CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, January 11, 2019
႐ုရွားႏိုင္ငံမွာ ေ႐ႊစည္းခုံပုံတူေစတီေတာ္အား ပထမဆုံး ေထရဝါဒ ဗုဒၶေစတီေတာ္အျဖစ္ တည္ထားကိုးကြယ္မည္
ေအာက္တိုဘာ (၂၆)ရက္ေန႔တြင္ ပထမဆုံးေထရဝါဒ ေစတီေတာ္တစ္ဆူအား ႐ုရွားႏိုင္ငံမွာ တည္ထားကိုးကြယ္ႏိုင္ရန္ စီစဥ္ေနၿပီး ဒီေစတီေတာ္ တည္ထားႏိုင္ေရးအတြက္ သီတဂူဆရာေတာ္ႀကီးမွ ဦးေဆာင္ကာ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္းကို ဂ်ာမနီႏိုင္ငံနဲ႔ ဥပေရာပတိုက္တို႔မွာ သာသနာျပန႔္ပြားေရးအတြက္ သာသနာျပဳေနတဲ့ ဆရာေတာ္ အရွင္ကုသလသာမိက ေအာက္တိုဘာ (၂၆)ရက္ေန႔က မိန႔္ၾကားခဲ့ပါတယ္။
အဆိုပါေစတီေတာ္ကို ႐ုရွားႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕၊ ကာလုဂါျပည္နယ္ရွိ ကမာၻ႔ယဥ္ေက်းမႈၿမိဳ႕ေတာ္တြင္ တည္ထားကိုးကြယ္မည္ ျဖစ္ၿပီး ေအာက္တိုဘာလ (၂၃)ရက္ေန႔တြင္ ေျမသန႔္မဂၤလာ ကမၼဝါ႐ြတ္ဖတ္ပူေဇာ္ျခင္း အခမ္းအနား၊ ေအာက္တိုဘာလ (၂၄)ရက္ေန႔တြင္ ေ႐ႊပႏၷက္ေတာ္တင္၊ ရတနာအုတ္ျမစ္စီ အခမ္းအနားတို႔ကို ျပဳလုပ္ခဲ့ကာ အဆိုပါ အခမ္းအနားမ်ားသို႔ သီတဂူဆရာေတာ္ႀကီးႏွင့္အတူ အင္းစိန္႐ြာမ ဆရာေတာ္ႀကီး၊
သိမ္ေတာ္ႀကီး ဆရာေတာ္၊ ဓမၼဒူတ ဆရာေတာ္ ေဒါက္တာအရွင္ပညိႆရာဘိဝံသ၊ ဓမၼဒူတဆရာေတာ္ ေဒါက္တာအရွင္ေဆကိႏၵ၊ ေ႐ႊစင္တိပိဋကဆရာေတာ္ အရွင္ဂႏၶ မာလာလကၤာရ၊ သီတဂူ ကမာၻ႔ဗုဒၶ တကၠသိုလ္မွ စာခ်ကထိက ဆရာေတာ္မ်ား၊ အေမရိကန္၊ ႐ုရွား၊ ဂ်ာမနီ၊ အဂၤလန္၊ ကိုးရီးယားမွ တပည့္ေက်ာင္းထိုင္ဆရာေတာ္မ်ား မ်ားစြာတက္ေရာက္ခဲ့ေၾကာင္း သိရပါတယ္။
“ ႐ုရွားမွာေတာ့ ပထမဆုံးျဖစ္ေလာက္တယ္။ ဉာဏ္ေတာ္က ေပ (၅၀)ေက်ာ္တယ္။ (၅၄)ေပ ျမင့္တဲ့ ေစတီေတာ္လည္း ျဖစ္မယ္။ ဘုန္းဘုန္းတို႔ ဟိုဘက္ ဥေရာပမွာဆိုရင္ ေစတီတည္တာေတြ ခြင့္မျပဳဘူး။
သို႔ေသာ္လည္း ဒီ႐ုရွားမွာေတာ့ ႏွစ္ႏိုင္ငံ အဆင္ေျပေနတာလည္း ျဖစ္တယ္။ ဗုဒၶဘာသာနဲ႔လည္း မစိမ္းဘူးလို႔ ေျပာလို႔ရတယ္ ” ဟု ေစတီေတာ္ တည္ထားကိုးကြယ္ေရးႏွင့္ ပတ္သက္သည့္ ပြဲသို႔တက္ေရာက္ခဲ့ေသာ ဆရာေတာ္ အရွင္ကုသလသာမိက မိန႔္ၾကားခဲ့ပါတယ္။
ေ႐ႊစည္းခုံပုံတူေစတီေတာ္ တည္ေဆာက္ေရးလုပ္ငန္းမ်ားမွာ မၾကာမီ စတင္ေတာ့မွာျဖစ္ၿပီး (၁)ႏွစ္တာ ကာလအတြင္း ေစတီေတာ္ႀကီးကို အၿပီးသတ္ တည္ေဆာက္သြားရန္အတြက္ ရည္မွန္း ထားျခင္းျဖစ္ေၾကာင္းကိုလည္း သိရပါတယ္။
Htet Aung Phyo
Unicode
