Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 8, 2019

အစုိးရရဲ ့ဆုံးျဖတ္ခ်က္ကုိ ႀကိဳဆုိတယ္


ရခုိင္သူေဌး စက္ေလွပုိင္ရွင္ေတြရွိတယ္။ အဲဒီသူေဌးေတြကုိ ေအေအကဆက္ေၾကးေကာက္တယ္။
မေပးရင္ စက္ေလွေတြကိုဗုံးခြဲမယ္ လူသတ္မယ္ဆုိၿပီး မာဖီးယားစတုိင္ လုပ္တယ္။ ေၾကာက္ေတာ့
တိတ္တဆိတ္ဆက္ေၾကးဆက္သရတယ္။ အဲဒါကုိမီဒီယာမွာ ဘယ္သူမွမေျပာဘူး။ အနဲဆုံး ေဒၚလာ
သန္းခ်ီၿပီး ရတယ္။ ဒါ့အျပင္ စီးပြားေရးလုပ္ငန္းေတြကေနေကာက္တယ္။ ဘဂၤါလီေတြဆီကလည္း
ဆက္ေၾကးရတယ္။ မူးယစ္ေဆး၀ါးေရာင္းတာကေနရတယ္။ ေရနံပုိက္လုိင္းကိစၥကုိဗုံးခြဲမွာေၾကာက္
လုိ ့တရုတ္က ေနာက္ကြယ္ကေန ေအေအကုိဆက္ေၾကးေပးရတယ္။ ထုိင္း၊ မေလးနဲ ့တတိယ
ႏိုင္ငံေရာက္ ေအေအေထာက္ခံသူဆီကေန ေငြရတယ္။ ေရမေဆးေက်ာက္အဖြဲ ့ကေနဆက္ေၾကး
ရတယ္။

MNDAA/ UWSA/ TNLA နဲ႔ KIO ကလည္းေဘာစိ။ သူတုိ ့ေဒသကို လုံၿခဳံေရးယူေပးတဲ့ AA ကုိ
လက္နက္နဲ ့ခဲယမ္းမီးေက်ာက္ကစလုိ ့ရိကၡာအထိေစ်းသက္သြာစြာနဲ ့ေရာင္းခ်ေပးတယ္။ ဆုိလုိတာ
ကဘက္ေပါင္းစုံကေနရတယ္။ ဘာမွမရရင္ ဘယ္သူက အဲဒိဖက္မွာေနမလဲ။

ဘယ္ေလာက္ပဲ ရရ အင္အားငါးေထာင္ေက်ာ္ (မျဖစ္ႏုိင္ပါ) ရဲ ့ပါးစပ္ေပါက္၊ လက္နက္နဲ ့ယူနီေဖာင္း
စတဲ့ လုိအပ္တဲ့ Resources ေတြကုိ ႏွစ္ရွည္လမ်ားေထာက္ပံ့ႏုိင္ဖုိ ့ဆုိတာက လုံး၀မျဖစ္ႏုိင္ေတာ့
တဲ့ကိစၥ။ ဒါေ့ၾကာင့္ ထြန္းျမတ္ႏုိင္တုိ ့က ေနာက္ဆုံးထြက္လာတဲ့ ဗြီဒီယုိဖုိင္ အရဆုိရင္ ေငြျပတ္ေနၿပီ။ေငြျပတ္ေနလုိ ့ အမ်ဳိးသားရံပုံေငြတစ္ခုေထာင္မယ္လုိ ့ေျပာတယ္။ ေငြျပတ္ေနပုံရတယ္။

အနဲဆုံး ေ၀ါကီေတာ္ကီထဲမွာထည့္တဲ့ ဓာတ္ခဲဖုိးေတာင္ တႏွစ္ကို ေဒၚလာသိန္းခ်ီကုန္မယ္။ က်ည္
ဆံစက္ရုံမရွိတဲ့အတြက္ က်ည္ဖုိးခ်ည္းပဲ ေဒၚလာသိန္းခ်ီကုန္မယ္။ ဒါေတြကို ေရရွည္ေထာက္ပံ့ဖုိ ့
ဆုိတာကအၾကမ္းဖတ္တဲ့လုပ္ငန္းပဲ ရွိတယ္။ ေသနတ္ျပၿပီး ဆက္ေၾကး ေကာက္ရင္ေကာက္၊ မ
ေကာက္ရင္ မူးယစ္ေဆးလုပ္ငန္းပဲရွိတယ္။ ႏုိင္ငံျခားေရာက္ ရခုိင္ေတြကလည္း ေရရွည္ေထာက္ပံ့
ဖုိ ့မျဖစ္ႏုိင္ဘူး။ သူတုိ ့ေတာင္ မေလးနဲ ့ထုိင္းမွာတုိင္ပတ္ေနရတာပဲ။

