Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 22, 2018

ဂျွန်ဆင် ကလေးပေါင်ဒါတွေ ဘင်္ဂလားဒေ့ရှ် စစ်ဆေးမည်

Photo: JUSTIN SULLIVAN / GETTY IMAGES NORTH AMERICA / AFP
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ရောင်းချနေတဲ့ ဂျွန်ဆင်ကလေးပေါင်ဒါတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ကျောက်မှုန့်တွေ ပါဝင်တယ်လို့ ရိုက်တာ သတင်းဌာနက ရေးသားလိုက်တဲ့အတွက် ဂျွန်ဆင်ပေါင်ဒါနမူနာတွေကို သိမ်းဆည်းပြီး စစ်ဆေးမယ်လို့ အာဏာပိုင်တွေက ပြောလိုက်ပါတယ်။

ဒီကိစ္စကို အလေးအနက်ထားကိုင်တွယ်မှာဖြစ်ပြီး ဈေးကွက်ထဲက ပေါင်ဒါနမူနာတွေကို ဒီရက်ပိုင်းအတွင်း သိမ်းယူစစ်ဆေးမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် စက်မှုဝန်ကြီးဌာန လက်အောက်ခံ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေး အဆင့်အတန်းသတ်မှတ်ရေးဌာနက ပြောပါတယ်။ နိုင်ငံတွင်းနဲ့ နိုင်ငံအပြင်က ပေါင်ဒါအားလုံးကို စစ်ဆေးမှာဖြစ်ပြီး ပေါင်ဒါထဲမှာ ကျောက်မှုန့်ပါတယ်ဆိုတာ မတွေ့ရရင်တော့ ဈေးကွက်ထဲမှာရောင်းချခွင့်ကို ရပ်ပစ်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဂျွန်ဆင်ပေါင်ဒါဘက်ကတော့ ရိုက်တာ သတင်းဟာ တဖက်သတ်ရေးသားထားတဲ့ သတင်းအမှားသာဖြစ်တယ်လို့ ပြောပါတယ်။ ဂျွန်ဆင်ပေါင်ဒါတွေဟာ ကုန်ပစ္စည်းတင်သွင်းသူတွေဘက်ကရော၊ ပြင်ပဓာတ်ခွဲခန်းတွေမှာပါ ပုံမှန်စစ်ဆေးနေတာဖြစ်ပြီး ကျောက်မှုန့်လုံးဝမပါဝင်ဘူးလို့ ဆိုပါတယ်။ အိန္ဒိယကို တင်သွင်းနေတဲ့ ပေါင်ဒါတွေဟာ အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူလ်တန်၊ မော်လ်ဒိုက်စ်နိုင်ငံတွေအတွက် သီးသန့်ထုတ်လုပ်တာတွေဖြစ်ပြီး အိန္ဒိယအစိုးရရဲ့သတ်မှတ်ချက် အဆင့်အတန်းကို ပြည့်မီတဲ့ပစ္စည်းတွေသာဖြစ်တယ်လို့ ဂွန်ဆင်ပေါင်ဒါက ရိုက်တာ သတင်းဌာနရဲ့ရေးသားချက်ကို ကြေညာချက်ထုတ်ပြန် ဖြေရှင်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ်က အခုလိုဆောင်ရွက်မယ့်ကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်တောင်းဆိုဖို့အတွက် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဂျွန်ဆင်ပေါင်ဒါရဲ့ ပြောခွင့်ရသူတွေကိုတော့ ဆက်သွယ်လို့မရသေးဘူးလို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

No comments:

Post a Comment