Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, January 17, 2019
ဘယ်နှယ့်….ကို့ကား/ဆိုင်ကယ်နဲ့ တခြားကား/ဆိုင်ကယ်ကိုတိုက်မိတာအလျှော်ပေးစရာလဲမလိုဘူး ဒါတင်မဟုတ် တဘက်လူသေဆုံးသွားတာထောင် ထောင်မကျဘူးရယ်လို့ဟုတ်ပါ့မလား။
ဆလိုင်းသက်နိုင်
SH/MEDIA
===============
မိမိယာဉ်နှင့်တိုက်မိသည့်တိုင် အလျှော်ပေးစရာမလိုအတိုက်ခံရသူသေဆုံးသည့်တိုင် ထောင်မကျ
ဟုတ်ပီ…..အဲ့ခေါင်းစဉ်လေးကိုရှင်းရအောင်….
ဘယ်နှယ့်….ကို့ကား/ဆိုင်ကယ်နဲ့ တခြားကား/ဆိုင်ကယ်ကိုတိုက််မိတာအလျှော်ပေးစရာလဲမလိုဘူး ဒါတင်မဟုတ် တဘက်လူသေဆုံးသွားတာထောင် ထောင်မကျဘူးရယ်လို့ဟုတ်ပါ့မလား။
ကောင်းပီ ရှင်းရှင်းလင်းလင်းသိရဖို့ ဥပမာလေးတွေနဲ့ ပြရအောင်အကိုက လမ်းမကြီးအတိုင်း သတ်မှတ်ထားတဲ့ယာဉ်ကြေကနေကားမောင်းလာတယ် ဒါမှမဟုတ် ဆိုင်ကယ်စီးလာတယ်ပေါ့….
အဲ့ဒီအချိန်မှာ လမ်းသွယ်ထဲကနေ ကား ဒါမှမဟုတ် ဆိုက်ကယ်တစ်စီး လမ်းမကြီးပေါ်မောင်းတတ်လာတယ်။တိုက်ပီ အဲ့ကား/ ဆိုင်ကယ်ကို အကို့ကားနဲ့ အကိုတိုက်လိုက်တာ လမ်းသွယ်ကမောင်းတတ်လာတဲ့ကာစုတ်ပျက်သတ်သွားတယ်ဗျာ….
အဲ့ယာဉ်မောငး်သူဘာလုပ်မလဲ အလျှော်တောင်းလာမလား တိုင်မလား ကြိုက်တာလုပ် အကိုဘာမှမဖြစ်ဘူး လျှော်စရာလဲမလိုဘူး ဘာကြောင့်လဲ ရှင်းပါတယ်။ယာဉ်စည်းကမ်း လမ်းစည်းကမ်းသူကမှားတာလေ သူခံပေါ့…
နောက်ဆုံး အဲ့ယာဉ်မောင်းသူ သေသွားတယ်ထားဗျာ…လူသေလို့အမှုဖွင့်လိုက်ပီ အကိုဘာမှမဖြစ်ဘူး အဲ့သေတဲ့သူတရားခံလေ….သေလဲသေဆုံးသေး ဒီမှာ တရားခံဆိုပီးနာမည်ကကျန်နေခဲ့ရသေးတယ်။
ဘာကြောင့်လဲ စောစောကပြောသလို သူက ယာဉ်စည်းကမ်းလမ်းစည်းကမ်း မှားခဲ့တာကို မှားတဲ့သူတရားခံလေ….ဟုတ်ပီ ….နောက်တစ်မျိုးပြောကြရအောင်…..
အကိုအိမ်ကနေကား/ ဆိုင်ကယ်စီးပီးထွက်လာတယ်…လက်ရှိအကိုမောင်းနေတဲ့လမ်းက ပေ ၁၀၀ ကျယ်တယ်ဆိုကြပါစို့….အဲ့လမ်းကို အကိုစိတ်ထဲကနေ အလယ်မျှဉ်မှတ်ပီး ပိုင်းကြည့်လိုက်လမ်းအလယ်ခေါင်တည့်တည့် နှစ်ပိုင်းပိုင်းခြားကြည့်လိုက်ဗျာ….
ဟိုဘက် ၅၀ ဒီဘက် ၅၀ ပေပေါ့ ဟုတ်ပီးနော်….အဲ့ အကိုက အကို့ဘက်မှာရှိတဲ့ တဝက် ၅၀ ပေထဲက မောင်းနေပြီး…
အဲ့ဒီအချိန် မျက်နှာချင်းဆိုင်ကနေ မောင်းလာတဲ့ ကား ဒါမှမဟုတ် ဆိုင်ကယ်တစ်စီးဟာ သူဘက်မှာရှိတဲ့ တဝက် ၅၀ ပေထဲတင်မဟုတ်ဘဲ လမ်းမအလယ်ခေါင်ကနေ ကိုဘက်တဝက် ၅၀ ထဲထိကျော်မောင်းလာလို့တိုက်ပီး အကို့ကား/ဆိုင်ကယ်နဲ့ သေသွားတယ်ဗျာ ….
ပွဲချင်းပီးပဲ….ဘာမှ မတုံလှုပ်ပါနဲ့ ရှင်းရှင်းလေးပါ…သူက လမ်းစည်းကမ်းမှားတဲ့အတွက် သူတရားခံပါ…
ကဲ…..ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဘယ်လောက်အသုံးဝင်လိုက်သလဲ….ကိုကမှန်နေရင်ပီးပီ အဲ့လိုပဲ တဘက်လူကလဲ ဒီစည်းကမ်းတွေကိုနားလည်ထားရင် ပီးပီပေါ့….
နားမလည်လို့ စည်းကမ်းမဲ့လို့ဖြစ်ရင် မှားတဲ့သူခံ…..ယာဉ်ကြီး ယာဉ်ငယ် sorry အဲ့ဒါတွေက လောင်းလောင်းအဂိုးမှာပါ ခုမရှိတော့ပါဘူး….ဒါက ဥပမာ နှစ်ခုပဲရှိသေးတယ်။
ရေးရင်တော့ ကုန်မှာတောင်မဟုတ်ဘူး။ဒီတော့ ကျွန်တော်တို့ ဘာသိထားကြရမလဲ….ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေသိထားရပါ့မယ်…..
အဲ့လိုကြိုသိထားမှ အန္တရာယ်လဲကင်းမယ် ဖြစ်ခဲ့ရင်လဲ ဖြေရှင်းနိုင်မယ်ပေါ့..
ဆလိုင်းသက်နိုင်
SH/MEDIA
No comments:
Post a Comment