CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, November 24, 2018
တနင်္ဂနွေ သားသမီးတို့၏ စရိုက်နှင့် စိတ်နေစိတ်သဘောထား
မူရင်းရေးသားသူ
#Unicode Version#
တနင်္ဂနွေ သားသမီးများသည် စိတ်နှလုံးသား
ဖြူစင်၍ သဘောထား ပြည့်ဝသူများ ဖြစ်ကြသည်။
သူတစ်ပါး အပေါ် ပေးကမ်း ကျွေးမွေးလိုစိတ် ရှိကြတယ်
အိမ်မိသားစု၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်း အပေါင်းအသင်းများ အပေါ် အနစ်နာခံပြီး ပေါင်းသင်း တတ်သည်
မိမိအပေါ် မကောင်းကြံ သူကိုတော့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ပြန်လည် လက်စားချေ တတ်သူများ ဖြစ်ကြသည်
ချစ်မိရင်လည်း နှစ်ယောက် မရှိ၊ မုန်းပြီဆိုလည်း ဘယ်လိုမှကို မျက်နှာ မကြည့်ချင် တော့လောက်အောင် မုန်းတီး တတ်ကြသည်
ဘာမဟုတ်တဲ့ ကိစ္စတွေမှာ စိတ်တို ၊စိတ်ကောက် ၊စိတ်ဆိုး လွယ်သည်
စိတ်ဆိုးပြီ ဆိုရင်လည်း ဘယ်သူဘဲ ချော့ချော့ ချော့လို့ရမှာ မဟုတ်ပါဘူး၊ မိမိဘာသာ သူ့ အလိုလို အချိန်တန်လျှင် စိတ်ပြေ သွားတတ်သည်
စိတ်ဆိုးရင် ဘာကိုမှ မကြည့်ဘဲ ဇွတ်လုပ် တတ်ကြပြီး လုပ်ပြီးမှ နောင်တတွေ ရနေတတ်သည်
အလုပ် လုပ်ရာတွင် အေးအေး ဆေးဆေး လုပ်ကိုင် တတ်ကြသည်
အလုပ်တစ်ခု လုပ်မည် ဆိုလျှင် သေချာ အချိန်ယူ စဉ်းစားပြီးမှ လုပ်ကိုင်တတ်ကြသူများ ဖြစ်ကြသည်
ထိုကြောင့် ဘဝတွင် အောင်မြင်မှုတွေ ရရှိ တတ်သလို တခါတလေတွင် အချိန်ယူ စဉ်းစားမှုကြောင့်
အောင်မြင်မှု နှောင့်နှေး ကြန့်ကြာပြီး ဆုံးရှုံးမှု တွေနဲ့ ကြုံတွေ့ရ တတ်ပါသည်
အလုပ် တစ်ခုခု လုပ်မည် ဆိုပါက ကိုယ်ကျိုး တစ်ခုတည်း ဘယ်တော့မှ မကြည့်တတ်ပါ၊ သူ့ဘက် ကိုယ်ဘက် မျှအောင် ကြည့်တတ် ကြသူများ ဖြစ်ကြသည်။
သူတစ်ပါး အပေါ် အယုံလွယ်၊ သနားလွယ်၊ အားနာတက်ကြသဖြင့် လူလိမ် လူကောက် များနဲ့ ဆုံတွေ့ ရတတ်သည်
ဘဝ ခရီးတွင် အလှည့်အပြောင်း အတက်အကျ များစွာ ကြုံတွေ့ ရလိမ့်မည်
တနင်္ဂနွေ သားသမီးတို့၏ စရိုက်နှင့် စိတ်နေစိတ်သဘောထား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 24, 2018
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 24, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment