Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 20, 2019

မႏၱေလးျမိဳ ့တြင္ လမ္းေဖာက္လုပ္ရန္ မလြတ္ကင္း၍ဘုန္းေတာ္ၾကီး ၃ ေက်ာင္းက ၾကည္ျဖဴစြာ ဖ်က္ေပး


မႏၱေလးျမိဳ ့တြင္ လမ္းေဖာက္ရန္ ဘုန္းေတာ္ၾကီးေက်ာင္း မ်ားျဖင့္ မလြတ္မကင္းျဖစ္ေနေသာ္လည္း အဆိုပါ ဘုန္း ေတာ္ၾကီး ၃ ေက်ာင္းကၾကည္ျဖဴစြာဖ်က္ေပးခဲ့ေၾကာင္း မႏၱေလးတိုင္းေဒသၾကီးစည္ပင္သာယာေရးေကာ္မတီမွေကာ္မတီဝင္တစ္ဦးျဖစ္သည့္ ဦးေက်ာ္ေဇယ်၏ Facebook တြင္ ေရးသားထားမွု ့အရ သိရသည္။

ထိုကဲ့သို ့ဘုန္းေတာ္ၾကီးေက်ာင္းမ်ားကိုဖ်က္ရာတြင္ လမ္း အလယ္ေရာက္ေနသည့္ေရတြင္းတစ္တြင္းလည္းပါရွိသည့္ အတြက္ ဇန္နဝါရီ ၁၉ ညေန ၅ နာရီက ဗုဒၶဘာသာထံုတမ္း အစဥ္အလာအတိုင္းဆရာေတာ္မ်ားကိုပင့္ဖိတ္၍ဖ်က္ဆီးခဲ့သည္ဟု ဆိုသည္။

ထို ့အတူ ၅၈လမ္းမွဘုန္းေတာ္ၾကီးေက်ာင္းမ်ားျဖင့္အဆင္ ေျပထားျပီးျဖစ္၍ မၾကာမီ လမ္းေဖာက္လုပ္ႏိုင္ေတာ့မည္ ျဖစ္ကာ အလွဴရွင္မ်ားကို ဖိတ္ေခၚပါသည္ဟုလည္း ဦး ေက်ာ္ေဇယ်က ေရးသားထားသည္။

ဦးေက်ာ္ေဇယ်၏ Facebook တြင္

” ၅၇လမ္း ၃၀-၃၁လမ္းၾကား ႏိုင္လြန္ခင္းတာ အရင္က ၃၁လမ္းထိပ္မွာ ဘုန္းႀကီးေက်ာင္းငယ္ ၃ေက်ာင္း၊လူေန အိမ္၁အိမ္ရွိပါတယ္။ လမ္းေျမကို အသုံးျပဳထားတာပါ။၃၅လမ္းဘက္ထြက္ႏိုင္ဖို႔ ဒီနားေလးပဲပိတ္ေနေတာ့ ဖယ္ ရွားႏိုင္ဖို႔ကန္ေကာက္ရပ္ေက်းဥကၠဌဆရာေတာ္နဲ႔တိုင္ပင္ၿပီး ေလၽွာက္ထားေတာ့ ၃ေက်ာင္းလုံးက ဆရာေတာ္မ်ား က ၾကည္ၾကည္ျဖဴျဖဴ ဖ်က္ေပးခဲ့ၾကပါတယ္”

” ေရတြင္းတစ္တြင္းက်န္ခဲ့ၿပီး လမ္းအလယ္ေရာက္ေန ေတာ့ ေရတြင္းဖ်က္ရမွာမို႔ ဗုဒၶဘာသာ ထုံးစံအတိုင္း ဆရာ ေတာ္ ငါးပါးပင့္ၿပီးအႏၲရာယ္ကင္းပရိတ္ရြတ္ၿပီးအမၽွတန္း ေပးေဝတာကို ဒီေန႔ ညေန ၅နာရီမွာ ျပဳလုပ္ခဲ့ပါတယ္။ ေကာ္မတီဝင္ ေဒၚျမင့္ျမင့္သန္း၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး မွဴး (စည္ပင္) ၊လမ္းတံတားအင္/ယာမ်ား၊ရပ္ကြက္ေနျပည္သူ မ်ားတက္ေရာက္ခဲ့ပါတယ္”



” မၾကာခင္ ၅၈လမ္းလည္း ဘုန္းႀကီးေက်ာင္းမ်ားႏွင့္ အဆင္ေျပၿပီးျဖစ္သျဖင့္ လမ္းေဖာက္ပါေတာ့မယ္။ အုတ္တံတိုင္း၊မုဒ္ဦး အလွဴရွင္မ်ားလည္း လွဴဒါန္းႏိုင္ဖို႔ ဖိတ္ေခၚပါတယ္” ဟု ေရးသားထားသည္။

Credit း ဦးေက်ာ္ေဇယ်

The Ladies News

မန္တလေးမြို ့တွင် လမ်းဖောက်လုပ်ရန် မလွတ်ကင်း၍ဘုန်းတော်ကြီး ၃ ကျောင်းက ကြည်ဖြူစွာ ဖျက်ပေး

မန္တလေးမြို ့တွင် လမ်းဖောက်ရန် ဘုန်းတော်ကြီးကျောင်း များဖြင့် မလွတ်မကင်းဖြစ်နေသော်လည်း အဆိုပါ ဘုန်း တော်ကြီး ၃ ကျောင်းကကြည်ဖြူစွာဖျက်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးကျော်ဇေယျ၏ Facebook တွင် ရေးသားထားမှု ့အရ သိရသည်။

ထိုကဲ့သို ့ဘုန်းတော်ကြီးကျောင်းများကိုဖျက်ရာတွင် လမ်း အလယ်ရောက်နေသည့်ရေတွင်းတစ်တွင်းလည်းပါရှိသည့် အတွက် ဇန်နဝါရီ ၁၉ ညနေ ၅ နာရီက ဗုဒ္ဓဘာသာထုံတမ်း အစဉ်အလာအတိုင်းဆရာတော်များကိုပင့်ဖိတ်၍ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။



ထို ့အတူ ၅၈လမ်းမှဘုန်းတော်ကြီးကျောင်းများဖြင့်အဆင် ပြေထားပြီးဖြစ်၍ မကြာမီ လမ်းဖောက်လုပ်နိုင်တော့မည် ဖြစ်ကာ အလှူရှင်များကို ဖိတ်ခေါ်ပါသည်ဟုလည်း ဦး ကျော်ဇေယျက ရေးသားထားသည်။

ဦးကျော်ဇေယျ၏ Facebook တွင်

” ၅ရလမ်း ၃၀-၃၁လမ်းကြား နိုင်လွန်ခင်းတာ အရင်က ၃၁လမ်းထိပ်မှာ ဘုန်းကြီးကျောင်းငယ် ၃ကျောင်း၊လူနေ အိမ်၁အိမ်ရှိပါတယ်။ လမ်းမြေကို အသုံးပြုထားတာပါ။၃၅လမ်းဘက်ထွက်နိုင်ဖို့ ဒီနားလေးပဲပိတ်နေတော့ ဖယ် ရှားနိုင်ဖို့ကန်ကောက်ရပ်ကျေးဥက္ကဌဆရာတော်နဲ့တိုင်ပင်ပြီး လျှောက်ထားတော့ ၃ကျောင်းလုံးက ဆရာတော်များ က ကြည်ကြည်ဖြူဖြူ ဖျက်ပေးခဲ့ကြပါတယ်”



ရေတွင်းတစ်တွင်းကျန်ခဲ့ပြီး လမ်းအလယ်ရောက်နေ တော့ ရေတွင်းဖျက်ရမှာမို့ ဗုဒ္ဓဘာသာ ထုံးစံအတိုင်း ဆရာ တော် ငါးပါးပင့်ပြီးအန္တရာယ်ကင်းပရိတ်ရွတ်ပြီးအမျှတန်း ပေးဝေတာကို ဒီနေ့ ညနေ ၅နာရီမှာ ပြုလုပ်ခဲ့ပါတယ်။ ကော်မတီဝင် ဒေါ်မြင့်မြင့်သန်း၊ မြို့နယ်အုပ်ချုပ်ရေး မှူး (စည်ပင်) ၊လမ်းတံတားအင်/ယာများ၊ရပ်ကွက်နေပြည်သူ များတက်ရောက်ခဲ့ပါတယ်”



” မကြာခင် ၅၈လမ်းလည်း ဘုန်းကြီးကျောင်းများနှင့် အဆင်ပြေပြီးဖြစ်သဖြင့် လမ်းဖောက်ပါတော့မယ်။ အုတ်တံတိုင်း၊မုဒ်ဦး အလှူရှင်များလည်း လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ရေးသားထားသည်။

Credit း ဦးကျော်ဇေယျ

No comments:

Post a Comment