Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 3, 2019

သကၤန္းဝတ္နဲ့ ဖခင္ျဖစ္ကို ကိုယ္တိုင္ျပဳစုလုပ္ေကြ်းေနတဲ့ဦးဇင္းေလး


သကၤန္းဝတ္နဲ့ ဖခင္ျဖစ္ကို ကိုယ္တိုင္ျပဳစုလုပ္ေကြ်းေနတဲ့ဦးဇင္းေလး
ဗုဒၵဘာသာရဟန္းေတာ္တစ္ပါးကဖခင္ျဖစ္သူကို ကိုယ္တုိင္လာေရာက္ျပဳစုလုပ္ေကြ်းေနတဲ့ပံုရိပ္ေတြဟာၾကည့္ရွဳသူမ်ားအတြက္ကုသုိလ္ပြားစရာ၊စိိတ္ခ်မ္းေျမ့ဖြယ္ပံုရိပ္မ်ားျဖစ္ခဲ့ပါတယ္။
အရြယ္အိုမင္းေနျပီျဖစ္တဲ့ဖခင္ကို ထမင္းေကြ်း၊ကိုယ္တိုင္ ေရမိုးခ်ိဳးေပးစသျဖင့္ျပဳစုလုပ္ေကြ်းေနတာပါ။
မိဘကိုျပဳစုလုပ္ေကၽြးျခင္းသည္ ဘုရားရွင္၏ အစဥ္အလာျဖစ္ျပီး ဆြမ္းခံေကၽြး
ျခင္း၊ ေဆးကုသ ေပးျခင္း အစရွိသည္တို႔ျဖင့္ျပဳစု လုပ္ေကၽြးႏုိင္ပါသည္။ ဘုရားရွင္
ခ်ီးမြန္းေသာလုပ္ငန္းလည္း ျဖစ္ပါသည္။ ေအာက္ပါဇာတ္ နိပါတ္ေတာ္ထဲမွာ
မိဘႏွစ္ပါးကို ဆြမ္းခံေကၽြးေသာရဟန္းအေၾကာင္းကို ဖတ္ရွဳရမွာျဖစ္ပါတယ္။
သတင္းစံုေပ်ာ္၀င္အိုးၾကီးမွ ဓမၼဒါနေဖာ္ျပလုိက္ရပါသည္။

မိဘႏွစ္ပါးကို ဆြမ္းခံေကၽြးေသာရဟန္းအေၾကာင္း
...........................
သာ၀တၳိျပည္တြင္ တစ္ဆယ့္ရွစ္ကုေဋ ၾကြယ္၀ေသာ သူေဌးဇနီးေမာင္ႏွံ၌ တစ္ဦးတည္းေသာ သားတစ္ေယာက္ရွိ၏။ ထိုသားသည္ ျမတ္စြာဘုရား၏ တရားေတာ္ကို နာရ၍ သာသနာေတာ္၌ ထက္ သန္ေသာ သဒၶါတရား ျဖစ္ေပၚၿပီးလွ်င္ ရဟန္းျပဳခြင့္ေပးရန္ မိဘမ်ားထံ ခြင့္ပန္သျဖင့္ ခြင့္မျပဳလိုေသာ္လည္း တစ္ဦးတည္းေသာသား စိတ္ခ်မ္းသာေရးအတြက္ မိဘမ်ားက ခြင့္ျပဳလိုက္ရ၏။

ရဟန္းသစ္သည္ တိုင္းစြန္ျပည္ဖ်ားရွိ ရြာငယ္တစ္ရြာအနီး ေတာရေက်ာင္း၌ သီတင္းသံုးလ်က္၀ိပႆနာ တရားကို ႀကိဳးစားအားထုတ္၏။ ရဟန္းေတာ္သည္ တစ္ဆယ့္ႏွစ္ႏွစ္ တိုင္တိုင္ ႀကိဳးစားအား ထုတ္ေသာ္လည္း တရားထူး မရႏိုင္ ျဖစ္ေန၏။

ထို တစ္ဆယ့္ႏွစ္ႏွစ္ အတြင္း၌ ရဟန္းေတာ္၏။ ခမည္းေတာ္ မယ္ေတာ္မ်ားမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စည္းစိမ္ဥစၥာ ပ်က္စီးခဲ့ရာ ခြက္လက္စြဲ ကာ ေတာင္းစားရသည့္ အေျခအေနသို႔ေရာက္ခဲ့ရ၏။

