Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 5, 2019

ဘာသာျခားန႔ဲယွဥ္ၿပီးဆိုင္ဖြင့္တိုင္း ျမန္မာေတြဆိုင္ျပဳတ္ကုန္တ့ဲအေၾကာင္းအရင္း


ဘာသာျခားန႔ဲယွဥ္ၿပီးဆိုင္ဖြင့္တိုင္း ျမန္မာေတြဆိုင္ျပဳတ္ကုန္တ့ဲအေၾကာင္းအရင္း
ဘာသာျခားန႔ဲယွဥ္ၿပီးဆိုင္ဖြင့္တိုင္း ျမန္မာေတြဆိုင္ျပဳတ္ကုန္တ့ဲအေၾကာင္းအရင္း သိၿပီးၿပီလား
ယခုဆိုလူမိိ်ဳးျခား ဘာသာျခားေတြဆိုင္လုပ္ငန္းလုပ္တယ္။ေလး ငါးနွစ္ႀကာတဲ႔အခါဆိုင္ခြဲေတြထပ္ဖြင့္ႏိုင္တယ္။
လက္ရွိလုပ္ငန္းအထိုင္ႀကလို႔ ဆယ့္ငါးနွစ္ေလာက္ႀကာရင္ ဆိုင္ခြဲအနည္းဆံုးသံုးခုျဖစ္သြားျပီ။
ျမန္မာဆိုင္နဲ႔ေဘးခ်င္းယွဥ္လာဖြင့္ရင္ ျမန္မာဆိုင္ သိပ္မႀကာခင္ျပဳတ္ျပီးေျပးရျပီ။
ဟိုးလြန္ခဲ႔ေသာနွစ္သံုးဆယ္ေလာက္က အေရာင္းအဝယ္ေကာင္းတဲ႔ဆိုင္တစ္ဆိုင္မွာပညာသင္အလုပ္သမားအျဖစ္ဝင္လုပ္ရင္းေလ့လာႀကည့္မိတယ္။
အလုပ္ခ်ိန္တိက်တယ္။ဆိုင္ပိတ္ခ်ိန္တစ္ခါတစ္ရံမွာသာေနာက္က်တယ္။နယ္ေအာ္ဒါမ်ားလို႔ ဒီေန႔ဝင္တဲ႔ေအာ္ဒါ ဒီေန႔အျပီးထုတ္တယ္။ေန႔ကူးရင္ ေနာက္ေန႔ေအာ္ဒါေတြထပ္ျပီး ဂ်မ္းမျဖစ္ေစဖို႔ပါ။
သူေဌးကအစ အလုပ္သမားအဆံုး အကုန္အလုပ္လုပ္တယ္။ဆိုင္မွာသြားျပီးလက္ဖက္ရည္ဆိုင္ထိုင္ အာ မရိုက္ဘူး။ေသာက္ခ်ိန္ေရာက္ရင္ လုပ္ငန္းခြင္မွာ ဆယ္မိနစ္ခန္႔နားျပီးေသာက္တယ္။
သူေဌးအလုပ္က ဆိုင္ရဲ႕ပစၥည္းအဝင္အထြက္ပစၥည္းအားလံုးေခါင္းထဲမွာ ရွိတယ္။ဆိုင္သမားနဲ႔အသက္ကပစၥည္းရွိရမယ္။စစ္သားရဲ႕အသက္က က်ည္ဆံရွိရမယ္လို႔အျမဲေျပာတဲ႔ သူေဌးရဲ႕စကား။
ဆိုင္မွာလာအားေပးသူအားလံုးကို နည္းနည္း မ်ားမ်ားပ်ဴငွာေသာဆက္ဆံေရးနဲ႕ႀကိဳဆိုတယ္။
အေႀကြးကိုေပးသင့္သူကိုေပးတယ္။မေပးသင့္သူကို လံုးဝမေပးတဲ႔မွန္ကန္တဲ႔ဆံုးျဖတ္ခ်က္ကိုခ်နိုင္တယ္။အားနာလို႔အားပါသြားတာမ်ိဳးမရွိ။

တိက်မွန္ကန္တဲ႔ စာရင္းအင္းရိွတယ္။ဆိုင္ပိတ္ရက္ တနဂၤေႏြေန႔တိုင္း တစ္ပတ္စာ အေရာင္းအဝယ္စာရင္းကို ျပန္စစ္တယ္အမွားအယြင္းရွိခဲ႔ရင္ ကုန္သည္ထံခ်က္ျခင္းအေႀကာင္းႀကားေပးတယ္။(မွားခဲ႔တာေတာ့ ရွားပါတယ္)

