Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 18, 2019

တစ္ပတ္စာ၇ရက္သားသမီး ေဟာစာတမ္း … 17.1.2019 မွ 23.1.2019 အထိ


တနဂၤေႏြ…
ဒီကာလအတြင္းမွာ စိတ္ပိုင္းျဖတ္ထားတဲ့ကိစၥေတြကိုအေကာင္းဆံုးေဆာင္ရြက္သြားႏုိင္ပါလိမ့္မယ္။ ခ်ီတံု ခ်တံုနဲ႔ေတြေ၀ေနတဲ့စိတ္ေတြကို အျပီးသတ္ႏိုင္ပါလိမ့္မယ္။ အထက္လူႀကီးအေျပာင္းအေရႊ႕ရွိတတ္ပါတယ္။ အိုးသစ္အိမ္သစ္ေနထိုင္ရတာမ်ိဳးႀကံဳရႏုိင္ပါတယ္။ အခက္အခဲေတြကိုေျပလည္ေအာင္ေျဖရွင္းသြားႏိုင္ပါလိမ့္မယ္ ။

အလုပ္ေတြကေတာ့ မိမိဆီမွာပံုေနတတ္ပါတယ္။ လုပ္တဲ့သူကို ပိုခိုင္းတယ္ဆိုသလိုပဲ မိမိဆီမွာ အလုပ္တာ၀န္ ေတြနဲ႔မအားလပ္နိုင္ေအာင္ျဖစ္ရတတ္ပါတယ္။က်န္းမာေရးကေတာ့ အညံ့အဆိုးမ်ားေနတာေတြ႔ရပါတယ္။ ေသြး လည္မႈမေကာင္းတာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။ ေခါင္းေလွ်ာ္တာမ်ိဳး သတိထားပါ။ ကိုယ္လက္လႈပ္ရွားလုပ္ေပးပါ။ ေငြကံကေတာ့ သင့္ပါတယ္။ ေငြေၾကးကိစၥေတြကေတာ့ အဆင္ေျပေခ်ာေမြ႕ေနပါလိမ့္မယ္။ ဖခင္ရဲ့လုပ္ငန္းကိစၥ ေတြကိုလဲ ကူညီေပးရတတ္ပါတယ္။

အခ်စ္ေရးကေတာ့ အဆိုးမရွိသေလာက္ပါပဲ။ ေျဖရွင္းလုိ႔ရတဲ့ျပႆနာ ေလာက္ပဲျဖစ္ရတတ္ပါတယ္။ အိမ္ေထာင္ေရးကံအညံ့မ်ားေနတယ္။ မိဘေတြနဲ႕ပက္သက္ၿပီး အိမ္ေထာင္ဘက္နဲ႔ စကားမ်ားရလိမ့္မယ္။ပညာေရးကေတာ့ မိမိႀကိဳးစားမႈအေပၚမွာပဲမူတည္ပါတယ္။

အက်ိဳးေပးဂဏန္း 1/2/9
အထူးေဟာ အလုပ္ေတြနဲ႔ မအားလပ္နိုင္ေအာင္ျဖစ္ရတတ္ပါတယ္။
ယၾတာ ဦးထုပ္တစ္လံုးကို မိမိထက္ႏြမ္းပါးသူကိုလွဴဒါန္းလိုက္ပါဗ်ာ။

တနလၤာ…
ဒီကာလအတြင္း အေတြးအေခၚအယူအဆေတြကအလြန္ပဲေကာင္းေနတတ္ပါတယ္။ အနာဂတ္အတြက္ အစီအစဥ္မ်ား၊ စီမံကိန္းမ်ားကို ဒီကာလေတြမွာၾကံစည္လုပ္ကိုင္လုိ႔အလြန္ပဲေကာင္းေနတတ္ပါတယ္။ မိမိကိုခ်စ္သူ ခင္သူေတြလဲေပါမ်ားတတ္ပါတယ္။ မိမိရွယ္ယာ၀င္ထားတဲ့အလုပ္ေတြက ေအာင္ျမင္တိုးတတ္ေနပါလိမ့္မယ္။ ရစရာရွိတဲ့ေငြေၾကးေတြလဲ ရလာပါလိမ့္မယ္။ စည္းလြတ္၀ါးလြတ္ေပ်ာ္တာမ်ိဳးေတြေရွာင္လုိက္ေစခ်င္ပါတယ္။ အခက္အခဲအၾကပ္အတည္းေတြကိုေကာင္းမြန္စြာနဲ႔ အဆင္ေျပေအာင္ေျဖရွင္းသြားႏိုင္ပါလိမ့္မယ္။

