Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 11, 2019

ေက်ာက္ကပ္ပ်က္စီးေနျပီျဖစ္ေၾကာင္းကိုေဖာ္ျပတဲ့ လကၡဏာ (၁၄) ရပ္ ႏွင့္ ေက်ာက္ကပ္အေၾကာင္း သိေကာင္းစရာမ်ား


အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေက်ာက္ကပ္ပ်က္စီးႏိုင္ပါတယ္။ သို ့ေသာ္ တခ်ိဳ ့ေ၀ဒနာသည္ေတာ္ေတာ္မ်ားမ်ားမွာ ေရာဂါအေျခ အေနဆိုးရြားေနတာေတာင္ ေက်ာက္ကပ္ပ်က္စီးေနေၾကာင္းကို သိသာထင္ရွားတဲ့လကၡဏာေတြ မေတြ ့ရတဲ့အတြက္ေၾကာင့္ ထို ေရာဂါကို တိတ္တဆိတ္လူသတ္သမားလို ့ဆိုနိုင္ပါတယ္။ ခႏၶာကိုယ္ၾကီးေကာင္းစြာ အသက္ဆက္နိုင္ဖို ့အတြက္ ေက်ာက္ကပ္ ရဲ ့ အခန္းက႑ဟာလြန္စြာ အေရးပါလွပါတယ္။ ဒါေၾကာင့္လည္း တျခားကလီစာမ်ားႏွင့္မတူ လူတစ္ေယာက္မွာ ေက်ာက္ကပ္ ႏွစ္ခု(တစ္စံု)ကို ေမြးလာကတည္းက အတူပါလာရျခင္းျဖစ္ပါတယ္။ ေရာဂါျဖစ္ခါစမွာကုသျခင္းထက္၊ ေရာဂါကြ်မ္းလာမွ ကုသႏိုင္ ျခင္္းဟာ ရခဲလွတဲ့လူ ့ဘ၀အတြက္ အင္မတန္မွႏွေျမာစရာေကာင္းပါတယ္။ သို ့ပါ၍ ေအာက္ေဖာ္ျပပါ လကၡဏာ(၁၄)ရပ္ကို ေလ့လာရင္း ေက်ာက္ကပ္မပ်က္စီးရေလေအာင္ မိမိဘက္မွလက္ဦးမႈအရယူနိုင္ၾကပါေစေၾကာင္း အၾကံျပဳလိုက္ရပါတယ္။
(၁) ဆီးအေျခအေနေျပာင္းလဲျခင္း

“ဆီးအေျခအေနေျပာင္းလဲျခင္းအစ ေက်ာက္ကပ္ေရာဂါက” လို ့မွတ္ပါေလ။ ပံုမွန္နဲ ့မတူေတာ့ဘဲ ဆီးပမာဏမ်ားလာျခင္း၊ နည္းသြားျခင္း၊ မၾကာခဏဆီးသြားျခင္း၊ ယခင္ထက္ ဆီးအေရာင္ရင့္လာျခင္း၊ အားစိုက္ကာ ဆီးကိုညွစ္ထုတ္၍သြားရျခင္းတို ့ျဖစ္ ပါတယ္။ အထူးသျဖင့္ ညပိုင္းမွာဆီးသြားၾကိမ္ေရမ်ားျခင္းဟာ ေက်ာက္ကပ္ပ်က္စီးျခင္း၏ စဦးပိုင္းအေျခအေနျဖစ္တာေၾကာင့္ လစ္လ်ဴမရႈသင့္ပါဘူး။ ထိုအေျခအေနမွာ အခ်ိန္မွီကုသယူမခံယူျဖစ္ပါက ေက်ာက္ကပ္၏ ၈၀ ရာခိုင္ႏႈန္းအထိပ်က္စီးသြားနိုင္ တယ္လို ့ အိႏိၵယနိုင္ငံရွိ Pune Region မွ ေက်ာက္ကပ္ေရာဂါဆိုင္ရာ အၾကီးတန္းအၾကံေပးျဖစ္သူ ေဒါက္တာ Avinash Ignatius က သတိေပးထားပါတယ္။

(၂) ခက္ခက္ခဲခဲ ဆီးသြားရျခင္း(သို ့)ဆီးသြားေနစဥ္ နာက်င္စြာခံစားရျခင္း
ဆီးလမ္းေၾကာင္းပိုး၀င္တဲ့အခါ ခက္ခက္ခဲခဲ ဆီးသြားရျခင္း(သို ့)ဆီးသြားေနစဥ္ နာက်င္စြာခံစားရျခင္း(သို ့)ဆီးပူ၍ လိင္အဂၤါမွာ ပူ စပ္ပူေလာင္ျဖစ္ျခင္း စတာေတြ ခံစားရတတ္ပါတယ္။ ဆီးလမ္းေၾကာင္းထဲရွိပိုးဟာ ေက်ာက္ကပ္အထိ ကူးစက္ပ်ံ ့ႏွံ ့သြားပါက အဖ်ားတက္ျပီး ခါးနာလာပါတယ္။

(၃) ဆီးထဲမွာေသြးပါျခင္း
ဆီးထဲမွာေသြးပါျခင္းက ေက်ာက္ကပ္မွာျပႆနာရွိေနေၾကာင္းကို ထင္သာျမင္သာစြာသိနိုင္ပါတယ္။ ထိုအေျခအေနမ်ိဳးၾကံဳရပါက ဆရာ၀န္ျဖင့္ အျမန္ဆံုးကုသမႈခံယူပါ။ (အမ်ိဳးသမီးမ်ား ဓမၼတာလာစဥ္ ဆီးထဲမွာေသြးပါတာမ်ိဳးကိုမဆိုလိုပါ)

(၄) ဆီးအျမွဳပ္ထျခင္း
ဆီးသြားေနစဥ္အတြင္း ဆီးထဲအျမွဳပ္ထေနတာကို အလြယ္တကူေတြ ့ျမင္နိုင္ပါတယ္။ ထိုအေျခအေနမ်ိဳးဟာ ခႏၶာကိုယ္ထဲမွာ ပရို တင္းဓာတ္ခ်ိဳ ့တဲ့ျခင္းေၾကာင္းျဖစ္နိုင္သလို၊ ေက်ာက္ကပ္ပ်က္စီးတဲ့ လကၡဏာလည္းျဖစ္နိုင္တာေၾကာင့္ မေပါ့ဆဘဲ ဆရာ၀န္ႏွင့္ တုိင္ပင္ေဆြးေႏြးသင့္တယ္လို ့ အိႏိၵယနိင္ငံ၊ မြန္ဘိုင္းရွိ ေက်ာက္ကပ္ေရာဂါဆိုင္ရာသုေတသီတစ္ဦးျဖစ္သူ ေဒါက္တာ Deepa Jayaram က သတိေပးထားပါတယ္။

(၅) ခႏၶာကိုယ္ ေဖာသြပ္ျခင္း
ေက်ာက္ကပ္ပ်က္စီးေနသူတိုင္း ၾကံဳေတြရမည့္လကၡဏာပါ။ ေက်ာက္ကပ္ရဲ ့တာ၀န္က ခႏၶာကိုယ္ထဲရွိ မလိုအပ္ဘဲ ပိုလွွ်ံေနတဲ့ အရည္ေတြကို ဆီးအျဖစ္ထုတ္ေပးရပါတယ္။ မက်န္းမာတဲ့ေက်ာက္ကပ္ဟာ အဲဒီလုပ္ငန္းစဥ္ေတြကို မလုပ္နိုင္ေတာ့ပါဘူး။ ထိုအ ခါ ပိုလွွ်ံေနတဲ့ဆီးႏွင့္ အငံဓာတ္ေတြက ယူရစ္အက္ဆစ္အျဖစ္ေဖာက္ျပန္လာကာ ေျခဖမိုး၊ အဆစ္အျမစ္၊ မ်က္ႏွာ ႏွင့္ လက္ ေခ်ာင္း လက္ဖ်ံေတြကို ေရာင္ကိုင္းေဖာသြပ္ေစကာ ေကြးဆန္ ့နိုင္ဖို ့ခက္ခဲသြားပါျပီ။

(၆) အလြန္အမင္း ေမာပမ္းႏြမ္းနယ္၍ ျဖဴေရာ္ေရာ္ျဖစ္ျခင္း
ေက်ာက္ကပ္ေတြက erythropoietin(ေခၚ)ဟိုမုန္းတမ်ိဳးကိုထုတ္လုပ္ေပးပါတယ္။ ၄င္းဟိုမုန္းက ေသြးနီဆဲလ္ေတြထံသို ့ေအာက္ စီဂ်င္ေထာက္ပံ့ေပးတာျဖစ္ပါတယ္။ အကယ္၍ ေက်ာက္ကပ္မွာျပႆနာရွိ၍ ဟိုမုန္းမထုတ္လုပ္ေပးနိုင္ေတာ့ပါက၊ ေသြးနီဆဲလ္ ေတြလည္း ေလ်ာ့က်လာျပီး ေသြးအားနည္းေရာဂါခံစားရသကဲ့သို ့ အလြန္အမင္းေမာပမ္းႏြယ္နယ္၍ ေဖ်ာ့ေတာ့လာပါတယ္။

(၇) မူးေနာက္၍ အာရံုမစူးစိုက္နိုင္ေတာ့ျခင္း
အထက္ေဖာ္ျပပါ ျဖဴေရာ္ႏြမ္းနယ္ျခင္းဟာလည္း ဦးေႏွာက္ထံသို ့ေအာက္စီဂ်င္ေရာက္ရွိမႈေလ်ာ့နည္းျခင္းႏွင့္ တိုက္ရိုက္ပတ္ သက္ေနတာေၾကာင့္၊ မူးေနာက္ေနာက္ျဖစ္ကာ အာရံုစူးစိုက္နိုင္ျခင္းမရွိေတာ့ပါဘူး။

