Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 20, 2019

ေသ႐ြာမွျပန္လာသူ တစ္ေယာက္ရဲ႕ကုိယ္ေတြ႔အျဖစ္အပ်က္


ကြ်န္ေတာ့္နားမွာေပါ့…ဆရာဝန္ေတြ ပ်ာယာခတ္ေနၾကပါတယ္။ကြ်န္ေတာ့္ခႏၶာကိုယ္ကိုလည္းစက္ကိရိယာ အမ်ဳိးမ်ဳိးနဲ႔ ဖိၾက ႏွိပ္ၾကေပမဲ႔လုံးဝ နာက်ဥ္ျခင္း မရွိပါဘူး။ပကတိ လြတ္လပ္ေပါ့ပါးျခင္း အရသာလိုေအးခ်မ္းလိုက္တာ။ကုတင္ေပၚမွာ လဲေလ်ာင္းေနတဲ့ကြ်န္ေတာ့္ရုပ္ခႏၶာကို တစ္ခ်က္စိုက္ၾကည့္လိုက္ၿပီးအခန္းအျပင္ဘက္ကို ထြက္လိုက္ေတာ့…

ဟင္…ခုံတန္းေလးေပၚမွာထိုင္ေနတဲ့ ကြ်န္ေတာ့္ဇနီးနဲ႔ကြ်န္ေတာ့္သားေလး…စိုးရိမ္ပူပန္မႈေတြ ေသာကေတြ အျပည့္နဲ႔ပါလား…မ်က္ရည္ေတြစီးက်ေနတဲ့ ဇနီးသည္နဲ႔ သားေလးဆီကိုသြားမလို႔ ေျခလွမ္းလိုက္ခ်ိန္မွာအလြန္ႀကီးမားတဲ့ အင္အားတစ္ခုက ဆြဲယူလိုက္သလို

ကြ်န္ေတာ့္ခႏၶာကိုယ္ဟာ…ျပတင္းေပါက္ကေန တဆင့္ လမ္းမႀကီး တစ္ခုေပၚကိုေရာက္သြားပါတယ္။ေျဖာင့္တန္းေနတဲ့ လမ္းမႀကီးေပၚမွာ
ကြ်န္ေတာ့္ေရွ႕က သြားေနၾကတဲ့ လူတစ္အုပ္။ကေလး လူႀကီး အရြယ္စုံ လူမ်ဳိးစုံသူတို႔အားလုံးဟာတစ္ေနရာကို ေရွ႕ရႈၿပီး ခပ္သုတ္သုတ္သြားေနၾကတဲ့အတြက္ေနာက္ကေန အမီလိုက္ၿပီးသူတို႔နဲ႔အတူ ကြ်န္ေတာ္ပါ လိုက္သြားခဲ့ပါတယ္။

တေအာင့္ေလာက္အၾကာမွာ…ေျပးၾကေဟ့…ေျပးၾက ဆိုတဲ့ေၾကာက္လန္႔တၾကား ေအာ္ဟစ္လိုက္တဲ့ အသံနဲ႔ အတူဝရုန္းသုန္းကား ေျပးၾက လႊားၾကတာနဲ႔ကြ်န္ေတာ္ပါ ေရာၿပီး ေျပးမိပါတယ္။

ဘာျဖစ္လို႔ပါလိမ့္လို႔ေနာက္ကို ရုတ္တရက္ လွည့္ၾကည့္လိုက္တဲ့အခါ…ဘုရားေရွ႕က ျခေသၤ့ႀကီးေတြနီးပါးရွိတဲ့ ေခြးနက္ႀကီးေတြ ဟာ
ေနာက္ကလိုက္လာရင္းမီွရာလူကို အစြယ္ေဖြးေဖြးႀကီးေတြနဲ႔ ကိုက္ခဲဝါးၿမိဳေနၾကၿပီး

