Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 5, 2019

ဦးေအာင္ဆန္းဦးက ႏိုင္ငံေရးပါတီတခ်ိဳ႕နဲ႔ေတြ႕ၿပီး အေမြကိစၥရွင္းျပ

ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အစ္ကို ျဖစ္သူ ဦးေအာင္ဆန္းဦးတို႔ၾကား အျငင္းပြားေနတဲ့ ၿခံအမွတ္ ၅၄ ေနအိမ္နဲ႔ ၿခံဝင္း အေမြ ခြဲျခမ္းမႈကို ဦးေအာင္ဆန္းဦးဘက္က ဇန္နဝါရီလ ၅ ရက္ (ဒီေန႔) မနက္ပိုင္း ေနျပည္ေတာ္က မႏၱေလး ပါရာဒိုက္စ္စားေသာက္ဆိုင္မွာ ႏိုင္ငံေရးပါတီ တခ်ိဳ႕ကို ေတြ႕ဆံုၿပီး ရွင္းျပခဲ့ပါတယ္။

ႏိုင္ငံေရးပါတီေတြဘက္က တက္ေရာက္ၾကသူေတြထဲမွာ ျပည္ခိုင္ၿဖိဳးပါတီရဲ႕ လႊတ္ေတာ္ ကိုယ္စားလွယ္ ေဟာင္း တစ္ဦးကိုလည္း ေတြ႕ရတယ္လို႔ ဘီဘီစီရဲ႕ ေနျပည္ေတာ္ သတင္းေထာက္က ေျပာပါတယ္။

ဒါ့အျပင္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) အဖြဲ႕ဝင္ေဟာင္း ဦးသိန္းညြန္႔ရဲ႕ အမ်ိဳးသားဒီမိုကေရစီပါတီသစ္က ပုဂၢိဳလ္တစ္ဦးကိုလည္း ေတြ႕ျမင္ရသလို ျမန္မာအမ်ိဳးသားကြန္ဂရက္ပါတီက ဦးေကာင္းျမတ္ထြဋ္လည္း အခုေတြ႕ဆံုပြဲမွာ ပါဝင္ပါတယ္။

ေတြ႕ဆံုခဲ့ၾကတဲ့ ပါတီေတြကေတာ့ ျပည္ေထာင္စုၾကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ၊ အမ်ိဳးသားဒီမိုကေရစီပါတီ။ ျမန္မာ့ျပည္သူ႔ ဒီမိုကရက္တစ္ပါတီ (MPD)၊ ျမန္မာအမ်ိဳးသားကြန္ဂရက္၊ အမ်ိဳးသားတိုးတက္ေရးပါတီ၊ မတူကြဲျပားႏွင့္ၿငိမ္းခ်မ္းေရးပါတီ၊ ေခတ္သစ္ျပည္ေထာင္စုပါတီ တို႔ ျဖစ္ပါတယ္။ တက္ေရာက္ၾကသူေတြ အားလံုးက သက္ဆိုင္ရာ ပါတီအသီးသီးကို ကိုယ္စားျပဳၿပီး တက္ေရာက္ခဲ့ၾကတယ္လို ႔ဆိုပါတယ္။
တရားရံုးက ဆံုးျဖတ္ထားတဲ့ အေမြခြဲျခမ္းမႈ အေပၚ ျပည္ေထာင္စု အဆင့္ အယူခံလႊာကို ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၂ ရက္ေန႔က ပယ္ခ် ခံခဲ့ရေပမယ့္ သူ႔အေနနဲ႔ တရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦး ကိူတိုက္ရိုက္ တင္ျပဖို႔ ရွိတယ္လို႔လည္း ၿပီးခဲ့တဲ့ ဒီဇင္ဘာထဲမွာ ဦးေအာင္ဆန္းဦးက ဘီဘီစီကို ေျပာခဲ့ပါတယ္။

BBC

Unicode

ဦးအောင်ဆန်းဦးက နိုင်ငံရေးပါတီတချို့နဲ့တွေ့ပြီး အမွေကိစ္စရှင်းပြ

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကို ဖြစ်သူ ဦးအောင်ဆန်းဦးတို့ကြား အငြင်းပွားနေတဲ့ ခြံအမှတ် ၅၄ နေအိမ်နဲ့ ခြံဝင်း အမွေ ခွဲခြမ်းမှုကို ဦးအောင်ဆန်းဦးဘက်က ဇန်နဝါရီလ ၅ ရက် (ဒီနေ့) မနက်ပိုင်း နေပြည်တော်က မန္တလေး ပါရာဒိုက်စ်စားသောက်ဆိုင်မှာ နိုင်ငံရေးပါတီ တချို့ကို တွေ့ဆုံပြီး ရှင်းပြခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေဘက်က တက်ရောက်ကြသူတွေထဲမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် ဟောင်း တစ်ဦးကိုလည်း တွေ့ရတယ်လို့ ဘီဘီစီရဲ့ နေပြည်တော် သတင်းထောက်က ပြောပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်ဟောင်း ဦးသိန်းညွန့်ရဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်က ပုဂ္ဂိုလ်တစ်ဦးကိုလည်း တွေ့မြင်ရသလို မြန်မာအမျိုးသားကွန်ဂရက်ပါတီက ဦးကောင်းမြတ်ထွဋ်လည်း အခုတွေ့ဆုံပွဲမှာ ပါဝင်ပါတယ်။

တွေ့ဆုံခဲ့ကြတဲ့ ပါတီတွေကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီ။ မြန်မာ့ပြည်သူ့ ဒီမိုကရက်တစ်ပါတီ (MPD)၊ မြန်မာအမျိုးသားကွန်ဂရက်၊ အမျိုးသားတိုးတက်ရေးပါတီ၊ မတူကွဲပြားနှင့်ငြိမ်းချမ်းရေးပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ တို့ ဖြစ်ပါတယ်။ တက်ရောက်ကြသူတွေ အားလုံးက သက်ဆိုင်ရာ ပါတီအသီးသီးကို ကိုယ်စားပြုပြီး တက်ရောက်ခဲ့ကြတယ်လို ့ဆိုပါတယ်။

တရားရုံးက ဆုံးဖြတ်ထားတဲ့ အမွေခွဲခြမ်းမှု အပေါ် ပြည်ထောင်စု အဆင့် အယူခံလွှာကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က ပယ်ချ ခံခဲ့ရပေမယ့် သူ့အနေနဲ့ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး ကိူတိုက်ရိုက် တင်ပြဖို့ ရှိတယ်လို့လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာထဲမှာ ဦးအောင်ဆန်းဦးက ဘီဘီစီကို ပြောခဲ့ပါတယ်။

BBC

No comments:

Post a Comment