Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, January 2, 2019
သူဌေးယောက်ကျားယူလိုက်ရင် နင့်ဘဝပြီးပြီဆိုတဲ့မှားယွင်းတဲ့ အတွေးမျိုးတွေ
ရဲရဲကြီး ဝန်ခံပါရစေ
ဒါတွေကြည့်……….ပြီး
အားကျတယ် အားကျတယ်
ပိုလို့တောင်…….အလုပ်ကောင်းကောင်းမလုပ်ချင်ကြတော့ဘူး!
ရှိလေ ကောင်းလေ !
အမလေးးးးးးးးးးး !
ဒါပေမဲ့
မိဘကိုဂရုစိုက်ပါ။
ဒုက္ခ ဒုက္ခ
ရရ(ဆေးမန်း)
myominhtet [လှတောသား]
# Unicode Version ဖြင့် ဖတ်ပါ #
“သူဌေးယောက်ကျားယူလိုက်ရင်
နင့်ဘဝပြီးပြီ…….တဲ့”
ရဲရဲကြီး ဝန်ခံပါရစေ
ဒီလိုမှားယွင်းတဲ့ အတွေးမျိုးကို ” မိဘတွေ,ဆွေမျိုးတွေ,အသိုင်းအဝိုင်းတွေ,ပတ်ဝန်းကျင်တွေက တစ်နည်းမဟုတ်တစ်နည်းခေါင်းထဲရိုက်သွင်းပေးနေတယ်” ဆိုတာကိုလေ~”
ဟုတ်ဘူးလား?ဝန်ခံလိုက်စမ်းပါ စစ်တို့…..
မေမေတွေရဲ့စကားဝိုင်း “ဟိုအိမ်ကသမီးလေ ယောက်ကျားရကံကောင်းသွားလို့လေ,သူ့သမီးနောင်ရေး ဘာမှပူစရာမလိုတော့ဘူး ,တကယ့်ဘောစိနဲ့ရတာလေ”~~
ဆွေမျိုးတွေကမေးတယ်မေးတယ် “ဟဲ့ ! နင်တွဲနေတာ ဘယ်အိမ်ကသားလဲ”တဲ့ ~~
ဘေးအိမ်က အဖွားကြီးက အိမ့်ရှေ့ထွက်ထွက်ကြည့်တယ် “ဒီကောင်မလေး ဘဲ က ဒီကောင်မလေးကို ဘာကားနဲ့လာကြိုတာလဲ”တဲ့~
အခုဆို Facebook မှာshareလိုက်ကြတဲ့ wedding goal , အပြင်အဆင်ပန်းဖိုးကိုက သိန်းနှစ်ရာလောက်သုံးထားတာ ~
Wedding photo က Europe မှာရိုက်လာတာလေ~
ဒါက Engagement ပဲရှိသေးတာ စိန်တွေစီတဲ့ညလေ ~
ပြီးရင် wedding အစစ်လာမှာလေ အဲ့ကျရင် ……… blur blur blur
ဒါတွေကြည့်……….ပြီး
အားကျတယ် အားကျတယ်
စစ်တို့ရေ စွန်းအားကျတယ် ………….
မိန်းမတွေဟာလေ နဂိုကမှအပျင်းထူရတဲ့ကြားထဲ ~
ပတ်ဝန်းကျင်ကဒီလို အတွေးတွေလာပေးတော့ ~
ပိုလို့တောင်…….အလုပ်ကောင်းကောင်းမလုပ်ချင်ကြတော့ဘူူူူး!
ပြီးတော့ ပြောသေး ” လင်ကောင်းသားကောင်း” တဲ့ !
“လင်ကောင်းသားကောင်းဆိုတာ” စာရိတ္တကောင်း , စရိုက်ကောင်းတာကိုပြောတာဟဲ့ !
အခုခေတ်က ပိုက်ဆံရှိရင် “လင်ကောင်းသားကောင်း”
ရှိလေ ကောင်းလေ !
ပိုက်ဆံမရှိရင် “ဟိုအုပ်ကြားမြက်ပေါက်တဲ့”!
ထားပါလေ ! ဘယ်ယောက်ကျားမျိုးရွေး
သင့်လည်းဆိုတာ အဓိကပြောချင်တာမဟုတ်ဘူး ( ကိုယ်လည်းရွေးစရာမရှိတော့ စဆရက မလုပ်ရဲဘူး ဟိ )
ပြောချင်တာက ! ဒီလိုအတွေးမျိုးတွေကိုပတ်ဝန်းကျင်ကမသိမသာဖိအားပေးနေတဲ့အခါ …..
မိန်းကလေးတွေအနေနဲ့
ကိုယ့်ဘဝကို ကိုယ်နေချင်တဲ့ပုံစံရောက်အောင်တည်စောက်မယ် ,ကြိုးစားမယ်, ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဖြေရှင်းမယ် , ကျော်လွှားမယ် , ဘဝကိုရည်မှန်းချက်နဲ့အိပ်မက်နဲ့ရှေ့ဆက်နေပြီးတော့ကြိုးစားမယ့်အစား~
အာရုံက ဘောစိတစ်ယောက်လောက်နဲ့တွေ့ဖို့လောက်ပဲတမ်းတနေတော့တယ်~
ရိုင်းရိုင်းပြောရရင် အချောင်နိုက်ချင်လာတာလေ !
ဒီလိုအတွေးအခေါ်တွေဟာ မှန်ကန်တဲ့အတွေးအခေါ်မဟုတ်ဘူး~
ကျွန်မတို့ကသာမဆင်မခြင် ဆက်ပြီးတော့ကျွန်မတို့ သားသမီးတွေကို ဒီလိုအတွေးမျိုး မသိမသာ ခေါင်းထဲရိုက်သွင်းနေအုံးမယ်ဆိုရင် ……တိုင်းပြည်မှာ ငပိန်းမတွေပေါများလာတော့မှာ !
ဒီစာကိုဘာလို့ရေးဖြစ်သွားလည်းဆိုတော့ ဟိုတစ်နေ့ကသူငယ်ချင်းတစ်ယောက်က ကျွန်မကိုပြောတယ် ” Yaya ရယ် , နင်မှားနေပြီ ! နင့်ကဆရာဝန်, ပြီးတော့ နင့်ရုပ်လေးနဲ့ဆိုရင် ဘောစိတစ်ယောက်ကောက်ယူလိုက် နင့်ဘဝပြီးပြီးတဲ့ ”
အမလေးးးးးးးးးးး !
ကြည့်အုံးကြည့်အုံး သူပြောပုံက ငါဘဝ ငါရုန်းကန်ကြိုးစားပြီးပုံဖော်နေတာကအမှား !
ငါ့မှာရှိတဲ့ resourse ( ရုပ်ရည်+ဆရာဝန်ဘွဲ့) ကိုငါ့က အကျိုး ရှိရှိမသုံးတတ်တာ!
သူပြောပုံဆိုရင်
ဘာအလုပ်မှမလုပ်နဲ့
အလှပြင် !
ဘောစိ တွေရှိတဲ့ high end နေရကိုသွား!
ငါးထိုင် မျှား !
ဘာပြန်ပြောရမှန်းတောင် မသိတော့ပါဘူး
အခုခေတ် မိန်းကလေးတွေ
ဒီလို အဆိပ်ငွေ့တွေနေ့တိုင်းရှုနေရပါလားလို့
အဲ့ဒါကြောင့်ဒီစာလေးကို ရေးလိုက်တာ !
သူဌေး မယူရဘူးလို့မဆိုလိုဘူး
ယူပါရှင်~~
ဒါပေမဲ့
ယောက်ကျားရတာနဲ့ နင့်ရဲ့ဘဝကပြီးမသွားဘူးဆိုတာ မှတ်ထားပါ !
ယောက်ကျားရဲ့ ပိုက်ဆံသည် နင့်ပိုက်ဆံမဟုတ်~ နင်ကိုပေးသုံးနေတာသည် မုန့်ဖိုးသာဖြစ်သည်!
နင့်မိဘကိုနင်ပြန်ကြည့်ချင်တိုင်း နင့်ယောက်ကျားရဲ့မျက်နာကို နင်အရင်ကြည့်ရလိမ့်မယ်!
အစကတည်းက မတူညီတဲ့ Level တစ်ခုကနေ ခေါင်းမော့ပြီး ကြောက်နေရတဲ့ဒီယောက်ကျား , နောင်အခါအိမ်ထောင်ရေးဖောက်ပြန်ရင် ???
“ငါကျွေးထားလို့ မင်းဒီလိုနေရတာ” ဆိုတဲ့စကားရဲ့နောက်ကွယ်က ဘယ်လောက်အေးစက်လည်းဆိုတာသင်သိလား?
အလုပ်ကောင်းကောင်းလုပ်ပါ
ပညာကိုရရင်ရသလောက်ယူပါ
ရှေ့ဆက်သွားပါ
မျက်လုံးကို ဖွင့်ပြီးကမ္ဘာကိုကြည့်ကြည့်ပါ
Facebook မှာ Relationship Goal ထက်
မင်းအလုပ်အတွက် ideaတွေ , motivation တွေပေးနိင်တာတွေအများကြီးရှိပါတယ် !
မိမိကိုယ်ကို Confident , independent and Smart ဖြစ်နေအောင် အချိန်ပေး တည်ဆောက်ပါ
မိဘကိုဂရုစိုက်ပါ
လုပ်စရာရှိတာ မလုပ်ပဲ
ဘောစိ ကိုထိုင်စောင့်မနေပါနဲ့
အားကျစရာရှားလို့
ဘောစိနဲ့ညားတာမျိုးကိုမှသွားအားကြရတယ်လို့ကွာ !
ကြာလာတော့ မင်းရဲ့ Goal in Life ကစောင်တလွဲတွေဖြစ်ကုန်ရော
ပြီးတော့ပြောလိုက်မယ်
ဘောစိထဲမှာလည်း အင် တွေအများကြီးပါ
ပါးစပ်ထဲရောက်ခါမှ
မြိုရင်လဲမကျ ,ထွေးထုတ်ဖို့လည်းရှက်နဲ့
ဒုက္ခ ဒုက္ခ
ရရ(ဆေးမန်း)
myominhtet [လှတောသား]
No comments:
Post a Comment