Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 20, 2019

ေဒၚေအာင္ဆန္းစုၾကည္ ညြန္ၾကားခ်က္နဲ႔ ကခ်င္ ၀န္ႀကီး သံုးဦးကို တၿပိဳင္နက္တည္း ႏုတ္ထြက္စာ တင္ခိုင္းထား


ကခ်င္ဝန္ႀကီး ၃ ဦး ႏုတ္ထြက္ခိုင္းမႈ အေပၚ အျမင္တခ်ိဳ႕ ။ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ညြန္ၾကားခ်က္နဲ႔ ကခ်င္ျပည္နယ္အစိုးရ အဖဲြ႔၀င္ ၀န္ႀကီး သံုးဦးကို တၿပိဳင္နက္တည္း ႏုတ္ထြက္စာ တင္ခိုင္းထားေၾကာင္း ကာယကံရွင္ ၀န္ႀကီးေတြက ျပည္တြင္းသတင္းဌာနေတြကို အသီးသီးအတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

အခုလို ျပည္နယ္အစိုးရအဖဲြ႔အတြင္း ၀န္ႀကီးသံုးဦး တၿပိဳင္နက္တည္း ႏုတ္ထြက္ခိုင္းတဲ့ အေျခအေနအေပၚ သံုးသပ္ခ်က္ အျမင္ေတြကို မအင္ၾကင္းႏိုင္က စုစည္းတင္ျပမွာပါ။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ညြန္ၾကားခ်က္နဲ႔ ႏုတ္ထြက္စာတင္ခိုင္းေၾကာင္း ကခ်င္ျပည္နယ္ ၀န္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္က ဇန္န၀ါရီလ (၁၈)ရက္ေန႔မွာ အေၾကာင္းၾကားခဲ့တဲ့ ၀န္ႀကီးသံုးဦးကေတာ့ စိုက္ပ်ဳိးေရးနဲ႔ ေမြးျမဴေရး၀န္ႀကီး ဦးျမသိန္း၊ သံယံဇာတနဲ႔ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး၀န္ႀကီး ဦးHလေအာင္နဲ႔ လူမႈေရး၀န္ႀကီး ေဒါက္တာသင္းလြင္ တို႔ျဖစ္ပါတယ္။

ကာယံကံရွင္ ၀န္ႀကီး သံုးဦးကိုယ္တိုင္လည္း ျပည္တြင္းသတင္းဌာနေတြကို သူတို႔ႏုတ္ထြက္စာတင္ခိုင္းတဲ့ ကိစၥနဲ႔ ပတ္သက္လို႔ အတည္ျပဳေျပာၾကားခဲ့ပါတယ္။ ကခ်င္ျပည္နယ္ ၀န္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္နဲ႔ ကိုယ္တိုင္ေတြ႕ဆံုခဲ့တဲ့ စိုက္ပ်ဴိးေရးနဲ႔ ေမြးျမဴေရး ၀န္ႀကီးလည္းျဖစ္၊ NLD ပါတီရဲ႕ ကခ်င္ျပည္နယ္ဆိုင္ရာ ဥကၠဌ လည္းျဖစ္တဲ့ ဦးျမသိန္းကေတာ့ ပါတီလုပ္ငန္းအရေရာ၊ ျပည္နယ္အစိုးရလုပ္ငန္းမွာပါ တာ၀န္ေက်ပြန္ေအာင္ ထမ္းေဆာင္ေနသူတဦးျဖစ္ရဲ႕သားနဲ႔ ဘာအေၾကာင္းျပခ်က္မွ မေပးပဲ က်န္းမာေရး အေၾကာင္းျပၿပီး ႏုတ္ထြက္စြာေရးပါလို႔ ေျပာလာတဲ့အတြက္

သူ႔အေနနဲ႕ ေျပာတဲ့အတိုင္း ႏုတ္ထြက္စာတင္ခဲ့ေၾကာင္း ျပည္တြင္းသတင္းမီဒီယာေတြကို ေျဖဆိုခဲ့ပါတယ္။ ဒီအတြက္လည္း ျပည္နယ္၀န္ႀကီးခ်ဳပ္ရဲ႕ လုပ္ရပ္ မွန္ကန္မႈရွိမရွိ စံုစမ္းအေရးယူဖို႔ သူ႔အေနနဲ႕ NLD ပါတီ ဌာနခ်ဳပ္ကို ဇန္န၀ါရီလ ၁၉ ရက္ေန႔က တိုင္ၾကားခဲ့တယ္လို႔ ဦးျမသိန္းက ဆိုပါတယ္။