(၈) ခ်မ္းစိမ့္စိမ့္ျဖစ္ျခင္း
ေက်ာက္ကပ္ပ်က္စီးတဲ့အခါ ေသြးနီဆဲလ္မ်ားယုတ္ေလ်ာ့သြားတာေၾကာင့္၊ ပူေႏြးတဲ့ ပံုမွန္အခန္းအပူခ်ိန္မွာေတာင္ ေျခလက္ေတြ က အျမဲလိုလိုေအးစက္ေနတတ္ပါတယ္။ ခ်မ္းေအးတဲ့ရာသီဥတု ပတ္၀န္းက်င္မ်ိဳးမဟုတ္ပါဘဲနဲ ့အလြန္အမင္းေမာပမ္းႏြမ္းနယ္၍ ေျခလက္ေတြ ေရခဲတံုးတမွွ်ေအးျခင္းဟာ ေက်ာက္ကပ္ပ်က္စီးေနျပီျဖစ္ေၾကာင္းကို ေဖာ္ျပတဲ့လကၡဏာျဖစ္တာမို ့ လံုး၀ မေပါ့ဆ သင့္ပါဘူး။

(၉) အေရျပားယားယံ၍ အနီစင္းေၾကာင္းေတြေပၚျခင္း
ဤျဖစ္စဥ္က သာမန္ဓာတ္မတည့္မႈ အေရျပား allergy ေရာဂါနဲ ့ခပ္ဆင္ဆင္တူပါတယ္။ သို ့ေသာ္မေပါ့ဆပါနဲ ့။ ေက်ာက္ကပ္ ေကာင္းစြာအလုပ္မလုပ္နိုင္ေတာ့ပါက၊ ခႏၶာကိုယ္ထဲမွာ အဆိပ္အေတာက္ေတြစုပံုက်လာတာေၾကာင့္ အေရျပားမသန္ ့ေတာ့ဘဲ ယားယံျခင္းေတြျဖစ္လာပါတယ္။ ဒါေၾကာင့္ အေရျပား allergy ေရာဂါခံစားရပါက၊ အစားအေသာက္မွား၍ ဓာတ္မတည့္တာလား ဒါမွမဟုတ္ ေက်ာက္ကပ္ေၾကာင့္ ျဖစ္သလားဆိုတဲ့ အေျဖကို တိတိက်က်ေဖာ္ထုတ္ပါ။

(၁၀) အသက္ရႈလိုက္တိုင္း အမိုးနီးယားဓာတ္ေငြ ့နံ ့ခံစားရျခင္း
မိမိဖာသာအလြယ္တကူသိနိုင္တဲ့လကၡဏာပါ။ စြန္ ့ပစ္ဆီးထဲမွာ urea(ေခၚ)နိုက္ထရိုဂ်င္ဓာတ္ေပါင္းတစ္မ်ိဳးေပ်ာ္၀င္ေနပါတယ္။ ေက်ာက္ကပ္ပ်က္စီးလာေလေလ urea ေပ်ာ္၀င္မႈမ်ားေလေလျဖစ္တာေၾကာင့္၊ ထိုဓာတ္ေပါင္းေတြက အမိုးနီးယားဓာတ္ေငြ ့နံ ့အ ျဖစ္ တံေတြးနဲ ့ခံတြင္းမွာပ်ံ ့ႏွံ ့ျပီး အသက္ရႈလိုက္တဲ့အခါတိုင္း အမိုးနီးယားနံ ့ကို ခံစားရျခင္းျဖစ္ပါတယ္။(အမိုးနီး ယားအနံ ့ဟာ ဇ၀က္သာ အနံ ့ႏွင့္ဆင္တူပါတယ္)

(၁၁) ေအာ္ဂလီဆန္၍ပ်ိဳ ့အန္ျခင္း
ေက်ာက္ကပ္ပ်က္စီးလာတဲ့အခါ၊ ေသြးထဲမွာစြန ့္ပစ္ပစၥည္းေတြစုပံုလာတာေၾကာင့္ ေသြးဆိပ္တက္လာျပီး ေအာ္ဂလီဆန္ပ်ိဳ ့အန္ တာ ေတြ ခံစားရပါတယ္။

(၁၂) အစာစားခ်င္စိတ္မရွိျခင္း
နိဒါန္းမွာေဖာ္ျပခဲ့သလိုဘဲ တခ်ိဳ ့ေ၀ဒနာသည္ေတာ္ေတာ္မ်ားမ်ားမွာ ေရာဂါအေျခအေနဆိုးရြားေနတာေတာင္ ေက်ာက္ကပ္ပ်က္ စီးေနေၾကာင္းကို သိသာထင္ရွားတဲ့လကၡဏာေတြ မေတြ ့ရတတ္ပါဘူး။ ခႏၶာကိုယ္ထဲမွာ ဆီးဆိပ္တက္ေနတဲ့အခါ ဘာစားစားအ ရသာခံအာရံုမေကာင္းေတာ့ဘဲ အစာစားခ်င္စိတ္မရွိနိုင္ေတာ့ဘူးလို ့ ေဒါက္တာDeepa Jayaram က အၾကံျပဳထားပါတယ္။

(၁၃) အသက္ရႈမ၀ျခင္း
ေက်ာက္ကပ္အေျခအေနဆိုးရြားလာတဲ့အခါ၊ အဆုတ္ထဲမွာအရည္ေတြျပည့္လာတဲ့အတြက္ အသက္ေကာင္းေကာင္းမရႈနိုင္ေတာ့ ပါဘူး။ အဲဒီအခါ အသက္ရႈမ၀သလို ခံစားရျပီး၊ ခႏၶာကုိယ္မွာလည္း ေအာက္စီဂ်င္ ငတ္လာပါတယ္။

(၁၄) ခါးေဘးေတြနာျခင္း
အလြယ္တကူသိနိုင္တဲ့ လကၡဏာျဖစ္ေပမယ့္၊ လူေတာ္ေတာ္မ်ားမ်ားက သတိမထားမိတတ္ၾကျပန္ပါဘူး။ ခါး၏အေနာက္ဖက္ အ လယ္ေခါင္တည့္တည့္က နာတာမ်ိဳးမဟုတ္ဘဲ၊ ဘယ္(သို ့)ညာ ေက်ာက္ကပ္ရွိတဲ့ ခါးေဘး၏အေနာက္နားက နာျခင္းမ်ိဳးပါ။ ခါး ေဘးရဲ ့အေနာက္ဘက္နားမွစ၍ ေပါင္ျခံအထိနာတတ္ပါတယ္။ ဥပမာ ေက်ာက္ကပ္မွဆီးအိတ္သို ့ဆီးကို သယ္ေဆာင္ေပးသည့္ ဆီးျပြန္ေရာင္ရမ္းျခင္း၊ ဆီးထဲမွာ အနည္အႏွစ္မ်ားျခင္း၊ ဆီးေက်ာက္တည္ျခင္း၊ အထူးသျဖင့္ အမ်ိဳးသမီးေတြမွာ ဆီးမၾကာခဏ သြား၍ ဆီးအိမ္ေရာင္ျခင္း တို ့ေၾကာင့္ အဲဒီလိုခါးနာလာရပါတယ္။

★★★★★★★★★★
 ေက်ာက္ကပ္ပ်က္စီးေစနိုင္ေသာ အေၾကာင္းတရားမ်ား
(၁) အကိုက္အခဲေပ်ာက္ေဆးေတြထဲမွာပါရွိတဲ့ ibuprofen၊ motrin၊ aleve၊ acetaminophen စတဲ့ဓာတ္မ်ားက ေက်ာက္ကပ္ ထဲမွာရွိတဲ့ ေသြးေၾကာေတြကို က်ဳံ ့၀င္ေစကာ ေက်ာက္ကပ္ကိုပ်က္စီးေစနိုင္ပါတယ္။ ဆီးရႊင္ေဆးမ်ားကလည္း ေက်ာက္ကပ္ကို ပင္ပင္ပန္းပန္းအားစိုက္၍ အလုပ္ခိုင္းေစကာ ေရဓာတ္ဆံုးရႈံးေစတာေၾကာင့္ ေက်ာက္ကပ္ပ်က္စီးလြယ္ပါတယ္။ ကိုလက္စထေရာ က်ေဆးအခ်ိဳ ့ႏွင့္ ရိုးတြင္းျခင္ဆီကင္ဆာေပ်ာက္ေဆးမ်ားရဲ ့ေဘးထြက္ဆိုးက်ိဳးမ်ားကလည္း ေက်ာက္ကပ္က်န္းမာေရးကို အဟန္ ့အတားျဖစ္ေစပါတယ္။ ဥပမာ ပနစလင္တို ့လို မိမိႏွင့္ဓာတ္မတည့္တဲ့ ထိုးေဆးမ်ိဳးကို မွားယြင္းစြာသံုးစြဲမိတဲ့အခါ၊ ေက်ာက္ကပ္ကို ဆိုးဆိုးရြားရြား ပ်က္စီးေစနိုင္ပါတယ္။

(၂) ေဆးလိပ္ေသာက္ျခင္းက ေက်ာက္ကပ္ရဲ ့လုပ္ငန္းေဆာင္တာေတြကို ကေမာက္ကမျဖစ္ေစပါတယ္။ အကယ္၍ ဆီးခ်ိဳ ႏွင့္ ေသြးတိုးေရာဂါရွိသူမ်ား ေဆးလိပ္ေသာက္ျခင္းက၊ ေက်ာက္ကပ္က်န္းမာေရးကို ပိုမိုဆိုးရြားလာေစနိုင္ပါတယ္။

(၃) ေရာဂါရွာေဖြေရးကိရိယာမ်ားျဖစ္ၾကတဲ့ CT scans ႏွင့္ ဓာတ္မွန္ရိုက္ျခင္းျဖင့္ ၄င္းတို ့မွထြက္လာတဲ့ ေရာင္ျခည္မ်ားက ေက်ာက္ကပ္အလုပ္လုပ္ျခင္းကို ကေမာက္ကမျဖစ္ေစနိုင္ပါတယ္။

