Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 12, 2018

ဘုရားကိုရည္မွန္းၿပီး အေ၀းကေန၍ အက်ိဳးရေအာင္လွဴဒါန္းပူေဇာ္နည္း



ဘုရားကို ရည္မွန္း၍ ပန္းစသည္တို႔ကို ပူေဇာ္ၾက၏။
ထိုကဲ့သို႔ ပူေဇာ္ရာ၌ အက်ိဳးရ၊ မရ၊ ေရွးကပင္ စဥ္းစားဖူးၾကပါသည္။
အက်ိဳးရမွဳ မရမွဳမွာ ပူေဇာ္သူမ်ား၏ ေစတနာသာ ပဓာနျဖစ္၏။
မိမိ၏စိတ္ေစတနာက ဘုရားကို ရည္မွန္း၍ လွဴဒါန္းပူေဇာ္ပါလွ်င္
ကုသိုလ္ေစတနာ ျဖစ္ေသာေၾကာင့္ ဧကန္အက်ိဳးရႏိုင္ပါသည္။

ဤကမၻာမွ ျပန္၍ ေရတြက္ေသာ္ တစ္ရာ့တစ္ဆယ့္ရွစ္ကမၻာထက္၌
အတၱဒႆီဘုရား ပြင့္ေတာ္မူခဲ့၏။

တစ္ေန႔သ၌ အမ်ိဳးသားတစ္ေယာက္သည္ ေကာင္းကင္၌ သံဃာေတာ္ အၿခံအရံႏွင့္ ၾကြလာေတာ္မူေသာ ဘုရားရွင္ကို ဖူးျမင္လိုက္ရ၏။
ထို႔ေနာက္ အရပ္တစ္ပါးသို႔ ေရာက္ေတာ္မူေနေသာ ဘုရားရွင္ကို
ရည္မွန္း၍ ပန္းနံ႔သာ စသည္တို႔ကို အေ၀းမွ လွဴဒါန္းပူေဇာ္ေလသည္။
ထိုေကာင္းမွဳေၾကာင့္ ဒုဂၢတိဘ၀သို႔ မလားရဘဲ ေဂါတမျမတ္
စြာဘုရား လက္ထက္၌ “ေဒသပူဇကမေထရ္” ဟု ထင္ရွားေသာ
ရဟႏၱာတစ္ပါး ျဖစ္လာေလသည္။
ထို႔ေၾကာင့္ သူေတာ္ေကာင္းအေပါင္းတို႔ကလည္း မိမိအိမ္တြင္
ကိုးကြယ္ထားေသာ ဗုဒၶရုပ္ပြားဆင္းတုေတာ္သည္ သက္ရွိထင္ရွား
ဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးကိုယ္တိုင္ သီတင္းသံုးစံပယ္ေတာ္မူ
သကဲ့သို႔ ရိုရိုေသေသ ၾကည္ညိဳကိုးကြယ္သင့္ေၾကာင္း
တိုက္တြန္းလိုက္ရပါသည္။ ။

မဟာဂႏၶာရံုဆရာေတာ္ အရွင္ဇနကာဘိ၀ံသ
{ကိုယ္က်င့္အဘိဓမၼာမွ ေကာက္ႏုတ္ေရးသားပူေဇာ္ပါသည္}
Thanks;
ဦးသိန္းေ၀
# Unicode Version ျဖင့္ ဖတ္ပါ #
ဘုရားကို ရည်မှန်း၍ ပန်းစသည်တို့ကို ပူဇော်ကြ၏။

ထိုကဲ့သို့ ပူဇော်ရာ၌ အကျိုးရ၊ မရ၊ ရှေးကပင် စဉ်းစားဖူးကြပါသည်။

အကျိုးရမှု မရမှုမှာ ပူဇော်သူများ၏ စေတနာသာ ပဓာနဖြစ်၏။

မိမိ၏စိတ်စေတနာက ဘုရားကို ရည်မှန်း၍ လှူဒါန်းပူဇော်ပါလျှင်

ကုသိုလ်စေတနာ ဖြစ်သောကြောင့် ဧကန်အကျိုးရနိုင်ပါသည်။

.

ဤကမ္ဘာမှ ပြန်၍ ရေတွက်သော် တစ်ရာ့တစ်ဆယ့်ရှစ်ကမ္ဘာထက်၌

အတ္တဒဿီဘုရား ပွင့်တော်မူခဲ့၏။

.

တစ်နေ့သ၌ အမျိုးသားတစ်ယောက်သည် ကောင်းကင်၌ သံဃာတော် အခြံအရံနှင့် ကြွလာတော်မူသော ဘုရားရှင်ကို ဖူးမြင်လိုက်ရ၏။

.

ထို့နောက် အရပ်တစ်ပါးသို့ ရောက်တော်မူနေသော ဘုရားရှင်ကို

ရည်မှန်း၍ ပန်းနံ့သာ စသည်တို့ကို အဝေးမှ လှူဒါန်းပူဇော်လေသည်။

.

ထိုကောင်းမှုကြောင့် ဒုဂ္ဂတိဘဝသို့ မလားရဘဲ ဂေါတမမြတ်

စွာဘုရား လက်ထက်၌ “ဒေသပူဇကမထေရ်” ဟု ထင်ရှားသော

ရဟန္တာတစ်ပါး ဖြစ်လာလေသည်။

.

ထို့ကြောင့် သူတော်ကောင်းအပေါင်းတို့ကလည်း မိမိအိမ်တွင်

ကိုးကွယ်ထားသော ဗုဒ္ဓရုပ်ပွားဆင်းတုတော်သည် သက်ရှိထင်ရှား

ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တိုင် သီတင်းသုံးစံပယ်တော်မူ

သကဲ့သို့ ရိုရိုသေသေ ကြည်ညိုကိုးကွယ်သင့်ကြောင်း

တိုက်တွန်းလိုက်ရပါသည်။ ။
.

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ

{ကိုယ်ကျင့်အဘိဓမ္မာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်}

Thanks;
ဦးသိန်းဝေ

No comments:

Post a Comment