အခုလို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ညြန္ၾကားခ်က္နဲ႔ ျပည္နယ္၀န္ႀကီးေတြကို ႏုတ္ထြက္စာတင္္ခိုင္းတဲ့ ကိစၥရပ္မွာ အေျခခံဥပေဒဖဲြ႔စည္းပံုအရလည္း လဲႊမွားေနတယ္လို႔ သံုးသပ္မိေၾကာင္း ျမန္မာ့ဥပေဒေရးရာကြ်မ္းက်င္သူ အာရွလူ႔အခြင့္အေရးေကာ္မရွင္ရဲ႕ ဥပေဒအက်ဳိးေဆာင္ ဦးမင္းလြင္ဦးက ေျပာပါတယ္။

“အဓိကေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံရဲ႕ ညႊန္ၾကားခ်က္ေၾကာင့္ ထြက္ခိုင္းတယ္ဆိုကတည္းကိုယ္က မွားေနၿပီေလ။ ႏိုင္ငံေတာ္သမၼတရဲ႕ ညႊန္ၾကားခ်က္ေၾကာင့္ဆိုရင္ေတာ့ ဒါတမ်ိဳးျဖစ္တာေပါ့ေနာ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံကေန ညႊန္ၾကားလိုက္လို႔ ဒါလုပ္တာပါဆိုကတည္းကိုက တခုခုမွားေနၿပီလို႔ က်ေနာ္တို႔ ယူဆလို႔ရတယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္က ႏိုင္ငံေတာ္၀န္ထမ္းေတြျဖဳတ္တဲ့ဟာမွာ သူ႔အမိန္႔ နဲ႔ လုပ္တယ္ဆိုတာကို က်ေနာ္တခါမွ မၾကားဖူးဘူး။

ႏိုင္ငံေတာ္အစိုးရ ဦးစီးေခါင္းေဆာင္က သမၼတျဖစ္တယ္။ သမၼတပဲ ခန္႔ရင္ခန္႔တယ္ ျဖဳတ္ရင္ျဖဳတ္တယ္။ ျပည္နယ္၀န္ႀကီးခ်ဳပ္ေတြက သူတို႔ တာ၀န္ယူထားတဲ့ ကိစၥေတြ သူတို႔ခန္႔ထားတဲ့ ၀န္ႀကီးေတြျဖစ္လို႔ ဒီလိုမ်ိဳး လက္လႊတ္စပယ္လုပ္တယ္ဆိုရင္ေတာ့ ဒါ ေတာ္ေတာ္ႀကီးကို ရုပ္ပ်က္ႏိုင္တဲ့ အေျခအေနမ်ိဳးျဖစ္တယ္လို႔ က်ေနာ္ကေတာ့ ေျပာခ်င္တယ္။”

ႏုတ္ထြက္စာတင္ဖို႔ အေၾကာင္းၾကားျခင္းခံရတဲ့ ၀န္ႀကီးသံုးဦးအေနနဲ႕မိမိတို႔လုပ္ေဆာင္ခ်က္ေတြနဲ႔ ပတ္သက္လို႔ မွ်မွ်တတျဖစ္ေအာင္ ျပန္လည္ထုေခ်ပိုင္ခြင့္ရွိတယ္လို႔ ျမင္ေၾကာင္း ဦးမင္းလြင္ဦးက ဆိုပါတယ္။