(၄) ဗီတာမင္ဒီ ဆိုတာကလည္း steroid ေဟာ္မုန္းအမ်ိဳးအစာတစ္ခုျဖစ္၍ ေက်ာက္ကပ္အပါအ၀င္ ခႏၶာကိုယ္ၾကီးတစ္ခုလံုးကို ေကာင္းက်ိဳးျဖစ္ေစပါတယ္။ လိုအပ္တဲ့ ဗီတာမင္ဒီကို နံက္ေစာေစာ ေနႏုေအးမွ ေနပူစာလႈံျခင္းျဖင့္ ရရွိနိုင္ပါတယ္။

(၅) ေရေသာက္နည္းျခင္း၊ အပူၾကီးဖ်ားနာ၊ ပ်ိဳ ့အန္၊ ၀မ္းသြား၊ ေခြ်းထြက္လြန္ စသည္တို ့ေၾကာင့္ ေရဓာတ္ခမ္းေျခာက္၍ ေက်ာက္ကပ္အလုပ္လုပ္မႈ အားနည္းသြားေစပါတယ္။

(၆) ဆီးအိမ္ကြ်ံျခင္း၊ သားအိမ္ေလ်ာျခင္း၊ ဆီးက်ိတ္ကင္ဆာ၊ သားအိမ္တြင္းအဖုအက်ိတ္စတဲ့ ေ၀ဒနာမ်ားကလည္း ေက်ာက္ကပ္ ႏွင့္ ဆီးလမ္းေၾကာင္းမ်ားကို အဟန္ ့အတားျဖစ္ကာ ေက်ာက္ကပ္ပ်က္စီးသြားနိုင္ပါတယ္။

(၇) ဆီးသြားခ်င္စိတ္ကို လစ္လ်ဴမရႈသင့္ပါဘူး။ အကယ္၍ ဆီးေတြကိုေအာင့္ထားမိတဲ့အခါ၊ ဆီးအိမ္ထဲမွ ဆီးေဟာင္းေတြကို ဆီး ျပြန္မွတဆင့္ ေက်ာက္ကပ္ထံသို ့ ေျပာင္းျပန္-ျပန္လည္စီးဆင္းလာပါတယ္။ ထိုဆီးေဟာင္းေတြကို ေက်ာက္ကပ္က ထပ္မံ၍ဇီ၀ ျဖစ္စဥ္အျဖစ္ အစာခ်က္လုပ္တဲ့အခါ ေက်ာက္ကပ္ညစ္ညမ္းသြားပါတယ္။ (ဒါတင္မကေသးပါဘူး။ အကယ္၍ ဆီးအိမ္ထဲမွာ ဆီး ေတြေဖာင္းတင္းေနခ်ိန္ မေတာ္တဆယဥ္ထိခိုက္မႈ အႏၱရာယ္တခုခုၾကံဳရပါက ဆီးအိမ္ကြဲသြားေစနိုင္ပါတယ္)

(၈) ဆီးလမ္းေၾကာင္းပိုး၀င္ပါက၊ အခ်ိန္မဆိုင္းဘဲ ေဆး၀ါးကုသမႈခံယူသင့္ပါတယ္။ သို ့မဟုတ္ပါက ေက်ာက္ကပ္ကို ေဘးျဖစ္ေစ ပါတယ္။

(၉) ျပည့္စံုလံုေလာက္တဲ့အနားယူမႈရွိပါေစ။ တစ္ေန ့လွ်င္ ၄ နာရီခြဲခန္ ့သာ အိပ္စက္္ေသာသူဟာ ရက္သတၱတစ္ပတ္မွ်အၾကာမွာ သိသိသာသာ စိတ္ဖိစီးမႈမ်ားလာျပီး၊ အိပ္ခ်ိန္ကစဥ့္ကလ်ားျဖစ္မႈဟာ ေက်ာက္ကပ္ေရာဂါကို ပိုမိုဆိုးရြားေစႏိုင္ပါတယ္။

(၁၀) ညေန ၃ နာရီမွ ၅ နာရီအတြင္း ဆီးအိမ္မွ ခႏၶာကိုယ္ထဲရွိအဆိပ္အေတာက္မ်ားကို စြန္႔ပစ္ခ်ိန္ျဖစ္ေသာေၾကာင့္ အနည္းဆံုး တစ္လီတာမွ စ,ၿပီး ေရမ်ားမ်ားေသာက္ရန္လိုအပ္ပါတယ္။ ညေန ၅ နာရီမွ ၇ နာရီဟာ ေက်ာက္ကပ္အလုပ္လုပ္ခ်ိန္ျဖစ္တာ ေၾကာင့္၊ ၄င္းအခ်ိန္္မွာ ေရခ်ိဳးေနစဥ္ ဆီးသြားျခင္းေရွာင္ပါ။ သို ့မဟုတ္ပါက ေက်ာက္ကပ္ပ်က္စီးလြယ္ပါတယ္။

(၁၁) ဗီတာမင္စီေဆးျပားေတြကို လိုအပ္တဲ့ပမာထက္ပို၍စားသံုးမိတဲ့အခါ ေက်ာက္ကပ္မွာ ေက်ာက္တည္ေစနိုင္ပါတယ္။ အ ကိုက္အခဲ ေပ်ာက္ေဆးမ်ားကိုလည္း လြန္ကဲစြာစားမိပါကေက်ာက္ကပ္ပ်က္စီးေစနိုင္ပါတယ္။

(၁၂) ေရကို လံုေလာက္စြာေသာက္ေပးပါ။ ေရဓာတ္ခမ္းေျခာက္ေနတဲ့ ခႏၶာကိုယ္ဟာ ေက်ာက္ကပ္ေရဂါျဖစ္ႏိုင္ေျခ ၂၀ ရာခိုင္ ႏႈန္းရွိွိျပီး၊ ေရဓာတ္လံုေလာက္ေနလွ်င္ ထိုေရာဂါမွ ၆၀ ရာခိုင္ႏႈန္း ကာကြယ္ေပးႏိုင္ပါတယ္။ ေရဗူးကို မိမိႏွင့္လက္တကမ္းမွာ အျမဲထားျပီး၊ ေရဆာတုိင္းေသာက္ေပးပါ။ တစ္ေန ့ကို ေသာက္ေရ ၁၀-ဖန္ခြက္ထက္မနည္းေသာက္ပါ။(သို ့ေသာ္ ျခြင္းခ်က္ အေနျဖင့္ ေက်ာက္ကပ္အားနည္းသူ၊ ေက်ာက္ကပ္ျပႆနာရွိသူ၊ ဆီးခ်ိဳေပ်ာက္ေဆး၏ ေဘးထြက္ဆိုးက်ိဳးေၾကာင့္ ေက်ာက္ကပ္ မေကာင္းသူမ်ားဟာ ေရကိုခ်င့္ခ်ိန္ျပီးေသာက္သင့္ပါတယ္ သို ့မဟုတ္ပါက ေက်ာက္ကပ္မွာ၀န္ထုပ္၀န္ ပိုးျဖစ္ေစပါတယ္)

🏩 (၁၃) ေသြးတိုးျခင္းက ေက်ာက္ကပ္ထဲမွာ ပရိုတင္းဓာတ္ေလ်ာ့နည္းေစျပီး ေက်ာက္ကပ္ကို ဖိစီးမႈျဖစ္ေစပါတယ္။ ဒါေၾကာင့္ ေသြး တိုးေရာဂါမျဖစ္ေအာင္ ကိုယ္အေလးခ်ိန္ထိန္းျခင္း၊ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းလုပ္ျခင္း၊ အငန္ေလ်ာ့စားျခင္းတို ့ျဖင့္ ေက်ာက္ကပ္ကို ကာကြယ္ေပးသင့္ပါတယ္။
★★★★★★★★★★

👪 ေက်ာက္ကပ္ကို ေကာင္းက်ိဳးျပဳေသာ အစားအစာမ်ား 👪

💓 (က) ၾကက္ဥ ဘဲဥတို ့၏အကာ(အျဖဴေရာင္အကာ) ထဲမွာပါရွိတဲ့ အမိုင္ႏိုအက္ဆစ္ေတြက ေက်ာက္ကပ္ကိုက်န္းမာေစပါတယ္။

💓 (ခ) ေဂၚဖီထုပ္ထဲမွာ ပိုတက္စီယမ္ပါ၀င္မႈ လြန္စြာနည္းပါးတဲ့အျပင္၊ ၄င္းထဲရွိ သဘာ၀ဗီတာမင္မ်ား ႏွင့္ အမွွ်င္ဓာတ္တို ့က ေက်ာက္ကပ္အတြက္ အားေဆးျဖစ္ပါတယ္။

💓 (ဂ) မဂၢနီစီယမ္ဓာတ္ခ်ိဳ ့တဲ့ျခင္းကလည္း ေသြးတိုးေရာဂါကိုျဖစ္ေစျပီး၊ ေက်ာက္ကပ္ ကို သြယ္၀ိုက္ေသာနည္းျဖင့္ ေဘးျဖစ္ေစပါတယ္။ ဒါေၾကာင့္ မဂၢနီစီယမ္ဓာတ္္ၾကြယ္၀ေသာအစားအစာမ်ားျဖစ္ၾကတဲ့ အေစ့အဆံ မ်ား၊ ေျမေထာက္ပဲမ်ား ႏွင့္ ကိုက္လံ၊ ပန္းေဂၚဖီစိမ္း(ဘရုိကိုလီ)တို ့လို ဟင္းရြက္စိမ္းမ်ားကို လံုေလာက္စြာစားေပးပါ။

💓 (ဃ) အ စိမ္းေရာင္ငရုပ္ခ်ိဳပြထဲမွာ ပိုတက္စီယမ္ဓာတ္ ပါ၀င္မႈနည္းပါးတဲ့အျပင္၊ ၄င္းထဲရွိ သဘာ၀ဗီတာမင္နဲ ့သတၱဳဓာတ္တို ့က ေက်ာက္ ကပ္ကို သန္ ့စင္ေပးနိုင္တဲ့ အစြမ္းမ်ားျဖစ္ၾကပါတယ္။

