Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 12, 2018

သမၺဳေဒၶ ဂါထာေတာ္ႀကီးအား ဂါထာစြမ္းအား ႏွင့္ စီးပြားေရး လာဘ္လာဘ ပြင့္လာေအာင္ ရြတ္ဖတ္ပူေဇာ္နည္း


နံနက္ အ႐ုဏ္တက္ခ်ိန္ ၅ နာရီ တြင္ သမၺဳေဒၶ ဂါထာေတာ္ႀကီး အား ရြတ္ဖတ္ရပါမည္ ။

ရြတ္ဖတ္မည့္ ပုဂၢိဳလ္မွာ လူပုဂၢိဳလ္ျဖစ္ပါလွ်င္ ကိုယ္လက္သန္႔ရွင္းျခင္း ခႏၶာကိုယ္ သန္႔ရွင္းျခင္း သန္႔ရွင္းေသာအဝတ္စားကိုဝတ္ဆင္ျခင္း ရဟန္းမွန္သမွ် ေဒသနာၾကားျခင္း ကိစၥ ကိုေဆာင္ရြက္ရပါမည္ ။

၅၁၂၀၂၈ ဆူကုန္ေသာ ဗုဒၶဘုရားရွင္တို႔အားရည္စူး၍ဆြမ္း ၉ ပြဲ ေရ ၉ ခြက္ ပန္း ၉ ပြင့္ ဖေယာင္းတိုင္ ၉တိုင္ထြန္း

အေမႊးတိုင္ ၉ တိုင္ ထြန္း ၍ ကပ္လႈပူေဇာ္ရမည္။ၿပီးေနာက္ ၅ ပါး သီလ ေတာ္ကို ခံယူေဆာက္တည္ပါ ။နတ္မ်ားကို ဖိတ္ၾကားရပါမည္။

ဖိတ္ၾကားပံုမွာ ….” ကၽြႏ္ုပ္သည္ ၅၁၂၀၂၈ ဆူကုန္ေသာ ဗုဒၶ ဘုရားရွင္အေပါင္း အားရည္စူး၍ ရည္မွန္း၍ သမၺဳေဒၶ ဂါထာေတာ္ျမတ္ႀကီးအား

၁၀၈ ေခါက္ တိတိ ရြတ္ဖတ္၍ ပူေဇာ္ကန္ေတာ့မည္ ျဖစ္ပါ၍ …

အေရွ႕ေနထြက္ အေနာက္ေနဝင္ ေတာင္မွာတံငါကြန္နကၡတ္ ေျမာက္မွာ ဓူဝံၾကယ္ ေအာက္မွာအဝီစိ အထက္မွာ ဘဝဂ္

ဤ အတြင္းမွာ တည္ရွိေနထိုင္ၾကကုန္ေသာအလံုးစံုေသာ ေတာေစာင့္နတ္မ်ား ေတာင္ေစာင့္နတ္မ်ား ႐ုကၡစိုးနတ္မ်ား ဘုမၼစိုးနတ္မ်ား

အာကာသစိုးနတ္မ်ား ကမ႓ာေစာင့္နတ္ ၿမိဳ႕ေစာင့္နတ္ နယ္ေစာင့္နတ္ရြာေစာင့္နတ္ ရက္ကြက္ေစာင့္နတ္ ေက်ာင္းေစာင့္နတ္မိုးနတ္သား ေလနတ္သား ေရနတ္သား

လနတ္သားသမၼာေဒဝနတ္မ်ား သာသနာေတာ္ေစာင့္နတ္မ်ားသူရႆတီ ေဒဝီႏွင့္ တကြ ေဒဝီ (၇) ပါး ေဒဝီ (၉) ပါးေဒဝီ (၁၂) ပါး

ဓ႒ရဌ ဝိ႐ုဠက ဝိ႐ုပကၡ ကုေဝရ စေသာစတုမဟာ နတိမင္းႀကီး ၄ ပါး သိၾကားမင္းႏွင့္တကြ၃၃ က်ိတ္ေသာ နတ္မင္း

နတ္ျမတ္ နတ္ေဒဝါ အေပါင္းႏွင့္တကြ သူရႆတီ မႂကြင္း ခပင္းမ်ားစြာ နတ္ျဗဟၼာအေပါင္းတို႔ ဖိတ္ၾကားပါ၏ ။ ဖိတ္ေခၚပါ၏ ။