“၀န္ႀကီး ၃ ပါးက အခုေလာေလာဆည္ ျပည္နယ္၀န္ႀကီးခ်ဳပ္ရဲ႕ ႏုတ္ထြက္ခိုင္းတာေၾကာင့္သာ ႏုတ္ထြက္လိုက္ရတဲ့ သေဘာမ်ိဳးျဖစ္ေနတယ္လို႔ က်ေနာ္ေတြ႔ရတယ္။ ဒါေၾကာင့္ သူတို႔အေနနဲ႔ကလည္း ဒါကို မိမိလုပ္ေဆာင္တဲ့ လုပ္ေဆာင္ခ်က္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ စံုစမ္းပိုင္ခြင့္လည္းရွိတယ္။ ထုေခ်ပိုင္ခြင့္လည္းရွိတယ္။ အခုအဲလိုမ်ိဳး အခြင့္အေရးေတြ တခုမွ မေပးပဲနဲ႔ က်မ္းမာေရးေၾကာင့္ႏုတ္ထြက္လိုက္ပါ၊ ဟိုဟာျဖစ္လို႔ ႏုတ္ထြက္လိုက္ပါဆိုတာကေတာ့ နည္းနည္းေတာ့ တဖက္သတ္ဆန္လြန္းတယ္လို႔ က်ေနာ္ျမင္တယ္။”

ျပည္နယ္အစိုးရအတြင္း ၀န္ႀကီး သံုးဦးကို တၿပိဳင္နက္တည္း ႏုတ္ထြက္ခိုင္းတဲ့ကိစၥမွာ ျပည္နယ္၀န္ႀကီးခ်ဳပ္ရဲ႕ တာ၀န္ခံမႈ၊ တာ၀န္ယူမႈအေပၚ ေမးခြန္းထုတ္စရာျဖစ္လာေနတယ္လို႔ အေမရိကန္အေျခစိုက္ ကခ်င္မဟာမိတ္အဖဲြ႔ ဥကၠဌ Gum Seng က ဗီြအိုေအကိုေျပာပါတယ္။

“တေယာက္ပဲ ဆိုရင္ေတာ့ ျဖစ္ႏိုင္ေျခရွိတာေပါ့ေနာ္။ ဒါေပမယ့္ ၂ ေယာက္ ၃ ေယာက္ဆိုရင္ေတာ့ စဥ္းစားဖို႔ ရွိသြားၿပီ တာ၀န္ခံ တာ၀န္ယူမႈနဲ႔ ပတ္သက္လာၿပီေပါ့ေနာ္။ ၀န္ႀကီးခ်ဳပ္ကိုယ္တိုင္က မသိတာလား (သို႔မဟုတ္) ၀န္ႀကီးခ်ဳပ္ကိုယ္တိုင္ကို လစ္လ်ဴရႈ႕တာလား (သို႔မဟုတ္) ၀န္ႀကီးခ်ဳပ္ကိုယ္တိုင္က ပါ၀င္ပတ္သက္ေနသလား အဲဒါေတြျပန္စစ္ေဆးသင့္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ၃ ဦးဆိုတာကေတာ့ ေတာ္ေတာ္မ်ားပါတယ္ ဒီ cabinet မွာ ။

ေနာက္တခုကေတာ့ က်ေနာ္တို႔ရဲ႕ ဖက္ဒရယ္မႈမျပည့္၀တဲ့ ၂၀၀၈ ဖြဲ႔စည္းပံုေၾကာင့္ျဖစ္တာပါ။ တကယ္လို႔ ဖက္ဒရယ္မွန္တယ္ဆိုရင္ ဒီေနရာေတြ အားလံုးက ျပည္နယ္ကေန စိစစ္ၿပီးေတာ့မွ သူ႔ဟာသူ တာ၀န္ရွိသူေတြကို ခန္႔ၿပီးမွ ရတဲ့ေနရာေတြျဖစ္လာႏိုင္တာပါ။ စစ္မွန္တဲ့ ဖက္ဒရယ္မႈေတြဆိုရင္ တကယ့္ကို မွန္ကန္တဲ့ သူေတြပဲ အေပၚကို ေရာက္လာတယ္။ အကုန္လံုး ျပည္သူလူထုကေန တင္ေျမွာက္လာတဲ့ လူေတြဆိုရင္ ဒီလိုျဖစ္စရာ အေၾကာင္းမရွိဘူးေပါ့။”