ကိုက္ခဲခံရတဲ့သူေတြဟာ…ေသြးသံရဲရဲ အပိုင္းပိုင္းအျပတ္ျပတ္ျဖစ္သြားတဲ့ျမင္ကြင္းကိုေသြးပ်က္ဖြယ္ရာ ျမင္ေတြ႔လိုက္ရပါတယ္။ေအာင္မေလး…ဘုရား…ဘုရား…ကြ်န္ေတာ္လည္း ေရွ႕ကေျပးေနတဲ့လူေတြလိုအသက္လုေျပးရင္းလဲက်က်န္ခဲ့သူေတြရဲ႕ငယ္သံပါေအာင္ ေအာ္ဟစ္သံေတြ ၾကားေနရေပမယ့္လွည့္မၾကည့္အားပဲ ဆက္ေျပးေနရာက

ေရွ႕ကလူေတြဟာ…ေခြးႀကီးေတြလက္က လြတ္ေအာင္အေငြ႔တေထာင္းေထာင္းထၿပီးဆူပြက္ေနတဲ့ ေရကန္ႀကီးတစ္ကန္ထဲကို တဝုန္းဝုန္းနဲ႔
ခုန္ခ်ေနၾကပါတယ္။ကြ်န္ေတာ္လည္း သူတို႔နဲ႔အတူ ေရကန္ႀကီးထဲကိုဝုန္းကနဲ ခုန္ခ်လိုက္တဲ့အခါ…ေရနဲ႔မထိခင္ကြ်န္ေတာ့္ကိုယ္ကို ပိန္းေကာမေလာက္ႀကီးတဲ့ဖိနပ္ႀကီးတစ္ဖက္ရုတ္တရက္ေပၚလာၿပီး ထိုးခံလိုက္တာေၾကာင့္ဖိနပ္ႀကီးေပၚကို အလ်ားေမွာက္ က်သြားပါတယ္။

ေရထဲခုန္ခ်သြားသူေတြဟာ…ကယ္ပါ ယူပါ တစာစာေအာ္ဟစ္ရင္းကမ္းေပၚကို အလုအယက္ ျပန္တက္ေျပးတဲ့အခါမွာ

ဘယ္ကေရာက္လာမွန္းမသိတဲ့ဧရာမလူႀကီးေတြဟာ…လွံစြပ္ေတြနဲ႔ တစြပ္စြပ္ ျပန္ထိုးခ်ေနတဲ့အတြက္တစ္ခ်ဳိ႕လည္း ေနာက္ျပန္ျပဳတ္က်ရင္း
ေရထဲကိုစုန္းစုန္းျမဳပ္ကုန္ၾကပါတယ္။ေၾကာက္လန္႔တၾကားကူးေနတဲ့ လူေတြဟာလည္းအသားေတြ အလႊားလိုက္ ကြာက်မ်က္လုံးေတြ တေဖာင္းေဖာင္း ေပါက္ထြက္ကုန္ရင္းနစ္ျမဳပ္ကုန္ၾကပါတယ္။

ကြ်န္ေတာ္ဟာ ေၾကာက္လြန္းလို႔အသားေတြ တဆတ္ဆတ္တုန္ေနသလိုပြက္ပြက္ဆူေနတဲ့ ေရထဲ ျပဳတ္မက်ေအာင္ဖိနပ္သဲႀကိဳးႀကီးကို က်စ္က်စ္ပါေအာင္ ဖက္တြယ္ထားတဲ့အခ်ိန္မွာဖိနပ္ႀကီးဟာ ေရထဲကို တအိအိနဲ႔ နစ္လာပါတယ္။ကြ်န္ေတာ္ ေသရေတာ့မွာလားဆိုတဲ့ အသိတစ္ခ်က္ဝင္လာတဲ့အခ်ိန္မွာဘုရားကို ရုတ္တရက္ သတိရလာၿပီး

ဘုရား…ဘုရား…ကယ္ေတာ္မူပါ။တပည့္ေတာ္…လူမွန္းသိစကတည္းက အရက္ေသစာလုံးဝ မေသာက္ခဲ့ပါဘုရား။တပည့္ေတာ္ကို ကယ္ေတာ္မူပါဘုရားလို႔ေၾကာက္လြန္းလို႔ အသံေတြတုန္ၿပီးႏႈတ္ကေန တတြတ္တြတ္ ရြတ္ဆိုေနမိပါေတာ့တယ္။