တရားနာယူရန္ ႂကြေတာ္မူုၾကပါကုန္ေလာ့ ။ ဤ အခ်ိန္ဤအခါသည္ကား သမၺဳေဒၶ ဂါထာေတာ္ျမတ္အား (၁၀၈) ေခါက္တိတိ ရြတ္ဖတ္မည္ျဖစ္ပါ၍

တရားေတာ္ျမတ္ကို အတူတကြနာယူၾကပါရန္ ဤေနရာ ဤ ဌာန ဤ အိမ္ေဂဟာသို႔ ဖိတ္ၾကားပါ၏ ။ ပန္ၾကားပါ၏ ။ဖိတ္ေခၚပါ၏ ။

တရားေတာ္ျမတ္ ဂါထာေတာ္ျမတ္ကို နာယူရန္ အတြက္ႂကြေရာက္ေတာ္မူၾကပါကုန္ေလာ့ ။ ”

ထိုသို႔ နတ္မ်ားအား ဖိတ္ၾကားၿပီးလွ်င္ ဘုရားေရွေတာ္တြင္ တည္ၿငိမ္စြာထို္ုင္၍ သမၺဳေဒၶ ဂါထာ ေတာ္ႀကီးအားေလးေလးပင္ပင္ ၁၀၈ ေခါက္ ရေအာင္ ရြတ္ဖတ္ရာ၏ ။

၁၀၈ ေခါက္ တိတိ ရြတ္ဖတ္ၿပီးပါလွ်င္ ဂါထာေတာ္ႀကီး၏ အနက္အဖြင့္ကို အသံက်ယ္က်ယ္ရြတ္ဖတ္ရာ၏။ၿပီးစီးပါက ပင့္ဖိတ္ၾကားထားေသာ

နတ္မ်ားအား၎သတၱဝါ မ်ား အား၎ သူေတာ္ေကာင္းအရိယာမ်ားအား ၎ အမွ်ေပးေဝရာ၏ ။အမွ်ေပးေဝၿပီးေနာက္ မိမိ တက္ႏိုင္သ၍ ေမတၱာပို႔ေပးပါ။

လိုအပ္ေသာ အလိုရွိေသာကိစၥ အေၾကာင္းအရာအတြက္ ဆု႔ေတာင္းပါ ။

ဤ အခ်က္ မ်ားႏွင့္ညီၫြတ္ေအာင္ က်င့္ေဆာင္ပါလွ်င္ သမၺဳေဒၶ ဂါထာ၏ အစြမ္းသတၱိ ဝင္လာပါေတာ့သည္။ ဂါထာ အစြမ္းထက္ျမတ္လာေတာ့၏ ။

မိမိေဆာင္ရြက္တိုင္း အက်ိဴးေပးေနတာ့သည္ ။ ေန႔စဥ္ က်င့္ေဆာင္ပါလွ်င္ ၾသဇာအာဏာႀကီးလာပါသည္။ ေျပာတိုင္း ဆိုတိုင္း လုပ္တိုင္း ၾကံစည္တိုင္း ေအာင္ျမင္လာပါေတာ့သည္။

ေဘးရန္အႏၲရာယ္ကင္းေဝး ပေပ်ာက္ရသည္။ မေကာင္းေသာအမဂၤလာမွန္သမွ် ကင္းေဝးပေပ်ာက္ရ၏ ။

နာနာဘာဝ ဝိနာဘာဝ အဝ႐ုဒၶက နတ္ဆိုး ဘီလူးဆိုးမွန္သမွ်ကို ႏိုင္နင္းေတာ့သည္။ အနာေရာဂါ အမ်ိဴးမ်ိဴး ကင္ဆာေရာဂါအမ်ိဴးမ်ိဴးေပ်ာက္ကင္း ေစႏိုင္သည္။