က်န္းမာေရးကို ေတာ့ ဂရုစိုက္ဖို႔မွာခ်င္ပါတယ္။ အညံ့ႀကီးမဟုတ္ေပမဲ့ ပံုမွန္ေလးဂရုစိုက္ပါ။ အဆုတ္ပြတာမ်ိဳးေတြႀကံဳရတတ္ပါ တယ္။ ထီ၀ါသနာပါသူမ်ားကို ၉၊၂ ဂဏန္းမ်ားမ်ားပါေသာ ထီလက္မွတ္ကိုေရြးခ်ယ္ကံစမ္းပါလို႔တိုက္တြန္းလိုက္ပါ တယ္ဗ်။ အိမ္ေထာင္ေရးမွာေတာ့ မိမိကအိမ္ေထာင္ဘက္ကို ေပးထားတဲ့ကတိကိုမတည္ဘဲနဲ႔ ဖ်က္မိရာကစလုိ႕ စကားမ်ားရတတ္ပါတယ္။အခ်စ္ေရးကေတာ့ ဒီကာလအလြန္ပဲေကာင္းပါတယ္။ ခ်စ္သူနဲ႔ အေပ်ာ္ဆံုးအခ်ိန္ေတြကို ျဖတ္သန္းႏိုင္ပါလိမ့္မယ္။
အက်ိဳးေပးဂဏန္း 2/6/9
အထူးေဟာ ကံျမင့္မားေနပါမည္။
ယၾတာ ေက်ာက္ေက်ာေလးတစ္ပန္းကန္ဘုရားကပ္လွဴလုိက္ပါ။

အဂၤါ…
ျဖတ္သန္းခဲ့တဲ့၊ကုန္လြန္ခဲ့တဲ့အခ်ိန္ေတြကို ျပန္ၾကည့္ရင္းေနာင္တရတာမ်ိဳးေတြ၊သံေ၀ဂရတာမ်ိဳးေတြအထူး ႀကံဳရတတ္ပါတယ္။ ဒါေၾကာင့္ပဲအနာဂတ္အတြက္ေကာင္းတာေတြ လုပ္မိေနတတ္ပါတယ္။ စိတ္ေကာင္းေစတနာ ေကာာင္းမ်ားလဲ မိမိစိတ္သႏၱာန္မွာျဖစ္ေပၚလာတတ္ပါတယ္။ တရားအေျခခံရွိသူမ်ားတရားထူးရတတ္ပါတယ္။ မိမိ လုိခ်င္ေသာစက္ပစၥည္းမ်ား၀ယ္ယူလို႔အထူးေကာင္းပါတယ္။ မိတ္ေကာင္းေဆြေကာငး္ သူငယ္ခ်င္းေကာင္းေတြရဲ့ အကူအညီေတြ၊အေထာက္အပံံ့ေတြရလြယ္ပါတယ္။

က်န္းမာေရးအတြက္ စိုးရိမ္စရာေတာ့သိပ္မရွိပါဘူး။ မိမိအား ေဆးနည္းေပးမဲ့သူေတြ ေကာင္းမြန္တဲ့ဆရာ၀န္လမ္းညႊန္ေပးတာမ်ိဳးေတြႀကံဳရတတ္ပါတယ္။ ခရီးကိစၥေတြရွိရင္ သြားလုိက္ပါ။ ေကာင္းေသာ၊အဆင္ေျပေသာခရီးျဖစ္ပါလိမ့္မယ္။ စီးပြားေရးကေတာ့ခ်ဲ႕လုိမရပါဘူး။ ေငြျမဳပ္ႏွံလုိ႔လဲ မေကာင္းေသးပါဘူး။ လက္ရွိအေနအထားအတိုင္းပဲ ေဆာင္ရြက္ပါ။ အသစ္အဆန္းဆိုတာမ်ိဳးလဲဘာလုုပ္လို႔မသင့္ ပါဘူး။ အိမ္ေထာင္ေရးကေတာ့ အဆင္မေျပနိုင္ျဖစ္ရတတ္ပါတယ္။

အခ်စ္ေရးကေတာ့ အလြန္ပဲစန္းပြင့္ေနတာ ေၾကာင့္ အခ်စ္ေရးနဲ႔ပက္သက္ေသာ အေၾကာင္းႀကီးငယ္ရွိရင္ ေျဖရွင္းသြားနိုင္ပါလိမ့္မယ္။ ပညာေရးကံသင့္ပါတယ္
အက်ိဳးေပးဂဏန္း 3/6/7
အထူးေဟာ အေတြးမွန္အယူအဆမွန္မည္
ယၾတာ ဆန္အလွဴေတြလုပ္ေပးးပါ။

ဗုဒၶဟူး/ရာဟု…
စိတ္ပိန္ေနတဲ့သူေတြ မ်ားပါတယ္။ ဘာလုပ္လို႔ဘာကိုင္ရမလဲမသိေအာင္ ေတြေ၀ေနတတ္ပါတယ္။ မပ်င္းပါနဲ႔။ ေခ်းမမ်ားပါနဲ႕၊ ႀကံဳလာသမွ်အခက္အခဲေတြကို ရဲရဲရင္ဆိုင္လိုက္ပါ။ ဒီကာလမွာ ၾကြား၀ါျခင္း၊ ေပၚေပၚ ထင္ထင္ေနထိုင္ျခင္းမ်ား လုပ္မိရင္ကံညံ့သြားတတ္ပါတယ္။ ရိုးရိုးကုပ္ကုပ္ေနပါ။ အရာရာဆရာမလုပ္ဘဲနဲ႔ သူမ်ား ကိုသာဦးေဆာင္လုပ္ခိုင္းလုိက္ပါ။ ကံက ထင္ေပၚေအာင္လုပ္ေနတာကို မႀကိဳက္တဲ့ကာလမို႔ပါ။ သားသမီးရဲ့ျပႆ နာေတြကို လုိက္ပါေျဖရွင္းေပးေနရတတ္ပါတယ္။

