Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 20, 2019

အတုယူၾကပါ… ဒီလိုဆိုရင္ လင္းယုန္မကလို႔ လင္းယုန္အဘလဲ ေၾကာက္စရာမလိုပါဘူး


အတုယူၾကပါ … ဘီလူးကြ်န္းဘက္ ရြာေတြကပါ
မိမိဘက္ကစည္းကမ္းရွိရင္ လင္းယုန္မကလို႔ လင္းယုန္ အဘလဲ ေၾကာက္စရာမလိုပါဘူး။ စီမံခ်က္နဲ႔ လင္​းယုန္​​ေတြ ​အင္နဲ႔အားနဲ႔ ေဆာင္ရြက္ေနစဥ္ ဘီလူးကြၽန္​းဘက္​က ဘုရားပင္႔ ေရွ႕ေျပးအျဖစ္ စည္တန္​းလွည္​့လည္​​ေနတဲ့ ဆိုင္​ကယ္​ယာဥ္တန္း … စည္းကမ္းရွိခ်က္ အရမ္းေလးစားမိတယ္။

ဦးထုပ္ေဆာင္းထားတယ္
ဆိုင္ကယ္ လိုင္စင္ပါတယ္
ယာဥ္ေမာင္းလိုင္စင္ပါတယ္
နံပါတ္ျပားတပ္ထားတယ္
မွန္ေထာင္တပ္ထားတယ္ …
အဲဒီေတာ႔ ဘာျဖစ္လဲ လင္းယုန္ဆိုတဲ႔ေကာင္ ဘာလုပ္လို႔ ရမွာလဲ ေျပာစမ္းပါ။ ျမန္မာျပည္မွာ အမ်ားစုက ဘုရားပင္​့ ဘုန္​းႀကီးပင္​့နဲ႔ ဘာသာ​ေရးဆိုင္​ရာ ကိစၥေတြ လုပ္ရင္ သူမ်ားထက္ပို အခြင္႔အေရးယူတတ္ၾကတယ္။ ခု ဒီအဖြဲ႔ကေတာ႔ အရမ္းေလးစားဖို႔ ေကာင္းပါတယ္။

လင္းယုန္စီမံခ်က္ဟာ အမ်ားေကာင္းဖို႔ လုပ္တဲ႔စီမံခ်က္ ပါ။ စည္းကမ္းရွိလာေစခ်င္တာေရာ ယာဥ္အႏၲရာယ္ကင္းရွင္းေစခ်င္တာေရာ ပါပါတယ္။ ႏိႈးေဆာ္တိုက္တြန္းလို႔ မရေတာ႔လို႔ မြန္ျပည္နယ္အစိုးရအဖြဲ႔က စီမံခ်က္နဲ႔ ေဆာင္ရြက္ရတဲ႔ သေဘာလို႔ျမင္ပါတယ္။

လင္းယုန္ကို နည္းမ်ိဳးစုံနဲ႔ေဝဖန္ေနတဲ႔သူေတြကို ကိုယ္ ကိုယ္ႏႈိက္က စည္းကမ္းမလိုက္နာလို႔ အပ်က္သေဘာ လိုက္ေျပာေနတာလို႔ပဲ ထင္မိတယ္။

လင္းယုန္ရွိလို႔ အျပင္မထြက္ရဲဘူး ေျပာေနတဲ႔သူေတြ ဟာ သူကိုယ္တိုင္က စည္းကမ္းမရွိလို႔ပါ။ သူကိုယ္တိုင္ က အခြင္႔အေရးသမားျဖစ္ေနလို႔ပါ။ ေန႔ဘက္ပဲစစ္ ညဘက္ မစစ္သင္႔ဘူးလို႔ ေျပာသူေတြကို ေမးပါရေစ။ ယာဥ္တိုက္မႈ Accident ေတြက ေန႔ဘက္ပဲ ျဖစ္ၾကတာ လား။ ညဘက္ မျဖစ္ၾကဘူးလားေပါ႔။
ေနာက္တခုက တမႈကို ၃၀၀၀၀ အမႈေပါင္း ဘယ္ေလာက္ဆို ဘယ္ေလာက္ရျပီး ဒီေငြေတြ ဘယ္ေရာက္သြားလဲ ေမးသူေတြကို ေျပာျပရရင္ ဒါဟာစီမံခ်က္ပါ။ စီမံခ်က္နဲ႔ ေဆာင္ရြက္တာျဖစ္တဲ႔အတြက္ သာမာန္ဖမ္းတဲ႔ အခ်ိန္နဲ႔ မတူပါဘူး။ လုပ္စားလို႔ မရပါဘူး။ လုပ္စားလို႔ မိရင္လဲ မေခ်ာင္ပါဘူး။ စီမံခ်က္ကာလမွာ ဘာမဟုတ္တဲ႔ ပိုက္ဆံနဲ႔ ဘယ္ဝန္ထမ္းမွ သူတို႔ ဘဝကို မလဲပါဘူး။
ဒါဆို ဒဏ္ေငြေတြ ဘယ္ေရာက္သြားလဲလို႔ေမးရင္ ျပည္သူက ေထာက္ခံလို႔ တက္လာတဲ႕ ျပည္နယ္အစိုးရအဖြဲ႔ ကိုသာ သြားေမးၾကပါ။ အဓိက နယ္လုံဝန္ႀကီးကို သြား ဗ်ဴ းၾကပါ။ ျပည္နယ္အတြက္ ဘာ Plan ေတြရွိလဲ သူတို႔ ပဲသိမွာပါ။
အဓိကကေတာ႔မိမိဘက္က သတ္မွတ္စည္းကမ္းခ်က္ အတိုင္း ျပည္႔စုံေနပါေစ။ လင္းယုန္မကလို႔ လင္းယုန္ အဘလဲ ေၾကာက္စရာမလိုပါဘူး။ ျမိဳ႕လမ္းမကလို႔ ရြာလမ္းလာဖမ္းလဲ ဂရုစိုက္စရာမလိုပါ ဘူး။ ေန႔ဘက္မကလို႔ ညသန္းေခါင္ယံလာဖမ္းလဲ အေလးထား စရာကို မလိုပါဘူး။ ဆိုင္ကယ္စီးရင္ ဦးထုပ္ေဆာင္းဖို႔ လိုင္စင္ယူဖို႔ေလာက္မွ မလိုက္နာႏိုင္ရင္ စည္းကမ္းရွိၾကပါဆိုျပီး ေပၚပင္ေတြ ေအာ္မေနပါနဲ႔။