ဤ သ္ု႔က်င့္ေဆာင္လာခဲ့ေသာ ပုဂၢိဳလ္သည္ သမၺဳေဒၶဂါထာေတာ္၏ စြမ္းအားသတၱိ ဝင္ေရာက္လာမႈ႕ေၾကာင့္ဂါထာစြမ္းအားတက္လာေသာေၾကာင့္ ေရကိုကိုင္၍သမၺဳေဒၶ ဂါထာေတာ္ကို ရြတ္လွ်င္ေရဆူလာသည္။သံပုရာရည္ ေရွာက္ရည္ တို႔ကို ကိုင္၍ ရြတ္ဖတ္ လွ်င္အခ်ဥ္ဓာတ္ေပ်ာက္၍ အခ်ိဴဓာတ္ျဖစ္ လာႏိုင္ေတာ့၏ ။
သမီးေလး

# Unicode Version ျဖင့္ ဖတ္ပါ #
နံနက် အရုဏ်တက်ချိန် ၅ နာရီ တွင် သမ္ဗုဒ္ဓေ ဂါထာတော်ကြီး အား ရွတ်ဖတ်ရပါမည် ။

ရွတ်ဖတ်မည့် ပုဂ္ဂိုလ်မှာ လူပုဂ္ဂိုလ်ဖြစ်ပါလျှင် ကိုယ်လက်သန့်ရှင်းခြင်း ခန္ဓာကိုယ် သန့်ရှင်းခြင်း သန့်ရှင်းသောအဝတ်စားကိုဝတ်ဆင်ခြင်း ရဟန်းမှန်သမျှ ဒေသနာကြားခြင်း ကိစ္စ ကိုဆောင်ရွက်ရပါမည် ။

၅၁၂၀၂၈ ဆူကုန်သော ဗုဒ္ဓဘုရားရှင်တို့အားရည်စူး၍ဆွမ်း ၉ ပွဲ ရေ ၉ ခွက် ပန်း ၉ ပွင့် ဖယောင်းတိုင် ၉တိုင်ထွန်း

အမွှေးတိုင် ၉ တိုင် ထွန်း ၍ ကပ်လှုပူဇော်ရမည်။ပြီးနောက် ၅ ပါး သီလ တော်ကို ခံယူဆောက်တည်ပါ ။နတ်များကို ဖိတ်ကြားရပါမည်။

ဖိတ်ကြားပုံမှာ ….” ကျွန်ုပ်သည် ၅၁၂၀၂၈ ဆူကုန်သော ဗုဒ္ဓ ဘုရားရှင်အပေါင်း အားရည်စူး၍ ရည်မှန်း၍ သမ္ဗုဒ္ဓေ ဂါထာတော်မြတ်ကြီးအား

၁၀၈ ခေါက် တိတိ ရွတ်ဖတ်၍ ပူဇော်ကန်တော့မည် ဖြစ်ပါ၍ …

အရှေ့နေထွက် အနောက်နေဝင် တောင်မှာတံငါကွန်နက္ခတ် မြောက်မှာ ဓူဝံကြယ် အောက်မှာအဝီစိ အထက်မှာ ဘဝဂ်

ဤ အတွင်းမှာ တည်ရှိနေထိုင်ကြကုန်သောအလုံးစုံသော တောစောင့်နတ်များ တောင်စောင့်နတ်များ ရုက္ခစိုးနတ်များ ဘုမ္မစိုးနတ်များ

အာကာသစိုးနတ်များ ကမ္ဘာစောင့်နတ် မြို့စောင့်နတ် နယ်စောင့်နတ်ရွာစောင့်နတ် ရက်ကွက်စောင့်နတ် ကျောင်းစောင့်နတ်မိုးနတ်သား လေနတ်သား ရေနတ်သား

လနတ်သားသမ္မာဒေဝနတ်များ သာသနာတော်စောင့်နတ်များသူရဿတီ ဒေဝီနှင့် တကွ ဒေဝီ (၇) ပါး ဒေဝီ (၉) ပါးဒေဝီ (၁၂) ပါး

ဓဋ္ဌရဌ ဝိရုဠက ဝိရုပက္ခ ကုဝေရ စသောစတုမဟာ နတိမင်းကြီး ၄ ပါး သိကြားမင်းနှင့်တကွ၃၃ ကျိတ်သော နတ်မင်း

နတ်မြတ် နတ်ဒေဝါ အပေါင်းနှင့်တကွ သူရဿတီ မကြွင်း ခပင်းများစွာ နတ်ဗြဟ္မာအပေါင်းတို့ ဖိတ်ကြားပါ၏ ။ ဖိတ်ခေါ်ပါ၏ ။