ပညာလုိခ်င္တဲ့သူေတြကို မိမိတတ္ထားတဲ့ပညာေတြေပးေ၀ သြားႏုိင္မဲ့ကာလပါပဲ။ က်န္းမာေရးကေတာ့ အည့ံႀကီးမဟုတ္ေပမဲ့ တေရွာင္ေရွာင္ျဖစ္လြယ္ပါတယ္။ ေလနဲ႔၀မ္း မကြဲတာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။ ေရႊ၀ယ္တာမ်ိဳးဒီေန႔မွာ မလုပ္ေစခ်င္ပါဘူး။ အိမ္ေထာင္ေရးကေတာ့ အညံ့အဆိုးသိပ္မေတြ႕ပါဘူး။ အိမ္ေထာင္ဘက္ကလဲ အလုပ္မ်ားေနတာေၾကာင့္မိသားစုကိစၥေတြကိုအာရံုစိုက္ႏိုင္ မွာမဟုတ္ပါဘူး။ အခ်စ္ေရးကံေကာငး္ေနပါလိမ့္မယ္။ ခ်စ္သူသစ္ရည္စားသစ္ရလြယ္ပါတယ္။ ပညာေရးကေတာ့ အလြန္ေကာင္းပါတယ္။ ပညာသင္ေပးႏိုင္သလို ပညာရွာလုိ႔လဲေကာင္းတဲ့ကာလပါ။
အက်ိဳးေပးဂဏနး္ 8/5/1
အထူးေဟာ ကံအနည္းငယ္ညံ့ေနတတ္ပါတယ္။
ယၾတာ လမ္းသန္႔ရွင္းေရးလုပ္ပါ။

ၾကာသပေတး…
ဒီကာလေတြကေတာ့ မိမိအတြက္ဆင္ျခင္ဥာဏ္ရွိဖို႔လိုပါတယ္။ ေတြေ၀စရာ၊ဆံုးျဖတ္ရခက္စရာကိစၥေတြ ႀကံဳရတတ္ပါတယ္။သူမ်ားဆီကအႀကံဥာဏ္မယူပါနဲ႔။ မိမိစိတ္ကူးအတိုင္းသာပုံေဖာ္ပါ။ မသမာနည္းနဲ႔ ေငြရွာသူမ်ား တိုင္ၾကားျခင္းခံရတတ္ပါတယ္။ ဘာမွလြယ္လြယ္နဲ႔မရ ၊အခက္အခဲေတြရင္ဆိုင္ၿပီးမွေျပလည္မႈေတြရလာတတ္ပါ တယ္။ စပ္တူအလုပ္မ်ားေရွာင္ပါ။ သူမ်ားစကားကိုနားမေယာင္မိပါေစနဲ႔။ တန္ဖိုးႀကီးတဲ့ပစၥည္းတစ္ခုခု၀ယ္မယ္ဆို ရင္ေတာ့ သတိထားပါ။ စာခ်ဳပ္အတု၊ပစၥည္းအတုမ်ားနဲ႔လိမ္လည္သူေတြနဲ႔ေတြ႕ရတတ္ပါတယ္။

ဒီကာလဟာ အသစ္တစ္ခုဘာမွမလုပ္ဘဲနဲ႔ လက္ရွိအေနအထားအတိုင္းသာေနထုိင္လိုက္ပါ။ လုပ္ငန္းသစ္၊စီးပြားသစ္ေတြစလို႔ မေကာင္းေသးလုိ႔ပါ။ က်န္းမာေရးကေတာ့ မိမိလုိခ်င္တဲ့ပံုစံအတိုင္းျဖစ္ရတတ္ပါတယ္။ အဆိုးနည္းပါတယ္။ ျဖစ္ေနဆဲေရာဂါေတြလဲ အရွင္းေပ်ာက္သြားပါလိမ့္မယ္။ အိမ္ေထာင္ေရးအဆင္ေျပသာယာပါလိမ့္မယ္။ အခ်စ္ေရး မွာလဲနားလည္မႈရွိရွိနဲ႔ေရွ႕ဆက္သြားႏိုင္ပါလိမ့္မယ္။ ပညာေရးကေတာ့ အေကာင္းမ်ားပါတယ္။ ဒီကာလမွာပညာ စတင္သင္ယူလို႔အထူးေကာင္းတဲ့ကာလေတြပါ။
အက်ိဳးေပးဂဏနး္ 5/0/2
အထူးေဟာ ကံသင့္ပါတယ္။
ယၾတာ ကေလးေတြကို ကစားစရာလက္ေဆာင္ေပးပါ။

ေသာၾကာ…
ဒီကာလအတြင္း စီးပြားေရးကိုအားစိုက္ႏုိင္ပါလိမ့္မယ္။ အလုပ္နဲ႔ပက္သက္ရင္ က်ယ္ျပန္႕စြာေအာင္ျမင္ တတ္ပါတယ္။ ႀကိဳးစားသမွ်အရာထင္ပါလိမ့္မယ္။ အလုပ္အတြက္လိုအပ္တဲ့ပစၥည္းေတြ၀ယ္ရတာေၾကာင့္ ေငြေတာ့ ကုန္တတ္ပါတယ္။ အေရာင္းအ၀ယ္အလုပ္မ်ား ကုန္သြယ္စီးပြားရွာျခငး္မ်ားလဲ ဒီကာလမွာအဆင္ေျပပါလိမ့္မယ္။ အလုပ္ပက္သက္ေသာ ခရီးေတြလဲသြားရတတ္ပါတယ္။ အိမ္၀ယ္ျခင္း အျခားမေရႊ႕မေျပာင္းႏုိင္ေသာ အရာမ်ားကို ၀ယ္ယူျခင္းမ်ိဳးဒီကာလမွာ လုပ္လို႔သင့္ပါတယ္။

မဂၤလာေဆာင္ဖို႔ စီစဥ္ထားသူမ်ား ဒီအပတ္အတြင္း တရားရံုးမွာ လက္မွတ္ထိုးျခင္းမ်ိဳး လုပ္လို႔သင့္ေတာ္ပါတယ္။ စက္ပစၥည္း အေဟာင္းေတြထြက္ၿပီး စက္ပစၥည္းအသစ္ေတြ ၀င္လာပါလိမ့္မယ္။ေကာင္းေသာ၀င္ျခင္းပါ၊ ေအာက္လက္ငယ္သား ေတြကိုေတာ့ အယံုလြန္တာမ်ိဳး မျဖစ္ေစ ခ်င္ပါဘူး။ က်န္းမာေရးအလြန္ေကာင္းေနတတ္ပါတယ္။ ကိုယ္ခံအားေကာင္းေနမွာပါ။ အခ်စ္ေရးကေတာ့ ခ်စ္သူကိုအခ်ိန္မေပးႏိုင္တာေၾကာင့္ခ်စ္သူက စိတ္ပ်က္ေနတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အဆင္ေျပ တာမ်ားပါတယ္။ ပညာေရးထက္ စီးပြားေရးကို အခ်ိန္ပိုေပးေနမိပါတယ္။
အက်ိဳးေပးဂဏန္း 6/3/0
အထူးေဟာ လုပ္သေလာက္အက်ိဳးမ်ားမဲ့ေန႔ရက္ေတြပါပဲ။
ယၾတာ စိန္ျခယ္ပန္းကို ဘုရားကပ္လွဴပါ။

စေန…
အထိုင္ေနလို႔မရ၊ လႈပ္လႈပ္ရွားရွားနဲ႔သြားလာလုပ္ကိုင္ေနရတတ္ပါတယ္။ မထင္မွတ္ဘဲရပ္ေ၀းကဧည့္သည္ ေတြမိမိဆီကုိေရာက္လာတတ္ပါတယ္။ မိတ္ေဆြေကာင္းထက္ မိမိနားမွာမိတ္ေဆြတုေတြရွိေနတယ္ဆိုတာကိုသိ ထားေပးပါ။ အခက္အခဲျပႆနာေတြမျဖစ္ေအာင္ေနပါ။ ရန္ရွာခံရရင္ ရန္ကိုရန္ျခင္းမတုန္႔ျပန္ဘဲ ဘယ္လုိေျဖရွင္း မလဲ စဥ္းစားေစခ်င္ပါတယ္။အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အိမ္မကပ္ရဘဲ ျဖစ္ေနတတ္ပါတယ္။ လက္ထဲရွိတဲ့ ေငြေလးေတြ ကိုမိမိအႀကီးအကဲတစ္ဦးဆီအပ္ထားတာ ဘဏ္မွာအပ္ထားတာမ်ိဳးလုပ္ပါ။ ႏို႔မိုဆိုရင္ေတာ့ ဆီလုိအေပါက္ရွာၿပီးထြက္သြားပါလိမ့္မယ္။