ဖိနပ္ႀကီး တအိအိနစ္ျမဳပ္ၿပီးကြ်န္ေတာ့္ကိုယ္နဲ႔ ေရနဲ႔မထိခင္ေလးမွာတစ္စုံတစ္ေယာက္ကကြ်န္ေတာ့္ကို ရုတ္တရက္ဆြဲယူလိုက္ၿပီးျပန္သြားလို႔ ေျပာၿပီးတြန္းလႊတ္လိုက္တာေၾကာင့္ကုတင္ေပၚမွာရွိတဲ့ ကြ်န္ေတာ့္ခႏၶာကိုယ္ေပၚကိုေမွာက္လ်က္သား က်သြားခဲ့ပါေတာ့တယ္။

ကြ်န္ေတာ္သံေခ်ာင္း ကံေကာင္းလို႔ မေသခဲ့ပါ။ေသရြာျပန္ ကြ်န္ေတာ့္အျဖစ္ကိုတစ္ရြာလုံးသာမကကြ်န္ေတာ္ကိုယ္တိုင္လည္း အ့ံၾသေနမိပါတယ္။ပိန္းေကာမဖိနပ္ႀကီး…ကြ်န္ေတာ့္ကို ကယ္တင္လိုက္တဲ့ ပိန္းေကာမဖိနပ္ႀကီး။

အင္း…ဒီဖိနပ္ႀကီး ကြ်န္ေတာ့္ကို ဘာျဖစ္လို႔ ကယ္လိုက္ပါလိမ့္လို႔အခါခါ ျပန္စဥ္းစားရင္းအျဖစ္အပ်က္တစ္ခုကို ကြ်န္ေတာ့္မ်က္လုံးထဲမွာျပန္လည္ျမင္ေယာင္လာပါေတာ့တယ္။အဲဒီေန႔က…ရန္ကုန္တစ္ဖက္ကမ္းကေန အျပန္သေဘၤာဆိပ္မွာကြ်န္ေတာ့္ေရွ႕က သြားေနတဲ့ ရဟန္းအိုႀကီးတစ္ပါး။

သူစီးထားတဲ့ဖိနပ္ ရုတ္တရက္ ျပတ္သြားတာျမင္လို႔အျမင္မေတာ္တာနဲ႔သြပ္နန္းႀကိဳးေလးရွာၿပီး ဆက္ေပးလိုက္ပါတယ္။ေထာ့နဲ႔ေထာ့နဲ႔ သြားနတာကို စိတ္မေကာင္းျဖစ္မိလို႔ရပ္ေတာ္မူပါဦးဘုရားလို႔ ေလွ်ာက္ထားၿပီးရဟန္းအိုႀကီးအတြက္ကတၱီပါ ဖိနပ္တစ္ရံ အေျပးအလႊား သြားဝယ္ၿပီး
လွဴဒါန္းလိုက္ပါတယ္။

ကြ်န္ေတာ့္မွာ လမ္းစရိတ္သာ က်န္ေတာ့ေပမယ့္ကြ်န္ေတာ္လွဴလိုက္တဲ့ဖိနပ္ကို စီးၿပီးတင့္တယ္စြာ ႂကြလွမ္းသြားတဲ့ ရဟန္းႀကီးကို ၾကည့္ၿပီး
ကြ်န္ေတာ္ ပီတိျဖစ္လိုက္တာေလ…အခုေတာ့…ကြ်န္ေတာ္ဟာကြ်န္ေတာ္ႀကံဳေတြ႔ခဲ႔ရတဲ့ အျဖစ္ကို သိပ္ေၾကာက္လြန္းလို႔ခုဆို ငါးပါးသီလကို လုံၿခံဳေအာင္ ထိန္းႏိုင္ခဲ့ပါၿပီ။

