Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 5, 2019

ပြည်သူတွေ ဘာကြောင့် မြေဂရံ/အမည်ပေါက် လုပ်ဖို့စိတ်ပျက်ကြတာလဲ

မြေဂရံ အမည်ပေါက်

ပြည်သူတွေ ဘာကြောင့် မြေဂရံ/အမည်ပေါက် လုပ်ဖို့စိတ်ပျက်ကြတာလဲ

(ဒီလိုရေးခြင်းဟာ သက်ဆိုင်ရာဌာနတွေကို ထိခိုက်နစ်နာစေလိုလို့မဟုတ်ပါဘူး။ လုပ်ငန်းစဉ်တွေကို ဘယ်လိုမြန်အောင်ချုံ့နိုင်မလဲ ဝိုင်းဝန်းစဉ်းစားနိုင်အောင်ပါ)

မြေဂရံတခုလုပ်ရင် အချက်အလက်ဘယ်လောက်ပဲပြည့်စုံပါစေ လုပ်ငန်းစဉ်ကိုနားလည်နေတာတောင် (မြေပုံကူး အခွန်ဆောင် စာချုပ်ချုပ် မြေပုံထပ်ကူး ဂရံ/ဘိုးဘွားလျှောက်)အစအဆုံး မြေစာရင်းဌာန၊ အခွန်ရုံး ၊ ထွေအုပ်ဌာန ဒီရုံးသုံးခု အတက်အဆင်းဟာ ၄/၅/၆ လကြာတတ်တာ သဘာဝတခုလားတောင်မေးရပါတော့မယ်

ဒါကြောင့်တချို့ပြည်သူတွေ ဘာဂရံမှမလုပ်ပဲ စာချုပ်လေးတွေပဲကိုင်ထားကြတာပါ။ တကယ်တော့ ဂရံမလုပ်ပဲထားခြင်းဟာ နိုင်ငံတော်အတွက် ဂရံအခွန်တွေအများကြီးနစ်နာပါတယ်။ မြန်မာပြည်မှာ ကျွှန်တော်ခန့်မှန်းကြည့်တာ အမှန်တကယ်မြေယာပိုင်ဆိုင်မှူ ၂၀ ရာနှူန်းလောက်သာ အမည်ပေါက်ဂရံ/ဘိုးဘွား/၃ခ/ပုံစံ ၇ တွေရှိကြမှာပါ။

ကျန် ၈၀ ရာနှူန်းဟာ ရုံးကိစ္စတွေနားမလည်လို့မလုပ်ကြသလို ရုံးတွေရဲ့လုပ်ငန်းစဉ်အရမ်းကြာမြင့်မှူတွေကို စိတ်ပျက်သူတွေများလှပါတယ်။ နိုင်ငံတော်အတွက် ၈၀ ရာနှူန်းသော မြေခွန်တွေအရမ်းနစ်နာပါတယ်။ ဒါအပြင် မိမိတို့လို SME လုပ်ငန်းများအသက်ရှင်ဖို့လိုအပ်သော ငွေအရင်အနှီးအတွက် ချေးငွေများလျှောက်ထားရာတွင် မြေယာပိုင်ဆိုင်မှူလိုအပ်ပြန်ပါတယ်။ ဒါကြောင့် SME သမားတွေဟာ မဖြစ်မနေ မြေပိုင်ဆိုင်မှူလုပ်ကြပါတယ်။

တချို့SME တွေဟာ မြေပိုင်ဆိုင်မှူမရှိလို့ချေးငွေမရကြပြန်ဘူး ဒီအတွက်လုပ်ငန်းတွေတိုးတက်သင့်သလောက်မတိုးတက်နိုင်ပါဘူး။ သူတို့ဟာပိုင်ဆိုင်မှူမရှိတာ မလုပ်လို့မရှိတာထက် လုပ်ရမှာကြောက်ကြလို့ပါပဲ။ ရုံးလုပ်ငန်းစဉ်တွေကို ယခုထက်ပိုမိုမြန်ဆန်အောင်ဆောင်ရွက်နိုင်ရင် ပြည်သူတွေပိုမိုယုံကြည်ပြီး အမည်ပေါက်ဂရံ/ဘိုးဘွား တွေလုပ်လာလိမ့်မယ်။ ဒီလိုလုပ်ခြင်းဖြင့် ပြည်သူတွေ/SME တွေအတွက်များစွာအဆင်ပြေလာမှာဖြစ်သလို နိုင်ငံတော်ဘက်ကလဲ အခွန်တွေများစွာရလာပါလိမ့်မယ်။
ယခုလက်ရှိအခြေအနေကတော့ ပြည်သူအများစုဟာ အရပ်စာချုပ်တွေနဲ့သာအများစုရှိနေကြပြီး အမည်ဖောက်ဖို့ လုပ်သူအရမ်းနည်းပါးခြင်းဟာ မြေယာပိုင်ဆိုင်မှူအငြင်းပွါးမှူတွေအထိပါကူးစက်လာနိုင်ပါတယ်။ ဒီထက်ပိုဆိုးတာက တချို့သေသာသွားတယ် သူ့မြေကွက်သူ နာမည်ပေါက်ပိုင်ဆိုင်မသွားကြပါဘူး။
ဒါတွေဘာကြောင့်လဲ ဘယ်သူတွေကြောင့်လဲ ဘယ်ဥပဒေတွေကြောင့်လဲ ဘာတွေပြန်ပြင်သင့်သလဲ ဘယ်လိုမြန်အောင် လုပ်သင့်လဲ အစိုးရဘက်က ဥပဒေရေးရာကော်မတီတွေပြန်စိစစ်သင့်ပြီ လူတွေကြောင့်လား မူတွေကြောင့်လား ပြန်စိစစ်ပါ။ ပြည်သူတွေက အစိုးရဌာနတွေအပေါ် ဒီလိုကိစ္စလေးတွေကအစ အယုံအကြည်ပျက်စေတယ်။