သာ၀တၳိမွ ရဟန္းေတာ္တစ္ပါး အဆိုပါ ေတာေက်ာင္းသို႔ ေရာက္လာသျဖင့္ မိဘမ်ားျဖစ္ၾကေသာ တစ္ဆယ့္ရွစ္ကုေဋ ၾကြယ္၀ခ်မ္းသာသည့္ သူေဌးဇနီးေမာင္ႏွံ အေၾကာင္း ေမးျမန္းျဖစ္၏။ မိဘ မ်ား၏ ဒုကၡကို သားရဟန္းေတာ္ ၾကားသိရေသာအခါ တစ္ဆယ့္ႏွစ္ႏွစ္တိုင္ တရားထူး မရႏိုင္ေသာ ေၾကာင့္ တစ္ေၾကာင္း၊ အိုမင္းၿပီး ဒုကၡေရာက္ေနေသာ မိဘကို ကိုယ္တိုင္လုပ္ေကၽြးျပဳစု လိုေသာေၾကာင့္တစ္ေၾကာင္း၊ လူ၀တ္လဲရန္ သာ၀တၳိသို႔ ျပန္ၾကြလာ၏။ လူ၀တ္မလဲမီ ျမတ္စြာဘုရားကို ဖူးေျမာ္လိုသျဖင့္
ျမတ္စြာဘုရားထံေမွာက္သို႔ ေရာက္ခဲ့၏။

ျမတ္စြာဘုရားက “ မာတု ေပါသကသုတ္ ” တရားေတာ္ကို ေဟာၾကားကာ မိဘတို႔၏ ဂုဏ္ေက်းဇူးကို ေဖာ္က်ဴးၿပီးလွ်င္ ရဟန္း ဘ၀ျဖင့္လည္း မိဘတို႔ကို လုပ္ေကၽြးျပဳစုႏိုင္ေၾကာင္း မိန္႔ၾကားေတာ္မူရာ ထိုရဟန္းမွာ လူ၀တ္မလဲ ျဖစ္ေတာ့ေပ။

ရဟန္းေတာ္သည္ ေဇတ၀န္ေက်ာင္းမွ ထြက္ခြာခဲ့ၿပီးလွ်င္ သာ၀တၳိၿမိဳ႕ထဲသို႔ ဆြမ္းခံၾကြရာ ယာဂုဆြမ္း တစ္သပိတ္ ရရွိခဲ့၏။ ထိုရဟန္းသည္ မိဘမ်ားကို ရွာေဖြ၍ ေတြ႔ေသာအခါ ယာဂုဆြမ္းျဖင့္ ျပဳစုလုပ္ေကၽြး၏။ ထိုအခ်ိန္မွစ၍ မိဘႏွစ္ပါးကို ဆြမ္းခံလ်က္ ေကၽြးေမြးျပဳစု ေနခဲ့၏။ ေရပူေရခ်မ္း ေျခဆုပ္လက္
နယ္ ျပဳစုေစာင့္ေရာက္၏။

ဤအေၾကာင္းကို အခ်ိဳ႕ေသာ ရဟန္းမ်ား သိေသာအခါ ဒကာ၊ ဒကာမမ်ားက သဒၶါတရားျဖင့္ လွဴဒါန္းေသာဆြမ္းကို လူတို႔အား မေပး မေကၽြးသင့္ဟု ယူဆသျဖင့္ ျမတ္စြာဘုရားအား ေလွ်ာက္ၾက၏။
ျမတ္စြာဘုရားက ထိုရဟန္းကို ေခၚ၍ေမးရာ အျခားရဟန္းမ်ား ေလွ်ာက္ထား သည့္အတိုင္း ဟုတ္မွန္ေၾကာင္း ၀န္ခံေလွ်ာက္ထား၏။ ျမတ္စြာ ဘုရားက “ သာဓု သာဓု သာဓု ခ်စ္သားရဟန္း ” ဟု သာဓုေခၚေတာ္မူ
ၿပီးလွ်င္ “ သု၀ဏၰသာမ ဇာတ္ေတာ္ ” ကို ေဟာေတာ္မူ၏။

