Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 13, 2018

တနလၤာေန႔ ေမြးဖြားသူတို႔အေၾကာင္း

သင္ဟာ တနလၤာ သားသမီး တစ္ေယာက္ျဖစ္မယ္ဆိုရင္ေတာ့ ဒီအေၾကာင္းအရာေလးေတြကို ဖတ္ၾကည့္သြားေပးဖို႔ ေမွ်ာ္လင့္ပါတယ္ ။ ေအာက္မွာ ေဖာ္ျပေပးထားတဲ့ အခ်က္ေတြကေတာ့ တနလၤာေန႕ ေမြးဖြားသူ အမ်ားစုရဲ႕ စိတ္ေနသေဘာထားေတြပဲ ျဖစ္ပါတယ္ ။ ကိုယ္နဲ႕ ဘယ္အခ်က္ေတြတူလဲဆိုတာ ၾကည့္ၾကည့္လိုက္ပါဦး…

– တနလၤာဖြားေတြဟာ ဥာဏ္ေကာင္းတယ္ ၊ စကားေျပာလည္းယဥ္ေက်းသလို အရမ္းလည္း စိတ္ကူးယဥ္တတ္ၾကတယ္။

– စိတ္ခံစားမႈလြယ္ ၊ ထိရွလြယ္ပါတယ္ ။

– မိသားစု ၊ ခ်စ္သူခင္သူ ၊ မိတ္ေဆြ သူငယ္ခ်င္း ေတြနဲ႕ အတူ အခ်ိန္ေတြကုန္ဆံုးရတာကို နွစ္သက္ၾကပါတယ္။

– ျငိမ္းေအးမႈကို လိုးလားျပီး ကိုယ္တိုင္လည္း ဖန္တီးယူတတ္ပါတယ္။

– အရည္အခ်င္းရွိျပီး စီးပြားေရးအျမင္ ေကာင္းလြန္းၾကပါတယ္။

– တနၤလာေန႔ဖြား အမ်ိဳးသမီး ေတြဟာ ေခါင္းမူး၊ေခါင္းကိုက္ျခင္းနွင့္ အားနည္းျခင္းကဲ့သို႔ ေရာဂါမ်ိဳး အျဖစ္မ်ားပါတယ္ ။ ေန႔စဥ္ ေလ့က်င့္ခန္း လုပ္ျပီး လုိအပ္ေသာ ဗီတာမင္ မ်ားကို စားသံုးသင့္ပါတယ္။



– တနလၤာေန႔ဖြား အမ်ိဳးသားေတြကေတာ့ အစားအေသာက္ကို ခ်စ္ျမတ္နိုးတတ္ျပီး အမ်ားစုဟာ ကပ္ေစးနွဲေတြ ျဖစ္ၾကပါတယ္တဲ့ ။ သို႔ေသာ္လည္း ဘဝမွာ ဦးေဆာင္နိုင္စြမ္းရွိၾကျပီး လုပ္ငန္းခြင္မွာလည္း ေအာင္ျမင္မႈေတြ ပိုင္ဆိုင္ရေလ့ရွိပါတယ္ ။

– တနလၤာေန႔မွာ ေမြးဖြားတဲ့ မိန္းကေလး ေတြဟာ ဇနီးမယား ေကာင္း ၊ မိခင္ေကာင္း အျဖစ္ ၾကီးျပင္းလာတတ္ၾကပါတယ္တဲ့ ။ ခ်စ္ခင္တြယ္တာရသူေတြအေပၚ ၾကင္နာဂရုစိုက္တတ္ျပီး အရမ္းခ်စ္တတ္ၾကတဲ့ ေကာင္မေလးေတြပါတဲ့ ..။ ကဲ ေကာင္ေလးေတြ…ေဗဒင္ဆရာေတြ ေျပာသလို တနၤလာသမီးေတြ႕လို႔ကေတာ့ မွီရာသာ ဆြဲထားေပေတာ့ေဟ့…..