တကယ္ေတာ႔ စီမံခ်က္ကာလထဲမွာ လင္းယုန္ကို အျပစ္တင္ေဝဖန္ေနမဲ႔အစား ျပည္သူေတြ ပူးေပါင္းပါဝင္လာ ေအာင္ တိုက္တြန္းေပးရမွာပါ။

ျပည္သူေတြပူးေပါင္းပါဝင္လာလို႔ ျပည္သူတေယာက္စီ တိုင္း ဆိုင္ကယ္စီးရင္ ဦးထုပ္ေဆာင္းလာမယ္။ ယာဥ္ လိုင္စင္ လူလိုင္စင္ေတြ ရွိလာမယ္။ စည္းကမ္းတက် စနစ္တက် ေမာင္းတတ္လာမယ္ဆိုရင္ ဘယ္သူ႔အတြက္ အက်ိဳးျဖစ္လာမလဲ ဆိုတာ စဥ္းစားစရာေတာင္မလိုပါဘူး။
ဘုရားပင္႔ေရွ႕ေျပးလာတဲ႔ ဘီလူးကြ်န္းရြာသားေတြကို အတုယူလိုက္​နာႏိုင္​ၾကပါ​ေစ … ရြာမကလို႔ ျမိဳ႕ျဖစ္ေနပါေစ။ စည္းကမ္းရွိတဲ႔သူတိုင္းဟာအဆင္႔အတန္း ရွိၾကပါတယ္။
Zin Moe
......................................
အတုယူကြပါ … ဘီလူးကျွန်းဘက် ရွာတွေကပါ

မိမိဘက်ကစည်းကမ်းရှိရင် လင်းယုန်မကလို့ လင်းယုန် အဘလဲ ကြောက်စရာမလိုပါဘူး။ စီမံချက်နဲ့ လင်းယုန်တွေ အင်နဲ့အားနဲ့ ဆောင်ရွက်နေစဉ် ဘီလူးကျွန်းဘက်က ဘုရားပင့် ရှေ့ပြေးအဖြစ် စည်တန်းလှည့်လည်နေတဲ့ ဆိုင်ကယ်ယာဉ်တန်း … စည်းကမ်းရှိချက် အရမ်းလေးစားမိတယ်။

ဦးထုပ်ဆောင်းထားတယ်

ဆိုင်ကယ် လိုင်စင်ပါတယ်

ယာဉ်မောင်းလိုင်စင်ပါတယ်

နံပါတ်ပြားတပ်ထားတယ်

မှန်ထောင်တပ်ထားတယ် …

အဲဒီတော့ ဘာဖြစ်လဲ လင်းယုန်ဆိုတဲ့ကောင် ဘာလုပ်လို့ ရမှာလဲ ပြောစမ်းပါ။ မြန်မာပြည်မှာ အများစုက ဘုရားပင့် ဘုန်းကြီးပင့်နဲ့ ဘာသာရေးဆိုင်ရာ ကိစ္စတွေ လုပ်ရင် သူများထက်ပို အခွင့်အရေးယူတတ်ကြတယ်။ ခု ဒီအဖွဲ့ကတော့ အရမ်းလေးစားဖို့ ကောင်းပါတယ်။

