Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, December 9, 2018

(၂၀၁၉)တစ္နွစ္တာအတြင္း ကံအေကာင္းဆံုးျဖစ္မယ့္ ရာသီခြင္(၄)ခုအေၾကာင္း

လူတစ္ေယာက္ရဲ႕ စိတ္ေနစိတ္ထားနဲ႕ကိုယ္ရည္ကိုယ္ေသြး၊ ပင္ကိုယ္စရိုက္ေတြက ေမြးဖြားတဲ့ရာသီခြင္နဲ႕ သက္ဆိုင္မႈရွိသလို ရာသီခြင္ကိုလိုက္ျပီး တစ္နွစ္နဲ႔တစ္နွစ္ ကံၾကမၼာအေျပာင္းအလဲေလးေတြလည္း ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ လာမယ့္ ၂၀၁၉ မွာ ကံအေကာင္းဆံုးကဘယ္ရာသီခြင္ေတြျဖစ္မလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) သိဟ္ရာသီဖြား ( Leo) (ဇူလိုင္ ၂၃ – ၾသဂုတ္ ၂၂)

သိဟ္ရာသီဖြားေတြဟာ ေမြးကလည္းက ကံဆိုးျခင္းထက္ ကံေကာင္းျခင္းကို ပိုၾကံဳရတဲ့သူေတြပါ။ အဆင္မေျပမႈေတြဘယ္ေလာက္ပဲၾကံဳရပါေစ၊ သူ႕အလိုလို အဆင္ေျပသြားတတ္တဲ့ ရာသီဖြားေတြပါ။ ဒါ့အျပင္ ၂၀၁၉ ရဲ႕ကံအေကာင္းဆံုး ရာသီခြင္ေတြထဲမွာလည္း ထိပ္ဆံုးမွာေရာက္ေနပါတယ္။ အျမဲတမ္း စိတ္ကူးယဥ္ခဲ့တာေတြ ဒီနွစ္ထဲမွာျဖစ္လာနိုုင္ျပီး ဘ၀လက္တြဲေဖာ္ေကာင္းနဲ႕လည္း ဆံုေတြ႕နိုင္ပါတယ္။

နွစ္အလယ္ပိုင္းမွာ အလုပ္အကိုင္၊ပညာေရးနဲ႕ပတ္သက္လို႕တိုးတက္မႈေတြရွိလာနိုုင္ျပီး မိသားစု၀င္ေတြ၊သူငယ္ခ်င္းေတြနဲ႕လည္း ပိုအဆင္ေျပပါလိမ့္မယ္။ ဒီတစ္နွစ္လံုးက သိဟ္ရာသီဖြားေတြအတြက္ စိတ္ေက်နပ္မႈအျပည့္ရေစမယ့္နွစ္ပဲျဖစ္ပါတယ္။


(၂) ဓနုရာသီဖြား (Sagittarius) (နို၀င္ဘာ ၂၂ – ဒီဇင္ဘာ ၂၁)

စိတ္ညစ္စရာေတြ၊အဆင္မေျပမႈေတြက ၂၀၁၈ မွာက်န္ခဲ့ျပီး ၂၀၁၉ ဟာ ဓနုရာသီဖြားေတြအတြက္ေတာ့ ေပ်ာ္ရႊင္ဖြယ္နွစ္တစ္နွစ္ျဖစ္လာမွာပါ။ ဒီရာသီဖြားေတြရဲ႕ သြက္လက္ျပီးရဲရင့္တဲ့ အက်င့္စရိုက္က စြန္္႕စားမႈေတြလုပ္ျဖစ္ေအာင္တြန္းအားေပးေနပါလိမ့္မယ္။

သင့္ကိုဘ၀တေလွ်ာက္လံုးေပ်ာ္ရႊင္ေစမယ့္သူနဲ႕ဆံုစည္းရမယ့္နွစ္ျဖစ္ျပီး အလုပ္နဲ႕ပတ္သက္ရင္ေတာ့ အနည္းငယ္ျငီးေငြ႕ေနပါလိမ့္မယ္။ဓနုရာသီဖြားေတြအေနနဲ႕ မိသားစုကိုအခ်ိန္ေပးဖို႕လိုေနျပီး မိသားစုနဲ႕ေႏြးေထြးမႈရွိရင္ ပိုေပ်ာ္ရႊင္ရမွာပါ။ စိတ္ကူးအိပ္မက္ေတြနဲ႕ပတ္သက္လို႕ မွန္ကန္တဲ့လမ္းေၾကာင္းေပၚေရာက္လာျပီး ေအာင္ျမင္ေအာင္အေကာင္အထည္ေဖာ္နိုင္ဖို႕အတြက္ နီးစပ္လာေနျပီလို႕ေျပာရမွာပါ။


(၃) ကန္ရာသီဖြား (Virgo) (ၾသဂုတ္ ၂၃ – စက္တင္ဘာ ၂၂)