လွှတ်တော်ဘက်က လိုအပ်တဲ့ဥပဒေ နည်းဥပဒေတွေကို ပြန်လည်စိစစ်ပြီး ယခုထက်ပိုမိုမြန်ဆန်တဲ့နည်းတွေစဉ်းစားသင့်တယ်။ တခြားသူထံမှဝယ်ယူပြီး အမည်ပေါက်လုပ်ငန်းစဉ်အနည်းငယ်ပြောပြပါမယ်။

၁-မြေစာရင်းမှာ စာချုပ်ချုပ်ဖို့မြေပုံကူး(ကွင်းဆင်း)

၂-အခွန်ရုံးမှာအခွန်ဆောင်
၃-မြေစာရင်းမှာ စာချုပ်ချုပ်
၎-မြေငှားဂရံ/ဘိုးဘွား လျှောက်ဖို့ မြေပုံထပ်ကူး
၅-မြေငှားဂရံအတွက်ခရိုင်ထွေအုပ်ရုံးမှာလျှောက်
၆-ခရိုင်ထွေအုပ်က မြို့နယ်ထွေအုပ်ကိုကွင်းဆင်းဖို့ပြန်ချ
၇-မြို့နယ်ထွေအုပ်မှကွင်းဆင်း
၈-မြို့နယ်ထွေအုပ်မှ သတင်းစာမှာကန့်ကွက်သူရှိမရှိ ၁၄ ရက်ကြော်ငြာ
၉-မြေစာရင်းကို ဂရံအတွက်အမည်ပေါက်မြေပုံထုတ်ရန် ထွေအုပ်ကပြန်ပို့
၁၀-နောက်ဆုံးအဆင့် ခရိုင်ရုံးပြန်တက် အမှူတွဲစုံရင် ခရိုင်ဥက္ကဌ (ကောလိပ်တော်အရာရှိ) လက်မှတ်ထိုး

အမလေး ရေးရတာတောင်မောတယ် တကယ် အဲဒီအဆင့်တွေကိုလက်တွေ့လုပ်ကြည့်ပါ အနိစ္စ ဒုက္ခ အနတ္တ လက္ခနာရေးသုံးပါးကိုအစုံအလင်တြွေ့မင်ရမှာပါ။ ဒီအဆင့် ၁၀ ခုကိုအချိန်ဘယ်လောက် ကြာနိုင်လဲဆိုတာ ခန့်မှန်းတွက်ချက်ပါ။ ဒါတွေဟာတကယ့် အမှန်တရားတွေပါ။ ဒီလိုရေးခြင်းဟာ သက်ဆိုင်ရာဌာနတွေကို ထိခိုက်နစ်နာစေလိုလို့မဟုတ်ပါဘူး။ လုပ်ငန်းစဉ်တွေကို ဘယ်လိုမြန်အောင်ချုံ့နိုင်မလဲ ဝိုင်းဝန်းစဉ်းစားနိုင်အောင်ပါ။

ဝမ်းမစတော့နိုင်ရင်တောင် တူးစတော့လောက်ဆိုမဆိုးဘူး။ အခုက ၁၀ ဆင့်လောက်လုပ်ရမဲ့ကိစ္စဟာ တကယ်စိတ်ပျက်စရာကြီးပါ။ ကဲ ဘယ်လိုမြန်အောင်လုပ်သင့်လဲ ဘယ်နည်းဥပဒေကကြန့်ကြာစေလဲ။ ဘယ်သူတွေကြောင့်လဲ အဖြေရှာကြရအောင်ဗျာ

(မှတ်ချက်) ကျွန်တော်ကိုယ်တိုင်လက်တွေ့လုပ်နေတာပါ။

ညီညီအောင် (ပြည်) ရက်စွဲ (23-11-2018)

No comments:

Post a Comment