💓 (င) စပ်စ္သီးက ခႏၶာကုိယ္ထဲရိွမလိုလားအပ္ေသာ ယူရစ္အက္ဆစ္မ်ားကို ဆီးအျဖစ္ထြက္ရွိလာေအာင္ တြန္းအားေပးတာေၾကာင့္ ဆီးရႊင္ေစကာ၊ ေက်ာက္ကပ္က်န္းမာေစတဲ့အျပင္၊ ခႏၶာကိုယ္တြင္း အ ဆိပ္မ်ားကို အရွိန္ဟုန္္ျမင့္ သုတ္သင္ရွင္းလင္းႏိုင္သည့္ ဇီဝျဖစ္စဥ္ကိုတိုးျမွင့္ေပးႏိုင္၍ ေက်ာက္ကပ္ ႏွင့္ သည္းေျခကို သန္ ့စင္ေစ ပါတယ္။

💓 (စ) ဘယ္ရီသီး မ်ိဳးႏြယ္၀င္မ်ားျဖစ္ၾကတဲ့ စေတာ္ဘယ္ရီ ႏွင့္ Cranberries(ေခၚ)အခ်ဥ္အရသာရွိတဲ့ ဘယ္ရီသီးအနီ ေရာင္ေတြထဲမွာပါရွိတဲ့ hippuric အက္ဆစ္ဟာ ခႏၶာကိုယ္ထဲရွိ ဆီးအဆိပ္အေတာက္ကို ဖယ္ရွားေပးနိုင္ပါတယ္။

💓 (ဆ) ၾကိတ္ မွန္ရြက္ ပဥၥငါးပါး(အျမစ္ပါ မက်န္တပင္လံုး) ကိုေရစင္စင္ေဆးအေျခာက္လွန္း၊ သြပ္ျပားေပၚတင္ျပာခ်၊ ၄င္းျပာကိုသံဒယ္အိုး မွာထည့္၊ ေရႏွင့္ေဖ်ာ္ျပီး ခန္းေျခာက္သြားေအာင္ အပူေပးခ်က္ျခင္းျဖင့္ ရလာတဲ့ေဆးကို “ၾကိတ္မွန္ရြက္ ရုကၡမူဆား” လို ့ေခၚပါ တယ္။ ၄င္းေဆးကို ထမင္းမစားခင္ ဇီးကင္းခန္ ့ေန ့ စဥ္ အခ်ိန္မွန္မွန္စားပါ။

💓 (ဇ) မည္သည့္ဌက္ေပ်ာပင္မဆို၊ အူတိုင္ကို ေက်ာက္ ဖရံုသီးျဖင့္ ေဖ်ာ္ရည္လုပ္ေသာက္ပါက ေက်ာက္ကပ္၊ ဆီးအိမ္၊ အမ်ိဳးသား မ်ား ဆီးက်ိတ္ေ၀ဒနာ ႏွင့္ ဆီးေက်ာက္တည္ျခင္းမွ ကာကြယ္ေပးပါတယ္။

💓 (စ်) ေရႊဖရံုသီး ႏွင့္ ေရႊဖရံုေစ့ထဲရွိအဆီတို ့ဟာ ေက်ာက္ကပ္၏ စြမ္းေဆာင္ရည္ကိုတိုးတက္ျမင့္ မားလာ ေစျပီး၊ ခႏၶာကိုယ္ထဲရွိ မလိုလားအပ္ေသာ၊ အညစ္အေၾကးတို ့ကို ဆီးအျဖစ္စြန္ ့ထုတ္ ေပးႏိုင္လို ့ဆီးေက်ာက္တည္ျခင္း မျဖစ္ ေစပါဘူး။ အထူးသျဖင့္ အမ်ိဳးသားမ်ားတြင္ျဖစ္တတ္ေသာ ဆီးကိ်တ္ၾကီးထြားလာျခင္းကို သက္သာေစရံုမွ်မက၊ ဆီးက်ိတ္ကင္ ဆာေရာဂါကိုလဲ ထိထိေရာက္ေရာက္ တားဆီးကာကြယ္ေပးႏိုင္ပါတယ္္။

💓 (ည) နာနတ္သီးကို ပန္းသီး(သို ့)ဖရဲသီးတို ့ျဖင့္ တြဲစား ပါက၊ ခႏၶာကိုယ္ထဲရွိ မလိုအပ္ေသာအငန္ဓာတ္မ်ားကို ဖယ္ရွားေပးျပီး၊ ေက်ာက္ကပ္ ႏွင့္ သည္းေျခတို ့ကို အားျဖစ္ေစတဲ့အျပင္၊ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္တာေၾကာင့္ ေက်ာက္ကပ္သန္ ့စင္ေစပါတယ္။

💓 (ဋ) အာလူးထဲမွာ မဂၢနီစီယမ္ဓာတ္ျမင့္ မားစြာပါရွိၿပီး၊ ထိုဓာတ္က ေက်ာက္ကပ္ ႏွင့္တစ္ရႈးမ်ားထဲတြင္ ေက်ာက္ကပ္ေက်ာက္ တည္ျခင္းကို ေခ်ဖ်က္ေပးႏိုင္စြမ္းရွိပါတယ္။

💓 (ဥ) ၾကံရည္က ေက်ာက္ကပ္ကို အားေပးျပီး၊ ဆီးခ်ဳပ္/ဆီးေအာင့္ျခင္းမွ ကာကြယ္ေပးပါတယ္္။

💓 (ဌ) ခရမ္းခ်ဥ္သီးကို အေစ့ဖယ္၍ စားျခင္းက ေက်ာက္ကပ္ႏွင္ ့ဆီးအိမ္ေက်ာက္တည္ျခင္း အလားအလာကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

💓 (ဏ) ျမင္းခြားရြက္ကို ေန ့စဥ္ မွန္မွန္စားေပးျခင္းျဖင့္ ေက်ာက္ကပ္နဲ ့ပတ္သက္ေသာ ဆီးေ၀ဒနာအမ်ိဳးမ်ိဳးမွ ၾကိဳတင္ကာကြယ္ရာေရာက္ပါတယ္။

👪 ေက်ာက္ကပ္ကို ေဘးျဖစ္ေစေသာ အစားအစာမ်ား 👪

💔 (က) ႏို ့၊ ဒိိန္ခ်ဥ္၊ ႏို ့ခဲ စတဲ့ တိရိစၦာန္မွရရွိေသာ အဆီမထုတ္ထားတဲ့ ႏို ့ထြက္ပစၥည္းမ်ားကို လြန္ကဲစြာ စားေသာက္တဲ့အခါမွာ ေက်ာက္ကပ္ထဲကို ကယ္လ္စီယမ္ဓာတ္မ်ားအနည္က်ကာ ဆီးေက်ာက္တည္ျခင္းကိုျဖစ္ေစပါတယ္။

💔 (ခ) ဆိုဒီယမ္(အငံ)ဓာတ္ က ခႏၶာကိုယ္ထဲရွိအရည္ေတြကို မွ်တေအာင္ထိန္းေပးနိုင္တာေၾကာင့္ ဆားဟာမရွိမျဖစ္အရာပါ။ သို ့ေသာ္ ဆားနဲ ့အငံဓာတ္ ေတြကို လိုအပ္တာထက္ပိုမိုစားသံုးမိတဲ့အခါ ကိုယ္ထဲမွာ ကယ္လ္စီယမ္ဓာတ္ကို စြန္ ့ထုတ္မႈပိုမ်ားေစျပီး၊ အရိုးသန္မာမႈကို ယုတ္ေလွ်ာ့ေစတဲ့အျပင္ ေက်ာက္ကပ္မွာ ေက်ာက္တည္နိုင္ျခင္းအလားအလာကိုလည္း ပိုမ်ားလာေစပါတယ္။ ဒါေၾကာင့္ ဆားကို ေလ်ာ့နိုင္သမ်ွေလ်ာ့့စားပါ။

💔 (ဂ) အသားစား မက်ဳးသင့္ပါဘူး။ အထူးသျဖင့္ အမဲ-သိုး-ဆိတ္-ၾကက္ဆင္ စတဲ့အနီေရာင္အသားမ်ား ႏွင့္ ပင္လယ္ငါး၊ ပုစြန္ ေတြထဲမွာပါ ရွိတဲ့ phosphorus(ေခၚ)မီး စုန္းဓာတ္က ေက်ာက္ကပ္ကို လံုး၀ ေကာင္းက်ိဳးမျပဳပါဘူး။

💔 (ဃ) အရက္အလြန္အကြ်ံ မေသာက္ပါႏွင့္။ အရက္ထဲမွာပါတဲ့ အယ္လ္ကိုေဟာလ္က အသည္းေရာဂါေၾကာင့္ ေက်ာက္ကပ္ပ်က္စီး ေစ ပါတယ္။

💔 (င) လ်ားေစာင္းလက္ပပ္ပင္အႏွစ္က က်န္းမာေရးအတြက္ ဘက္စံုေကာင္းက်ိဳးျပဳေသာ္လည္း၊ ၄င္းဂ်ယ္လီကို တစ္ရက္ လွ်င္ ၂၀ စီစီ ပမာဏထက္ပို၍စားပါက ေက်ာက္ကပ္ပ်က္စီးေစႏိုင္ပါတယ္။

💔 (စ) ဟင္းႏုနယ္ထဲတြင္ oxalates ဓာတ္ပါရွိသျဖင့္ ေက်ာက္ကပ္ေ၀ဒနာသည္မ်ား အလြန္အကြ်ံမစားသင့္ေပ။

💔 (ဆ) Oxalates ဓာတ္ၾကြယ္၀တဲ့ ဗိုစားပဲသီး၊ ပိန္းဥ၊ ပိန္းရိုး၊ ဟင္းႏု နယ္ရြက္တို ့က ဆီးေက်ာက္တည္ေစနိုင္တာေၾကာင့္ သင့္တင့္ရံုသာစားေပးပါ။