ကခ်င္ျပည္နယ္ သယံဇာတနဲ႕ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး၀န္ႀကီး ဦး H လေအာင္ဟာ ဖားကန္႔ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁)ကေန အႏိုင္ရခဲ့တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္တဦးျဖစ္သလို၊ လူမႈေရး၀န္ႀကီး ေဒါက္တာသင္းလြင္ကေတာ့ အၿငိမ္းစား ေဆးရုပ္အုပ္ႀကီး တဦးျဖစ္ပါတယ္။ အခုလို ၀န္ႀကီးသံုးဦး ႏုတ္ထြက္စာတင္ခိုင္းတဲ့ အေၾကာင္းအရင္းကိုေတာ့ ကခ်င္ျပည္နယ္၀န္ႀကီးခ်ုဳပ္ ေဒါက္တာခက္ေအာင္ကေန တစံုတရာ ေျပာဆိုတာမ်ဳိးမရွိေသးပါဘူး။
VOA Burmese News

Unicode

ကချင်ဝန်ကြီး ၃ ဦး နုတ်ထွက်ခိုင်းမှု အပေါ် အမြင်တချို့ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ညွန်ကြားချက်နဲ့ ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီး သုံးဦးကို တပြိုင်နက်တည်း နုတ်ထွက်စာ တင်ခိုင်းထားကြောင်း ကာယကံရှင် ဝန်ကြီးတွေက ပြည်တွင်းသတင်းဌာနတွေကို အသီးသီးအတည်ပြု ပြောကြားခဲ့ပါတယ်။

အခုလို ပြည်နယ်အစိုးရအဖွဲ့အတွင်း ဝန်ကြီးသုံးဦး တပြိုင်နက်တည်း နုတ်ထွက်ခိုင်းတဲ့ အခြေအနေအပေါ် သုံးသပ်ချက် အမြင်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ညွန်ကြားချက်နဲ့ နုတ်ထွက်စာတင်ခိုင်းကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဇန်နဝါရီလ (၁၈)ရက်နေ့မှာ အကြောင်းကြားခဲ့တဲ့ ဝန်ကြီးသုံးဦးကတော့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးမြသိန်း၊ သံယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်နဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် တို့ဖြစ်ပါတယ်။

ကာယံကံရှင် ဝန်ကြီး သုံးဦးကိုယ်တိုင်လည်း ပြည်တွင်းသတင်းဌာနတွေကို သူတို့နုတ်ထွက်စာတင်ခိုင်းတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ ကိုယ်တိုင်တွေ့ဆုံခဲ့တဲ့ စိုက်ပျိူးရေးနဲ့ မွေးမြူရေး ဝန်ကြီးလည်းဖြစ်၊ NLD ပါတီရဲ့ ကချင်ပြည်နယ်ဆိုင်ရာ ဥက္ကဌ လည်းဖြစ်တဲ့ ဦးမြသိန်းကတော့ ပါတီလုပ်ငန်းအရရော၊ ပြည်နယ်အစိုးရလုပ်ငန်းမှာပါ တာဝန်ကျေပွန်အောင် ထမ်းဆောင်နေသူတဦးဖြစ်ရဲ့သားနဲ့ ဘာအကြောင်းပြချက်မှ မပေးပဲ ကျန်းမာရေး အကြောင်းပြပြီး နုတ်ထွက်စွာရေးပါလို့ ပြောလာတဲ့အတွက်

သူ့အနေနဲ့ ပြောတဲ့အတိုင်း နုတ်ထွက်စာတင်ခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာတွေကို ဖြေဆိုခဲ့ပါတယ်။ ဒီအတွက်လည်း ပြည်နယ်ဝန်ကြီးချုပ်ရဲ့ လုပ်ရပ် မှန်ကန်မှုရှိမရှိ စုံစမ်းအရေးယူဖို့ သူ့အနေနဲ့ NLD ပါတီ ဌာနချုပ်ကို ဇန်နဝါရီလ ၁၉ ရက်နေ့က တိုင်ကြားခဲ့တယ်လို့ ဦးမြသိန်းက ဆိုပါတယ်။

အခုလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ညွန်ကြားချက်နဲ့ ပြည်နယ်ဝန်ကြီးတွေကို နုတ်ထွက်စာတင်ခိုင်းတဲ့ ကိစ္စရပ်မှာ အခြေခံဥပဒေဖွဲ့စည်းပုံအရလည်း လွှဲမှားနေတယ်လို့ သုံးသပ်မိကြောင်း မြန်မာ့ဥပဒေရေးရာကျွမ်းကျင်သူ အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ ဥပဒေအကျိုးဆောင် ဦးမင်းလွင်ဦးက ပြောပါတယ်။

“အဓိကတော့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ညွှန်ကြားချက်ကြောင့် ထွက်ခိုင်းတယ်ဆိုကတည်းကိုယ်က မှားနေပြီလေ။ နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်ကြောင့်ဆိုရင်တော့ ဒါတမျိုးဖြစ်တာပေါ့နော်။ နိုင်ငံတော်အတိုင်ပင်ခံကနေ ညွှန်ကြားလိုက်လို့ ဒါလုပ်တာပါဆိုကတည်းကိုက တခုခုမှားနေပြီလို့ ကျနော်တို့ ယူဆလို့ရတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က နိုင်ငံတော်ဝန်ထမ်းတွေဖြုတ်တဲ့ဟာမှာ သူ့အမိန့် နဲ့ လုပ်တယ်ဆိုတာကို ကျနော်တခါမှ မကြားဖူးဘူး။

နိုင်ငံတော်အစိုးရ ဦးစီးခေါင်းဆောင်က သမ္မတဖြစ်တယ်။ သမ္မတပဲ ခန့်ရင်ခန့်တယ် ဖြုတ်ရင်ဖြုတ်တယ်။ ပြည်နယ်ဝန်ကြီးချုပ်တွေက သူတို့ တာဝန်ယူထားတဲ့ ကိစ္စတွေ သူတို့ခန့်ထားတဲ့ ဝန်ကြီးတွေဖြစ်လို့ ဒီလိုမျိုး လက်လွှတ်စပယ်လုပ်တယ်ဆိုရင်တော့ ဒါ တော်တော်ကြီးကို ရုပ်ပျက်နိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်လို့ ကျနော်ကတော့ ပြောချင်တယ်။”

နုတ်ထွက်စာတင်ဖို့ အကြောင်းကြားခြင်းခံရတဲ့ ဝန်ကြီးသုံးဦးအနေနဲ့မိမိတို့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ မျှမျှတတဖြစ်အောင် ပြန်လည်ထုချေပိုင်ခွင့်ရှိတယ်လို့ မြင်ကြောင်း ဦးမင်းလွင်ဦးက ဆိုပါတယ်။

“ဝန်ကြီး ၃ ပါးက အခုလောလောဆည် ပြည်နယ်ဝန်ကြီးချုပ်ရဲ့ နုတ်ထွက်ခိုင်းတာကြောင့်သာ နုတ်ထွက်လိုက်ရတဲ့ သဘောမျိုးဖြစ်နေတယ်လို့ ကျနော်တွေ့ရတယ်။ ဒါကြောင့် သူတို့အနေနဲ့ကလည်း ဒါကို မိမိလုပ်ဆောင်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီးတော့ စုံစမ်းပိုင်ခွင့်လည်းရှိတယ်။ ထုချေပိုင်ခွင့်လည်းရှိတယ်။ အခုအဲလိုမျိုး အခွင့်အရေးတွေ တခုမှ မပေးပဲနဲ့ ကျမ်းမာရေးကြောင့်နုတ်ထွက်လိုက်ပါ၊ ဟိုဟာဖြစ်လို့ နုတ်ထွက်လိုက်ပါဆိုတာကတော့ နည်းနည်းတော့ တဖက်သတ်ဆန်လွန်းတယ်လို့ ကျနော်မြင်တယ်။”

ပြည်နယ်အစိုးရအတွင်း ဝန်ကြီး သုံးဦးကို တပြိုင်နက်တည်း နုတ်ထွက်ခိုင်းတဲ့ကိစ္စမှာ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာနေတယ်လို့ အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum Seng က ဗွီအိုအေကိုပြောပါတယ်။

