Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, December 23, 2018

ေက်ာင္းသားေက်ာင္းသူေလးေတြ လတ္တေလာ သံုးစြဲမႈမ်ားလာတဲ့ TERCO-D ေခ်ာင္းဆုိးေပ်ာက္ေဆး


ေတာင္ဥကၠလာ အထက ၃/၁ က ၉-၁ဝ တန္း ေက်ာင္းသား၊ ေက်ာင္းသူေလးေတြနဲ႔ ရပ္ကြက္ထဲက ၂ဝ-၂၅ အ႐ြယ္ ေကာင္ေလး၊ ေကာင္မေလးေတြ ဒီေဆးကဒ္ေတြ က်ယ္က်ယ္ ျပန႔္ျပန႔္ သုံးစြဲလာၾကပါတယ္။ အလြယ္တကူလဲ ဝယ္ရတယ္။ ေဆးဆိုင္ေတြကလဲ သားသမီးခ်င္းမစာနာ ေရာင္းတယ္။ တ/ဥ ရဲစခန္းကို အႀကိမ္ႀကိမ္ PH ဆက္လဲ ေရွာင္ဖယ္ ေရွာင္ဖယ္ နဲ႔။့ ေဆးဝါးကြပ္ကဲေရးကို PH ဆက္ျပန္ေတာ့လဲ 199 နဲ႔တိုင္ပင္တဲ့ ေခါင္းေရွာင္တယ္။ 199 ဆက္ေတာ့ ပိတ္ထားတယ္။ ရက္ကြက္႐ုံးေျပာေတာ့ ကေလးေတြကိုဆုံးမတဲ့။့

Terco-D ေဆးကို ထိုင္းႏိုင္ငံကထုတ္တယ္။ ATC Classification = R05FA02 ဘိန္းကေနထုတ္လုပ္ထားတဲ့ ခြၽဲထြက္ ေစႏိုင္တဲ့ ေခ်ာင္းဆိုးေပ်ာက္ေဆးျဖစ္တယ္။Dextromethorphan HBr 15 mg, guaifenesin 100 mg, terpin hydrate 130 mg ေဆးေတြပါဝင္ေနတယ္။ အသည္းေရာဂါ၊ ပန္းနာေရာဂါနဲ႔ သိပ္ငယ္တဲ့ကေလးေတြကို မေပးရပါ။ Thai FDA Category အဆင့္ D လို႔သတ္မွတ္ထားတယ္။ မူးေဝတဲ့သတၱိရွိတယ္။ ေဆးစြဲေစတယ္။

ေဘးထြက္ဆိုးက်ိဳးမ်ား
ေခါင္းမူးမယ္။ အစာေျခလမ္းကသိကေအာင့္ျဖစ္မယ္။ စိတ္တက္ႂကြေစမယ္။ စိတ္ရႈတ္ေထြးေစမယ္။ အသက္ရွဴမႈကို အားနည္းေစမယ္။ ပ်ိဳ႕-အန္၊ ေခါင္းမူး၊ ဝမ္းခ်ဳပ္၊ ဝမ္းပ်က္၊ အိပ္ခ်င္၊ စိတ္ဂနာမၿငိမ္၊ မ်က္စိမွတ္ထားရင္ သူမ်ားမျမင္ မၾကားရတာမ်ိဳး ျမင္ၾကားမယ္။

ဆရာဝန္သတ္မွတ္တဲ့ေဆး (တေန႔ ၂-၃-၄ ႀကိမ္) ထက္ ၃ ဆကေန ၂ဝ ဆအထိေသာက္ရင္ အေကာင္းေတြလို႔ ထင္ျမင္ေနမယ္။ အားျပည့္ေနသလိုထင္မွတ္ရမယ္။ ကိုယ္ကိုယ္ကိုယုံၾကည္မႈ ရွိသင့္တာထက္ပိုမယ္။ ေဆာက္တည္ရာ မရျဖစ္မယ္။ အိပ္မရျဖစ္မယ္။ စကားေတြအျမန္ေျပာေနမယ္။ သူငယ္အိမ္က်ယ္ေနမယ္။ မ်က္လုံးက ေငးၾကည့္ေနမယ္။

ဆရာဝန္သတ္မွတ္တဲ့ေဆး (တေန႔ ၂-၃-၄ ႀကိမ္) ထက္ ၁၅ ဆကေန ၇၅ ဆေသာက္မိရင္ သူမ်ားမျမင္မၾကားရတာမ်ိဳး ျမင္ၾကားမယ္။ စိတ္ျမင္အစည္းေျပသလိုျဖစ္လာမယ္။ အန္မယ္။ အျမင္ေတြေဝဝါးေနမယ္။ သူငယ္အိမ္ပိုက်ယ္လာမယ္။ ေခြၽးျပန္မယ္။ ကိုယ္ပူမယ္။ ေသြးဖိအားက်မယ္။ အသက္ရွဴေႏွးလာမယ္။ ႏွလုံးခုန္ ျမန္လာမယ္။ ဝမ္းေလွ်ာမယ္။ ဆီးအိမ္တင္းေနမယ္။ အိပ္ငိုက္ေနမယ္။ ႂကြက္သားေတြအလိုလိုလႈတ္ေနမယ္။ အေကာင္းေတြလို႔သာ ထင္ျမင္ေနမယ္။ အာ႐ုံခံမႈေျပာင္းမယ္။ ဘာမွန္းမွမသိျဖစ္လာမယ္။ မ်က္စိကမျမင္ႏိုင္ေတာ့ဘူး။ မ်က္စိကို စူးစိုက္လို႔မရေတာ့ဘူး။ အေရျပားအနီကြက္ေတြထြက္လာမယ္။

ေခ်ာင္းဆိုးေပ်ာက္ေဆးေတြအေၾကာင္း ေရးပါတယ္။ ဘေလာ့ခ္မွာလည္းရွိပါတယ္။ အသစ္ေပၚတာေတြကို ေဆးနာမည္အတိအက်နဲ႔သိရရင္ မေရးရေသးတာေတြ႕ရင္ ေရးပါမယ္။ အခုေဆးကိုသိဘို႔ရာ ထိုင္းဝဘ္ဆိုက္မွာ ကြၽန္ေတာ့ဆရာဝန္ျဖစ္ေၾကာင္း အခ်က္အလက္ေတြနဲ႔ မွတ္ပုံတင္ရေသးတယ္။

 ေဒါက္တာတင့္ေဆြ

Unicode Version

ကျောင်းသားကျောင်းသူလေးတွေ လတ်တလော သုံးစွဲမှုများလာတဲ့ TERCO-D ချောင်းဆိုးပျောက်ဆေး

တောင်ဥက္ကလာ အထက ၃/၁ က ၉-၁ဝ တန်း ကျောင်းသား၊ ကျောင်းသူလေးတွေနဲ့ ရပ်ကွက်ထဲက ၂ဝ-၂၅ အရွယ် ကောင်လေး၊ ကောင်မလေးတွေ ဒီဆေးကဒ်တွေ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲလာကြပါတယ်။ အလွယ်တကူလဲ ဝယ်ရတယ်။ ဆေးဆိုင်တွေကလဲ သားသမီးချင်းမစာနာ ရောင်းတယ်။ တ/ဥ ရဲစခန်းကို အကြိမ်ကြိမ် PH ဆက်လဲ ရှောင်ဖယ် ရှောင်ဖယ် နဲ့။့ ဆေးဝါးကွပ်ကဲရေးကို PH ဆက်ပြန်တော့လဲ 199 နဲ့တိုင်ပင်တဲ့ ခေါင်းရှောင်တယ်။ 199 ဆက်တော့ ပိတ်ထားတယ်။ ရက်ကွက်ရုံးပြောတော့ ကလေးတွေကိုဆုံးမတဲ့။့