မိဘကို လုပ္ေကၽြးျပဳစုျခင္းသည္ ျမတ္ေသာ မဂၤလာတစ္ပါး ျဖစ္သည့္ အားေလ်ာ္စြာ မိဘႏွစ္ပါးကို လုပ္ေကၽြးျပဳစုျခင္းျဖင့္ လူခ်မ္းသာ၊ နတ္ ခ်မ္းသာ၊ ျဗဟၼာခ်မ္းသာ စံစား ခံစားၿပီး နိဗၺာန္တိုင္ထိ ရေရာက္ ႏိုင္တဲ့ သူေတာ္ေကာင္းေတြ ျဖစ္ၾကပါေစကုန္သတည္း။
{ခ်မ္းေျမ႔ဆရာေတာ္၏ ခ်မ္းေျမ႔မဂၤလာ သင္စရာမွ ေကာက္ႏုတ္ ေရးသား ပူေဇာ္ပါသည္။}
Credit
ေမတၱာျဖင့္......... ဓမၼဒါနျပဳပါသည္။
 photo - အရွင္စိတၱိကရ





သင်္ကန်းဝတ်နဲ့ ဖခင်ဖြစ်ကို ကိုယ်တိုင်ပြုစုလုပ်ကျွေးနေတဲ့ဦးဇင်းလေး
..................
ဗုဒ္ဒဘာသာရဟန်းတော်တစ်ပါးကဖခင်ဖြစ်သူကို ကိုယ်တိုင်လာရောက်ပြုစုလုပ်ကျွေးနေတဲ့ပုံရိပ်တွေဟာကြည့်ရှုသူများအတွက်ကုသိုလ်ပွားစရာ၊စိိတ်ချမ်းမြေ့ဖွယ်ပုံရိပ်များဖြစ်ခဲ့ပါတယ်။
အရွယ်အိုမင်းနေပြီဖြစ်တဲ့ဖခင်ကို ထမင်းကျွေး၊ကိုယ်တိုင် ရေမိုးချိုးပေးစသဖြင့်ပြုစုလုပ်ကျွေးနေတာပါ။
မိဘကိုပြုစုလုပ်ကျွေးခြင်းသည် ဘုရားရှင်၏ အစဉ်အလာဖြစ်ပြီး ဆွမ်းခံကျွေး
ခြင်း၊ ဆေးကုသ ပေးခြင်း အစရှိသည်တို့ဖြင့်ပြုစု လုပ်ကျွေးနိုင်ပါသည်။ ဘုရားရှင်
ချီးမွန်းသောလုပ်ငန်းလည်း ဖြစ်ပါသည်။ အောက်ပါဇာတ် နိပါတ်တော်ထဲမှာ
မိဘနှစ်ပါးကို ဆွမ်းခံကျွေးသောရဟန်းအကြောင်းကို ဖတ်ရှုရမှာဖြစ်ပါတယ်။
သတင်းစုံပျော်ဝင်အိုးကြီးမှ ဓမ္မဒါနဖော်ပြလိုက်ရပါသည်။
မိဘနှစ်ပါးကို ဆွမ်းခံကျွေးသောရဟန်းအကြောင်း
...........................

သာဝတ္ထိပြည်တွင် တစ်ဆယ့်ရှစ်ကုဋေ ကြွယ်ဝသော သူဌေးဇနီးမောင်နှံ၌ တစ်ဦးတည်းသော သားတစ်ယောက်ရှိ၏။ ထိုသားသည် မြတ်စွာဘုရား၏ တရားတော်ကို နာရ၍ သာသနာတော်၌ ထက် သန်သော သဒ္ဓါတရား ဖြစ်ပေါ်ပြီးလျှင် ရဟန်းပြုခွင့်ပေးရန် မိဘများထံ ခွင့်ပန်သဖြင့် ခွင့်မပြုလိုသော်လည်း တစ်ဦးတည်းသောသား စိတ်ချမ်းသာရေးအတွက် မိဘများက ခွင့်ပြုလိုက်ရ၏။
ရဟန်းသစ်သည် တိုင်းစွန်ပြည်ဖျားရှိ ရွာငယ်တစ်ရွာအနီး တောရကျောင်း၌ သီတင်းသုံးလျက်ဝိပဿနာ တရားကို ကြိုးစားအားထုတ်၏။ ရဟန်းတော်သည် တစ်ဆယ့်နှစ်နှစ် တိုင်တိုင် ကြိုးစားအား ထုတ်သော်လည်း တရားထူး မရနိုင် ဖြစ်နေ၏။

