Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 23, 2018
















ကျီးပေါင်းကြောင့် မူးတတ်သူများ အသုံးတည့်ရင် သုံးလို့ရအောင် ဝါးပင်လေးကို ညွှန်ပြ မျှဝေလိုက်ပါတယ်ရှင့်










” အနာနဲ့ ဆေး တွေ့ကြပါစေ ”

ပုနန်း

မျှဝေလျက် MiMiTun



unicode

ခံရခက် တဲ့ လည်ပင်းကျီးပေါင်း ရောဂါ ကျွန်မ ကိုယ်တွေ့ပျောက်ကင်း ခဲ့တာမို့ ဒီ post လေး ရေးပါရစေကိုယ်ဟာ အမြဲတမ်း ခေါင်းမူး အကြောတက်ခါးနာ အမြဲဖြစ်နေတတ်တယ် ။

သာမန်ပဲထင်လို့ နီးစပ်ရာ ဟိုဆေးသောက်ဒီဆေးသောက်နဲ့ နေခဲ့တယ် ။

နောက်ပိုင်း ခေါင်းမူး စိတ်လာတယ်ကိုယ် ဘယ်ဘက်ခြမ်းက ထုံကျဉ်လာတယ် ခါးလေးနည်းနည်း ကုန်းလိုက်တာနဲ့တောင် ဘယ်ဘက်ခြမ်းက

ကျဉ်ပြီးကိုက်တက်လာတယ် ပခုံးက ကြွက်သားတွေအရမ်းနာကျင်လာတယ် ရောဂါကတဖြည်းဖြည်း ရင့်လာသလိုပဲလေ ( သွေးတိုးလည်းရှိတော့

ဝလည်း ဝတော့ကွကိုယ် လေဖြတ်ချင်တဲ့ လက္ခဏာလို့ထင်ခဲ့တာ )

အာရုံကြောဆရာဝန် ၊ အရိုးအကြော အထူးကုဆရာဝန်တွေနဲ့ ပြကြည့်တဲ့အခါမှ လည်ပင်းကျောရိုးကျီးပေါင်း တဲ့ ဆေးတွေသောက် ခဲဆွဲနဲ့ လုပ်ခဲ့ရတယ် မပျောက်ဘူးလို့ ကိုယ့်ဘာသာခံစားသိနေတယ် ။

ကိုယ်ဖြစ်နေတဲ့ ဝေဒနာကို မြင်နေတဲ့တပည့်တစ်ယောက်က ဝါးမင်းကိုသွေးလိမ်းကြည့်ပါလားလို့ ပြောလာလို့အလွယ်တကူလည်း ရနေလို့လိမ်းကြည့်ဖြစ်တယ် ။

သနပ်ခါးလိမ်းသလိုပါပဲ လိမ်းရတာခေါင်းမူးတာနဲ့ ကိုယ်တခြမ်းကျဉ်တာ ကြွက်သားနာတာတွေ သိသိသာသာ သက်သာလာပါတယ်ရှင့် ။ လိမ်းတာရက်ပိုင်း ရှိသေးတယ်နော်

သူ့ကိုဝါးမင်း ဝါးပုတီး လို့ ခေါ်ပါတယ် ။

အလှပဲစိုက်စိုက် ကျန်းမာရေးအတွက်ပဲသုံးသုံး အရမ်းလှပြီး တန်ဖိုးရှိတဲ့ ဝါးမျိုးပါ ။

ကျီးပေါင်းကြောင့် မူးဝေခြင်းသက်သာစေတဲ့ဝါးမင်းပင်ပါ ။

ဝါးမင်းအဖျားကအချွန်နဲ့လည်း ကိုက်နေတဲ့နေရာတွေကို စုတ်ပေါက်သလို ပေါက်ပေးရင်လည်းသက်သာပါတယ်ရှင့် ဇက်ကြောတက်တာလည်း ချက်ချင်း သက်သာပါတယ်ရှင့်



ကျီးပေါင်းကြောင့် မူးတတ်သူများ အသုံးတည့်ရင် သုံးလို့ရအောင် ဝါးပင်လေးကို ညှွန်ပြ မျှဝေလိုက်ပါတယ်ရှင့်

သတိထားဖွယ် လည်ပင်းကျီးပေါင်း အန္တရာယ်

အဝလွန်ရောဂါ ခံစားနေရသူနဲ့လှုပ်ရှားမှုနည်းသူတွေဟာ အောက်ပါလက္ခဏာများ ဖြစ်ပြီဆိုလျှင် ကျီးပေါင်းရောဂါ ခံစားနေရပါပြီ

( ၁ ) ခေါင်းနောက်ခြင်း ကိုက်ခဲနာကျင်ခြင်း

( ၂ ) လည်ပင်းကြွက်သားများ နာကျင်တောင့်တင်းခြင်း

( ၃ ) ပခုံးပြင်ရှိ ကြွက်သားများ နာကျင်ခြင်း

( ၄ ) ခြေဖျားလက်ဖျားနှင့် လက်မောင်းများ ထုံကျဉ်ခြင်း

( ၅ ) ချာချာလည်အောင် မူးဝေခြင်း

” အနာနဲ့ ဆေး တွေ့ကြပါစေ ”

ပုနန်း

မျှဝေလျက်MiMiTun

No comments:

Post a Comment