Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 12, 2018

ဆီးေအာင့္ေက်ာက္တည္ျခင္းႏွင့္ ေစတီပံုခရုခံြ


ခရီးကပန္း လမ္းကၾကမ္းရသည့္ထဲ သြားရသည္က ေျခလ်င္ခရီးတကယ္မနီးလွပါ။လမ္းေဖာက္လုပ္ေရးတာ၀န္ျဖင့္ ကေလး၀မွေမာ္လိုက္မေရာက္ခင္ ပလူဇ၀ရြာအထိျဖစ္သည္။

ေနကလည္းပူသည္မို႔ထင္သေလာက္ခရီးမတြင္ေပ။ ခက္သည္က အလုပ္သမားေခါင္းေဆာင္ကြမ္းစားေမာင္ဦး ဆီးသြားမရေအာင့္လွသည္ဟုဆို၍ ထမ္းစင္ျဖင့္ပါေအာင္ေခၚရျပန္သည္။သို႔ျဖင့္ ညေန(၃)နာရီေက်ာ္မွ နတ္ေမာ္ကယ္ရြာသို႔ေရာက္ရကာ ဘုန္းေတာ္ၾကီးေက်ာင္းတြင္နားၾကသည္။

ဆရာေတာ္က ..ဆီးေအာင့္၍ေအာ္ဟစ္ညီးညဴေနေသာ ေမာင္ဦးကိုေတြ႕၍ ဆီးေအာင္ျပီးဆီးသြားမရေၾကာင္းသိရေသာအခါ …ဒါမ်ားဒကာရယ္ဘုန္းၾကီးကုေပးပါမယ္ဆို၍ ေစတီပံုခရုခြံ(၃/၄)ခု အား ခ်င္းတြင္းျမစ္နေဘးေသာင္းစပ္တြင္ သြားေရာက္ရွာေဖြေစျပီး မီးဖုတ္ေစပါသည္။

ထိုေနာက္ သန္႔စင္ေသာဆံုတြင္ အမွဳန္႔ျဖစ္ေအာင္ေထာင္းျပီး ေစတီခရုမွဳန္႔ လက္ဖက္စားဇြန္း(၁)ဇြန္းစားကို ေရထည္႔ထားေသာေၾကြေရေႏြးပန္းကန္လံုးေလးထဲသို႔ထည့္ျပီး သံပုရာသီး တစ္စိတ္ကိုညစ္၍ အနည္ထိုင္ေစရန္ (၁၀)မိနစ္မွ်ေစာင့္ဆိုင္းေစကာ အေပၚေရၾကည္ကို ေမာင္ဦးအားတိုက္၏။

ထိုျပင္ ေစတီခရုမွဳန္႔ႏွင့္ သံပုရာရည္ကို ေက်ာက္ပ်ဥ္တြင္ ေသြးေစ၍ ေမာင္ဦး၏ဆီးစပ္ကိုလိမ္းလူးေစပါသည္။ အံ႔ၾသဖြယ္ေကာင္းသည္ကနံနက္တစ္ၾကိမ္ညေနတစ္ၾကိမ္ ေသာက္ျခင္းလိမ္းျခင္းျပဳေပးလိုက္ရာ ေနာက္တစ္ေနနံနက္တြင္ ေမာင္ဦး ဆီးမ်ားအားပါးတရသြားကာ

ဆီးအတြင္း ေက်ာက္မွဳန္႔ေက်ာက္စမ်ားပါသြားျခင္းျဖစ္ေတာ့သည္။

လမ္းအလုပ္သမားအဖဲြ႔မ်ားလည္း အလုပ္သမားေခါင္းေဆာင္ ေမာင္ဦးက်န္းမာေရးေကာင္းမြန္သြာျပီ ျဖစ္၍နတ္ေမာ္ကယ္ရြာေလးမွ ပလူဇ၀ဆီသို႔ ခရီးဆက္နိုင္ၾကပါေတာ႔သည္။

နတ္ေမာ္ကယ္ရြာဆရာေတာ္ေပးေသာ ဆီးသြားေက်ာက္ေၾကေစေသာ ေစတီပံုခရုခြံအေၾကာင္း လက္လွမ္းမီသမွ် မိတ္ေဆြမ်ားကိုလက္ဆင့္ကမ္းမွ်ေ၀ေပးရာ ဆီးေအာင့္ေက်ာက္တည္ ေသာေ၀ဒနာရွင္မ်ား သက္သာေပ်ာက္ကင္းသည္ဆိုပါ၍ လိုသူတို႔သံုးနိုင္ပါရန္ တင္ျပေရးသားလိုက္ပါသည္။

ေဆးနည္း

(၁) ေစတီခရုခြံေလးမ်ားကိုကို မီးဖုတ္ျပီးေထာင္းရန္(အမွဳန္႔ညက္ညက္ေလးရရွိေအာင္ အ၀တ္စျဖင့္စစ္နိုင္ပါကပိုေကာင္းပါသည္)။
ထိိုခရုခံြအား ေနရာေဒသအလိုက္ အမ်ိဳးမ်ိဳးေခၚေ၀ၚမွဳရွိပါသည္။

(၂) သံပုရာသီး
အထက္တင္ျပပါ အတိုင္း ခရုခြံမွဳန္႔ႏွင့္ သံပုရာေရာစပ္ေသာက္ျခင္း၊ခရုခံြမွဳန္႕ႏွင့္သံပုရာရည္ေရာစပ္၍ ဆီးစပ္တြင္လူးေပးျခင္းျဖစ္ပါသည္။