ျမန္မာအစုိးရက အၾကမ္းဖတ္သူအျဖစ္တရားဆြဲေတာ့ ေအေအကုိ ေထာက္ခံသူ၊ ေထာက္ပံ့သူ
မည္သူမဆုိရင္ အၾကမ္းဖတ္သမားလုိ ့သတ္မွတ္လုိ ့ရတယ္။ ဖမ္းလုိ ့ရတယ္။ ဒါေတြကိုနားမလည္
တဲ့လူအခ်ဳိ ့က ေပၚတင္ေထာက္ခံေနတယ္။ အဲဒိအခ်က္အလက္ေတြကို စရဖနဲ ့ အစုိးရက လူေတြ
က Screen shot ရုိက္ထားၿပီးမွတ္တမ္းတင္ထား။
တေန ့ၾကရင္ဆြဲစိလုိ ့ရတယ္ဆုိတာကိုနားမလည္ၾကဘူး။ ေသတတ္တယ္။

ရခုိင္ျပည္နယ္မွာ ရခုိင္ကြန္ျမဴနစ္ေတြလည္း ေခြးေျပး၀က္ေျပး ေျပးခဲ့ရတဲ့ သမုိင္းရွိတယ္။ ကြန္ျမဴ
နစ္ၿပီးေတာ့၊ မူဂ်ာဟစ္ေတြလည္း ဘ၀ပ်က္။ေနာက္ဆုံး ALP ေတာင္ အဲဒိမွာ ရပ္တည္လုိ ့မရ
လုိ ့ ကရင္ျပည္နယ္ထဲမွာ ေနရတာပဲ မဟုတ္ဘူးလား။ ရခုိင္ဂြင္ဆုိတာ ေျပးစရာ ပင္လယ္ျပင္နဲ ့
ဘဂ္လားေဒ့ရွ္ပဲရွိတယ္။ ဘင္ဂလားဖက္ အျခမ္းေျပးမလား၊ ပင္လယ္ျပင္ကုိ ေျပးမလား၊ ခ်င္းဖက္
ကုိ ေျပးမလား၊ ႀကိဳက္တဲ့ဖက္ကုိ ေျပး။ မလြတ္ဘူး။မလြတ္လုိ ့ရခုိင္မွာဘယ္သူပုန္မွၾကာၾကာမခံဘူး။

၂၀၀၀ -ခုႏွစ္တုန္းက ဘုရားသုံးဆူနားက ရြာမွာျပည္သူ ့ကာကြယ္ေရးတပ္ (PDF) စခန္းရွိတယ္။
အင္အား သုံးဆယ္ေလာက္ရွိတယ္။ လူ ့ေဘာင္သစ္ဒီမုိကရက္တစ္ပါတီ (ေတာင္ပုိင္း) က အဖြဲ ့
၀င္ေတြျဖစ္တဲ့ က်ေနာ္တုိ ့ ေလးေယာက္ကလည္းPDF နဲ ့တြဲၿပီး ေပ်ာက္က်ားပစ္ၾကေသးတယ္။ က်
ေနာ္တုိ ့စခန္းရဲ ့ေအာက္မွာ ရခုိင္ ALP စခန္းရွိတယ္။ အင္အားက ဆယ္ဂဏန္းေလာက္ရွိတယ္။
ဗုိလ္မႈးလုပ္သူက အရပ္ပုပုနဲ ့။ အသက္ႀကီးေနၿပီ။
ေဗဒင္တြက္တာ ကၽြမ္းတယ္။ သူတုိ့စခန္းကို သြားၾကည့္ရင္ စည္းကမ္းရွိတယ္။ ရခုိင္သူပုန္ေတြဟာ
ျဖစ္သလုိ စားႏုိင္တယ္။ စခန္းေဘးနားက ေခ်ာင္းမွာ ငရုတ္၊ခ်ဥ္ေပါင္နဲ ့စားပင္ေတြကုိစုိက္ထားတယ္။
စခန္းထဲကအေဆာက္အဦးေတြကုိ ၀လုံးပဲေဆာက္တယ္။ တဲအိမ္တစ္ခုမွာ ႏွစ္ဦးေလာက္ပဲေနလုိ ့ရ
တယ္။ ဒါက က်ေနာ္ေတြ ့ဖူးတဲ့ ကရင္ျပည္နယ္ထဲက ရခုိင္သူပုန္။ အခုေတာ့ ၿငိမ္းခ်မ္းေရးလက္မွတ္
ထုိးၿပီးသြားၿပီ။