၂၀၁၈ မွာ ကိုယ္ေမွ်ာ္လင့္ထားသလိုမျဖစ္ခဲ့တာေတြက ၂၀၁၉ မွာျဖစ္လာပါလိမ့္မယ္။ စိတ္ဖိစီး၊တင္းၾကပ္မႈမွန္သမွ်ကို ယံုယံုၾကည္ၾကည္ဖြင့္ေျပာလို႕ရမယ့္သူေတြနဲ႕ ေတြ႕ဆံုမယ့္နွစ္တစ္နွစ္ျဖစ္ျပီး ကိုယ့္အေပၚမေကာင္းတဲ့သူေတြနဲ႕ခြဲခြာရပါလိမ့္မယ္။ ၂၀၁၈ မွာအစျပဳထားတဲ့အလုပ္ေတြက ၂၀၁၉ မွာေအာင္ေအာင္ျမင္ျမင္ အဆံုးသတ္နိုင္ျပီး ဘယ္သူ႕အကူအညီမွ မယူဘဲ တစ္ေယာက္တည္း ျပီးေျမာက္ေအာင္ လုပ္နိုင္မွာမို႕ ကိုယ့္ကိုယ္ကိုဂုဏ္ယူရမယ့္ နွစ္တစ္နွစ္ျဖစ္ပါလိမ့္မယ္။


(၄) ျဗိစာၦရာသီဖြား (Scorpio) ( ေအာက္တိုဘာ ၂၃ – နို၀င္ဘာ ၂၁)

၂၀၁၈ မွာတုန္းက ဆံုးရံႈးမႈတခ်ိဳ႕ရွိခဲ့ေပမယ့္ ၂၀၁၉ မွာေတာ့ ကံေကာင္းမယ့္ရာသီခြင္ျဖစ္ပါတယ္။ ကိုယ့္ကိုဒုကၡေပးမယ့္အရာေတြကိုရွင္းထုတ္လိုက္နိုင္ျပီး ကိုယ့္ကိုယ္ကိုျပန္လည္တည္ေဆာက္နိုင္ပါလိမ့္မယ္။ဒီႏွစ္ထဲမွာ တျခားသူေတြအတြက္အနစ္နာခံေနတာေတြကိုရပ္ျပီး ကိုယ့္ကိုယ္ကို ပိုျပီးဦးစားေပးတတ္လာပါလိမ့္မယ္။

 ဒါေၾကာင့္ အရင္နွစ္ေတြထက္ပိုေပ်ာ္ရႊင္ရျပီး အဓိပၸါယ္ရွိတဲ့ နွစ္တစ္နွစ္ကိုပိုင္ဆိုင္ရပါလိမ့္မယ္။ အတြင္းစိတ္ေအးခ်မ္းမႈနဲ႕ ေပ်ာ္ရႊင္မႈက ဒီရာသီခြင္ေတြအတြက္ကံေကာင္းျခင္းပါပဲ။
Auntymay


#Unicode Version#

လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ကိုယ်ရည်ကိုယ်သွေး၊ ပင်ကိုယ်စရိုက်တွေက မွေးဖွားတဲ့ရာသီခွင်နဲ့ သက်ဆိုင်မှုရှိသလို ရာသီခွင်ကိုလိုက်ပြီး တစ်နှစ်နဲ့တစ်နှစ် ကံကြမ္မာအပြောင်းအလဲလေးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် လာမယ့် ၂၀၁၉ မှာ ကံအကောင်းဆုံးကဘယ်ရာသီခွင်တွေဖြစ်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(၁) သိဟ်ရာသီဖွား ( Leo) (ဇူလိုင် ၂၃ – သြဂုတ် ၂၂)

သိဟ်ရာသီဖွားတွေဟာ မွေးကလည်းက ကံဆိုးခြင်းထက် ကံကောင်းခြင်းကို ပိုကြုံရတဲ့သူတွေပါ။ အဆင်မပြေမှုတွေဘယ်လောက်ပဲကြုံရပါစေ၊ သူ့အလိုလို အဆင်ပြေသွားတတ်တဲ့ ရာသီဖွားတွေပါ။ ဒါ့အပြင် ၂၀၁၉ ရဲ့ကံအကောင်းဆုံး ရာသီခွင်တွေထဲမှာလည်း ထိပ်ဆုံးမှာရောက်နေပါတယ်။ အမြဲတမ်း စိတ်ကူးယဉ်ခဲ့တာတွေ ဒီနှစ်ထဲမှာဖြစ်လာနိုင်ပြီး ဘဝလက်တွဲဖော်ကောင်းနဲ့လည်း ဆုံတွေ့နိုင်ပါတယ်။