အောက်တိုဘာ (၂၆)ရက်နေ့တွင် ပထမဆုံးထေရဝါဒ စေတီတော်တစ်ဆူအား ရုရှားနိုင်ငံမှာ တည်ထားကိုးကွယ်နိုင်ရန် စီစဉ်နေပြီး ဒီစေတီတော် တည်ထားနိုင်ရေးအတွက် သီတဂူဆရာတော်ကြီးမှ ဦးဆောင်ကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းကို ဂျာမနီနိုင်ငံနဲ့ ဥပရောပတိုက်တို့မှာ သာသနာပြန့်ပွားရေးအတွက် သာသနာပြုနေတဲ့ ဆရာတော် အရှင်ကုသလသာမိက အောက်တိုဘာ (၂၆)ရက်နေ့က မိန့်ကြားခဲ့ပါတယ်။
အဆိုပါစေတီတော်ကို ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ကာလုဂါပြည်နယ်ရှိ ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်တွင် တည်ထားကိုးကွယ်မည် ဖြစ်ပြီး အောက်တိုဘာလ (၂၃)ရက်နေ့တွင် မြေသန့်မင်္ဂလာ ကမ္မဝါ
ရွတ်ဖတ်ပူဇော်ခြင်း အခမ်းအနား၊ အောက်တိုဘာလ (၂၄)ရက်နေ့တွင် ရွှေပန္နက်တော်တင်၊ ရတနာအုတ်မြစ်စီ အခမ်းအနားတို့ကို ပြုလုပ်ခဲ့ကာ အဆိုပါ အခမ်းအနားများသို့ သီတဂူဆရာတော်ကြီးနှင့်အတူ အင်းစိန်ရွာမ ဆရာတော်ကြီး၊
သိမ်တော်ကြီး ဆရာတော်၊ ဓမ္မဒူတ ဆရာတော် ဒေါက်တာအရှင်ပညိဿရာဘိဝံသ၊ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၊ ရွှေစင်တိပိဋကဆရာတော် အရှင်ဂန္ဓ မာလာလင်္ကာရ၊
သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်မှ စာချကထိက ဆရာတော်များ၊ အမေရိကန်၊ ရုရှား၊ ဂျာမနီ၊ အင်္ဂလန်၊ ကိုးရီးယားမှ တပည့်ကျောင်းထိုင်ဆရာတော်များ များစွာတက်ရောက်ခဲ့ကြောင်း သိရပါတယ်။
“ ရုရှားမှာတော့ ပထမဆုံးဖြစ်လောက်တယ်။ ဉာဏ်တော်က ပေ (၅၀)ကျော်တယ်။ (၅၄)ပေ မြင့်တဲ့ စေတီတော်လည်း ဖြစ်မယ်။ ဘုန်းဘုန်းတို့ ဟိုဘက် ဥရောပမှာဆိုရင် စေတီတည်တာတွေ ခွင့်
မပြုဘူး။ သို့သော်လည်း ဒီရုရှားမှာတော့ နှစ်နိုင်ငံ အဆင်ပြေနေတာလည်း ဖြစ်တယ်။ ဗုဒ္ဓဘာသာနဲ့လည်း မစိမ်းဘူးလို့ ပြောလို့ရတယ် ” ဟု စေတီတော် တည်ထားကိုးကွယ်ရေးနှင့် ပတ်သက်သည့် ပွဲသို့တက်ရောက်ခဲ့သော ဆရာတော် အရှင်ကုသလသာမိက မိန့်ကြားခဲ့ပါတယ်။
ရွှေစည်းခုံပုံတူစေတီတော် တည်ဆောက်ရေးလုပ်ငန်းများမှာ မကြာမီ စတင်တော့မှာဖြစ်ပြီး (၁)နှစ်တာ ကာလအတွင်း စေတီတော်ကြီးကို အပြီးသတ် တည်ဆောက်သွားရန်အတွက် ရည်မှန်း ထားခြင်းဖြစ်ကြောင်းကိုလည်း သိရပါတယ်။
Htet Aung Phyo
႐ုရွားႏိုင္ငံမွာ ေ႐ႊစည္းခုံပုံတူေစတီေတာ္အား ပထမဆုံး ေထရဝါဒ ဗုဒၶေစတီေတာ္အျဖစ္ တည္ထားကိုးကြယ္မည္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 11, 2019
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 11, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment