Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 22, 2018

သင့္ရဲ႕ပတ္၀န္းက်င္မွာ... အေျခခံပညာ မၿပီးဆံုးပဲ ေက်ာင္းထြက္ၿပီး အလုပ္အကိုင္ လမ္းစေပ်ာက္ေနတဲ့ လူငယ္ေတြ ရွိပါသလား....?


သင့္ရဲ႕ပတ္၀န္းက်င္မွာ... အေျခခံပညာ မၿပီးဆံုးပဲ ေက်ာင္းထြက္ၿပီး အလုပ္အကိုင္ လမ္းစေပ်ာက္ေနတဲ့ လူငယ္ေတြ ရွိပါသလား....?
ရွိရင္ ဒီပိုစ့္ေလးကို မွ်ေ၀ၿပီး ကူညီေပးလိုက္ပါ။

အာရွဖြံ႕ၿဖိဳးေရးဘဏ္အကူအညီနဲ႕ ေက်ာင္းျပင္ပေရာက္ေနတဲ့ လူငယ္ေတြအတြက္ အသက္ေမြး၀မ္းေက်ာင္းပညာရပ္ေတြကို အခမဲ့ စရိတ္ျငိမ္း နိုင္ငံတကာအဆင့္မီ သင္တန္းေတြဖြင့္လွစ္ဖို႕အစီအစဥ္ ေရာက္လာပါၿပီ။

အစိုးရနည္းပညာအထက္တန္းေက်ာင္း(၅)ေက်ာင္း မွာ စတင္ဖြင့္လွစ္မဲ့ ကၽြမ္းက်င္မႈအေျချပဳ သင္တန္းဟာ ရက္(၉၀) တက္ေရာက္ရမဲ့သင္တန္းျဖစ္ၿပီး္ အဓိကအားျဖင့္ အသက္ေမြး၀မ္းေၾကာင္းအတတ္ပညာ ေတြျဖစ္တဲ့-
၁။ အုတ္စီသင္တန္း
၂။ သံခ်ည္သံေကြးသင္တန္း
၃။ ဓာတ္ေငြ႕သံုး ဂေဟဆက္ ကၽြမ္းက်င္သင္တန္း
၄။ လွ်ပ္စစ္ဂေဟဆက္ကၽြမ္းက်င္သင္တန္း
၅။ စိုက္ပ်ိဳးေရးသံုး စက္ပစၥည္းျပဳျပင္ထိန္းသိမ္းေရးသင္တန္း စတဲ့ သင္တန္း (၅)ခုနဲ႕ ပထမဆံုး အပတ္စဥ္(၁)သင္္တန္းျဖစ္ပါတယ္။ ေနာင္ အပတ္စဥ္မ်ားမွာ ျမန္မာနိုင္ငံအနွံ႕မွာရွိတဲ့ စက္မႈအထက္တန္းေက်ာင္း ေတြကို အေျချပဳၿပီး ဖြင့္လွစ္သြားမွာပါ။

သင္တန္း(၃)လၿပီးဆံုးရင္ နိုင္ငံတကာအသိမွတ္ျပဳ သင္တန္းေအာင္လက္မွတ္ကို ေပးအပ္မွာျဖစ္ၿပီး၊ အဆင္ျမင့္ပညာအတြက္ Level 2 ကို တက္ေရာက္ခြင့္ရမွာျဖစ္ပါတယ္။ၿပီးရင္ လုပ္ငန္းခြင္အတြက္ အခြင့္အလမ္းေကာင္းေတြကိုလည္း ခ်ိတ္ဆက္ေပးသြားမွာပါ။

သင္တန္းအတြက္ ကုန္က်စရိတ္အားလံုး၊ ယူနီေဖာင္း၊ စား/ေန စရိတ္ျငိမ္း၊ သင္တန္းကေန လစဥ္ေၾကးေထာက္ပံ့မႈေတြကိုလည္း ရနိင္ပါတယ္။

မိဘမ်ားအေနနဲ႕လည္း ေက်ာင္းစာစိတ္၀င္စားမႈမရွိတဲ့ သားသမီးမ်ား ကိုလည္း ဘ၀ေရွ႕ေရး စိတ္ေအးရေအာင္ အသက္ေမြး၀မ္းေၾကာင္း ပညာ သင္ၾကားေပးခ်င္တဲ့ဆႏၵရွိရင္ ယခုပိုစ့္ပါ ေၾကာ္ျငာကို ဖတ္ၾကည့္ပါ။ ပံုမွာတင္ေပးထားတဲ့ ေလွ်ာက္လႊာပံုစံကို မိတၱဴဆိုင္မွာ သြားထုတ္ၿပီး ျဖည့္စြက္ကာ ေၾကာ္ျငာပါလိပ္စာကို ပို႔ေပးဖို႕လိုပါတယ္။

သင္တန္းအေၾကာင္းအရာအေသးစိတ္ကိုေတာ့ ေၾကာ္ျငာစာရြက္မွာ ဖတ္ရႈနိုင္ပါတယ္။

သင္တန္းရဲ႕ထူးျခားခ်က္ မိန္းကေလးေတြပါ တက္ေရာက္နိုင္တာပါ။ Gender အရ မိန္းကေလးပါ၀င္မႈကိုအေလးထားတဲ့သင္တန္းမ်ားျဖစ္ပါတယ္​။
via- ႏုိင္ရဲေ၀



သင့်ရဲ့ပတ်ဝန်းကျင်မှာ... အခြေခံပညာ မပြီးဆုံးပဲ ကျောင်းထွက်ပြီး အလုပ်အကိုင် လမ်းစပျောက်နေတဲ့ လူငယ်တွေ ရှိပါသလား....?
ရှိရင် ဒီပိုစ့်လေးကို မျှဝေပြီး ကူညီပေးလိုက်ပါ။
အာရှဖွံ့ဖြိုးရေးဘဏ်အကူအညီနဲ့ ကျောင်းပြင်ပရောက်နေတဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို အခမဲ့ စရိတ်ငြိမ်း နိုင်ငံတကာအဆင့်မီ သင်တန်းတွေဖွင့်လှစ်ဖို့အစီအစဉ် ရောက်လာပါပြီ။
အစိုးရနည်းပညာအထက်တန်းကျောင်း(၅)ကျောင်း မှာ စတင်ဖွင့်လှစ်မဲ့ ကျွမ်းကျင်မှုအခြေပြု သင်တန်းဟာ ရက်(၉၀) တက်ရောက်ရမဲ့သင်တန်းဖြစ်ပြီး် အဓိကအားဖြင့် အသက်မွေးဝမ်းကြောင်းအတတ်ပညာ တွေဖြစ်တဲ့-
၁။ အုတ်စီသင်တန်း
၂။ သံချည်သံကွေးသင်တန်း
၃။ ဓာတ်ငွေ့သုံး ဂဟေဆက် ကျွမ်းကျင်သင်တန်း
၄။ လျှပ်စစ်ဂဟေဆက်ကျွမ်းကျင်သင်တန်း
၅။ စိုက်ပျိုးရေးသုံး စက်ပစ္စည်းပြုပြင်ထိန်းသိမ်းရေးသင်တန်း စတဲ့ သင်တန်း (၅)ခုနဲ့ ပထမဆုံး အပတ်စဉ်(၁)သင််တန်းဖြစ်ပါတယ်။ နောင် အပတ်စဉ်များမှာ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ စက်မှုအထက်တန်းကျောင်း တွေကို အခြေပြုပြီး ဖွင့်လှစ်သွားမှာပါ။

သင်တန်း(၃)လပြီးဆုံးရင် နိုင်ငံတကာအသိမှတ်ပြု သင်တန်းအောင်လက်မှတ်ကို ပေးအပ်မှာဖြစ်ပြီး၊ အဆင်မြင့်ပညာအတွက် Level 2 ကို တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ပြီးရင် လုပ်ငန်းခွင်အတွက် အခွင့်အလမ်းကောင်းတွေကိုလည်း ချိတ်ဆက်ပေးသွားမှာပါ။
သင်တန်းအတွက် ကုန်ကျစရိတ်အားလုံး၊ ယူနီဖောင်း၊ စား/နေ စရိတ်ငြိမ်း၊ သင်တန်းကနေ လစဉ်ကြေးထောက်ပံ့မှုတွေကိုလည်း ရနိင်ပါတယ်။
မိဘများအနေနဲ့လည်း ကျောင်းစာစိတ်ဝင်စားမှုမရှိတဲ့ သားသမီးများ ကိုလည်း ဘဝရှေ့ရေး စိတ်အေးရအောင် အသက်မွေးဝမ်းကြောင်း ပညာ သင်ကြားပေးချင်တဲ့ဆန္ဒရှိရင် ယခုပိုစ့်ပါ ကြော်ငြာကို ဖတ်ကြည့်ပါ။ ပုံမှာတင်ပေးထားတဲ့ လျှောက်လွှာပုံစံကို မိတ္တူဆိုင်မှာ သွားထုတ်ပြီး ဖြည့်စွက်ကာ ကြော်ငြာပါလိပ်စာကို ပို့ပေးဖို့လိုပါတယ်။

သင်တန်းအကြောင်းအရာအသေးစိတ်ကိုတော့ ကြော်ငြာစာရွက်မှာ ဖတ်ရှုနိုင်ပါတယ်။
သင်တန်းရဲ့ထူးခြားချက် မိန်းကလေးတွေပါ တက်ရောက်နိုင်တာပါ။ Gender အရ မိန်းကလေးပါ၀င်မှုကိုအလေးထားတဲ့သင်တန်းများဖြစ်ပါတယ်​။

credit- နိုင်ရဲဝေ








No comments:

Post a Comment