Terco-D ဆေးကို ထိုင်းနိုင်ငံကထုတ်တယ်။ ATC Classification = R05FA02 ဘိန်းကနေထုတ်လုပ်ထားတဲ့ ချွဲထွက် စေနိုင်တဲ့ ချောင်းဆိုးပျောက်ဆေးဖြစ်တယ်။Dextromethorphan HBr 15 mg, guaifenesin 100 mg, terpin hydrate 130 mg ဆေးတွေပါဝင်နေတယ်။ အသည်းရောဂါ၊ ပန်းနာရောဂါနဲ့ သိပ်ငယ်တဲ့ကလေးတွေကို မပေးရပါ။ Thai FDA Category အဆင့် D လို့သတ်မှတ်ထားတယ်။ မူးဝေတဲ့သတ္တိရှိတယ်။ ဆေးစွဲစေတယ်။

ဘေးထွက်ဆိုးကျိုးများ

ခေါင်းမူးမယ်။ အစာခြေလမ်းကသိကအောင့်ဖြစ်မယ်။ စိတ်တက်ကြွစေမယ်။ စိတ်ရှုတ်ထွေးစေမယ်။ အသက်ရှူမှုကို အားနည်းစေမယ်။ ပျို့-အန်၊ ခေါင်းမူး၊ ဝမ်းချုပ်၊ ဝမ်းပျက်၊ အိပ်ချင်၊ စိတ်ဂနာမငြိမ်၊ မျက်စိမှတ်ထားရင် သူများမမြင် မကြားရတာမျိုး မြင်ကြားမယ်။

ဆရာဝန်သတ်မှတ်တဲ့ဆေး (တနေ့ ၂-၃-၄ ကြိမ်) ထက် ၃ ဆကနေ ၂ဝ ဆအထိသောက်ရင် အကောင်းတွေလို့ ထင်မြင်နေမယ်။ အားပြည့်နေသလိုထင်မှတ်ရမယ်။ ကိုယ်ကိုယ်ကိုယုံကြည်မှု ရှိသင့်တာထက်ပိုမယ်။ ဆောက်တည်ရာ မရဖြစ်မယ်။ အိပ်မရဖြစ်မယ်။ စကားတွေအမြန်ပြောနေမယ်။ သူငယ်အိမ်ကျယ်နေမယ်။ မျက်လုံးက ငေးကြည့်နေမယ်။

ဆရာဝန်သတ်မှတ်တဲ့ဆေး (တနေ့ ၂-၃-၄ ကြိမ်) ထက် ၁၅ ဆကနေ ၇၅ ဆသောက်မိရင် သူများမမြင်မကြားရတာမျိုး မြင်ကြားမယ်။ စိတ်မြင်အစည်းပြေသလိုဖြစ်လာမယ်။ အန်မယ်။ အမြင်တွေဝေဝါးနေမယ်။ သူငယ်အိမ်ပိုကျယ်လာမယ်။ ချွေးပြန်မယ်။ ကိုယ်ပူမယ်။ သွေးဖိအားကျမယ်။ အသက်ရှူနှေးလာမယ်။ နှလုံးခုန် မြန်လာမယ်။ ဝမ်းလျှောမယ်။ ဆီးအိမ်တင်းနေမယ်။ အိပ်ငိုက်နေမယ်။ ကြွက်သားတွေအလိုလိုလှုတ်နေမယ်။ အကောင်းတွေလို့သာ ထင်မြင်နေမယ်။ အာရုံခံမှုပြောင်းမယ်။ ဘာမှန်းမှမသိဖြစ်လာမယ်။ မျက်စိကမမြင်နိုင်တော့ဘူး။ မျက်စိကို စူးစိုက်လို့မရတော့ဘူး။ အရေပြားအနီကွက်တွေထွက်လာမယ်။

ချောင်းဆိုးပျောက်ဆေးတွေအကြောင်း ရေးပါတယ်။ ဘလော့ခ်မှာလည်းရှိပါတယ်။ အသစ်ပေါ်တာတွေကို ဆေးနာမည်အတိအကျနဲ့သိရရင် မရေးရသေးတာတွေ့ရင် ရေးပါမယ်။ အခုဆေးကိုသိဘို့ရာ ထိုင်းဝဘ်ဆိုက်မှာ ကျွန်တော့ဆရာဝန်ဖြစ်ကြောင်း အချက်အလက်တွေနဲ့ မှတ်ပုံတင်ရသေးတယ်။

 ဒေါက်တာတင့်ဆွေ

No comments:

Post a Comment