နှစ်အလယ်ပိုင်းမှာ အလုပ်အကိုင်၊ပညာရေးနဲ့ပတ်သက်လို့တိုးတက်မှုတွေရှိလာနိုင်ပြီး မိသားစုဝင်တွေ၊သူငယ်ချင်းတွေနဲ့လည်း ပိုအဆင်ပြေပါလိမ့်မယ်။ ဒီတစ်နှစ်လုံးက သိဟ်ရာသီဖွားတွေအတွက် စိတ်ကျေနပ်မှုအပြည့်ရစေမယ့်နှစ်ပဲဖြစ်ပါတယ်။

(၂) ဓနုရာသီဖွား (Sagittarius) (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁)

စိတ်ညစ်စရာတွေ၊အဆင်မပြေမှုတွေက ၂၀၁၈ မှာကျန်ခဲ့ပြီး ၂၀၁၉ ဟာ ဓနုရာသီဖွားတွေအတွက်တော့ ပျော်ရွှင်ဖွယ်နှစ်တစ်နှစ်ဖြစ်လာမှာပါ။ ဒီရာသီဖွားတွေရဲ့ သွက်လက်ပြီးရဲရင့်တဲ့ အကျင့်စရိုက်က စွန့််စားမှုတွေလုပ်ဖြစ်အောင်တွန်းအားပေးနေပါလိမ့်မယ်။

သင့်ကိုဘဝတလျှောက်လုံးပျော်ရွှင်စေမယ့်သူနဲ့ဆုံစည်းရမယ့်နှစ်ဖြစ်ပြီး အလုပ်နဲ့ပတ်သက်ရင်တော့ အနည်းငယ်ငြီးငွေ့နေပါလိမ့်မယ်။ဓနုရာသီဖွားတွေအနေနဲ့ မိသားစုကိုအချိန်ပေးဖို့လိုနေပြီး မိသားစုနဲ့နွေးထွေးမှုရှိရင် ပိုပျော်ရွှင်ရမှာပါ။ စိတ်ကူးအိပ်မက်တွေနဲ့ပတ်သက်လို့ မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်လာပြီး အောင်မြင်အောင်အကောင်အထည်ဖော်နိုင်ဖို့အတွက် နီးစပ်လာနေပြီလို့ပြောရမှာပါ။

(၃) ကန်ရာသီဖွား (Virgo) (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂)

၂၀၁၈ မှာ ကိုယ်မျှော်လင့်ထားသလိုမဖြစ်ခဲ့တာတွေက ၂၀၁၉ မှာဖြစ်လာပါလိမ့်မယ်။ စိတ်ဖိစီး၊တင်းကြပ်မှုမှန်သမျှကို ယုံယုံကြည်ကြည်ဖွင့်ပြောလို့ရမယ့်သူတွေနဲ့ တွေ့ဆုံမယ့်နှစ်တစ်နှစ်ဖြစ်ပြီး ကိုယ့်အပေါ်မကောင်းတဲ့သူတွေနဲ့ခွဲခွာရပါလိမ့်မယ်။ ၂၀၁၈ မှာအစပြုထားတဲ့အလုပ်တွေက ၂၀၁၉ မှာအောင်အောင်မြင်မြင် အဆုံးသတ်နိုင်ပြီး ဘယ်သူ့အကူအညီမှ မယူဘဲ တစ်ယောက်တည်း ပြီးမြောက်အောင် လုပ်နိုင်မှာမို့ ကိုယ့်ကိုယ်ကိုဂုဏ်ယူရမယ့် နှစ်တစ်နှစ်ဖြစ်ပါလိမ့်မယ်။

(၄) ဗြိစ္ဆာရာသီဖွား (Scorpio) ( အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁)

၂၀၁၈ မှာတုန်းက ဆုံးရှုံးမှုတချို့ရှိခဲ့ပေမယ့် ၂၀၁၉ မှာတော့ ကံကောင်းမယ့်ရာသီခွင်ဖြစ်ပါတယ်။ ကိုယ့်ကိုဒုက္ခပေးမယ့်အရာတွေကိုရှင်းထုတ်လိုက်နိုင်ပြီး ကိုယ့်ကိုယ်ကိုပြန်လည်တည်ဆောက်နိုင်ပါလိမ့်မယ်။ဒီနှစ်ထဲမှာ တခြားသူတွေအတွက်အနစ်နာခံနေတာတွေကိုရပ်ပြီး ကိုယ့်ကိုယ်ကို ပိုပြီးဦးစားပေးတတ်လာပါလိမ့်မယ်။

 ဒါကြောင့် အရင်နှစ်တွေထက်ပိုပျော်ရွှင်ရပြီး အဓိပ္ပါယ်ရှိတဲ့ နှစ်တစ်နှစ်ကိုပိုင်ဆိုင်ရပါလိမ့်မယ်။ အတွင်းစိတ်အေးချမ်းမှုနဲ့ ပျော်ရွှင်မှုက ဒီရာသီခွင်တွေအတွက်ကံကောင်းခြင်းပါပဲ။

No comments:

Post a Comment