ကြ်န္ေတာ့္သားေလး အရြယ္ေရာက္လာတဲ့အခ်ိန္မွာရဟန္းေဘာင္ကိုအၿပီးတိုင္ တက္ဖို႔ကိုလည္း ဆံုးျဖတ္ႏိုင္ခဲ့ပါၿပီ။မထင္မွတ္ပဲ ျပဳခဲ႔ရတဲ့ ကြ်န္ေတာ့္ရဲ႕ ေကာင္းမႈကုသိုလ္ကိုအမ်ွ အမ်ွ အမ်ွ ေပးေဝပါတယ္။ကြ်န္ေတာ္နဲ႔ ထပ္တူထပ္မ်ွ ကုသိုလ္ ရၾကပါေစ…သာဓု ေခၚဆိုေပးၾကပါ ခင္းဗ်ား။Credit:Original uploader.

Unicode

ကျွန်တော့်နားမှာပေါ့…ဆရာဝန်တွေ ပျာယာခတ်နေကြပါတယ်။ကျွန်တော့်ခန္ဓာကိုယ်ကိုလည်းစက်ကိရိယာ အမျိုးမျိုးနဲ့ ဖိကြ နှိပ်ကြပေမဲ့လုံးဝ နာကျဉ်ခြင်း မရှိပါဘူး။ပကတိ လွတ်လပ်ပေါ့ပါးခြင်း အရသာလိုအေးချမ်းလိုက်တာ။ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ကျွန်တော့်ရုပ်ခန္ဓာကို တစ်ချက်စိုက်ကြည့်လိုက်ပြီးအခန်းအပြင်ဘက်ကို ထွက်လိုက်တော့…

ဟင်…ခုံတန်းလေးပေါ်မှာထိုင်နေတဲ့ ကျွန်တော့်ဇနီးနဲ့ကျွန်တော့်သားလေး…စိုးရိမ်ပူပန်မှုတွေ သောကတွေ အပြည့်နဲ့ပါလား…မျက်ရည်တွေစီးကျနေတဲ့ ဇနီးသည်နဲ့ သားလေးဆီကိုသွားမလို့ ခြေလှမ်းလိုက်ချိန်မှာအလွန်ကြီးမားတဲ့ အင်အားတစ်ခုက ဆွဲယူလိုက်သလို

ကျွန်တော့်ခန္ဓာကိုယ်ဟာ…ပြတင်းပေါက်ကနေ တဆင့် လမ်းမကြီး တစ်ခုပေါ်ကိုရောက်သွားပါတယ်။ဖြောင့်တန်းနေတဲ့ လမ်းမကြီးပေါ်မှာ
ကျွန်တော့်ရှေ့က သွားနေကြတဲ့ လူတစ်အုပ်။ကလေး လူကြီး အရွယ်စုံ လူမျိုးစုံသူတို့အားလုံးဟာတစ်နေရာကို ရှေ့ရှုပြီး ခပ်သုတ်သုတ်သွားနေကြတဲ့အတွက်နောက်ကနေ အမီလိုက်ပြီးသူတို့နဲ့အတူ ကျွန်တော်ပါ လိုက်သွားခဲ့ပါတယ်။

တအောင့်လောက်အကြာမှာ…ပြေးကြဟေ့…ပြေးကြ ဆိုတဲ့ကြောက်လန့်တကြား အော်ဟစ်လိုက်တဲ့ အသံနဲ့ အတူဝရုန်းသုန်းကား ပြေးကြ လွှားကြတာနဲ့ကျွန်တော်ပါ ရောပြီး ပြေးမိပါတယ်။

ဘာဖြစ်လို့ပါလိမ့်လို့နောက်ကို ရုတ်တရက် လှည့်ကြည့်လိုက်တဲ့အခါ…ဘုရားရှေ့က ခြင်္သေ့ကြီးတွေနီးပါးရှိတဲ့ ခွေးနက်ကြီးတွေ ဟာ
နောက်ကလိုက်လာရင်းမှီရာလူကို အစွယ်ဖွေးဖွေးကြီးတွေနဲ့ ကိုက်ခဲဝါးမြိုနေကြပြီး