အလုပ္နဲ႔ပက္သက္ၿပီးခဏေမ့ထားပါ။ အလုပ္ကိုဖိလုပ္ေလ အဆင္မေျပ ျဖစ္ေလဆိုတာမ်ိဳးျဖစ္ေနတတ္ပါတယ္။ က်န္းမာေရးအတြက္အနည္းငယ္ဂရုစိုက္ဖို႔လိုပါတယ္။ေရာဂါေဟာင္း ေ၀ဒနာေဟာင္းေတြျပန္ေပၚလာတတ္ပါတယ္။အိမ္ေထာင္ေရးမွာေတာ့ နားလည္မႈဆိုတဲ့စကားလံုးေပ်ာက္ဆံုးေန တတ္ပါတယ္။ အခ်စ္ေရးကေတာ့ သာယာပါတယ္။ ခ်စ္သူနဲ႔လက္ထပ္ဖို႔တိုင္ပင္သင့္တဲ့ေန႔ရက္ေတြပါပဲ။ ပညာေရး လဲအထူးေကာင္းပါတယ္။ ႏိုင္ငံရပ္ျခားပညာေတြသင္ရတတ္ပါတယ္။
အက်ိဳးေပးဂဏန္း 5/6/2
အထူးေဟာ ျပႆနာေတြထဲ၀င္မပါရင္ ေနေပ်ာ္တဲ့ေန႔ရက္ေတြပါ။
ယၾတာ နီးစပ္ရာေစတီမွာ လ်ွပ္စစ္မီးအတြက္အလွဴေငြထည့္ပါ။
၇ရက္သားသမီး အေပါင္း ေကာင္းက်ိဳးလိုအင္ဆႏၵေတြ ျပည့္ဝၾကပါေစ။

ဆရာၿငိမ္းေအးလူ ( ေဗဒင္သုေတသီ ) viber only -09775555695

တနင်္ဂနွေ…
ဒီကာလအတွင်းမှာ စိတ်ပိုင်းဖြတ်ထားတဲ့ကိစ္စတွေကိုအကောင်းဆုံးဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။ ချီတုံ ချတုံနဲ့တွေဝေနေတဲ့စိတ်တွေကို အပြီးသတ်နိုင်ပါလိမ့်မယ်။ အထက်လူကြီးအပြောင်းအရွှေ့ရှိတတ်ပါတယ်။ အိုးသစ်အိမ်သစ်နေထိုင်ရတာမျိုးကြုံရနိုင်ပါတယ်။ အခက်အခဲတွေကိုပြေလည်အောင်ဖြေရှင်းသွားနိုင်ပါလိမ့်မယ် ။

အလုပ်တွေကတော့ မိမိဆီမှာပုံနေတတ်ပါတယ်။ လုပ်တဲ့သူကို ပိုခိုင်းတယ်ဆိုသလိုပဲ မိမိဆီမှာ အလုပ်တာဝန် တွေနဲ့မအားလပ်နိုင်အောင်ဖြစ်ရတတ်ပါတယ်။ကျန်းမာရေးကတော့ အညံ့အဆိုးများနေတာတွေ့ရပါတယ်။ သွေး လည်မှုမကောင်းတာမျိုးတွေဖြစ်ရတတ်ပါတယ်။ ခေါင်းလျှော်တာမျိုး သတိထားပါ။ ကိုယ်လက်လှုပ်ရှားလုပ်ပေးပါ။ ငွေကံကတော့ သင့်ပါတယ်။ ငွေကြေးကိစ္စတွေကတော့ အဆင်ပြေချောမွေ့နေပါလိမ့်မယ်။ ဖခင်ရဲ့လုပ်ငန်းကိစ္စ တွေကိုလဲ ကူညီပေးရတတ်ပါတယ်။

အချစ်ရေးကတော့ အဆိုးမရှိသလောက်ပါပဲ။ ဖြေရှင်းလို့ရတဲ့ပြဿနာ လောက်ပဲဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးကံအညံ့များနေတယ်။ မိဘတွေနဲ့ပက်သက်ပြီး အိမ်ထောင်ဘက်နဲ့ စကားများရလိမ့်မယ်။ပညာရေးကတော့ မိမိကြိုးစားမှုအပေါ်မှာပဲမူတည်ပါတယ်။

အကျိုးပေးဂဏန်း 1/2/9

အထူးဟော အလုပ်တွေနဲ့ မအားလပ်နိုင်အောင်ဖြစ်ရတတ်ပါတယ်။

ယတြာ ဦးထုပ်တစ်လုံးကို မိမိထက်နွမ်းပါးသူကိုလှူဒါန်းလိုက်ပါဗျာ။

တနင်္လာ…

ဒီကာလအတွင်း အတွေးအခေါ်အယူအဆတွေကအလွန်ပဲကောင်းနေတတ်ပါတယ်။ အနာဂတ်အတွက် အစီအစဉ်များ၊ စီမံကိန်းများကို ဒီကာလတွေမှာကြံစည်လုပ်ကိုင်လို့အလွန်ပဲကောင်းနေတတ်ပါတယ်။ မိမိကိုချစ်သူ ခင်သူတွေလဲပေါများတတ်ပါတယ်။ မိမိရှယ်ယာဝင်ထားတဲ့အလုပ်တွေက အောင်မြင်တိုးတတ်နေပါလိမ့်မယ်။ ရစရာရှိတဲ့ငွေကြေးတွေလဲ ရလာပါလိမ့်မယ်။ စည်းလွတ်ဝါးလွတ်ပျော်တာမျိုးတွေရှောင်လိုက်စေချင်ပါတယ်။ အခက်အခဲအကြပ်အတည်းတွေကိုကောင်းမွန်စွာနဲ့ အဆင်ပြေအောင်ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။

ကျန်းမာရေးကို တော့ ဂရုစိုက်ဖို့မှာချင်ပါတယ်။ အညံ့ကြီးမဟုတ်ပေမဲ့ ပုံမှန်လေးဂရုစိုက်ပါ။ အဆုတ်ပွတာမျိုးတွေကြုံရတတ်ပါ တယ်။ ထီဝါသနာပါသူများကို ၉၊၂ ဂဏန်းများများပါသော ထီလက်မှတ်ကိုရွေးချယ်ကံစမ်းပါလို့တိုက်တွန်းလိုက်ပါ တယ်ဗျ။ အိမ်ထောင်ရေးမှာတော့ မိမိကအိမ်ထောင်ဘက်ကို ပေးထားတဲ့ကတိကိုမတည်ဘဲနဲ့ ဖျက်မိရာကစလို့ စကားများရတတ်ပါတယ်။အချစ်ရေးကတော့ ဒီကာလအလွန်ပဲကောင်းပါတယ်။ ချစ်သူနဲ့ အပျော်ဆုံးအချိန်တွေကို ဖြတ်သန်းနိုင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 2/6/9

အထူးဟော ကံမြင့်မားနေပါမည်။

ယတြာ ကျောက်ကျောလေးတစ်ပန်းကန်ဘုရားကပ်လှူလိုက်ပါ။

အင်္ဂါ…

ဖြတ်သန်းခဲ့တဲ့၊ကုန်လွန်ခဲ့တဲ့အချိန်တွေကို ပြန်ကြည့်ရင်းနောင်တရတာမျိုးတွေ၊သံဝေဂရတာမျိုးတွေအထူး ကြုံရတတ်ပါတယ်။ ဒါကြောင့်ပဲအနာဂတ်အတွက်ကောင်းတာတွေ လုပ်မိနေတတ်ပါတယ်။ စိတ်ကောင်းစေတနာ ကောာင်းများလဲ မိမိစိတ်သန္တာန်မှာဖြစ်ပေါ်လာတတ်ပါတယ်။ တရားအခြေခံရှိသူများတရားထူးရတတ်ပါတယ်။ မိမိ လိုချင်သောစက်ပစ္စည်းများဝယ်ယူလို့အထူးကောင်းပါတယ်။ မိတ်ကောင်းဆွေကောင်း သူငယ်ချင်းကောင်းတွေရဲ့ အကူအညီတွေ၊အထောက်အပံံ့တွေရလွယ်ပါတယ်။

ကျန်းမာရေးအတွက် စိုးရိမ်စရာတော့သိပ်မရှိပါဘူး။ မိမိအား ဆေးနည်းပေးမဲ့သူတွေ ကောင်းမွန်တဲ့ဆရာဝန်လမ်းညွှန်ပေးတာမျိုးတွေကြုံရတတ်ပါတယ်။ ခရီးကိစ္စတွေရှိရင် သွားလိုက်ပါ။ ကောင်းသော၊အဆင်ပြေသောခရီးဖြစ်ပါလိမ့်မယ်။ စီးပွားရေးကတော့ချဲ့လိုမရပါဘူး။ ငွေမြုပ်နှံလို့လဲ မကောင်းသေးပါဘူး။ လက်ရှိအနေအထားအတိုင်းပဲ ဆောင်ရွက်ပါ။ အသစ်အဆန်းဆိုတာမျိုးလဲဘာလုပ်လို့မသင့် ပါဘူး။ အိမ်ထောင်ရေးကတော့ အဆင်မပြေနိုင်ဖြစ်ရတတ်ပါတယ်။

အချစ်ရေးကတော့ အလွန်ပဲစန်းပွင့်နေတာ ကြောင့် အချစ်ရေးနဲ့ပက်သက်သော အကြောင်းကြီးငယ်ရှိရင် ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။ ပညာရေးကံသင့်ပါတယ်

အကျိုးပေးဂဏန်း 3/6/7

အထူးဟော အတွေးမှန်အယူအဆမှန်မည်

ယတြာ ဆန်အလှူတွေလုပ်ပေးးပါ။

ဗုဒ္ဓဟူး/ရာဟု…

စိတ်ပိန်နေတဲ့သူတွေ များပါတယ်။ ဘာလုပ်လို့ဘာကိုင်ရမလဲမသိအောင် တွေဝေနေတတ်ပါတယ်။ မပျင်းပါနဲ့။ ချေးမများပါနဲ့၊ ကြုံလာသမျှအခက်အခဲတွေကို ရဲရဲရင်ဆိုင်လိုက်ပါ။ ဒီကာလမှာ ကြွားဝါခြင်း၊ ပေါ်ပေါ် ထင်ထင်နေထိုင်ခြင်းများ လုပ်မိရင်ကံညံ့သွားတတ်ပါတယ်။ ရိုးရိုးကုပ်ကုပ်နေပါ။ အရာရာဆရာမလုပ်ဘဲနဲ့ သူများ ကိုသာဦးဆောင်လုပ်ခိုင်းလိုက်ပါ။ ကံက ထင်ပေါ်အောင်လုပ်နေတာကို မကြိုက်တဲ့ကာလမို့ပါ။ သားသမီးရဲ့ပြဿ နာတွေကို လိုက်ပါဖြေရှင်းပေးနေရတတ်ပါတယ်။ ပညာလိုချင်တဲ့သူတွေကို မိမိတတ်ထားတဲ့ပညာတွေပေးေ၀ သွားနိုင်မဲ့ကာလပါပဲ။

ကျန်းမာရေးကတော့ အညံ့ကြီးမဟုတ်ပေမဲ့ တရှောင်ရှောင်ဖြစ်လွယ်ပါတယ်။ လေနဲ့ဝမ်း မကွဲတာမျိုးတွေဖြစ်ရတတ်ပါတယ်။ ရွှေဝယ်တာမျိုးဒီနေ့မှာ မလုပ်စေချင်ပါဘူး။ အိမ်ထောင်ရေးကတော့ အညံ့အဆိုးသိပ်မတွေ့ပါဘူး။ အိမ်ထောင်ဘက်ကလဲ အလုပ်များနေတာကြောင့်မိသားစုကိစ္စတွေကိုအာရုံစိုက်နိုင် မှာမဟုတ်ပါဘူး။ အချစ်ရေးကံကောင်းနေပါလိမ့်မယ်။ ချစ်သူသစ်ရည်စားသစ်ရလွယ်ပါတယ်။ ပညာရေးကတော့ အလွန်ကောင်းပါတယ်။ ပညာသင်ပေးနိုင်သလို ပညာရှာလို့လဲကောင်းတဲ့ကာလပါ။

အကျိုးပေးဂဏန်း 8/5/1

အထူးဟော ကံအနည်းငယ်ညံ့နေတတ်ပါတယ်။

ယတြာ လမ်းသန့်ရှင်းရေးလုပ်ပါ။

ကြာသပတေး…

ဒီကာလတွေကတော့ မိမိအတွက်ဆင်ခြင်ဉာဏ်ရှိဖို့လိုပါတယ်။ တွေဝေစရာ၊ဆုံးဖြတ်ရခက်စရာကိစ္စတွေ ကြုံရတတ်ပါတယ်။သူများဆီကအကြံဉာဏ်မယူပါနဲ့။ မိမိစိတ်ကူးအတိုင်းသာပုံဖော်ပါ။ မသမာနည်းနဲ့ ငွေရှာသူများ တိုင်ကြားခြင်းခံရတတ်ပါတယ်။ ဘာမှလွယ်လွယ်နဲ့မရ ၊အခက်အခဲတွေရင်ဆိုင်ပြီးမှပြေလည်မှုတွေရလာတတ်ပါ တယ်။ စပ်တူအလုပ်များရှောင်ပါ။ သူများစကားကိုနားမယောင်မိပါစေနဲ့။ တန်ဖိုးကြီးတဲ့ပစ္စည်းတစ်ခုခုဝယ်မယ်ဆို ရင်တော့ သတိထားပါ။ စာချုပ်အတု၊ပစ္စည်းအတုများနဲ့လိမ်လည်သူတွေနဲ့တွေ့ရတတ်ပါတယ်။

ဒီကာလဟာ အသစ်တစ်ခုဘာမှမလုပ်ဘဲနဲ့ လက်ရှိအနေအထားအတိုင်းသာနေထိုင်လိုက်ပါ။ လုပ်ငန်းသစ်၊စီးပွားသစ်တွေစလို့ မကောင်းသေးလို့ပါ။ ကျန်းမာရေးကတော့ မိမိလိုချင်တဲ့ပုံစံအတိုင်းဖြစ်ရတတ်ပါတယ်။ အဆိုးနည်းပါတယ်။ ဖြစ်နေဆဲရောဂါတွေလဲ အရှင်းပျောက်သွားပါလိမ့်မယ်။ အိမ်ထောင်ရေးအဆင်ပြေသာယာပါလိမ့်မယ်။ အချစ်ရေး မှာလဲနားလည်မှုရှိရှိနဲ့ရှေ့ဆက်သွားနိုင်ပါလိမ့်မယ်။ ပညာရေးကတော့ အကောင်းများပါတယ်။ ဒီကာလမှာပညာ စတင်သင်ယူလို့အထူးကောင်းတဲ့ကာလတွေပါ။