လူ ့ေဘာင္သစ္လည္း ျပည္တြင္းမွာ တရား၀င္ပါတီအျဖစ္ ရပ္တည္ေနၿပီ။

က်ေနာ္လည္း သူပုန္ လုပ္ဖူးတယ္။ သူပုန္လုပ္ဖူးတုိင္း သူပုန္ေတြရဲ ့လုပ္ရပ္တုိင္းေကာင္းတယ္လုိ ့
ဘယ္ေတာ့မွ မေျပာဘူး။ ဘာျဖစ္လုိ ့လဲဆုိေတာ့လူပဲ။ မွားတတ္တယ္။ ေပၚလစီ အမွားရွိတယ္။
ေခါင္းေဆာင္ေတြရဲ ့အမွားရွိတယ္။ ရဲေဘာ္ေတြရဲ ့အမွားရွိတယ္။

ဒီထဲမွာ ေအေအက အႀကီးအက်ယ္ မွားေနတယ္။ရခုိင္၀န္ႀကီးခ်ဳပ္ကုိ လုပ္ႀကံတယ္။ ဒါဟာက သိရိလကၤာမွာျဖစ္ခဲ့တဲ့ျဖစ္စဥ္လုိပဲ။ မေသလုိ႔ကံေကာင္းတယ္မွတ္။ ေနာက္တခါ အုပ္ခ်ဳပ္ေရးမႈးေတြကို
လုပ္ႀကံသတ္ျဖတ္တယ္။ စရဖအဖြဲ ့၀င္ကို လုပ္ႀကံတယ္။ ရခုိင္ပါတီက ေခါင္းေဆာင္ကို သတ္ျဖတ္
တယ္။ ဒါတင္ပဲလားဆုိေတာ့ ရဲစခန္းေတြကုိ၀င္စီးတယ္။ ဒီျဖစ္စဥ္ေတြက ဘာနဲ ့တူလဲဆုိေတာ့ ဘဂၤါ
လီေတြရဲ ့လုပ္ရပ္နဲ႔အတူတူပဲ။ ဒါကို ေထာက္ခံရင္က်ေနာ့္ေလာက္မုိက္တဲ့လူ ဘယ္သူရွိမလဲ။ မွားေန
လုိ ့မွားတယ္လုိ ့ေျပာတာက အျပစ္ရွိလား။

ယေန ့အထိ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ ့ေတြလည္း ဒီကိစၥနဲ ့ပက္သက္ၿပီး ဘာစတိတ္မန္ ့
မွ မထုတ္ဘူး။ ရခုိင္ပါတီလည္း မထုတ္ဘူး။ မဟုတ္မွာလြဲေရာသူတုိ ့လည္းေအေအကုိေထာက္
ခံတယ္လုိ ့မွတ္ရမွာပဲ။ သူပုန္အခ်င္းအခ်င္းကညီတယ္ထင္တယ္။

လက္ရွိအစုိးရကအရင္စစ္အစုိးရလုိအာဏာသိမ္းအစုိးရမဟုတ္ဘူး။ ဒီေတာ့ သူ ့မွာ Legitimacy ရွိ
တယ္။ မန္းဒိတ္ရွိတယ္။ ျပည္သူက ေပးတဲ့ အာဏာရွိတယ္။ ျပည္သူ ့ အစုိးရ စစ္စစ္ျဖစ္တယ္။
သူက စစ္တပ္ကုိ အမိန္ ့ေပးတယ္ဆုိတာ သိပ္မွန္တာေပါ့။ အဲဒါမွာတင္ စစ္တပ္က အစြမ္းကုန္ ရွိသ
မွ်အင္အားနဲ ့လုပ္လုိ ့ရတဲ့အာဏာရသြားၿပီ။ ႏုိင္ငံတကာမွာ ဘယ္ေလာက္ပဲ ေအာ္ေအာ္ တရား၀င္
မႈ ရွိသြားၿပီ။

