Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 23, 2018

လင်မယားကွာရှင်းမှုအရ ကလေးအုပ်ထိန်းခွင့်နဲ့ပတ်သက်တဲ့ သိထားသင့်သောအချက်များ


ကလေးအုပ်ထိန်းခွင့်နဲ့ပတ်သက်လို့…

လင်မယားတွေ ရန်ဖြစ်ပြီဆို မယားလုပ်သူက ကလေးခေါ်ဆင်းသွားတာ
လင်က ကလေးခေါ် ဆင်းသွားတာတွေ ဖြစ်နေကျ / ပြီးမှ သားကိုအမေ
သမီးကိုအဖေ ပိုင်တယ်ဆိုပြီး ကလေးလုကြ ပြဿနာဖြစ်ကြနဲ့ နောက်
ဆုံး ကြားထဲက ကလေးက မြေစာပင်ဖြစ် / စိတ်ဒဏ်ရာတွေရ ကလေး
ရှေ့ရေး မကောင်းဖို့များသွားပြီ…

( တကယ်တော့ )…
( သား ) ဆို အမေပိုင် ( သမီး ) ဆို အဖေပိုင်တယ်ဆိုတာ မြန်မာပြည်
မှာမှမဟုတ် ( ကမ္ဘာ့ဘယ်နိုင်ငံတရားရုံး) ကမှ မဆုံးဖြတ်ပါဘူး … ၂
ယောက်ပေါင်းသင်းလို့ မွေးလာတဲ့ကလေးဖြစ်လို့ ပိုင်ဆိုင်ခွင့် ဆတူ
ရှိပါတယ် …

ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူမျိုး / ယဉ်ကျေးမှု့ / ဓလေ့ထုံးတမ်း စတာ
တွေကွာလို့ ပြဌာန်းဥပဒေ ကွာကြပေမယ့် ကလေးအုပ်ထိန်းခွင့်ကို ဆုံး
ဖြတ်ရာမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကွာဟမှု့သိပ်မရှိကြပါဘူး …

မြန်မာနိုင်ငံမှာ ကလေးအုပ်ထိန်းခွင့်နဲ့ ပတ်သက်လို့ မြန်မာ့ဓလေ့ထုံး
တမ်းအရ တရားရုံးတွေက အောက်ပါအတိုင်း ဆုံးဖြတ်ပေးကြပါတယ်…

( 1 ) ရင်ခွင်ပိုက်အရွယ် ( မွေးကင်းစမှ ၂ နှစ် ၃ နှစ် ) အထိ မိခင်သာ
လျင် အုပ်ထိန်းခွင့် ရပါမယ် …
( 2 ) ကလေးရဲ့ ဆန္ဒ ပေါ်မူတည်ပါမယ် …
( 3 ) မိဘ ၂ ပါးရဲ့ ဝင်ငွေအဆင့်အတန်းပေါ်မူတည်ပါမယ် …
( 4 ) မိဘ ၂ ပါးရဲ့ အကျင့်စာရိတ္တပေါ် မူတည်ပါမယ် …
( 5 ) ကလေးနေထိုင်ကြီးပြင်းရမယ့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းပေါ်
မူတည်ပါမယ် …

( 6 ) အဓိကအချက်ကတော့ ကလေးရဲ့နောင်ရေးအား လက်ရှိအနေ
ထက် ပိုမိုသာလွန်အောင် ဆောင်ရွက်နိုင်သူ ဖြစ်ရပါမယ် …

စတဲ့အချက်တွေပေါ် အခြေခံပြီး တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ
ကလေးအုပ်ထိန်းခွင့်ကို ဆုံးဖြတ်ပေးတာဖြစ်ပြီး …

( အထူးသတိပြုရမှာက )…

ကလေးအုပ်ထိန်းခွင့် ဆိုတာ အုပ်ထိန်းခွင့်ပဲ ပေးတာဖြစ်ကာ အပိုင်ပေး
လိုက်တာ မဟုတ်တဲ့အတွက် …အုပ်ထိန်းခွင့် မရသူက ကလေးကို လာ
တွေ့တဲ့အခါ ရုံးတော်ကသတ်မှတ်ပေးထားတဲ့အတိုင်း အခါအားလျော်
စွာ တွေ့ခွင့်ပေးရပါမယ် …
နင့်စောက်ချိုးတွေ ကူးမှာစိုးလို့ / ရှင့်လို အရက်သမား ဖဲသမားဖြစ်မှာ
စိုးလို့ ကလေးနဲ့ပေးမတွေ့နိုင်ဘူးတို့ …

ကလေးကို ဖွက်ထားတာတို့…

ကျိုးကြောင်းညီညွတ်မှုမရှိတဲ့အကြောင်းပြချက်တွေနဲ့ ကလေးကို တစ်နေရာ ပို့ထားတာမျိုးတို့ …

( ဆိုရင်တော့ )…

ရရှိပြီးသား ကလေးအုပ်ထိန်းခွင့်ကို ရုံးတော်က ပြန်လည်ရုပ်သိမ်းမှာ
ဖြစ်ပါကြောင်း ကလေးအုပ်ထိန်းခွင့်နဲ့ ပတ်သက်လို့သိလိုသူများအ
တွက် ဖြေကြားပေးလိုက်ပါတယ် …

Credti : Khin Win ( ဆရာ့အားလေးစားစွာဖြင့် credit ပေးပါသည်။)

No comments:

Post a Comment