Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 18, 2019

အသံုးတည့္လွတဲ့ ဆန္ေဆးရည္


ဟိုတေလာကေတာ့ အြန္လိုင္းေလာကမွာ လႈပ္လႈပ္ရွားရွား ျဖစ္သြားတဲ့ အေၾကာင္းတစ္ခုကေတာ့ ဆန္ေဆးရည္ ကိစၥပါပဲ။ ဆန္ေဆးရည္ကို ေသာက္ေပးရင္ အဆီက်တယ္ ဗိုက္က်တယ္ စသည္ျဖင့္ သတင္းေတြ ပ်ံ႕ႏွံ႔ခဲ့ၿပီး ဆရာ၀န္တစ္ဦးဆိုသူက အခ်က္အလက္နဲ႔ ရွင္းျပခဲ့တာေလးေတြကို လူတိုင္းနီးပါး ဖတ္မိၾကမွာပါ။

ဆန္ေဆးရည္ကို ေသာက္ေပးတာဟာ အဆီက်ေစတယ္ဆိုတာထက္ အသားအရည္ေတြ တင္းရင္းသြားေစတာပါ ဆိုၿပီး ရွင္းျပခဲ့တဲ့ စာေလးကို ဖတ္မိပါတယ္။ တကယ္ေတာ့ ဆန္ေဆးရည္ဟာ မီးဖိုေဆာင္ထဲမွာေတာ့ အျခား အသံုး၀င္တာေလးေတြ ရွိပါေသးတယ္။

ဆန္ဆိုတာက ဗီတာမင္ဓာတ္ေတြ မ်ားစြာပါ၀င္တဲ့ အမ်ိဳးပါ။ မခ်က္ခင္မွာ ေဆးေၾကာၿပီး ရလာတဲ့ ဆန္ေဆးရည္လို႔ ေခၚပါတယ္။ ဆန္ကို ေဆးတဲ့အခါမွာ တစ္ႀကိမ္ ခပ္ဖြဖြ အရင္ေဆးၿပီး ေနာက္ေရတစ္ထပ္နဲ႔ ေဆးတဲ့အခါ ေဆးရည္ကိုယူထားပါ။ ဆန္ကို ႏွစ္ႀကိမ္ထက္ပိုၿပီး မေဆးသင့္ပါဘူး။ ဆန္ကို အခါခါ ေဆးရင္ ဗီတာမင္ဘီဓာတ္ေတြ ေလ်ာ့နည္းေစၿပီး အာဟာရကို က်ေစပါတယ္။

ဆန္ေဆးရည္ကို အိုးခြက္ပန္းကန္ေတြ ေဆးတဲ့ေနရာမွာ ဆီေျပာင္စင္ေစဖို႔ အသံုးျပဳလို႔ ရပါတယ္။ ဒါ့အျပင္ ၾကက္ဟင္းခါးသီးရဲ႕ အခါးဓာတ္ကို သက္သာေစခ်င္ရင္ေတာ့ ဆန္ေဆးရည္မွာ စိမ္ၿပီး အခါးရည္ေတြကို ညွစ္ခ်လိုက္ပါ။ ခရမ္းသီးေတြကိုေတာ့ မခ်က္ခင္ ဆန္ေဆးရည္မွာ စိမ္ထားမယ္ဆိုပါက ပိုၿပီး ခ်ိဳျမေစပါတယ္။

ခ်ဥ္ဖက္ ျပဳလုပ္တဲ့ အခါမွာလည္း အသီးအရြက္ေတြကို ဆန္ေဆးရည္မွာစိမ္ၿပီး ဆားအနည္းငယ္ ထည့္ေပးလိုက္ရင္ အခ်ဥ္ဓာတ္ ရလာေစၿပီး အိမ္လုပ္ တို႔စရာခ်ဥ္ဖက္ကို ရေစပါတယ္။

ဆန္ေဆးရည္ဟာ အပူၿငိမ္းေစတဲ့ ဓာတ္တစ္မ်ိဳးပါရွိပါတယ္။ ေသြးသည္းေျခကို ၿငိမ္ေစၿပီး ၀မ္းသြားေနရင္ ေသာက္ေပးပါက ရပ္သြားေစပါတယ္။ အနာေတြကို ေဆးေၾကာတဲ့ ေနရာမွာလည္း ဆန္ေဆးရည္ကို အသံုးျပဳႏုိင္ပါတယ္။

မ်က္ႏွာအသားအေရ တင္းရင္းၿပီး ၀က္ၿခံနဲ႔ အမာရြတ္ေတြ သက္သာေစခ်င္ရင္ ဆန္ေဆးရည္နဲ႔ မ်က္ႏွာသစ္ေပးလို႔ ရပါတယ္။

Unicode

ဟိုတလောကတော့ အွန်လိုင်းလောကမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားတဲ့ အကြောင်းတစ်ခုကတော့ ဆန်ဆေးရည် ကိစ္စပါပဲ။ ဆန်ဆေးရည်ကို သောက်ပေးရင် အဆီကျတယ် ဗိုက်ကျတယ် စသည်ဖြင့် သတင်းတွေ ပျံ့နှံ့ခဲ့ပြီး ဆရာဝန်တစ်ဦးဆိုသူက အချက်အလက်နဲ့ ရှင်းပြခဲ့တာလေးတွေကို လူတိုင်းနီးပါး ဖတ်မိကြမှာပါ။

ဆန်ဆေးရည်ကို သောက်ပေးတာဟာ အဆီကျစေတယ်ဆိုတာထက် အသားအရည်တွေ တင်းရင်းသွားစေတာပါ ဆိုပြီး ရှင်းပြခဲ့တဲ့ စာလေးကို ဖတ်မိပါတယ်။ တကယ်တော့ ဆန်ဆေးရည်ဟာ မီးဖိုဆောင်ထဲမှာတော့ အခြား အသုံးဝင်တာလေးတွေ ရှိပါသေးတယ်။

ဆန်ဆိုတာက ဗီတာမင်ဓာတ်တွေ များစွာပါဝင်တဲ့ အမျိုးပါ။ မချက်ခင်မှာ ဆေးကြောပြီး ရလာတဲ့ ဆန်ဆေးရည်လို့ ခေါ်ပါတယ်။ ဆန်ကို ဆေးတဲ့အခါမှာ တစ်ကြိမ် ခပ်ဖွဖွ အရင်ဆေးပြီး နောက်ရေတစ်ထပ်နဲ့ ဆေးတဲ့အခါ ဆေးရည်ကိုယူထားပါ။ ဆန်ကို နှစ်ကြိမ်ထက်ပိုပြီး မဆေးသင့်ပါဘူး။ ဆန်ကို အခါခါ ဆေးရင် ဗီတာမင်ဘီဓာတ်တွေ လျော့နည်းစေပြီး အာဟာရကို ကျစေပါတယ်။

ဆန်ဆေးရည်ကို အိုးခွက်ပန်းကန်တွေ ဆေးတဲ့နေရာမှာ ဆီပြောင်စင်စေဖို့ အသုံးပြုလို့ ရပါတယ်။ ဒါ့အပြင် ကြက်ဟင်းခါးသီးရဲ့ အခါးဓာတ်ကို သက်သာစေချင်ရင်တော့ ဆန်ဆေးရည်မှာ စိမ်ပြီး အခါးရည်တွေကို ညှစ်ချလိုက်ပါ။ ခရမ်းသီးတွေကိုတော့ မချက်ခင် ဆန်ဆေးရည်မှာ စိမ်ထားမယ်ဆိုပါက ပိုပြီး ချိုမြစေပါတယ်။

ချဉ်ဖက် ပြုလုပ်တဲ့ အခါမှာလည်း အသီးအရွက်တွေကို ဆန်ဆေးရည်မှာစိမ်ပြီး ဆားအနည်းငယ် ထည့်ပေးလိုက်ရင် အချဉ်ဓာတ် ရလာစေပြီး အိမ်လုပ် တို့စရာချဉ်ဖက်ကို ရစေပါတယ်။

ဆန်ဆေးရည်ဟာ အပူငြိမ်းစေတဲ့ ဓာတ်တစ်မျိုးပါရှိပါတယ်။ သွေးသည်းခြေကို ငြိမ်စေပြီး ဝမ်းသွားနေရင် သောက်ပေးပါက ရပ်သွားစေပါတယ်။ အနာတွေကို ဆေးကြောတဲ့ နေရာမှာလည်း ဆန်ဆေးရည်ကို အသုံးပြုနိုင်ပါတယ်။

မျက်နှာအသားအရေ တင်းရင်းပြီး ဝက်ခြံနဲ့ အမာရွတ်တွေ သက်သာစေချင်ရင် ဆန်ဆေးရည်နဲ့ မျက်နှာသစ်ပေးလို့ ရပါတယ်။

No comments:

Post a Comment