဒီလို ချီးမွှမ်းတော်မူပါတယ်

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဒေဝတာနံ ပိယမနာပါနံ ယဒိဒံ ပိလိန္ဒဝစ္ဆော။”
“ရဟန်းတို့ ငါဘုရား တပည့်သာဝကာတို့တွင် နတ်တို့၏ချစ်ခြင်းမှာ အမြင့်မြတ်ဆုံးရဟန်းသည် ပိလိန္ဒဝစ္ဆမထေရ် ဖြစ်ပါတယ်။”

၆။ မဂ် ဖိုလ် ရမယ်ဆိုလိုရှိရင်လည်း နတ်တွေက ကာကွယ်လိမ့်မယ်။ ဓမ္မပဒ အဋ္ဌကထာရဲ့ ပထမဆုံး ပုံဝတ္ထုဟာ စက္ခုပါလမထေရ်ရဲ့ အတ္ထုပ္ပတ္တိကို ပြောပြပါတယ်။ အဲဒီမှာ စက္ခုပါလမထေရ်ကြီးက ရဟန္တာဖြစ်ပြီး သူ့မျက်စိတွေက ပျက်သွားပါတယ်။ မမြင်နိုင်တော့ပါဘူး။ ခရီးထွက်တဲ့အခါ လမ်းပြတဲ့ ရဟန်းတော်ဟာ မိန်းမတစ်ယောက်နဲ့ ပါရာဇိကကျတော့ စက္ခုပါလမထေရ်ကြီးက သူ့ကို နှင်ထုတ်တော်မူပါတယ်။ ဒါကြောင့်လည်း တစ်ပါးတည်းပဲ လမ်းပေါ်မှာ ကျန်တော်မူတယ်။ဒါကို သိကြားမင်းက သိသွားပြီး စက္ခုပါလမထေရ်ကြီးကို ကိုယ့်တိုင်လာပြီး လမ်းပြပါတယ်။

အတိုချုပ်ပြောမယ်ဆိုရင် ကိုယ့်စောင့်နတ်ရဖို့ – (၁) အရင်ဘဝမှ ဆွေမျိုးရှိရမယ်၊ (၂) ပရိတ်ရွတ်ရမယ် (၃) သီလပြည့်စုံရမယ် (၄) လှူဒါန်းပြီး အနုမောဒနာပြုရမယ် (၅) မေတ္တာဘာဝနာ ကျင့်ကြံအားထုတ်ရမယ် (၆) မဂ်ဖိုလ်အောင်မြင်ရမယ်။

ကိုယ့်စောင့်နတ်တွေ ဘယ်နှစ်ပါး ဖြစ်ပါသလဲလို့ သိဖို့ မလွယ်ပါဘူး။ သူတို့ကလည်း ကူညီပေးချင်စိတ်ရှိမှပဲ ကူညီပေးကြပါတယ်။ အဲ့လို သူတို့ကို တာဝန် ပေးမထားပဲနဲ့ လွတ်လပ်စွာ စောင့်ရှောက်ကြပါတယ်။ ကုသိုလ်မလုပ်ဘဲ အကုသိုလ်များရင်တော့ ပြေးကြမှာပေါ့။

ဒါကြောင့် ဒကာ ဒကာမတွေက ကုသိုလ်တွေ အတတ်နိုင်ဆုံး လုပ်ပြီး နတ်တို့ရဲ့ အချစ်ကို မပျောက်စေတဲ့ ရဟန္တာဆုကို အောင်မြင်နိုင်ကြပါစေကုန်သတည်း။

သတ္တဝါ အားလုံး ကျန်းမာချမ်းသာကြပါစေ။
နိုင်ငံခြားသား ရဟန်း ချက်ဇ် ဦးသရဏပါ။

ဦးဇင်းရေးထားတဲ့ မြန်မာစာကို Cathy Hlaing ပြင်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ အမြဲကျန်းမာချမ်းသာပါစေ ။
အရှင်ဓမ္မရက္ခိတ

No comments:

Post a Comment