ကိုက်ခဲခံရတဲ့သူတွေဟာ…သွေးသံရဲရဲ အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်သွားတဲ့မြင်ကွင်းကိုသွေးပျက်ဖွယ်ရာ မြင်တွေ့လိုက်ရပါတယ်။အောင်မလေး…ဘုရား…ဘုရား…ကျွန်တော်လည်း ရှေ့ကပြေးနေတဲ့လူတွေလိုအသက်လုပြေးရင်းလဲကျကျန်ခဲ့သူတွေရဲ့ငယ်သံပါအောင် အော်ဟစ်သံတွေ ကြားနေရပေမယ့်လှည့်မကြည့်အားပဲ ဆက်ပြေးနေရာက

ရှေ့ကလူတွေဟာ…ခွေးကြီးတွေလက်က လွတ်အောင်အငွေ့တထောင်းထောင်းထပြီးဆူပွက်နေတဲ့ ရေကန်ကြီးတစ်ကန်ထဲကို တဝုန်းဝုန်းနဲ့
ခုန်ချနေကြပါတယ်။ကျွန်တော်လည်း သူတို့နဲ့အတူ ရေကန်ကြီးထဲကိုဝုန်းကနဲ ခုန်ချလိုက်တဲ့အခါ…ရေနဲ့မထိခင်ကျွန်တော့်ကိုယ်ကို ပိန်းကောမလောက်ကြီးတဲ့ဖိနပ်ကြီးတစ်ဖက်ရုတ်တရက်ပေါ်လာပြီး ထိုးခံလိုက်တာကြောင့်ဖိနပ်ကြီးပေါ်ကို အလျားမှောက် ကျသွားပါတယ်။

ရေထဲခုန်ချသွားသူတွေဟာ…ကယ်ပါ ယူပါ တစာစာအော်ဟစ်ရင်းကမ်းပေါ်ကို အလုအယက် ပြန်တက်ပြေးတဲ့အခါမှာ

ဘယ်ကရောက်လာမှန်းမသိတဲ့ဧရာမလူကြီးတွေဟာ…လှံစွပ်တွေနဲ့ တစွပ်စွပ် ပြန်ထိုးချနေတဲ့အတွက်တစ်ချို့လည်း နောက်ပြန်ပြုတ်ကျရင်း
ရေထဲကိုစုန်းစုန်းမြုပ်ကုန်ကြပါတယ်။ကြောက်လန့်တကြားကူးနေတဲ့ လူတွေဟာလည်းအသားတွေ အလွှားလိုက် ကွာကျမျက်လုံးတွေ တဖောင်းဖောင်း ပေါက်ထွက်ကုန်ရင်းနစ်မြုပ်ကုန်ကြပါတယ်။

ကျွန်တော်ဟာ ကြောက်လွန်းလို့အသားတွေ တဆတ်ဆတ်တုန်နေသလိုပွက်ပွက်ဆူနေတဲ့ ရေထဲ ပြုတ်မကျအောင်ဖိနပ်သဲကြိုးကြီးကို ကျစ်ကျစ်ပါအောင် ဖက်တွယ်ထားတဲ့အချိန်မှာဖိနပ်ကြီးဟာ ရေထဲကို တအိအိနဲ့ နစ်လာပါတယ်။ကျွန်တော် သေရတော့မှာလားဆိုတဲ့ အသိတစ်ချက်ဝင်လာတဲ့အချိန်မှာဘုရားကို ရုတ်တရက် သတိရလာပြီး

ဘုရား…ဘုရား…ကယ်တော်မူပါ။တပည့်တော်…လူမှန်းသိစကတည်းက အရက်သေစာလုံးဝ မသောက်ခဲ့ပါဘုရား။တပည့်တော်ကို ကယ်တော်မူပါဘုရားလို့ကြောက်လွန်းလို့ အသံတွေတုန်ပြီးနှုတ်ကနေ တတွတ်တွတ် ရွတ်ဆိုနေမိပါတော့တယ်။

ဖိနပ်ကြီး တအိအိနစ်မြုပ်ပြီးကျွန်တော့်ကိုယ်နဲ့ ရေနဲ့မထိခင်လေးမှာတစ်စုံတစ်ယောက်ကကျွန်တော့်ကို ရုတ်တရက်ဆွဲယူလိုက်ပြီးပြန်သွားလို့ ပြောပြီးတွန်းလွှတ်လိုက်တာကြောင့်ကုတင်ပေါ်မှာရှိတဲ့ ကျွန်တော့်ခန္ဓာကိုယ်ပေါ်ကိုမှောက်လျက်သား ကျသွားခဲ့ပါတော့တယ်။

ကျွန်တော်သံချောင်း ကံကောင်းလို့ မသေခဲ့ပါ။သေရွာပြန် ကျွန်တော့်အဖြစ်ကိုတစ်ရွာလုံးသာမကကျွန်တော်ကိုယ်တိုင်လည်း အံ့သြနေမိပါတယ်။ပိန်းကောမဖိနပ်ကြီး…ကျွန်တော့်ကို ကယ်တင်လိုက်တဲ့ ပိန်းကောမဖိနပ်ကြီး။

အင်း…ဒီဖိနပ်ကြီး ကျွန်တော့်ကို ဘာဖြစ်လို့ ကယ်လိုက်ပါလိမ့်လို့အခါခါ ပြန်စဉ်းစားရင်းအဖြစ်အပျက်တစ်ခုကို ကျွန်တော့်မျက်လုံးထဲမှာပြန်လည်မြင်ယောင်လာပါတော့တယ်။အဲဒီနေ့က…ရန်ကုန်တစ်ဖက်ကမ်းကနေ အပြန်သင်္ဘောဆိပ်မှာကျွန်တော့်ရှေ့က သွားနေတဲ့ ရဟန်းအိုကြီးတစ်ပါး။

သူစီးထားတဲ့ဖိနပ် ရုတ်တရက် ပြတ်သွားတာမြင်လို့အမြင်မတော်တာနဲ့သွပ်နန်းကြိုးလေးရှာပြီး ဆက်ပေးလိုက်ပါတယ်။ထော့နဲ့ထော့နဲ့ သွားနတာကို စိတ်မကောင်းဖြစ်မိလို့ရပ်တော်မူပါဦးဘုရားလို့ လျှောက်ထားပြီးရဟန်းအိုကြီးအတွက်ကတ္တီပါ ဖိနပ်တစ်ရံ အပြေးအလွှား သွားဝယ်ပြီး
လှူဒါန်းလိုက်ပါတယ်။

ကျွန်တော့်မှာ လမ်းစရိတ်သာ ကျန်တော့ပေမယ့်ကျွန်တော်လှူလိုက်တဲ့ဖိနပ်ကို စီးပြီးတင့်တယ်စွာ ကြွလှမ်းသွားတဲ့ ရဟန်းကြီးကို ကြည့်ပြီး
ကျွန်တော် ပီတိဖြစ်လိုက်တာလေ…အခုတော့…ကျွန်တော်ဟာကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ကို သိပ်ကြောက်လွန်းလို့ခုဆို ငါးပါးသီလကို လုံခြုံအောင် ထိန်းနိုင်ခဲ့ပါပြီ။

ကျွန်တော့်သားလေး အရွယ်ရောက်လာတဲ့အချိန်မှာရဟန်းဘောင်ကိုအပြီးတိုင် တက်ဖို့ကိုလည်း ဆုံးဖြတ်နိုင်ခဲ့ပါပြီ။မထင်မှတ်ပဲ ပြုခဲ့ရတဲ့ ကျွန်တော့်ရဲ့ ကောင်းမှုကုသိုလ်ကိုအမျှ အမျှ အမျှ ပေးဝေပါတယ်။ကျွန်တော်နဲ့ ထပ်တူထပ်မျှ ကုသိုလ် ရကြပါစေ…သာဓု ခေါ်ဆိုပေးကြပါ ခင်းဗျား။Credit:Original uploader.

No comments:

Post a Comment