ဆိုင္မွာသူေဌးတစ္ေယာက္ဘဲရွိတယ္။သူေဌးသားေတြလည္း အလုပ္သမားေတြနဲ႔တန္းတူအလုပ္လုပ္ရတယ္။ေအာက္သက္ေက်ေအာင္ အလုပ္သမားဘဝကိုစာနာတတ္ေအာင္လုပ္ခိုင္းထားေတာ့ သူေဌးသားေတြလည္း အလုပ္သမားနဲ႔တန္းတူညီအကိုလိုျဖစ္ျပီး လုပ္ငန္းခြင္မွာေပ်ာ္ေတာ့ အလုပ္ထြက္သူမရွိဘူး။တရုတ္နွစ္ကူးလိုအခိိ်န္ေရာက္ရင္ ေဘာက္ဆူးေပးတာ အလုပ္သမားရဲ႕လခ တနွစ္စာေလာက္ရွိတယ္။ဆိုင္ရဲ႕အလုပ္သမားရဲ႕လုပ္သက္ဟာ ကြ်န္ေတာ္အလုပ္စဝင္တုန္းကေမးႀကည့္တာ ဆယ္နွစ္ေအာက္မရွိဘူး။

ဒီေန႔ပိုက္ဆိုင္မွာ ပိုက္ေခါင္းတစ္ခုသြားဝယ္ေတာ့ သူေဌးကေတာ္က TVႀကည့္ေနတယ္သူေဌးလို႔ထင္ရတဲ႔ေကာင္ကဖုန္းပြတ္ေနတယ္။ပစၥည္းသြားဝယ္ေတာ့မွ ထခ်င္သလိုမ ထခ်င္သလိုနဲ႔ထသြားျပီး ပစၥည္းရွာတာငါးမိနစ္ႀကာတယ္။ျပီးမွ ကုန္ေနတယ္ေျပာတယ္။ကြ်န္ေတာ္ဝယ္တာ တစ္ခုထဲ။ကြ်န္ေတာ္ဘာသာျခားဆိုင္ေရာက္တယ္။ခ်က္ျခင္းထယူေပးတယ္။ေငြရွင္းေတာ့ ေက်းဇူးအထပ္ထပ္တင္ေႀကာင္းေျပာတယ္။ဘာကြာသလဲ။ဒီဘာသာျခားဆိုင္က စဖြင့္ခိိ်န္မွာ ေသးေသးေလး။အခုအေတာ္ႀကီးလာျပီ။မႀကာမီ ထပ္ႀကီးလာေတာ့မယ္

သူတစ္ပါးႀကီးပြားလာတာ အေႀကာင္းမဲ႔မဟုတ္။ဒီအခ်ိန္ေရာက္မွ လူမ်ိဳးျခားေတြ စီးပြားေရး လက္ဝါးႀကီးအုပ္ထားတယ္ေျပာလို႔မရ။ျမန္မာေတြႀကီးပြားခ်င္ရင္ေတာ့ ဒီဂါထာေလး ေန႔တိုင္းရြတ္။

ဥံဳ….မပ်င္းနဲ႔။မဖ်င္းနဲ႔။အလုပ္ကိုအလုပ္နဲ႔တူေအာင္လုပ္။ဒါဘဲ။

Nyunt Han Smo

ဘာသာခြားနဲ့ယှဉ်ပြီးဆိုင်ဖွင့်တိုင်း မြန်မာတွေဆိုင်ပြုတ်ကုန်တဲ့အကြောင်းအရင်း
ဘာသာခြားနဲ့ယှဉ်ပြီးဆိုင်ဖွင့်တိုင်း မြန်မာတွေဆိုင်ပြုတ်ကုန်တဲ့အကြောင်းအရင်း သိပြီးပြီလား
ယခုဆိုလူမိိျုးခြား ဘာသာခြားတွေဆိုင်လုပ်ငန်းလုပ်တယ်။လေး ငါးနှစ်ကြာတဲ့အခါဆိုင်ခွဲတွေထပ်ဖွင့်နိုင်တယ်။
လက်ရှိလုပ်ငန်းအထိုင်ကြလို့ ဆယ့်ငါးနှစ်လောက်ကြာရင် ဆိုင်ခွဲအနည်းဆုံးသုံးခုဖြစ်သွားပြီ။
မြန်မာဆိုင်နဲ့ဘေးချင်းယှဉ်လာဖွင့်ရင် မြန်မာဆိုင် သိပ်မကြာခင်ပြုတ်ပြီးပြေးရပြီ။
ဟိုးလွန်ခဲ့သောနှစ်သုံးဆယ်လောက်က အရောင်းအဝယ်ကောင်းတဲ့ဆိုင်တစ်ဆိုင်မှာပညာသင်အလုပ်သမားအဖြစ်ဝင်လုပ်ရင်းလေ့လာကြည့်မိတယ်။

အလုပ်ချိန်တိကျတယ်။ဆိုင်ပိတ်ချိန်တစ်ခါတစ်ရံမှာသာနောက်ကျတယ်။နယ်အော်ဒါများလို့ ဒီနေ့ဝင်တဲ့အော်ဒါ ဒီနေ့အပြီးထုတ်တယ်။နေ့ကူးရင် နောက်နေ့အော်ဒါတွေထပ်ပြီး ဂျမ်းမဖြစ်စေဖို့ပါ။