ကခ်င္ဖက္က ေအေအစခန္းေတြအျပင္အျခားစခန္းေတြကုိ ဗုံးက်ဲတာခံရလိမ့္မယ္။ ရခုိင္ဖက္မွာ
ဂြင္ပိတ္ၿပီး ထုိးစစ္ ဆင္ရင္ ဘယ္ေျပးၾကမလဲ။ ရခုိင္ဖက္မွာ ေျပးစရာ ဘဂၤလားနဲ ့ပင္လယ္ျပင္။
ဘယ္မွ ေျပးလုိ ့မလြတ္ဘူး။ ခ်င္းဖက္ကေန ေျပးလုိ ့လည္းမရဘူး။ ရခုိင္လူထုၾကားထဲမွာ ၿမိဳ ့ျပ
ေပ်ာက္က်ားဗ်ဴဟာနဲ ့၀င္ပုန္းလုိ ့ပဲရလိ့မ္မယ္။ ဒါလည္း ဘယ္ေလာက္ခံမလဲ။ အစုိးရရဲ ့သတင္း
ေပးေတြကေနရာတကာရွိတယ္။ ဘယ္လြတ္မလဲ။

ဒီတစ္ခ်ီကေတာ့ အကုန္ျပဳတ္မဲ့ပုံ ျဖစ္သြားၿပီ။ အစုိးရက ရခုိင္ကုိ အထိမခံဘူး။ ရခုိင္ကေန ႏွစ္စဥ္
ေဒၚလာသန္းေထာင္ေက်ာ္၀င္ေနတာဆုိေတာ့ အပီဗ်င္းမွာပဲ။ ဗ်င္းတဲ့အခါ စစ္ပြဲေတြရပ္လုိ ့ေအာ္ရင္
ေအာ္တဲ့ေကာင္ကုိဆြဲစိမွာ ေသခ်ာတယ္။ မီဒီယာမွာဘက္လုိက္ၿပီး ေရးရင္ ေရးတဲ့ေကာင္ကုိ ဆြဲၿပီး
ေသနတ္ဒင္နဲ ့ေထာင္းတာခံရလိမ့္မယ္။

တပ္မေတာ္ကုိေျပာခ်င္တာက ဆြဲရင္အပီသာဆြဲ။ဘယ္သူမ်က္ႏွာမွ မေထာက္နဲ ့။

ႏုိင္ငံေရးေဆြးေႏြးပြဲကို တက္လာဖုိ ့အားလုံးကုိလမ္းဖြင့္ထားတဲ့အခ်ိန္မွာ ဖင္ယားလုိ ့ကေတာ့
ယားတဲ့လူရဲ ့အျပစ္။

အစုိးရနဲ႔တပ္မေတာ္ကိုၾကည့္ရတာ သည္းခံစိတ္ကုန္သြားၿပီ။
ဘုန္းေက်ာ္ (ၾသစေတ်းလ်)
.........

ရခိုင်သူဌေး စက်လှေပိုင်ရှင်တွေရှိတယ်။ အဲဒီသူဌေးတွေကို အေအေကဆက်ကြေးကောက်တယ်။
မပေးရင် စက်လှေတွေကိုဗုံးခွဲမယ် လူသတ်မယ်ဆိုပြီး မာဖီးယားစတိုင် လုပ်တယ်။ ကြောက်တော့
တိတ်တဆိတ်ဆက်ကြေးဆက်သရတယ်။ အဲဒါကိုမီဒီယာမှာ ဘယ်သူမှမပြောဘူး။ အနဲဆုံး ဒေါ်လာ
သန်းချီပြီး ရတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းတွေကနေကောက်တယ်။ ဘင်္ဂါလီတွေဆီကလည်း
ဆက်ကြေးရတယ်။ မူးယစ်ဆေးဝါးရောင်းတာကနေရတယ်။ ရေနံပိုက်လိုင်းကိစ္စကိုဗုံးခွဲမှာကြောက်
လို ့တရုတ်က နောက်ကွယ်ကနေ အေအေကိုဆက်ကြေးပေးရတယ်။ ထိုင်း၊ မလေးနဲ ့တတိယ
နိုင်ငံရောက် အေအေထောက်ခံသူဆီကနေ ငွေရတယ်။ ရေမဆေးကျောက်အဖွဲ ့ကနေဆက်ကြေး
ရတယ်။