အားလံုးပဲ ေပ်ာ္ရႊင္ၾကည္နူးၾကပါေစ..

CHAN (ေရြွအင္းေလး)



သင်ဟာ တနင်္လာ သားသမီး တစ်ယောက်ဖြစ်မယ်ဆိုရင်တော့ ဒီအကြောင်းအရာလေးတွေကို ဖတ်ကြည့်သွားပေးဖို့ မျှော်လင့်ပါတယ် ။ အောက်မှာ ဖော်ပြပေးထားတဲ့ အချက်တွေကတော့ တနင်္လာနေ့ မွေးဖွားသူ အများစုရဲ့ စိတ်နေသဘောထားတွေပဲ ဖြစ်ပါတယ် ။ ကိုယ်နဲ့ ဘယ်အချက်တွေတူလဲဆိုတာ ကြည့်ကြည့်လိုက်ပါဦး…

– တနင်္လာဖွားတွေဟာ ဉာဏ်ကောင်းတယ် ၊ စကားပြောလည်းယဉ်ကျေးသလို အရမ်းလည်း စိတ်ကူးယဉ်တတ်ကြတယ်။

– စိတ်ခံစားမှုလွယ် ၊ ထိရှလွယ်ပါတယ် ။

– မိသားစု ၊ ချစ်သူခင်သူ ၊ မိတ်ဆွေ သူငယ်ချင်း တွေနဲ့ အတူ အချိန်တွေကုန်ဆုံးရတာကို နှစ်သက်ကြပါတယ်။

– ငြိမ်းအေးမှုကို လိုးလားပြီး ကိုယ်တိုင်လည်း ဖန်တီးယူတတ်ပါတယ်။

– အရည်အချင်းရှိပြီး စီးပွားရေးအမြင် ကောင်းလွန်းကြပါတယ်။

– တင်္နလာနေ့ဖွား အမျိုးသမီး တွေဟာ ခေါင်းမူး၊ခေါင်းကိုက်ခြင်းနှင့် အားနည်းခြင်းကဲ့သို့ ရောဂါမျိုး အဖြစ်များပါတယ် ။ နေ့စဉ် လေ့ကျင့်ခန်း လုပ်ပြီး လိုအပ်သော ဗီတာမင် များကို စားသုံးသင့်ပါတယ်။

– တနင်္လာနေ့ဖွား အမျိုးသားတွေကတော့ အစားအသောက်ကို ချစ်မြတ်နိုးတတ်ပြီး အများစုဟာ ကပ်စေးနှဲတွေ ဖြစ်ကြပါတယ်တဲ့ ။ သို့သော်လည်း ဘဝမှာ ဦးဆောင်နိုင်စွမ်းရှိကြပြီး လုပ်ငန်းခွင်မှာလည်း အောင်မြင်မှုတွေ ပိုင်ဆိုင်ရလေ့ရှိပါတယ် ။

– တနင်္လာနေ့မှာ မွေးဖွားတဲ့ မိန်းကလေး တွေဟာ ဇနီးမယား ကောင်း ၊ မိခင်ကောင်း အဖြစ် ကြီးပြင်းလာတတ်ကြပါတယ်တဲ့ ။ ချစ်ခင်တွယ်တာရသူတွေအပေါ် ကြင်နာဂရုစိုက်တတ်ပြီး အရမ်းချစ်တတ်ကြတဲ့ ကောင်မလေးတွေပါတဲ့ ..။ ကဲ ကောင်လေးတွေ…ဗေဒင်ဆရာတွေ ပြောသလို တင်္နလာသမီးတွေ့လို့ကတော့ မှီရာသာ ဆွဲထားပေတော့ဟေ့…..

အားလုံးပဲ ပျော်ရွှင်ကြည်နူးကြပါစေ..

CHAN (ရွှေအင်းလေး)

No comments:

Post a Comment