💔 (ဇ) ဥပမာ အစားအစာေတြကို တာရွည္ခံေအာင္ ျပဳျပင္ထားတဲ့ သား-ငါး-ဟင္းသီးဟင္းရြက္-သစ္သီး၀လံ စည္သြတ္ဗူးမ်ား၊ ၾကက္-၀က္အူေခ်ာင္းမ်ား၊ ထံုခ်ိဳင္းအသားလံုးမ်ား၊ အ သင့္စား ေခါက္ဆြဲ-ၾကာဇံေျခာက္အထုပ္မ်ား စသည္တို ့က အသည္း ႏွင့္ ေက်ာက္ကပ္တို ့ကို အဆိပ္အေတာက္ ျဖစ္ေစနိုင္တာ ေၾကာင့္ ရံဖန္ရံခါသာ စားသံုးသင့္ပါတယ္။

💔 (စ်) သဘာ၀ သစ္သီးေဖ်ာ္ရည္မဟုတ္တဲ့ အခ်ိဳရည္အမ်ိဳးမ်ိဳးႏွင့္ ဆိုဒါတို ့မွာ တာရွည္ ခံေအာင္၊ အနံ ့ေကာင္းေအာင္ ႏွင့္ အရသာရွိေအာင္ ဓာတုပစၥည္းမ်ားသံုး၍ ျပဳျပင္ထားေၾကာင့္ အာဟာရ(လံုး၀) မျဖစ္ေစတဲ့ အျပင္ ေက်ာက္ကပ္ကိုပါထိခိုက္ေစပါတယ္။ ထို ့နည္းတူ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဂက္စ္ထဲ့ထားတဲ့ အေဖ်ာ္ယမကာမ်ားကလည္း ေက်ာက္ကပ္ ထဲရွိ ေသြးေၾကာမ်ားကို ပ်က္စီးျခင္း၊ ေက်ာက္တည္ျခင္း စတဲ့ ဆိုးက်ိဳးေတြ ျဖစ္ေစနိုင္ပါတယ္။ ဒါ့ျပင္ ကဖိန္းဓာတ္ မ်ားတဲ့ ေကာ္ဖီ ႏွင့္ လၻက္ရည္မ်ားကို အလြန္အကြ်ံေသာက္ျခင္းက ခႏၶာကိုယ္အႏွံ ့ ေသြးလည္ပတ္စီးဆင္းမႈကို လွံဳ ့ေဆာ္ေပးတာ ေၾကာင့္၊ ေသြးဖိအားမ်ားလာျပီး ေက်ာက္ကပ္ကို တြန္းအားျဖစ္ေစပါတယ္။

Like_N_Share ျပဳလုပ္ျခင္းျဖင့္ မိမိ ပတ္၀န္းက်င္မွ မိတ္ေဆြမ်ားအား က်န္းမာေရး အသိပညာျဖန္႕ေ၀ျခင္းျဖင့္ ကုသိုလ္ယူႏိုင္ၾကပါေစေနာ္

Credit:(ဘာလာလာ)

#Unicode Version#
အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ သို့သော် တချို့ဝေဒနာသည်တော်တော်များများမှာ ရောဂါအခြေ အနေဆိုးရွားနေတာတောင် ကျောက်ကပ်ပျက်စီးနေကြောင်းကို သိသာထင်ရှားတဲ့လက္ခဏာတွေ မတွေ့ရတဲ့အတွက်ကြောင့် ထို ရောဂါကို တိတ်တဆိတ်လူသတ်သမားလို့ဆိုနိုင်ပါတယ်။ ခန္ဓာကိုယ်ကြီးကောင်းစွာ အသက်ဆက်နိုင်ဖို့အတွက် ကျောက်ကပ် ရဲ့ အခန်းကဏ္ဍဟာလွန်စွာ အရေးပါလှပါတယ်။ ဒါကြောင့်လည်း တခြားကလီစာများနှင့်မတူ လူတစ်ယောက်မှာ ကျောက်ကပ် နှစ်ခု(တစ်စုံ)ကို မွေးလာကတည်းက အတူပါလာရခြင်းဖြစ်ပါတယ်။ ရောဂါဖြစ်ခါစမှာကုသခြင်းထက်၊ ရောဂါကျွမ်းလာမှ ကုသနိုင် ခြင်းဟာ ရခဲလှတဲ့လူ့ဘဝအတွက် အင်မတန်မှနှမြောစရာကောင်းပါတယ်။ သို့ပါ၍ အောက်ဖော်ပြပါ လက္ခဏာ(၁၄)ရပ်ကို လေ့လာရင်း ကျောက်ကပ်မပျက်စီးရလေအောင် မိမိဘက်မှလက်ဦးမှုအရယူနိုင်ကြပါစေကြောင်း အကြံပြုလိုက်ရပါတယ်။
(၁) ဆီးအခြေအနေပြောင်းလဲခြင်း

“ဆီးအခြေအနေပြောင်းလဲခြင်းအစ ကျောက်ကပ်ရောဂါက” လို့မှတ်ပါလေ။ ပုံမှန်နဲ့မတူတော့ဘဲ ဆီးပမာဏများလာခြင်း၊ နည်းသွားခြင်း၊ မကြာခဏဆီးသွားခြင်း၊ ယခင်ထက် ဆီးအရောင်ရင့်လာခြင်း၊ အားစိုက်ကာ ဆီးကိုညှစ်ထုတ်၍သွားရခြင်းတို့ဖြစ် ပါတယ်။ အထူးသဖြင့် ညပိုင်းမှာဆီးသွားကြိမ်ရေများခြင်းဟာ ကျောက်ကပ်ပျက်စီးခြင်း၏ စဦးပိုင်းအခြေအနေဖြစ်တာကြောင့် လစ်လျူမရှုသင့်ပါဘူး။ ထိုအခြေအနေမှာ အချိန်မှီကုသယူမခံယူဖြစ်ပါက ကျောက်ကပ်၏ ၈၀ ရာခိုင်နှုန်းအထိပျက်စီးသွားနိုင် တယ်လို့ အိန္ဒိယနိုင်ငံရှိ Pune Region မှ ကျောက်ကပ်ရောဂါဆိုင်ရာ အကြီးတန်းအကြံပေးဖြစ်သူ ဒေါက်တာ Avinash Ignatius က သတိပေးထားပါတယ်။

(၂) ခက်ခက်ခဲခဲ ဆီးသွားရခြင်း(သို့)ဆီးသွားနေစဉ် နာကျင်စွာခံစားရခြင်း

ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ခက်ခက်ခဲခဲ ဆီးသွားရခြင်း(သို့)ဆီးသွားနေစဉ် နာကျင်စွာခံစားရခြင်း(သို့)ဆီးပူ၍ လိင်အင်္ဂါမှာ ပူ စပ်ပူလောင်ဖြစ်ခြင်း စတာတွေ ခံစားရတတ်ပါတယ်။ ဆီးလမ်းကြောင်းထဲရှိပိုးဟာ ကျောက်ကပ်အထိ ကူးစက်ပျံ့နှံ့သွားပါက အဖျားတက်ပြီး ခါးနာလာပါတယ်။

(၃) ဆီးထဲမှာသွေးပါခြင်း

ဆီးထဲမှာသွေးပါခြင်းက ကျောက်ကပ်မှာပြဿနာရှိနေကြောင်းကို ထင်သာမြင်သာစွာသိနိုင်ပါတယ်။ ထိုအခြေအနေမျိုးကြုံရပါက ဆရာဝန်ဖြင့် အမြန်ဆုံးကုသမှုခံယူပါ။ (အမျိုးသမီးများ ဓမ္မတာလာစဉ် ဆီးထဲမှာသွေးပါတာမျိုးကိုမဆိုလိုပါ)

(၄) ဆီးအမြှုပ်ထခြင်း

ဆီးသွားနေစဉ်အတွင်း ဆီးထဲအမြှုပ်ထနေတာကို အလွယ်တကူတွေ့မြင်နိုင်ပါတယ်။ ထိုအခြေအနေမျိုးဟာ ခန္ဓာကိုယ်ထဲမှာ ပရို တင်းဓာတ်ချို့တဲ့ခြင်းကြောင်းဖြစ်နိုင်သလို၊ ကျောက်ကပ်ပျက်စီးတဲ့ လက္ခဏာလည်းဖြစ်နိုင်တာကြောင့် မပေါ့ဆဘဲ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်တယ်လို့ အိန္ဒိယနိင်ငံ၊ မွန်ဘိုင်းရှိ ကျောက်ကပ်ရောဂါဆိုင်ရာသုတေသီတစ်ဦးဖြစ်သူ ဒေါက်တာ Deepa Jayaram က သတိပေးထားပါတယ်။

(၅) ခန္ဓာကိုယ် ဖောသွပ်ခြင်း

ကျောက်ကပ်ပျက်စီးနေသူတိုင်း ကြုံတွေရမည့်လက္ခဏာပါ။ ကျောက်ကပ်ရဲ့တာဝန်က ခန္ဓာကိုယ်ထဲရှိ မလိုအပ်ဘဲ ပိုလျှံနေတဲ့ အရည်တွေကို ဆီးအဖြစ်ထုတ်ပေးရပါတယ်။ မကျန်းမာတဲ့ကျောက်ကပ်ဟာ အဲဒီလုပ်ငန်းစဉ်တွေကို မလုပ်နိုင်တော့ပါဘူး။ ထိုအ ခါ ပိုလျှံနေတဲ့ဆီးနှင့် အငံဓာတ်တွေက ယူရစ်အက်ဆစ်အဖြစ်ဖောက်ပြန်လာကာ ခြေဖမိုး၊ အဆစ်အမြစ်၊ မျက်နှာ နှင့် လက် ချောင်း လက်ဖျံတွေကို ရောင်ကိုင်းဖောသွပ်စေကာ ကွေးဆန့်နိုင်ဖို့ခက်ခဲသွားပါပြီ။