MNDAA/ UWSA/ TNLA နဲ့ KIO ကလည်းဘောစိ။ သူတို ့ဒေသကို လုံခြုံရေးယူပေးတဲ့ AA ကို
လက်နက်နဲ ့ခဲယမ်းမီးကျောက်ကစလို ့ရိက္ခာအထိစျေးသက်သွာစွာနဲ ့ရောင်းချပေးတယ်။ ဆိုလိုတာ
ကဘက်ပေါင်းစုံကနေရတယ်။ ဘာမှမရရင် ဘယ်သူက အဲဒိဖက်မှာနေမလဲ။
ဘယ်လောက်ပဲ ရရ အင်အားငါးထောင်ကျော် (မဖြစ်နိုင်ပါ) ရဲ ့ပါးစပ်ပေါက်၊ လက်နက်နဲ ့ယူနီဖောင်း
စတဲ့ လိုအပ်တဲ့ Resources တွေကို နှစ်ရှည်လများထောက်ပံ့နိုင်ဖို ့ဆိုတာက လုံးဝမဖြစ်နိုင်တော့
တဲ့ကိစ္စ။ ဒါေ့ကြာင့် ထွန်းမြတ်နိုင်တို ့က နောက်ဆုံးထွက်လာတဲ့ ဗွီဒီယိုဖိုင် အရဆိုရင် ငွေပြတ်နေပြီ။ငွေပြတ်နေလို ့ အမျိုးသားရံပုံငွေတစ်ခုထောင်မယ်လို ့ပြောတယ်။ ငွေပြတ်နေပုံရတယ်။

အနဲဆုံး ဝေါကီတော်ကီထဲမှာထည့်တဲ့ ဓာတ်ခဲဖိုးတောင် တနှစ်ကို ဒေါ်လာသိန်းချီကုန်မယ်။ ကျည်
ဆံစက်ရုံမရှိတဲ့အတွက် ကျည်ဖိုးချည်းပဲ ဒေါ်လာသိန်းချီကုန်မယ်။ ဒါတွေကို ရေရှည်ထောက်ပံ့ဖို ့
ဆိုတာကအကြမ်းဖတ်တဲ့လုပ်ငန်းပဲ ရှိတယ်။ သေနတ်ပြပြီး ဆက်ကြေး ကောက်ရင်ကောက်၊ မ
ကောက်ရင် မူးယစ်ဆေးလုပ်ငန်းပဲရှိတယ်။ နိုင်ငံခြားရောက် ရခိုင်တွေကလည်း ရေရှည်ထောက်ပံ့
ဖို ့မဖြစ်နိုင်ဘူး။ သူတို ့တောင် မလေးနဲ ့ထိုင်းမှာတိုင်ပတ်နေရတာပဲ။

မြန်မာအစိုးရက အကြမ်းဖတ်သူအဖြစ်တရားဆွဲတော့ အေအေကို ထောက်ခံသူ၊ ထောက်ပံ့သူ

မည်သူမဆိုရင် အကြမ်းဖတ်သမားလို ့သတ်မှတ်လို ့ရတယ်။ ဖမ်းလို ့ရတယ်။ ဒါတွေကိုနားမလည်
တဲ့လူအချို ့က ပေါ်တင်ထောက်ခံနေတယ်။ အဲဒိအချက်အလက်တွေကို စရဖနဲ ့ အစိုးရက လူတွေ
က Screen shot ရိုက်ထားပြီးမှတ်တမ်းတင်ထား။
တနေ ့ကြရင်ဆွဲစိလို ့ရတယ်ဆိုတာကိုနားမလည်ကြဘူး။ သေတတ်တယ်။
ရခိုင်ပြည်နယ်မှာ ရခိုင်ကွန်မြူနစ်တွေလည်း ခွေးပြေးဝက်ပြေး ပြေးခဲ့ရတဲ့ သမိုင်းရှိတယ်။ ကွန်မြူ

