Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 22, 2018

ဆီတင်ယာဉ်မီးလောင်မှုဖြစ်ပွား ယာဉ်နောက်လိုက်သေဆုံး


မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်မှာ ဒီဇင်ဘာလ၂၀ ရက် ညနေပိုင်းက ယာဉ်နှစ်စီးတိုက်မိရာက မီးလောင်ကျွမ်းခဲ့မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံးခဲ့တယ်လို့ ယင်းတော်နယ်မြေရဲစခန်းက သိရပါတယ်။

ပျော်ဘွယ်မြို့နယ်၊ ငွေပုလဲကျေးရွာအနီးက ရန်ကုန်-မန္တလေး လမ်းကြီး(လမ်းဟောင်း) မိုင်တိုင် အမှတ်၃၂၁/၄ အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာတဲ့ (၁၂)ဘီးကရိန်းယာဉ်နဲ့ ယာဉ်မောင်း အောင်ထွန်းဝင်း မောင်းနှင် လာတဲ့ ဆီဘောက်ဆာတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ကာ မီးလောင် မှုဖြစ်ပြီး ဆီဘောက်ဆာယာဉ်နောက်လိုက် ထွန်းထွန်းဝင်း သေဆုံး ခဲ့တာလို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယင်းတော်နယ်မြေရဲစခန်းက ယာဉ်(ပ) ၁၁၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ၃၀၄-က /၃၃၇/၂၈၅ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း- ကိုပြည့်(တောင်သာ)
One News Myanmar
https://www.facebook.com/onenewsmyan

No comments:

Post a Comment