(၆) အလွန်အမင်း မောပမ်းနွမ်းနယ်၍ ဖြူရော်ရော်ဖြစ်ခြင်း

ကျောက်ကပ်တွေက erythropoietin(ခေါ်)ဟိုမုန်းတမျိုးကိုထုတ်လုပ်ပေးပါတယ်။ ၎င်းဟိုမုန်းက သွေးနီဆဲလ်တွေထံသို့အောက် စီဂျင်ထောက်ပံ့ပေးတာဖြစ်ပါတယ်။ အကယ်၍ ကျောက်ကပ်မှာပြဿနာရှိ၍ ဟိုမုန်းမထုတ်လုပ်ပေးနိုင်တော့ပါက၊ သွေးနီဆဲလ် တွေလည်း လျော့ကျလာပြီး သွေးအားနည်းရောဂါခံစားရသကဲ့သို့ အလွန်အမင်းမောပမ်းနွယ်နယ်၍ ဖျော့တော့လာပါတယ်။

(၇) မူးနောက်၍ အာရုံမစူးစိုက်နိုင်တော့ခြင်း

အထက်ဖော်ပြပါ ဖြူရော်နွမ်းနယ်ခြင်းဟာလည်း ဦးနှောက်ထံသို့အောက်စီဂျင်ရောက်ရှိမှုလျော့နည်းခြင်းနှင့် တိုက်ရိုက်ပတ် သက်နေတာကြောင့်၊ မူးနောက်နောက်ဖြစ်ကာ အာရုံစူးစိုက်နိုင်ခြင်းမရှိတော့ပါဘူး။
(၈) ချမ်းစိမ့်စိမ့်ဖြစ်ခြင်း

ကျောက်ကပ်ပျက်စီးတဲ့အခါ သွေးနီဆဲလ်များယုတ်လျော့သွားတာကြောင့်၊ ပူနွေးတဲ့ ပုံမှန်အခန်းအပူချိန်မှာတောင် ခြေလက်တွေ က အမြဲလိုလိုအေးစက်နေတတ်ပါတယ်။ ချမ်းအေးတဲ့ရာသီဥတု ပတ်ဝန်းကျင်မျိုးမဟုတ်ပါဘဲနဲ့အလွန်အမင်းမောပမ်းနွမ်းနယ်၍ ခြေလက်တွေ ရေခဲတုံးတမျှအေးခြင်းဟာ ကျောက်ကပ်ပျက်စီးနေပြီဖြစ်ကြောင်းကို ဖော်ပြတဲ့လက္ခဏာဖြစ်တာမို့ လုံး၀ မပေါ့ဆ သင့်ပါဘူး။

(၉) အရေပြားယားယံ၍ အနီစင်းကြောင်းတွေပေါ်ခြင်း

ဤဖြစ်စဉ်က သာမန်ဓာတ်မတည့်မှု အရေပြား allergy ရောဂါနဲ့ခပ်ဆင်ဆင်တူပါတယ်။ သို့သော်မပေါ့ဆပါနဲ့။ ကျောက်ကပ် ကောင်းစွာအလုပ်မလုပ်နိုင်တော့ပါက၊ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေစုပုံကျလာတာကြောင့် အရေပြားမသန့်တော့ဘဲ ယားယံခြင်းတွေဖြစ်လာပါတယ်။ ဒါကြောင့် အရေပြား allergy ရောဂါခံစားရပါက၊ အစားအသောက်မှား၍ ဓာတ်မတည့်တာလား ဒါမှမဟုတ် ကျောက်ကပ်ကြောင့် ဖြစ်သလားဆိုတဲ့ အဖြေကို တိတိကျကျဖော်ထုတ်ပါ။

(၁၀) အသက်ရှုလိုက်တိုင်း အမိုးနီးယားဓာတ်ငွေ့နံ့ခံစားရခြင်း

မိမိဖာသာအလွယ်တကူသိနိုင်တဲ့လက္ခဏာပါ။ စွန့်ပစ်ဆီးထဲမှာ urea(ခေါ်)နိုက်ထရိုဂျင်ဓာတ်ပေါင်းတစ်မျိုးပျော်ဝင်နေပါတယ်။ ကျောက်ကပ်ပျက်စီးလာလေလေ urea ပျော်ဝင်မှုများလေလေဖြစ်တာကြောင့်၊ ထိုဓာတ်ပေါင်းတွေက အမိုးနီးယားဓာတ်ငွေ့နံ့အ ဖြစ် တံတွေးနဲ့ခံတွင်းမှာပျံ့နှံ့ပြီး အသက်ရှုလိုက်တဲ့အခါတိုင်း အမိုးနီးယားနံ့ကို ခံစားရခြင်းဖြစ်ပါတယ်။(အမိုးနီး ယားအနံ့ဟာ ဇဝက်သာ အနံ့နှင့်ဆင်တူပါတယ်)

(၁၁) အော်ဂလီဆန်၍ပျို့အန်ခြင်း

ကျောက်ကပ်ပျက်စီးလာတဲ့အခါ၊ သွေးထဲမှာစွန့်ပစ်ပစ္စည်းတွေစုပုံလာတာကြောင့် သွေးဆိပ်တက်လာပြီး အော်ဂလီဆန်ပျို့အန် တာ တွေ ခံစားရပါတယ်။

(၁၂) အစာစားချင်စိတ်မရှိခြင်း

နိဒါန်းမှာဖော်ပြခဲ့သလိုဘဲ တချို့ဝေဒနာသည်တော်တော်များများမှာ ရောဂါအခြေအနေဆိုးရွားနေတာတောင် ကျောက်ကပ်ပျက် စီးနေကြောင်းကို သိသာထင်ရှားတဲ့လက္ခဏာတွေ မတွေ့ရတတ်ပါဘူး။ ခန္ဓာကိုယ်ထဲမှာ ဆီးဆိပ်တက်နေတဲ့အခါ ဘာစားစားအ ရသာခံအာရုံမကောင်းတော့ဘဲ အစာစားချင်စိတ်မရှိနိုင်တော့ဘူးလို့ ဒေါက်တာDeepa Jayaram က အကြံပြုထားပါတယ်။

(၁၃) အသက်ရှုမဝခြင်း

ကျောက်ကပ်အခြေအနေဆိုးရွားလာတဲ့အခါ၊ အဆုတ်ထဲမှာအရည်တွေပြည့်လာတဲ့အတွက် အသက်ကောင်းကောင်းမရှုနိုင်တော့ ပါဘူး။ အဲဒီအခါ အသက်ရှုမဝသလို ခံစားရပြီး၊ ခန္ဓာကိုယ်မှာလည်း အောက်စီဂျင် ငတ်လာပါတယ်။

(၁၄) ခါးဘေးတွေနာခြင်း

အလွယ်တကူသိနိုင်တဲ့ လက္ခဏာဖြစ်ပေမယ့်၊ လူတော်တော်များများက သတိမထားမိတတ်ကြပြန်ပါဘူး။ ခါး၏အနောက်ဖက် အ လယ်ခေါင်တည့်တည့်က နာတာမျိုးမဟုတ်ဘဲ၊ ဘယ်(သို့)ညာ ကျောက်ကပ်ရှိတဲ့ ခါးဘေး၏အနောက်နားက နာခြင်းမျိုးပါ။ ခါး ဘေးရဲ့အနောက်ဘက်နားမှစ၍ ပေါင်ခြံအထိနာတတ်ပါတယ်။ ဥပမာ ကျောက်ကပ်မှဆီးအိတ်သို့ဆီးကို သယ်ဆောင်ပေးသည့် ဆီးပြွန်ရောင်ရမ်းခြင်း၊ ဆီးထဲမှာ အနည်အနှစ်များခြင်း၊ ဆီးကျောက်တည်ခြင်း၊ အထူးသဖြင့် အမျိုးသမီးတွေမှာ ဆီးမကြာခဏ သွား၍ ဆီးအိမ်ရောင်ခြင်း တို့ကြောင့် အဲဒီလိုခါးနာလာရပါတယ်။
★★★★★★★★★★
👪 ကျောက်ကပ်ပျက်စီးစေနိုင်သော အကြောင်းတရားများ 👪

(၁) အကိုက်အခဲပျောက်ဆေးတွေထဲမှာပါရှိတဲ့ ibuprofen၊ motrin၊ aleve၊ acetaminophen စတဲ့ဓာတ်များက ကျောက်ကပ် ထဲမှာရှိတဲ့ သွေးကြောတွေကို ကျုံ့ဝင်စေကာ ကျောက်ကပ်ကိုပျက်စီးစေနိုင်ပါတယ်။ ဆီးရွှင်ဆေးများကလည်း ကျောက်ကပ်ကို ပင်ပင်ပန်းပန်းအားစိုက်၍ အလုပ်ခိုင်းစေကာ ရေဓာတ်ဆုံးရှုံးစေတာကြောင့် ကျောက်ကပ်ပျက်စီးလွယ်ပါတယ်။ ကိုလက်စထရော ကျဆေးအချို့နှင့် ရိုးတွင်းခြင်ဆီကင်ဆာပျောက်ဆေးများရဲ့ဘေးထွက်ဆိုးကျိုးများကလည်း ကျောက်ကပ်ကျန်းမာရေးကို အဟန့်အတားဖြစ်စေပါတယ်။ ဥပမာ ပနစလင်တို့လို မိမိနှင့်ဓာတ်မတည့်တဲ့ ထိုးဆေးမျိုးကို မှားယွင်းစွာသုံးစွဲမိတဲ့အခါ၊ ကျောက်ကပ်ကို ဆိုးဆိုးရွားရွား ပျက်စီးစေနိုင်ပါတယ်။

(၂) ဆေးလိပ်သောက်ခြင်းက ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေကို ကမောက်ကမဖြစ်စေပါတယ်။ အကယ်၍ ဆီးချို နှင့် သွေးတိုးရောဂါရှိသူများ ဆေးလိပ်သောက်ခြင်းက၊ ကျောက်ကပ်ကျန်းမာရေးကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။

(၃) ရောဂါရှာဖွေရေးကိရိယာများဖြစ်ကြတဲ့ CT scans နှင့် ဓာတ်မှန်ရိုက်ခြင်းဖြင့် ၎င်းတို့မှထွက်လာတဲ့ ရောင်ခြည်များက ကျောက်ကပ်အလုပ်လုပ်ခြင်းကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။