ထို တစ်ဆယ့်နှစ်နှစ် အတွင်း၌ ရဟန်းတော်၏။ ခမည်းတော် မယ်တော်များမှာ အကြောင်းအမျိုးမျိုးကြောင့် စည်းစိမ်ဥစ္စာ ပျက်စီးခဲ့ရာ ခွက်လက်စွဲ ကာ တောင်းစားရသည့် အခြေအနေသို့ရောက်ခဲ့ရ၏။
သာဝတ္ထိမှ ရဟန်းတော်တစ်ပါး အဆိုပါ တောကျောင်းသို့ ရောက်လာသဖြင့် မိဘများဖြစ်ကြသော တစ်ဆယ့်ရှစ်ကုဋေ ကြွယ်ဝချမ်းသာသည့် သူဌေးဇနီးမောင်နှံ အကြောင်း မေးမြန်းဖြစ်၏။ မိဘ များ၏ ဒုက္ခကို သားရဟန်းတော် ကြားသိရသောအခါ တစ်ဆယ့်နှစ်နှစ်တိုင် တရားထူး မရနိုင်သော ကြောင့် တစ်ကြောင်း၊ အိုမင်းပြီး ဒုက္ခရောက်နေသော မိဘကို ကိုယ်တိုင်လုပ်ကျွေးပြုစု လိုသောကြောင့်တစ်ကြောင်း၊ လူဝတ်လဲရန် သာဝတ္ထိသို့ ပြန်ကြွလာ၏။ လူဝတ်မလဲမီ မြတ်စွာဘုရားကို ဖူးမြော်လိုသဖြင့်

မြတ်စွာဘုရားထံမှောက်သို့ ရောက်ခဲ့၏။
မြတ်စွာဘုရားက “ မာတု ပေါသကသုတ် ” တရားတော်ကို ဟောကြားကာ မိဘတို့၏ ဂုဏ်ကျေးဇူးကို ဖော်ကျူးပြီးလျှင် ရဟန်း ဘဝဖြင့်လည်း မိဘတို့ကို လုပ်ကျွေးပြုစုနိုင်ကြောင်း မိန့်ကြားတော်မူရာ ထိုရဟန်းမှာ လူဝတ်မလဲ ဖြစ်တော့ပေ။

ရဟန်းတော်သည် ဇေတဝန်ကျောင်းမှ ထွက်ခွာခဲ့ပြီးလျှင် သာဝတ္ထိမြို့ထဲသို့ ဆွမ်းခံကြွရာ ယာဂုဆွမ်း တစ်သပိတ် ရရှိခဲ့၏။ ထိုရဟန်းသည် မိဘများကို ရှာဖွေ၍ တွေ့သောအခါ ယာဂုဆွမ်းဖြင့် ပြုစုလုပ်ကျွေး၏။ ထိုအချိန်မှစ၍ မိဘနှစ်ပါးကို ဆွမ်းခံလျက် ကျွေးမွေးပြုစု နေခဲ့၏။ ရေပူရေချမ်း ခြေဆုပ်လက်နယ် ပြုစုစောင့်ရောက်၏။

ဤအကြောင်းကို အချို့သော ရဟန်းများ သိသောအခါ ဒကာ၊ ဒကာမများက သဒ္ဓါတရားဖြင့် လှူဒါန်းသောဆွမ်းကို လူတို့အား မပေး မကျွေးသင့်ဟု ယူဆသဖြင့် မြတ်စွာဘုရားအား လျှောက်ကြ၏။
မြတ်စွာဘုရားက ထိုရဟန်းကို ခေါ်၍မေးရာ အခြားရဟန်းများ လျှောက်ထား သည့်အတိုင်း ဟုတ်မှန်ကြောင်း ၀န်ခံလျှောက်ထား၏။ မြတ်စွာ ဘုရားက “ သာဓု သာဓု သာဓု ချစ်သားရဟန်း ” ဟု သာဓုခေါ်တော်မူ
ပြီးလျှင် “ သုဝဏ္ဏသာမ ဇာတ်တော် ” ကို ဟောတော်မူ၏။

မိဘကို လုပ်ကျွေးပြုစုခြင်းသည် မြတ်သော မင်္ဂလာတစ်ပါး ဖြစ်သည့် အားလျော်စွာ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခြင်းဖြင့် လူချမ်းသာ၊ နတ် ချမ်းသာ၊ ဗြဟ္မာချမ်းသာ စံစား ခံစားပြီး နိဗ္ဗာန်တိုင်ထိ ရရောက် နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေကုန်သတည်း။
{ချမ်းမြေ့ဆရာတော်၏ ချမ်းမြေ့မင်္ဂလာ သင်စရာမှ ကောက်နုတ် ရေးသား ပူဇော်ပါသည်။}
Credit
မေတ္တာဖြင့်......... ဓမ္မဒါနပြုပါသည်။

 photo - အရှင်စိတ္တိကရ

No comments:

Post a Comment