အကျိုးပေးဂဏန်း 5/0/2

အထူးဟော ကံသင့်ပါတယ်။

ယတြာ ကလေးတွေကို ကစားစရာလက်ဆောင်ပေးပါ။

သောကြာ…

ဒီကာလအတွင်း စီးပွားရေးကိုအားစိုက်နိုင်ပါလိမ့်မယ်။ အလုပ်နဲ့ပက်သက်ရင် ကျယ်ပြန့်စွာအောင်မြင် တတ်ပါတယ်။ ကြိုးစားသမျှအရာထင်ပါလိမ့်မယ်။ အလုပ်အတွက်လိုအပ်တဲ့ပစ္စည်းတွေဝယ်ရတာကြောင့် ငွေတော့ ကုန်တတ်ပါတယ်။ အရောင်းအဝယ်အလုပ်များ ကုန်သွယ်စီးပွားရှာခြင်းများလဲ ဒီကာလမှာအဆင်ပြေပါလိမ့်မယ်။ အလုပ်ပက်သက်သော ခရီးတွေလဲသွားရတတ်ပါတယ်။ အိမ်ဝယ်ခြင်း အခြားမရွှေ့မပြောင်းနိုင်သော အရာများကို ဝယ်ယူခြင်းမျိုးဒီကာလမှာ လုပ်လို့သင့်ပါတယ်။

မင်္ဂလာဆောင်ဖို့ စီစဉ်ထားသူများ ဒီအပတ်အတွင်း တရားရုံးမှာ လက်မှတ်ထိုးခြင်းမျိုး လုပ်လို့သင့်တော်ပါတယ်။ စက်ပစ္စည်း အဟောင်းတွေထွက်ပြီး စက်ပစ္စည်းအသစ်တွေ ဝင်လာပါလိမ့်မယ်။ကောင်းသောဝင်ခြင်းပါ၊ အောက်လက်ငယ်သား တွေကိုတော့ အယုံလွန်တာမျိုး မဖြစ်စေ ချင်ပါဘူး။ ကျန်းမာရေးအလွန်ကောင်းနေတတ်ပါတယ်။ ကိုယ်ခံအားကောင်းနေမှာပါ။ အချစ်ရေးကတော့ ချစ်သူကိုအချိန်မပေးနိုင်တာကြောင့်ချစ်သူက စိတ်ပျက်နေတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အဆင်ပြေ တာများပါတယ်။ ပညာရေးထက် စီးပွားရေးကို အချိန်ပိုပေးနေမိပါတယ်။

အကျိုးပေးဂဏန်း 6/3/0

အထူးဟော လုပ်သလောက်အကျိုးများမဲ့နေ့ရက်တွေပါပဲ။

ယတြာ စိန်ခြယ်ပန်းကို ဘုရားကပ်လှူပါ။

စနေ…

အထိုင်နေလို့မရ၊ လှုပ်လှုပ်ရှားရှားနဲ့သွားလာလုပ်ကိုင်နေရတတ်ပါတယ်။ မထင်မှတ်ဘဲရပ်ဝေးကဧည့်သည် တွေမိမိဆီကိုရောက်လာတတ်ပါတယ်။ မိတ်ဆွေကောင်းထက် မိမိနားမှာမိတ်ဆွေတုတွေရှိနေတယ်ဆိုတာကိုသိ ထားပေးပါ။ အခက်အခဲပြဿနာတွေမဖြစ်အောင်နေပါ။ ရန်ရှာခံရရင် ရန်ကိုရန်ခြင်းမတုန့်ပြန်ဘဲ ဘယ်လိုဖြေရှင်း မလဲ စဉ်းစားစေချင်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် အိမ်မကပ်ရဘဲ ဖြစ်နေတတ်ပါတယ်။ လက်ထဲရှိတဲ့ ငွေလေးတွေ ကိုမိမိအကြီးအကဲတစ်ဦးဆီအပ်ထားတာ ဘဏ်မှာအပ်ထားတာမျိုးလုပ်ပါ။

နို့မိုဆိုရင်တော့ ဆီလိုအပေါက်ရှာပြီးထွက်သွားပါလိမ့်မယ်။အလုပ်နဲ့ပက်သက်ပြီးခဏမေ့ထားပါ။ အလုပ်ကိုဖိလုပ်လေ အဆင်မပြေ ဖြစ်လေဆိုတာမျိုးဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးအတွက်အနည်းငယ်ဂရုစိုက်ဖို့လိုပါတယ်။ရောဂါဟောင်း ဝေဒနာဟောင်းတွေပြန်ပေါ်လာတတ်ပါတယ်။အိမ်ထောင်ရေးမှာတော့ နားလည်မှုဆိုတဲ့စကားလုံးပျောက်ဆုံးနေ တတ်ပါတယ်။ အချစ်ရေးကတော့ သာယာပါတယ်။ ချစ်သူနဲ့လက်ထပ်ဖို့တိုင်ပင်သင့်တဲ့နေ့ရက်တွေပါပဲ။ ပညာရေး လဲအထူးကောင်းပါတယ်။ နိုင်ငံရပ်ခြားပညာတွေသင်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း 5/6/2

အထူးဟော ပြဿနာတွေထဲဝင်မပါရင် နေပျော်တဲ့နေ့ရက်တွေပါ။

ယတြာ နီးစပ်ရာစေတီမှာ လျှပ်စစ်မီးအတွက်အလှူငွေထည့်ပါ။

၇ရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ ) viber only -09775555695

No comments:

Post a Comment