နစ်ပြီးတော့၊ မူဂျာဟစ်တွေလည်း ဘဝပျက်။နောက်ဆုံး ALP တောင် အဲဒိမှာ ရပ်တည်လို ့မရ
လို ့ ကရင်ပြည်နယ်ထဲမှာ နေရတာပဲ မဟုတ်ဘူးလား။ ရခိုင်ဂွင်ဆိုတာ ပြေးစရာ ပင်လယ်ပြင်နဲ ့
ဘဂ်လားဒေ့ရှ်ပဲရှိတယ်။ ဘင်ဂလားဖက် အခြမ်းပြေးမလား၊ ပင်လယ်ပြင်ကို ပြေးမလား၊ ချင်းဖက်
ကို ပြေးမလား၊ ကြိုက်တဲ့ဖက်ကို ပြေး။ မလွတ်ဘူး။မလွတ်လို ့ရခိုင်မှာဘယ်သူပုန်မှကြာကြာမခံဘူး။

၂၀၀၀ -ခုနှစ်တုန်းက ဘုရားသုံးဆူနားက ရွာမှာပြည်သူ ့ကာကွယ်ရေးတပ် (PDF) စခန်းရှိတယ်။
အင်အား သုံးဆယ်လောက်ရှိတယ်။ လူ ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (တောင်ပိုင်း) က အဖွဲ ့
၀င်တွေဖြစ်တဲ့ ကျနော်တို ့ လေးယောက်ကလည်းPDF နဲ ့တွဲပြီး ပျောက်ကျားပစ်ကြသေးတယ်။ ကျ
နော်တို ့စခန်းရဲ ့အောက်မှာ ရခိုင် ALP စခန်းရှိတယ်။ အင်အားက ဆယ်ဂဏန်းလောက်ရှိတယ်။
ဗိုလ်မှုးလုပ်သူက အရပ်ပုပုနဲ ့။ အသက်ကြီးနေပြီ။
ဗေဒင်တွက်တာ ကျွမ်းတယ်။ သူတို့စခန်းကို သွားကြည့်ရင် စည်းကမ်းရှိတယ်။ ရခိုင်သူပုန်တွေဟာ
ဖြစ်သလို စားနိုင်တယ်။ စခန်းဘေးနားက ချောင်းမှာ ငရုတ်၊ချဉ်ပေါင်နဲ ့စားပင်တွေကိုစိုက်ထားတယ်။
စခန်းထဲကအဆောက်အဦးတွေကို ၀လုံးပဲဆောက်တယ်။ တဲအိမ်တစ်ခုမှာ နှစ်ဦးလောက်ပဲနေလို ့ရ
တယ်။ ဒါက ကျနော်တွေ ့ဖူးတဲ့ ကရင်ပြည်နယ်ထဲက ရခိုင်သူပုန်။ အခုတော့ ငြိမ်းချမ်းရေးလက်မှတ်
ထိုးပြီးသွားပြီ။
လူ ့ဘောင်သစ်လည်း ပြည်တွင်းမှာ တရားဝင်ပါတီအဖြစ် ရပ်တည်နေပြီ။
ကျနော်လည်း သူပုန် လုပ်ဖူးတယ်။ သူပုန်လုပ်ဖူးတိုင်း သူပုန်တွေရဲ ့လုပ်ရပ်တိုင်းကောင်းတယ်လို ့
ဘယ်တော့မှ မပြောဘူး။ ဘာဖြစ်လို ့လဲဆိုတော့လူပဲ။ မှားတတ်တယ်။ ပေါ်လစီ အမှားရှိတယ်။
ခေါင်းဆောင်တွေရဲ ့အမှားရှိတယ်။ ရဲဘော်တွေရဲ ့အမှားရှိတယ်။

ဒီထဲမှာ အေအေက အကြီးအကျယ် မှားနေတယ်။ရခိုင်ဝန်ကြီးချုပ်ကို လုပ်ကြံတယ်။ ဒါဟာက သိရိလင်္ကာမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်လိုပဲ။ မသေလို့ကံကောင်းတယ်မှတ်။ နောက်တခါ အုပ်ချုပ်ရေးမှုးတွေကို
လုပ်ကြံသတ်ဖြတ်တယ်။ စရဖအဖွဲ ့ဝင်ကို လုပ်ကြံတယ်။ ရခိုင်ပါတီက ခေါင်းဆောင်ကို သတ်ဖြတ်
တယ်။ ဒါတင်ပဲလားဆိုတော့ ရဲစခန်းတွေကို၀င်စီးတယ်။ ဒီဖြစ်စဉ်တွေက ဘာနဲ ့တူလဲဆိုတော့ ဘင်္ဂါ
လီတွေရဲ ့လုပ်ရပ်နဲ့အတူတူပဲ။ ဒါကို ထောက်ခံရင်ကျနော့်လောက်မိုက်တဲ့လူ ဘယ်သူရှိမလဲ။ မှားနေ
လို ့မှားတယ်လို ့ပြောတာက အပြစ်ရှိလား။

