Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 20, 2019

ျမန္မာ့တပ္မေတာ္ႏွင့္ AA တုိ႔ တုိက္ပြဲမ်ားအျပင္းအထန္ ျဖစ္ပြား

ရခိုင္ျပည္နယ္ ပုဏၰားကၽြန္းၿမိဳ႕နယ္အတြင္း တိုက္ပြဲမ်ားျပန္ျဖစ္ ။ ဇန္နဝါရီ ၂၀ ။ညိဳမိႈင္းရခုိင္ျပည္နယ္ေျမာက္ပိုင္းေဒသ ပုဏၰားကၽြန္းၿမိဳ႕နယ္အတြင္း ျမန္မာ့တပ္မေတာ္ႏွင့္ AA တုိ႔ တုိက္ပြဲမ်ားအျပင္းအထန္ ျဖစ္ပြားလွ်က္ရွိသည္။

အဆုိပါတုိက္ပြဲမ်ားမွာ ယေန႔နံနက္ ၁၀ နာရီခန္႔ေလာက္ကစတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ကာ ပုဏၰားကၽြန္းၿမိဳ႕နယ္ ေတာဖ်ားေခ်ာင္းေဒသ ၾသရမေတာင္တန္းတြင္ ျဖစ္ပြားေနျခင္းျဖစ္ၿပီး တုိက္ပြဲအေျခအေနမွာ ျပင္းထန္ေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။

“တုိက္ပြဲက ၁၀ နာရီေလာက္မွာ စျဖစ္ပါတယ္။ ရြာနဲ႔ေတာ့နည္းနည္းေဝးပါတယ္။ ဒါေပမယ့္ ပစ္ခတ္သံေတြကို ဆက္တုိက္ၾကားေနရတယ္။ လက္နက္ႀကီးနဲ႔ပစ္သံေတြလည္းၾကားရပါတ္။”ဟု သကၠိဳင္းေတာင္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။

တိုက္ပြဲျဖစ္ပြားသည့္ေနရာႏွင့့္အနီးတြင္ ဆင္ေသ၊ ၾသရမ၊ ေခ်ာင္းေပါက္၊ ဝမ္ဖက္၊ သကၠိဳင္းေတာင္ေက်းရြားမ်ားရွိေနၿပီး ေဒသခံမ်ားစိုးရိမ္ေနၾကေၾကာင္း သိရသည္။

“တိုက္ပြဲျဖစ္သံေတြၾကားေနရတဲ့အတြက္ ရြာသားေတြကေတာ့ စိုးရိမ္ေနၾကတာေပါ့။ ေတာ္ေတာ္ေလးျပင္းျပင္းထန္ထန္ျဖစ္ေနတာပါ။ အဲဒီေနရာနဲ႔အနီးမွာေတာ့ ရြာေတြေတာ္ေတာ္မ်ားမ်ားရွိေနပါတယ္။”ဟု ဆက္လက္ေျပာၾကားသည္။

ယင္းအျပင္ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းကလည္း ျမန္မာ့တပ္မေတာ္ႏွင့္ AA တုိ႔အၾကား ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေမာင္ေတာၿမိဳ႕နယ္တုိ႔တြင္ျဖစ္ပြားခဲ့ၿပီး ယေန႔နံနက္ပိုင္းတြင္ ပုဏၰားကၽြန္းၿမိဳ႕နယ္ အတြင္းျဖစ္ပြားေနျခင္းျဖစ္သည္။The Fifth Wave News

Unicode

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တိုက်ပွဲများပြန်ဖြစ် ။ ဇန်နဝါရီ ၂၀ ။ညိုမှိုင်းရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားလျှက်ရှိသည်။

အဆိုပါတိုက်ပွဲများမှာ ယနေ့နံနက် ၁၀ နာရီခန့်လောက်ကစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသ သြရမတောင်တန်းတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲအခြေအနေမှာ ပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲက ၁၀ နာရီလောက်မှာ စဖြစ်ပါတယ်။ ရွာနဲ့တော့နည်းနည်းဝေးပါတယ်။ ဒါပေမယ့် ပစ်ခတ်သံတွေကို ဆက်တိုက်ကြားနေရတယ်။ လက်နက်ကြီးနဲ့ပစ်သံတွေလည်းကြားရပါတ်။”ဟု သက္ကိုင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့်အနီးတွင် ဆင်သေ၊ သြရမ၊ ချောင်းပေါက်၊ ဝမ်ဖက်၊ သက္ကိုင်းတောင်ကျေးရွားများရှိနေပြီး ဒေသခံများစိုးရိမ်နေကြကြောင်း သိရသည်။

“တိုက်ပွဲဖြစ်သံတွေကြားနေရတဲ့အတွက် ရွာသားတွေကတော့ စိုးရိမ်နေကြတာပေါ့။ တော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်နေတာပါ။ အဲဒီနေရာနဲ့အနီးမှာတော့ ရွာတွေတော်တော်များများရှိနေပါတယ်။”ဟု ဆက်လက်ပြောကြားသည်။

ယင်းအပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း မြန်မာ့တပ်မတော်နှင့် AA တို့အကြား ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မောင်တောမြို့နယ်တို့တွင်ဖြစ်ပွားခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ် အတွင်းဖြစ်ပွားနေခြင်းဖြစ်သည်။The Fifth Wave News

No comments:

Post a Comment