Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 7, 2018

"လွှတ်တော်နှင့် အစိုးရအား ပါတီမှ ကြီးကြပ်ကြောင်း" မန်းတိုင်း ဝန်ကြီးချုပ်ပြော


ဒီဇင်ဘာ ၇
နိုင်လင်းဦး
လွှတ်တော် နှင့် အစိုးရအား ပါတီကနေပဲ ကြီးကြပ်ပြီး ပါတီက ချမှတ်ထားသည့် မူဝါဒမျကို လွှတ်တော် နှင့် အစိုးရခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကြားနာပွဲ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
“ဒီမိုကရေစီဆိုတာ အတိုက်အခံတွေရှိပါတယ် ။ ဝေဖန်သူတွေရှိပါလိမ့်မယ် ။ အပြုသဘောနဲ့ ဝေဖန်သူတွေရှိသလို ။ အပြုသဘောမဆန်တဲ့ ဝေဖန်မှုတွေ ဒီကနေ့အများကြီး ရှိပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော်ရော အစိုးရရော ပါတီကနေပဲ ကြီးကြပ်ပါတယ် ။ ပါတီက ဦးဆောင်မှုမှာ ပါတီက ချမှတ်ထားတဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ လွှတ်တော်နဲ့ အစိုးရမှာ တာဝန်ရှိပါတယ် ” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည်။
ထို့အပြင် လက်ရှိအစိုးရ လုပ်ဆောင်နေသည့် လုပ်ငန်းများ အောင်မြင်မှုများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အောင်မြင်မှု မဟုတ်ပဲ တိုင်းပြည်ရဲ့ အောင်မြင်မှုသာဖြစ်ကြောင်း ၄င်းက ပြောသည်။
“အပြန်အလှန်ထိန်းကြောင်းရမယ်ဆိုတဲ့အပေါ်မှာမူတည်ပြီး လွှတ်တော် အစိုးရ တရားစီရင်ရေး ကျွန်တော်တို့ တက်နိုင်သမျှ ထိန်းကြောင်းနေပါတယ် ။လွှတ်တော် လည်း NLD ပါပဲ ။ အစိုးရလည်း NLD ပါပဲ ။ မန္တလေးတိုင်း ၊ ရန်ကုန်တိုင်း ပြောစရာအကြောင်းမရှိပါဘူး မြန်မာနိုင်ငံအပေါ်မူတည်ပြီး ပြောတာပါ ။ ၁၃၅ မျိုးသော တိုင်းရင်းသားလူမျိုးတွေပေါ် အခြေခံပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ် ။ရှမ်းပြည်နယ်မှာဖြစ်တဲ့ အရေးအခင်းဟာလည်း မြန်မာနိုင်ငံမှာဖြစ်တဲ့ အရေးအခင်းပဲ ။ ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာဟာလည်း မြန်မာရဲ့ပြဿနာပဲ ” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ဆက်လက် ပြောသည်။
The Fifth Wave News
http://www.fifthwavenews.com/fwn/34671

No comments:

Post a Comment