“တယောက်ပဲ ဆိုရင်တော့ ဖြစ်နိုင်ခြေရှိတာပေါ့နော်။ ဒါပေမယ့် ၂ ယောက် ၃ ယောက်ဆိုရင်တော့ စဉ်းစားဖို့ ရှိသွားပြီ တာဝန်ခံ တာဝန်ယူမှုနဲ့ ပတ်သက်လာပြီပေါ့နော်။ ဝန်ကြီးချုပ်ကိုယ်တိုင်က မသိတာလား (သို့မဟုတ်) ဝန်ကြီးချုပ်ကိုယ်တိုင်ကို လစ်လျူရှု့တာလား (သို့မဟုတ်) ဝန်ကြီးချုပ်ကိုယ်တိုင်က ပါဝင်ပတ်သက်နေသလား အဲဒါတွေပြန်စစ်ဆေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၃ ဦးဆိုတာကတော့ တော်တော်များပါတယ် ဒီ cabinet မှာ ။

နောက်တခုကတော့ ကျနော်တို့ရဲ့ ဖက်ဒရယ်မှုမပြည့်ဝတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံကြောင့်ဖြစ်တာပါ။ တကယ်လို့ ဖက်ဒရယ်မှန်တယ်ဆိုရင် ဒီနေရာတွေ အားလုံးက ပြည်နယ်ကနေ စိစစ်ပြီးတော့မှ သူ့ဟာသူ တာဝန်ရှိသူတွေကို ခန့်ပြီးမှ ရတဲ့နေရာတွေဖြစ်လာနိုင်တာပါ။ စစ်မှန်တဲ့ ဖက်ဒရယ်မှုတွေဆိုရင် တကယ့်ကို မှန်ကန်တဲ့ သူတွေပဲ အပေါ်ကို ရောက်လာတယ်။ အကုန်လုံး ပြည်သူလူထုကနေ တင်မြှောက်လာတဲ့ လူတွေဆိုရင် ဒီလိုဖြစ်စရာ အကြောင်းမရှိဘူးပေါ့။”

ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်ဟာ ဖားကန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)ကနေ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သလို၊ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်ကတော့ အငြိမ်းစား ဆေးရုပ်အုပ်ကြီး တဦးဖြစ်ပါတယ်။ အခုလို ဝန်ကြီးသုံးဦး နုတ်ထွက်စာတင်ခိုင်းတဲ့ အကြောင်းအရင်းကိုတော့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကနေ တစုံတရာ ပြောဆိုတာမျိုးမရှိသေးပါဘူး။VOA Burmese News

  • ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ ဒုဥကၠ႒အား NLD ပါတီဝင္ အျဖစ္မွ ထုတ္ပယ္
  • တိတ္ဆိတ္ေသာသမၼတ၊ က်ယ္ေလာင္ေသာပဲ့တင္သံ
  • ဝန္ႀကီးခ်ဳပ္နဲ႔ဝန္ႀကီးေတြကို ဘယ္လိုစြပ္စြဲျပစ္တင္မလဲ
  • ၀န္ႀကီးခ်ဳပ္ကို ျဖဳတ္ခ်ဖို႔ဆိုရင္.....
  • အစိုးရအဖြဲ႕ဝန္ႀကီးႏွစ္ေယာက္ႏုတ္ထြက္သြားသည့္ကိစၥ မေကြးတိုင္း ေဒသႀကီးဝန္ႀကီးခ်ဳပ္ စိတ္မေကာင္းျဖစ္ မ်က္ရည္က်
  • က်န္းမာေရးေၾကာင့္ ဝန္ႀကီးခ်ဳပ္ရာထူးကေန ႏုတ္ထြက္တာလို႔ မန္းေဂ်ာ္နီေျပာ
  • ဦးဥာဏ္ဝင္းဘယ္လဲႏွင့္ႏွစ္ခါျပန္အ႐ွက္ကြဲတဲ့ဖထီး
  • ဝန္ႀကီးခ်ဳပ္အပါအဝင္ ျပည္နယ္ႏွင့္တုိင္း ဝန္ႀကီး ၆ ဦးကို ႏုတ္ထြက္စာတင္ခုိင္းထား
  • သမၼတလုပ္ပုိင္ခြင့္
  • No comments:

    Post a Comment