လင်းယုန်စီမံချက်ဟာ အများကောင်းဖို့ လုပ်တဲ့စီမံချက် ပါ။ စည်းကမ်းရှိလာစေချင်တာရော ယာဉ်အန္တရာယ်ကင်းရှင်းစေချင်တာရော ပါပါတယ်။ နှိုးဆော်တိုက်တွန်းလို့ မရတော့လို့ မွန်ပြည်နယ်အစိုးရအဖွဲ့က စီမံချက်နဲ့ ဆောင်ရွက်ရတဲ့ သဘောလို့မြင်ပါတယ်။

လင်းယုန်ကို နည်းမျိုးစုံနဲ့ဝေဖန်နေတဲ့သူတွေကို ကိုယ် ကိုယ်နှိုက်က စည်းကမ်းမလိုက်နာလို့ အပျက်သဘော လိုက်ပြောနေတာလို့ပဲ ထင်မိတယ်။

လင်းယုန်ရှိလို့ အပြင်မထွက်ရဲဘူး ပြောနေတဲ့သူတွေ ဟာ သူကိုယ်တိုင်က စည်းကမ်းမရှိလို့ပါ။ သူကိုယ်တိုင် က အခွင့်အရေးသမားဖြစ်နေလို့ပါ။ နေ့ဘက်ပဲစစ် ညဘက် မစစ်သင့်ဘူးလို့ ပြောသူတွေကို မေးပါရစေ။ ယာဉ်တိုက်မှု Accident တွေက နေ့ဘက်ပဲ ဖြစ်ကြတာ လား။ ညဘက် မဖြစ်ကြဘူးလားပေါ့။

နောက်တခုက တမှုကို ၃၀၀၀၀ အမှုပေါင်း ဘယ်လောက်ဆို ဘယ်လောက်ရပြီး ဒီငွေတွေ ဘယ်ရောက်သွားလဲ မေးသူတွေကို ပြောပြရရင် ဒါဟာစီမံချက်ပါ။ စီမံချက်နဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက် သာမာန်ဖမ်းတဲ့ အချိန်နဲ့ မတူပါဘူး။ လုပ်စားလို့ မရပါဘူး။ လုပ်စားလို့ မိရင်လဲ မချောင်ပါဘူး။ စီမံချက်ကာလမှာ ဘာမဟုတ်တဲ့ ပိုက်ဆံနဲ့ ဘယ်ဝန်ထမ်းမှ သူတို့ ဘဝကို မလဲပါဘူး။

ဒါဆို ဒဏ်ငွေတွေ ဘယ်ရောက်သွားလဲလို့မေးရင် ပြည်သူက ထောက်ခံလို့ တက်လာတဲ့ ပြည်နယ်အစိုးရအဖွဲ့ ကိုသာ သွားမေးကြပါ။ အဓိက နယ်လုံဝန်ကြီးကို သွား ဗျူ းကြပါ။ ပြည်နယ်အတွက် ဘာ Plan တွေရှိလဲ သူတို့ ပဲသိမှာပါ။

အဓိကကတော့မိမိဘက်က သတ်မှတ်စည်းကမ်းချက် အတိုင်း ပြည့်စုံနေပါစေ။ လင်းယုန်မကလို့ လင်းယုန် အဘလဲ ကြောက်စရာမလိုပါဘူး။ မြို့လမ်းမကလို့ ရွာလမ်းလာဖမ်းလဲ ဂရုစိုက်စရာမလိုပါ ဘူး။ နေ့ဘက်မကလို့ ညသန်းခေါင်ယံလာဖမ်းလဲ အလေးထား စရာကို မလိုပါဘူး။ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းဖို့ လိုင်စင်ယူဖို့လောက်မှ မလိုက်နာနိုင်ရင် စည်းကမ်းရှိကြပါဆိုပြီး ပေါ်ပင်တွေ အော်မနေပါနဲ့။

တကယ်တော့ စီမံချက်ကာလထဲမှာ လင်းယုန်ကို အပြစ်တင်ဝေဖန်နေမဲ့အစား ပြည်သူတွေ ပူးပေါင်းပါဝင်လာ အောင် တိုက်တွန်းပေးရမှာပါ။

ပြည်သူတွေပူးပေါင်းပါဝင်လာလို့ ပြည်သူတယောက်စီ တိုင်း ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းလာမယ်။ ယာဉ် လိုင်စင် လူလိုင်စင်တွေ ရှိလာမယ်။ စည်းကမ်းတကျ စနစ်တကျ မောင်းတတ်လာမယ်ဆိုရင် ဘယ်သူ့အတွက် အကျိုးဖြစ်လာမလဲ ဆိုတာ စဉ်းစားစရာတောင်မလိုပါဘူး။

ဘုရားပင့်ရှေ့ပြေးလာတဲ့ ဘီလူးကျွန်းရွာသားတွေကို အတုယူလိုက်နာနိုင်ကြပါစေ … ရွာမကလို့ မြို့ဖြစ်နေပါစေ။ စည်းကမ်းရှိတဲ့သူတိုင်းဟာအဆင့်အတန်း ရှိကြပါတယ်။ Zin Moe

No comments:

Post a Comment