ယနေ ့အထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ ့တွေလည်း ဒီကိစ္စနဲ ့ပက်သက်ပြီး ဘာစတိတ်မန် ့
မှ မထုတ်ဘူး။ ရခိုင်ပါတီလည်း မထုတ်ဘူး။ မဟုတ်မှာလွဲရောသူတို ့လည်းအေအေကိုထောက်
ခံတယ်လို ့မှတ်ရမှာပဲ။ သူပုန်အချင်းအချင်းကညီတယ်ထင်တယ်။

လက်ရှိအစိုးရကအရင်စစ်အစိုးရလိုအာဏာသိမ်းအစိုးရမဟုတ်ဘူး။ ဒီတော့ သူ ့မှာ Legitimacy ရှိ
တယ်။ မန်းဒိတ်ရှိတယ်။ ပြည်သူက ပေးတဲ့ အာဏာရှိတယ်။ ပြည်သူ ့ အစိုးရ စစ်စစ်ဖြစ်တယ်။
သူက စစ်တပ်ကို အမိန် ့ပေးတယ်ဆိုတာ သိပ်မှန်တာပေါ့။ အဲဒါမှာတင် စစ်တပ်က အစွမ်းကုန် ရှိသ
မျှအင်အားနဲ ့လုပ်လို ့ရတဲ့အာဏာရသွားပြီ။ နိုင်ငံတကာမှာ ဘယ်လောက်ပဲ အော်အော် တရားဝင်
မှု ရှိသွားပြီ။
ကချင်ဖက်က အေအေစခန်းတွေအပြင်အခြားစခန်းတွေကို ဗုံးကျဲတာခံရလိမ့်မယ်။ ရခိုင်ဖက်မှာ
ဂွင်ပိတ်ပြီး ထိုးစစ် ဆင်ရင် ဘယ်ပြေးကြမလဲ။ ရခိုင်ဖက်မှာ ပြေးစရာ ဘင်္ဂလားနဲ ့ပင်လယ်ပြင်။
ဘယ်မှ ပြေးလို ့မလွတ်ဘူး။ ချင်းဖက်ကနေ ပြေးလို ့လည်းမရဘူး။ ရခိုင်လူထုကြားထဲမှာ မြို ့ပြ
ပျောက်ကျားဗျူဟာနဲ ့ဝင်ပုန်းလို ့ပဲရလိ့မ်မယ်။ ဒါလည်း ဘယ်လောက်ခံမလဲ။ အစိုးရရဲ ့သတင်း
ပေးတွေကနေရာတကာရှိတယ်။ ဘယ်လွတ်မလဲ။

ဒီတစ်ချီကတော့ အကုန်ပြုတ်မဲ့ပုံ ဖြစ်သွားပြီ။ အစိုးရက ရခိုင်ကို အထိမခံဘူး။ ရခိုင်ကနေ နှစ်စဉ်
ဒေါ်လာသန်းထောင်ကျော်ဝင်နေတာဆိုတော့ အပီဗျင်းမှာပဲ။ ဗျင်းတဲ့အခါ စစ်ပွဲတွေရပ်လို ့အော်ရင်
အော်တဲ့ကောင်ကိုဆွဲစိမှာ သေချာတယ်။ မီဒီယာမှာဘက်လိုက်ပြီး ရေးရင် ရေးတဲ့ကောင်ကို ဆွဲပြီး
သေနတ်ဒင်နဲ ့ထောင်းတာခံရလိမ့်မယ်။

တပ်မတော်ကိုပြောချင်တာက ဆွဲရင်အပီသာဆွဲ။ဘယ်သူမျက်နှာမှ မထောက်နဲ ့။
နိုင်ငံရေးဆွေးနွေးပွဲကို တက်လာဖို ့အားလုံးကိုလမ်းဖွင့်ထားတဲ့အချိန်မှာ ဖင်ယားလို ့ကတော့
ယားတဲ့လူရဲ ့အပြစ်။
အစိုးရနဲ့တပ်မတော်ကိုကြည့်ရတာ သည်းခံစိတ်ကုန်သွားပြီ။

ဘုန်းကျော် (သြစတျေးလျ)

No comments:

Post a Comment