တရားနာယူရန် ကြွတော်မူုကြပါကုန်လော့ ။ ဤ အချိန်ဤအခါသည်ကား သမ္ဗုဒ္ဓေ ဂါထာတော်မြတ်အား (၁၀၈) ခေါက်တိတိ ရွတ်ဖတ်မည်ဖြစ်ပါ၍

တရားတော်မြတ်ကို အတူတကွနာယူကြပါရန် ဤနေရာ ဤ ဌာန ဤ အိမ်ဂေဟာသို့ ဖိတ်ကြားပါ၏ ။ ပန်ကြားပါ၏ ။ဖိတ်ခေါ်ပါ၏ ။

တရားတော်မြတ် ဂါထာတော်မြတ်ကို နာယူရန် အတွက်ကြွရောက်တော်မူကြပါကုန်လော့ ။ ”

ထိုသို့ နတ်များအား ဖိတ်ကြားပြီးလျှင် ဘုရားရှေတော်တွင် တည်ငြိမ်စွာထိုုင်၍ သမ္ဗုဒ္ဓေ ဂါထာ တော်ကြီးအားလေးလေးပင်ပင် ၁၀၈ ခေါက် ရအောင် ရွတ်ဖတ်ရာ၏ ။

၁၀၈ ခေါက် တိတိ ရွတ်ဖတ်ပြီးပါလျှင် ဂါထာတော်ကြီး၏ အနက်အဖွင့်ကို အသံကျယ်ကျယ်ရွတ်ဖတ်ရာ၏။ပြီးစီးပါက ပင့်ဖိတ်ကြားထားသော

နတ်များအား၎င်းသတ္တဝါ များ အား၎င်း သူတော်ကောင်းအရိယာများအား ၎င်း အမျှပေးဝေရာ၏ ။အမျှပေးဝေပြီးနောက် မိမိ တက်နိုင်သ၍ မေတ္တာပို့ပေးပါ။

လိုအပ်သော အလိုရှိသောကိစ္စ အကြောင်းအရာအတွက် ဆု့တောင်းပါ ။

ဤ အချက် များနှင့်ညီညွတ်အောင် ကျင့်ဆောင်ပါလျှင် သမ္ဗုဒ္ဓေ ဂါထာ၏ အစွမ်းသတ္တိ ဝင်လာပါတော့သည်။ ဂါထာ အစွမ်းထက်မြတ်လာတော့၏ ။

မိမိဆောင်ရွက်တိုင်း အကျိူးပေးနေတာ့သည် ။ နေ့စဉ် ကျင့်ဆောင်ပါလျှင် သြဇာအာဏာကြီးလာပါသည်။ ပြောတိုင်း ဆိုတိုင်း လုပ်တိုင်း ကြံစည်တိုင်း အောင်မြင်လာပါတော့သည်။

ဘေးရန်အန္တရာယ်ကင်းဝေး ပပျောက်ရသည်။ မကောင်းသောအမင်္ဂလာမှန်သမျှ ကင်းဝေးပပျောက်ရ၏ ။

နာနာဘာဝ ဝိနာဘာဝ အဝရုဒ္ဓက နတ်ဆိုး ဘီလူးဆိုးမှန်သမျှကို နိုင်နင်းတော့သည်။ အနာရောဂါ အမျိူးမျိူး ကင်ဆာရောဂါအမျိူးမျိူးပျောက်ကင်း စေနိုင်သည်။

ဤ သ်ု့ကျင့်ဆောင်လာခဲ့သော ပုဂ္ဂိုလ်သည် သမ္ဗုဒ္ဓေဂါထာတော်၏ စွမ်းအားသတ္တိ ဝင်ရောက်လာမှု့ကြောင့်ဂါထာစွမ်းအားတက်လာသောကြောင့် ရေကို

ကိုင်၍သမ္ဗုဒ္ဓေ ဂါထာတော်ကို ရွတ်လျှင်ရေဆူလာသည်။သံပုရာရည် ရှောက်ရည် တို့ကို ကိုင်၍ ရွတ်ဖတ် လျှင်အချဉ်ဓာတ်ပျောက်၍ အချိူဓာတ်ဖြစ် လာနိုင်တော့၏ ။
သမီးလေး

No comments:

Post a Comment