သူဌေးကအစ အလုပ်သမားအဆုံး အကုန်အလုပ်လုပ်တယ်။ဆိုင်မှာသွားပြီးလက်ဖက်ရည်ဆိုင်ထိုင် အာ မရိုက်ဘူး။သောက်ချိန်ရောက်ရင် လုပ်ငန်းခွင်မှာ ဆယ်မိနစ်ခန့်နားပြီးသောက်တယ်။

သူဌေးအလုပ်က ဆိုင်ရဲ့ပစ္စည်းအဝင်အထွက်ပစ္စည်းအားလုံးခေါင်းထဲမှာ ရှိတယ်။ဆိုင်သမားနဲ့အသက်ကပစ္စည်းရှိရမယ်။စစ်သားရဲ့အသက်က ကျည်ဆံရှိရမယ်လို့အမြဲပြောတဲ့ သူဌေးရဲ့စကား။

ဆိုင်မှာလာအားပေးသူအားလုံးကို နည်းနည်း များများပျူငှာသောဆက်ဆံရေးနဲ့ကြိုဆိုတယ်။

အကြွေးကိုပေးသင့်သူကိုပေးတယ်။မပေးသင့်သူကို လုံးဝမပေးတဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်တယ်။အားနာလို့အားပါသွားတာမျိုးမရှိ။

တိကျမှန်ကန်တဲ့ စာရင်းအင်းရှိတယ်။ဆိုင်ပိတ်ရက် တနင်္ဂနွေနေ့တိုင်း တစ်ပတ်စာ အရောင်းအဝယ်စာရင်းကို ပြန်စစ်တယ်အမှားအယွင်းရှိခဲ့ရင် ကုန်သည်ထံချက်ခြင်းအကြောင်းကြားပေးတယ်။(မှားခဲ့တာတော့ ရှားပါတယ်)

ဆိုင်မှာသူဌေးတစ်ယောက်ဘဲရှိတယ်။သူဌေးသားတွေလည်း အလုပ်သမားတွေနဲ့တန်းတူအလုပ်လုပ်ရတယ်။အောက်သက်ကျေအောင် အလုပ်သမားဘဝကိုစာနာတတ်အောင်လုပ်ခိုင်းထားတော့ သူဌေးသားတွေလည်း အလုပ်သမားနဲ့တန်းတူညီအကိုလိုဖြစ်ပြီး လုပ်ငန်းခွင်မှာပျော်တော့ အလုပ်ထွက်သူမရှိဘူး။တရုတ်နှစ်ကူးလိုအခိိျန်ရောက်ရင် ဘောက်ဆူးပေးတာ အလုပ်သမားရဲ့လခ တနှစ်စာလောက်ရှိတယ်။ဆိုင်ရဲ့အလုပ်သမားရဲ့လုပ်သက်ဟာ ကျွန်တော်အလုပ်စဝင်တုန်းကမေးကြည့်တာ ဆယ်နှစ်အောက်မရှိဘူး။

ဒီနေ့ပိုက်ဆိုင်မှာ ပိုက်ခေါင်းတစ်ခုသွားဝယ်တော့ သူဌေးကတော်က TVကြည့်နေတယ်သူဌေးလို့ထင်ရတဲ့ကောင်ကဖုန်းပွတ်နေတယ်။ပစ္စည်းသွားဝယ်တော့မှ ထချင်သလိုမ ထချင်သလိုနဲ့ထသွားပြီး ပစ္စည်းရှာတာငါးမိနစ်ကြာတယ်။ပြီးမှ ကုန်နေတယ်ပြောတယ်။ကျွန်တော်ဝယ်တာ တစ်ခုထဲ။ကျွန်တော်ဘာသာခြားဆိုင်ရောက်တယ်။ချက်ခြင်းထယူပေးတယ်။ငွေရှင်းတော့ ကျေးဇူးအထပ်ထပ်တင်ကြောင်းပြောတယ်။ဘာကွာသလဲ။ဒီဘာသာခြားဆိုင်က စဖွင့်ခိိျန်မှာ သေးသေးလေး။အခုအတော်ကြီးလာပြီ။မကြာမီ ထပ်ကြီးလာတော့မယ်

သူတစ်ပါးကြီးပွားလာတာ အကြောင်းမဲ့မဟုတ်။ဒီအချိန်ရောက်မှ လူမျိုးခြားတွေ စီးပွားရေး လက်ဝါးကြီးအုပ်ထားတယ်ပြောလို့မရ။မြန်မာတွေကြီးပွားချင်ရင်တော့ ဒီဂါထာလေး နေ့တိုင်းရွတ်။

ဥုံ….မပျင်းနဲ့။မဖျင်းနဲ့။အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်။ဒါဘဲ။
Nyunt Han Smo

No comments:

Post a Comment