(၄) ဗီတာမင်ဒီ ဆိုတာကလည်း steroid ဟော်မုန်းအမျိုးအစာတစ်ခုဖြစ်၍ ကျောက်ကပ်အပါအဝင် ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ကောင်းကျိုးဖြစ်စေပါတယ်။ လိုအပ်တဲ့ ဗီတာမင်ဒီကို နံက်စောစော နေနုအေးမှ နေပူစာလှုံခြင်းဖြင့် ရရှိနိုင်ပါတယ်။

(၅) ရေသောက်နည်းခြင်း၊ အပူကြီးဖျားနာ၊ ပျို့အန်၊ ဝမ်းသွား၊ ချွေးထွက်လွန် စသည်တို့ကြောင့် ရေဓာတ်ခမ်းခြောက်၍ ကျောက်ကပ်အလုပ်လုပ်မှု အားနည်းသွားစေပါတယ်။

(၆) ဆီးအိမ်ကျွံခြင်း၊ သားအိမ်လျောခြင်း၊ ဆီးကျိတ်ကင်ဆာ၊ သားအိမ်တွင်းအဖုအကျိတ်စတဲ့ ဝေဒနာများကလည်း ကျောက်ကပ် နှင့် ဆီးလမ်းကြောင်းများကို အဟန့်အတားဖြစ်ကာ ကျောက်ကပ်ပျက်စီးသွားနိုင်ပါတယ်။

(၇) ဆီးသွားချင်စိတ်ကို လစ်လျူမရှုသင့်ပါဘူး။ အကယ်၍ ဆီးတွေကိုအောင့်ထားမိတဲ့အခါ၊ ဆီးအိမ်ထဲမှ ဆီးဟောင်းတွေကို ဆီး ပြွန်မှတဆင့် ကျောက်ကပ်ထံသို့ ပြောင်းပြန်-ပြန်လည်စီးဆင်းလာပါတယ်။ ထိုဆီးဟောင်းတွေကို ကျောက်ကပ်က ထပ်မံ၍ဇီ၀ ဖြစ်စဉ်အဖြစ် အစာချက်လုပ်တဲ့အခါ ကျောက်ကပ်ညစ်ညမ်းသွားပါတယ်။ (ဒါတင်မကသေးပါဘူး။ အကယ်၍ ဆီးအိမ်ထဲမှာ ဆီး တွေဖောင်းတင်းနေချိန် မတော်တဆယဉ်ထိခိုက်မှု အန္တရာယ်တခုခုကြုံရပါက ဆီးအိမ်ကွဲသွားစေနိုင်ပါတယ်)

(၈) ဆီးလမ်းကြောင်းပိုးဝင်ပါက၊ အချိန်မဆိုင်းဘဲ ဆေးဝါးကုသမှုခံယူသင့်ပါတယ်။ သို့မဟုတ်ပါက ကျောက်ကပ်ကို ဘေးဖြစ်စေ ပါတယ်။

(၉) ပြည့်စုံလုံလောက်တဲ့အနားယူမှုရှိပါစေ။ တစ်နေ့လျှင် ၄ နာရီခွဲခန့်သာ အိပ်စက်သောသူဟာ ရက်သတ္တတစ်ပတ်မျှအကြာမှာ သိသိသာသာ စိတ်ဖိစီးမှုများလာပြီး၊ အိပ်ချိန်ကစဉ့်ကလျားဖြစ်မှုဟာ ကျောက်ကပ်ရောဂါကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

(၁၀) ညနေ ၃ နာရီမှ ၅ နာရီအတွင်း ဆီးအိမ်မှ ခန္ဓာကိုယ်ထဲရှိအဆိပ်အတောက်များကို စွန့်ပစ်ချိန်ဖြစ်သောကြောင့် အနည်းဆုံး တစ်လီတာမှ စ,ပြီး ရေများများသောက်ရန်လိုအပ်ပါတယ်။ ညနေ ၅ နာရီမှ ၇ နာရီဟာ ကျောက်ကပ်အလုပ်လုပ်ချိန်ဖြစ်တာ ကြောင့်၊ ၎င်းအချိန်မှာ ရေချိုးနေစဉ် ဆီးသွားခြင်းရှောင်ပါ။ သို့မဟုတ်ပါက ကျောက်ကပ်ပျက်စီးလွယ်ပါတယ်။

(၁၁) ဗီတာမင်စီဆေးပြားတွေကို လိုအပ်တဲ့ပမာထက်ပို၍စားသုံးမိတဲ့အခါ ကျောက်ကပ်မှာ ကျောက်တည်စေနိုင်ပါတယ်။ အ ကိုက်အခဲ ပျောက်ဆေးများကိုလည်း လွန်ကဲစွာစားမိပါကကျောက်ကပ်ပျက်စီးစေနိုင်ပါတယ်။

(၁၂) ရေကို လုံလောက်စွာသောက်ပေးပါ။ ရေဓာတ်ခမ်းခြောက်နေတဲ့ ခန္ဓာကိုယ်ဟာ ကျောက်ကပ်ရေဂါဖြစ်နိုင်ခြေ ၂၀ ရာခိုင် နှုန်းရှှိပြီး၊ ရေဓာတ်လုံလောက်နေလျှင် ထိုရောဂါမှ ၆၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ ရေဗူးကို မိမိနှင့်လက်တကမ်းမှာ အမြဲထားပြီး၊ ရေဆာတိုင်းသောက်ပေးပါ။ တစ်နေ့ကို သောက်ရေ ၁၀-ဖန်ခွက်ထက်မနည်းသောက်ပါ။(သို့သော် ခြွင်းချက် အနေဖြင့် ကျောက်ကပ်အားနည်းသူ၊ ကျောက်ကပ်ပြဿနာရှိသူ၊ ဆီးချိုပျောက်ဆေး၏ ဘေးထွက်ဆိုးကျိုးကြောင့် ကျောက်ကပ် မကောင်းသူများဟာ ရေကိုချင့်ချိန်ပြီးသောက်သင့်ပါတယ် သို့မဟုတ်ပါက ကျောက်ကပ်မှာဝန်ထုပ်ဝန် ပိုးဖြစ်စေပါတယ်)

🏩 (၁၃) သွေးတိုးခြင်းက ကျောက်ကပ်ထဲမှာ ပရိုတင်းဓာတ်လျော့နည်းစေပြီး ကျောက်ကပ်ကို ဖိစီးမှုဖြစ်စေပါတယ်။ ဒါကြောင့် သွေး တိုးရောဂါမဖြစ်အောင် ကိုယ်အလေးချိန်ထိန်းခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်း၊ အငန်လျော့စားခြင်းတို့ဖြင့် ကျောက်ကပ်ကို ကာကွယ်ပေးသင့်ပါတယ်။
★★★★★★★★★★

👪 ကျောက်ကပ်ကို ကောင်းကျိုးပြုသော အစားအစာများ 👪

💓 (က) ကြက်ဥ ဘဲဥတို့၏အကာ(အဖြူရောင်အကာ) ထဲမှာပါရှိတဲ့ အမိုင်နိုအက်ဆစ်တွေက ကျောက်ကပ်ကိုကျန်းမာစေပါတယ်။

💓 (ခ) ဂေါ်ဖီထုပ်ထဲမှာ ပိုတက်စီယမ်ပါဝင်မှု လွန်စွာနည်းပါးတဲ့အပြင်၊ ၎င်းထဲရှိ သဘာဝဗီတာမင်များ နှင့် အမျှင်ဓာတ်တို့က ကျောက်ကပ်အတွက် အားဆေးဖြစ်ပါတယ်။

💓 (ဂ) မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ခြင်းကလည်း သွေးတိုးရောဂါကိုဖြစ်စေပြီး၊ ကျောက်ကပ် ကို သွယ်ဝိုက်သောနည်းဖြင့် ဘေးဖြစ်စေပါတယ်။ ဒါကြောင့် မဂ္ဂနီစီယမ်ဓာတ်ကြွယ်ဝသောအစားအစာများဖြစ်ကြတဲ့ အစေ့အဆံ များ၊ မြေထောက်ပဲများ နှင့် ကိုက်လံ၊ ပန်းဂေါ်ဖီစိမ်း(ဘရိုကိုလီ)တို့လို ဟင်းရွက်စိမ်းများကို လုံလောက်စွာစားပေးပါ။

💓 (ဃ) အ စိမ်းရောင်ငရုပ်ချိုပွထဲမှာ ပိုတက်စီယမ်ဓာတ် ပါဝင်မှုနည်းပါးတဲ့အပြင်၊ ၎င်းထဲရှိ သဘာဝဗီတာမင်နဲ့သတ္တုဓာတ်တို့က ကျောက် ကပ်ကို သန့်စင်ပေးနိုင်တဲ့ အစွမ်းများဖြစ်ကြပါတယ်။

💓 (င) စပျစ်သီးက ခန္ဓာကိုယ်ထဲရှိမလိုလားအပ်သော ယူရစ်အက်ဆစ်များကို ဆီးအဖြစ်ထွက်ရှိလာအောင် တွန်းအားပေးတာကြောင့် ဆီးရွှင်စေကာ၊ ကျောက်ကပ်ကျန်းမာစေတဲ့အပြင်၊ ခန္ဓာကိုယ်တွင်း အ ဆိပ်များကို အရှိန်ဟုန်မြင့် သုတ်သင်ရှင်းလင်းနိုင်သည့် ဇီဝဖြစ်စဉ်ကိုတိုးမြှင့်ပေးနိုင်၍ ကျောက်ကပ် နှင့် သည်းခြေကို သန့်စင်စေ ပါတယ်။

💓 (စ) ဘယ်ရီသီး မျိုးနွယ်ဝင်များဖြစ်ကြတဲ့ စတော်ဘယ်ရီ နှင့် Cranberries(ခေါ်)အချဉ်အရသာရှိတဲ့ ဘယ်ရီသီးအနီ ရောင်တွေထဲမှာပါရှိတဲ့ hippuric အက်ဆစ်ဟာ ခန္ဓာကိုယ်ထဲရှိ ဆီးအဆိပ်အတောက်ကို ဖယ်ရှားပေးနိုင်ပါတယ်။