ေတာေနျပည္သူတို႔ ဆီးေအာင့္ေက်ာက္တည္ေ၀ဒနာခံစားရျပီး ေဆးရံုေဆးခန္းျပသရန္ ခက္ခဲသူတို႔ အတြက္ရည္စူးမိပါ၏။ေဆးနည္းေပးေသာနတ္ေမာ္ကယ္

ဆရာေတာ္ျကီးအား ဦးခိုက္လ်က္…

ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)
====================

Unicode

ခရီးကပန်း လမ်းကကြမ်းရသည့်ထဲ သွားရသည်က ခြေလျင်ခရီးတကယ်မနီးလှပါ။လမ်းဖောက်လုပ်ရေးတာဝန်ဖြင့် ကလေးဝမှမော်လိုက်မရောက်ခင် ပလူဇဝရွာအထိဖြစ်သည်။

နေကလည်းပူသည်မို့ထင်သလောက်ခရီးမတွင်ပေ။ ခက်သည်က အလုပ်သမားခေါင်းဆောင်ကွမ်းစားမောင်ဦး ဆီးသွားမရ အောင့်လှသည်ဟုဆို၍

ထမ်းစင်ဖြင့်ပါအောင်ခေါ်ရပြန်သည်။သို့ဖြင့် ညနေ(၃)နာရီကျော်မှ နတ်မော်ကယ်ရွာသို့ရောက်ရကာ ဘုန်းတော်ကြီးကျောင်းတွင်နားကြသည်။

ဆရာတော်က ..ဆီးအောင့်၍အော်ဟစ်ညီးညူနေသော မောင်ဦးကိုတွေ့၍ ဆီးအောင်ပြီးဆီးသွားမရကြောင်း သိရသောအခါ …

ဒါများဒကာရယ်ဘုန်းကြီးကုပေးပါမယ်ဆို၍ စေတီပုံခရုခွံ(၃/၄)ခု အား ချင်းတွင်းမြစ်နဘေးသောင်းစပ်တွင် သွားရောက်ရှာဖွေစေပြီး မီးဖုတ်စေပါသည်။

ထိုနောက် သန့်စင်သောဆုံတွင် အမှုန့်ဖြစ်အောင်ထောင်းပြီး စေတီခရုမှုန့် လက်ဖက်စားဇွန်း(၁)ဇွန်းစားကို ရေထည့်ထား

သောကြွေရေနွေးပန်းကန်လုံးလေးထဲသို့ထည့်ပြီး သံပုရာသီး တစ်စိတ်ကိုညစ်၍ အနည်ထိုင်စေရန် (၁၀)မိနစ်မျှစောင့်ဆိုင်းစေကာ အပေါ်ရေကြည်ကို မောင်ဦးအားတိုက်၏။

ထိုပြင် စေတီခရုမှုန့်နှင့် သံပုရာရည်ကို ကျောက်ပျဉ်တွင် သွေးစေ၍ မောင်ဦး၏ဆီးစပ်ကိုလိမ်းလူးစေပါသည်။ အံ့သြဖွယ်ကောင်းသည်က

နံနက်တစ်ကြိမ်ညနေတစ်ကြိမ် သောက်ခြင်းလိမ်းခြင်းပြုပေးလိုက်ရာ နောက်တစ်နေနံနက်တွင် မောင်ဦး ဆီးများအားပါးတရသွားကာ

ဆီးအတွင်း ကျောက်မှုန့်ကျောက်စများပါသွားခြင်းဖြစ်တော့သည်။

လမ်းအလုပ်သမားအဖွဲ့များလည်း အလုပ်သမားခေါင်းဆောင် မောင်ဦးကျန်းမာရေးကောင်းမွန်သွာပြီ ဖြစ်၍နတ်မော်ကယ်ရွာလေးမှ ပလူဇဝဆီသို့ ခရီးဆက်နိုင်ကြပါတော့သည်။

နတ်မော်ကယ်ရွာဆရာတော်ပေးသော ဆီးသွားကျောက်ကြေစေသော စေတီပုံခရုခွံအကြောင်း လက်လှမ်းမီသမျှ မိတ်ဆွေများကို

လက်ဆင့်ကမ်းမျှဝေပေးရာ ဆီးအောင့်ကျောက်တည် သောဝေဒနာရှင်များ သက်သာပျောက်ကင်းသည်ဆိုပါ၍ လိုသူတို့သုံးနိုင်ပါရန် တင်ပြရေးသားလိုက်ပါသည်။

ဆေးနည်း

(၁) စေတီခရုခွံလေးများကိုကို မီးဖုတ်ပြီးထောင်းရန်(အမှုန့်ညက်ညက်လေးရရှိအောင် အဝတ်စဖြင့်စစ်နိုင်ပါကပိုကောင်းပါသည်)။

ထိိုခရုခွံအား နေရာဒေသအလိုက် အမျိုးမျိုးခေါ်ဝေါ်မှုရှိပါသည်။

(၂) သံပုရာသီး

အထက်တင်ပြပါ အတိုင်း ခရုခွံမှုန့်နှင့် သံပုရာရောစပ်သောက်ခြင်း၊ခရုခွံမှုန့်နှင့်သံပုရာရည်ရောစပ်၍ ဆီးစပ်တွင်လူးပေးခြင်းဖြစ်ပါသည်။

တောနေပြည်သူတို့ ဆီးအောင့်ကျောက်တည်ဝေဒနာခံစားရပြီး ဆေးရုံဆေးခန်းပြသရန် ခက်ခဲသူတို့ အတွက်ရည်စူးမိပါ၏။

ဆေးနည်းပေးသောနတ်မော်ကယ်
ဆရာတော်ကြီးအား ဦးခိုက်လျက်…

ရဲမျိုးသူ(ဗောဓိမြိုင်)

No comments:

Post a Comment