💓 (ဆ) ကြိတ် မှန်ရွက် ပဉ္စငါးပါး(အမြစ်ပါ မကျန်တပင်လုံး) ကိုရေစင်စင်ဆေးအခြောက်လှန်း၊ သွပ်ပြားပေါ်တင်ပြာချ၊ ၎င်းပြာကိုသံဒယ်အိုး မှာထည့်၊ ရေနှင့်ဖျော်ပြီး ခန်းခြောက်သွားအောင် အပူပေးချက်ခြင်းဖြင့် ရလာတဲ့ဆေးကို “ကြိတ်မှန်ရွက် ရုက္ခမူဆား” လို့ခေါ်ပါ တယ်။ ၎င်းဆေးကို ထမင်းမစားခင် ဇီးကင်းခန့်နေ့ စဉ် အချိန်မှန်မှန်စားပါ။

💓 (ဇ) မည်သည့်ဌက်ပျောပင်မဆို၊ အူတိုင်ကို ကျောက် ဖရုံသီးဖြင့် ဖျော်ရည်လုပ်သောက်ပါက ကျောက်ကပ်၊ ဆီးအိမ်၊ အမျိုးသား များ ဆီးကျိတ်ဝေဒနာ နှင့် ဆီးကျောက်တည်ခြင်းမှ ကာကွယ်ပေးပါတယ်။

💓 (ဈ) ရွှေဖရုံသီး နှင့် ရွှေဖရုံစေ့ထဲရှိအဆီတို့ဟာ ကျောက်ကပ်၏ စွမ်းဆောင်ရည်ကိုတိုးတက်မြင့် မားလာ စေပြီး၊ ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော၊ အညစ်အကြေးတို့ကို ဆီးအဖြစ်စွန့်ထုတ် ပေးနိုင်လို့ဆီးကျောက်တည်ခြင်း မဖြစ် စေပါဘူး။ အထူးသဖြင့် အမျိုးသားများတွင်ဖြစ်တတ်သော ဆီးကျိတ်ကြီးထွားလာခြင်းကို သက်သာစေရုံမျှမက၊ ဆီးကျိတ်ကင် ဆာရောဂါကိုလဲ ထိထိရောက်ရောက် တားဆီးကာကွယ်ပေးနိုင်ပါတယ်။

💓 (ည) နာနတ်သီးကို ပန်းသီး(သို့)ဖရဲသီးတို့ဖြင့် တွဲစား ပါက၊ ခန္ဓာကိုယ်ထဲရှိ မလိုအပ်သောအငန်ဓာတ်များကို ဖယ်ရှားပေးပြီး၊ ကျောက်ကပ် နှင့် သည်းခြေတို့ကို အားဖြစ်စေတဲ့အပြင်၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် ကျောက်ကပ်သန့်စင်စေပါတယ်။

💓 (ဋ) အာလူးထဲမှာ မဂ္ဂနီစီယမ်ဓာတ်မြင့် မားစွာပါရှိပြီး၊ ထိုဓာတ်က ကျောက်ကပ် နှင့်တစ်ရှုးများထဲတွင် ကျောက်ကပ်ကျောက် တည်ခြင်းကို ချေဖျက်ပေးနိုင်စွမ်းရှိပါတယ်။

💓 (ဥ) ကြံရည်က ကျောက်ကပ်ကို အားပေးပြီး၊ ဆီးချုပ်/ဆီးအောင့်ခြင်းမှ ကာကွယ်ပေးပါတယ်။

💓 (ဌ) ခရမ်းချဉ်သီးကို အစေ့ဖယ်၍ စားခြင်းက ကျောက်ကပ်နှင့်ဆီးအိမ်ကျောက်တည်ခြင်း အလားအလာကို လျော့ချပေးနိုင်ပါတယ်။

💓 (ဏ) မြင်းခွားရွက်ကို နေ့စဉ် မှန်မှန်စားပေးခြင်းဖြင့် ကျောက်ကပ်နဲ့ပတ်သက်သော ဆီးဝေဒနာအမျိုးမျိုးမှ ကြိုတင်ကာကွယ်ရာရောက်ပါတယ်။

👪 ကျောက်ကပ်ကို ဘေးဖြစ်စေသော အစားအစာများ 👪

💔 (က) နို့၊ ဒိန်ချဉ်၊ နို့ခဲ စတဲ့ တိရိစ္ဆာန်မှရရှိသော အဆီမထုတ်ထားတဲ့ နို့ထွက်ပစ္စည်းများကို လွန်ကဲစွာ စားသောက်တဲ့အခါမှာ ကျောက်ကပ်ထဲကို ကယ်လ်စီယမ်ဓာတ်များအနည်ကျကာ ဆီးကျောက်တည်ခြင်းကိုဖြစ်စေပါတယ်။

💔 (ခ) ဆိုဒီယမ်(အငံ)ဓာတ် က ခန္ဓာကိုယ်ထဲရှိအရည်တွေကို မျှတအောင်ထိန်းပေးနိုင်တာကြောင့် ဆားဟာမရှိမဖြစ်အရာပါ။ သို့သော် ဆားနဲ့အငံဓာတ် တွေကို လိုအပ်တာထက်ပိုမိုစားသုံးမိတဲ့အခါ ကိုယ်ထဲမှာ ကယ်လ်စီယမ်ဓာတ်ကို စွန့်ထုတ်မှုပိုများစေပြီး၊ အရိုးသန်မာမှုကို ယုတ်လျှော့စေတဲ့အပြင် ကျောက်ကပ်မှာ ကျောက်တည်နိုင်ခြင်းအလားအလာကိုလည်း ပိုများလာစေပါတယ်။ ဒါကြောင့် ဆားကို လျော့နိုင်သမျှလျော့စားပါ။

💔 (ဂ) အသားစား မကျုးသင့်ပါဘူး။ အထူးသဖြင့် အမဲ-သိုး-ဆိတ်-ကြက်ဆင် စတဲ့အနီရောင်အသားများ နှင့် ပင်လယ်ငါး၊ ပုစွန် တွေထဲမှာပါ ရှိတဲ့ phosphorus(ခေါ်)မီး စုန်းဓာတ်က ကျောက်ကပ်ကို လုံး၀ ကောင်းကျိုးမပြုပါဘူး။

💔 (ဃ) အရက်အလွန်အကျွံ မသောက်ပါနှင့်။ အရက်ထဲမှာပါတဲ့ အယ်လ်ကိုဟောလ်က အသည်းရောဂါကြောင့် ကျောက်ကပ်ပျက်စီး စေ ပါတယ်။

💔 (င) လျားစောင်းလက်ပပ်ပင်အနှစ်က ကျန်းမာရေးအတွက် ဘက်စုံကောင်းကျိုးပြုသော်လည်း၊ ၎င်းဂျယ်လီကို တစ်ရက် လျှင် ၂၀ စီစီ ပမာဏထက်ပို၍စားပါက ကျောက်ကပ်ပျက်စီးစေနိုင်ပါတယ်။

💔 (စ) ဟင်းနုနယ်ထဲတွင် oxalates ဓာတ်ပါရှိသဖြင့် ကျောက်ကပ်ဝေဒနာသည်များ အလွန်အကျွံမစားသင့်ပေ။

💔 (ဆ) Oxalates ဓာတ်ကြွယ်ဝတဲ့ ဗိုစားပဲသီး၊ ပိန်းဥ၊ ပိန်းရိုး၊ ဟင်းနု နယ်ရွက်တို့က ဆီးကျောက်တည်စေနိုင်တာကြောင့် သင့်တင့်ရုံသာစားပေးပါ။

💔 (ဇ) ဥပမာ အစားအစာတွေကို တာရှည်ခံအောင် ပြုပြင်ထားတဲ့ သား-ငါး-ဟင်းသီးဟင်းရွက်-သစ်သီးဝလံ စည်သွတ်ဗူးများ၊ ကြက်-ဝက်အူချောင်းများ၊ ထုံချိုင်းအသားလုံးများ၊ အ သင့်စား ခေါက်ဆွဲ-ကြာဇံခြောက်အထုပ်များ စသည်တို့က အသည်း နှင့် ကျောက်ကပ်တို့ကို အဆိပ်အတောက် ဖြစ်စေနိုင်တာ ကြောင့် ရံဖန်ရံခါသာ စားသုံးသင့်ပါတယ်။

💔 (ဈ) သဘာ၀ သစ်သီးဖျော်ရည်မဟုတ်တဲ့ အချိုရည်အမျိုးမျိုးနှင့် ဆိုဒါတို့မှာ တာရှည် ခံအောင်၊ အနံ့ကောင်းအောင် နှင့် အရသာရှိအောင် ဓာတုပစ္စည်းများသုံး၍ ပြုပြင်ထားကြောင့် အာဟာရ(လုံးဝ) မဖြစ်စေတဲ့ အပြင် ကျောက်ကပ်ကိုပါထိခိုက်စေပါတယ်။ ထို့နည်းတူ ကာဗွန်ဒိုင်အောက်ဆိုဒ်ဂက်စ်ထဲ့ထားတဲ့ အဖျော်ယမကာများကလည်း ကျောက်ကပ် ထဲရှိ သွေးကြောများကို ပျက်စီးခြင်း၊ ကျောက်တည်ခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် ကဖိန်းဓာတ် များတဲ့ ကော်ဖီ နှင့် လ္ဘက်ရည်များကို အလွန်အကျွံသောက်ခြင်းက ခန္ဓာကိုယ်အနှံ့ သွေးလည်ပတ်စီးဆင်းမှုကို လှုံ့ဆော်ပေးတာ ကြောင့်၊ သွေးဖိအားများလာပြီး ကျောက်ကပ်ကို တွန်းအားဖြစ်စေပါတယ်။

Like_N_Share ပြုလုပ်ခြင်းဖြင့် မိမိ ပတ်ဝန်းကျင်မှ မိတ်ဆွေများအား ကျန်းမာရေး အသိပညာဖြန့်ဝေခြင်းဖြင့် ကုသိုလ်ယူနိုင်ကြပါစေနော်

Credit:(ဘာလာလာ)

No comments:

Post a Comment