Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, December 16, 2018

ကုိယ္ေတြ႕ လိပ္ေခါင္း သက္သာနည္း

 သၾကၤန္အျပီးမွာ ရန္ကုန္ကုိ ခြင္႔ျပန္ခဲ႔ၿပီး ခြင္႔ေစ႔တဲ႔အခ်ိန္မွာ က်ေနာ္အလုပ္လုပ္ေနတဲ႔ နိုင္ငံကုိျပန္လာခဲ႔ပါတယ္ဒီနိုင္ငံက နိုင္ငံတကာေလဆိပ္ ေရာက္တာနဲ႔ အထုပ္အပိုးေတြကုိ က်ေနာ္အလုပ္လုပ္ရာ ေဒသကိုပုိ႔ၿပီး လူကေတာ႔ အဝတ္အနည္းငယ္နဲ႔ အျခားေဒသကုိ လူစားဝင္ေပးဖို႔ သြားခဲ႔ပါတယ္။

ကိုယ္အျမဲေနရမဲ႔ ေနရာလဲမဟုတ္ အခန္းကလဲ တဦးတည္းသီးသန္႔ ေနတာမို႔ ျဖစ္သလို အသားဟင္းကိုပဲ ေၾကာ္လိုက္၊ ျပဳပ္လိုက္နဲ႔ စားေသာက္ ေနလာခဲ႔ၿပီး ရာသီေျပာင္း ေနရာေျပာင္းနဲ႔ ဝမ္းလဲမမွန္ေတာ႔ပဲ ႏုတ္ခမ္းမွာပါ အပူဖု ေလးေတြပါ ထြက္လာပါတယ္။

ဒီမွာ က်ေနာ္႔ကုိ ထိတ္လန္႔ေစမဲ႔ အျဖစ္နဲ႔ ၾကံဳေတြ႔ရေတာ႔တာပါပဲ။ တမနက္ ဝမ္းသြားျပီး ျပန္အထမွာ လတ္ဆတ္တဲ႔ ေသြးေတြကုိ အိမ္သာသံုး စကၠဴမွာ ေတြ႔လိုက္ရပါတယ္။တခါမွ ဒီလိုမ်ိဳးအေတြ႔ အၾကံဳမရွိတဲ႔ အတြက္ အၾကီးအက်ယ္ ထိတ္လန္႔ျပီး ေတာင္ေတြး ေျမာက္ေတြးနဲ႔ ပူပန္ေသာက ေရာက္ပါေတာ႔တယ္။

ညေနဖက္ တၾကိမ္ဝမ္းသြားတာမွာလဲ ဒီအတိုင္းမို႔ ပုိစိုးရိမ္ျပီး ေနာက္တၾကိမ္ ဝမ္းသြားရမွာကုိ ေၾကာက္လာပါတယ္။ဒီလိုနဲ႔ ျဖစ္စဥ္ကုိ ရန္ကုန္မွာ ရွိတဲ႔ အသိဆရာဝန္ေတြနဲ႔ အျခားလူေတြကိုပါ ေမးစမ္းၿပီး တိုင္ပင္ရပါတယ္။ ဒီမွာ ထင္စရာရွိတာက ဒီလူနွယ္ ဒီမွာရွိတဲ႔ ဆရာဝန္ေတြကို သြားမျပပဲ ဘာလို႔မ်ား ျမန္မာျပည္ကလူေတြကုိ ျပန္ေမးရသလဲ ေမးစရာရွိပါတယ္။

က်ေနာ္တာဝန္နဲ႔ ေနတဲ႔ေနရာက နယ္ျဖစ္ပါတယ္။ ျမိဳ႕မွာလို လူျဖဴဆရာဝန္မ်ားနွင္႔ ျမန္မာဆရာဝန္မ်ားမရွိပါ။ ဒီနိုင္ငံရွိလူမ်ားနွင္႔ အလုပ္လာၾကသူမ်ား အပါအဝင္ ၉၀ရာႏႈန္းခန္႔သည္ ငွက္ဖ်ားေရာဂါ ရွိၾကပါသည္။

ဘာေရာဂါျဖစ္ျဖစ္ ငွက္ဖ်ားေရာဂါကုိသာ ေခါင္းစဥ္တပ္သည္႔ အက်င္႔ရွိၾကသျဖင္႔ သူတို႔ႏွင္႔ မတိုင္ပင္ မေဆြးေႏြးလိုပါ။ ပုဂၢလိက ေဆးခန္းမ်ား အဓိကျမိဳ႕ၾကီး ႏွစ္ျမိဳ႕ သံုးျမိဳ႕တြင္သာ ရွိၿပီး အစိုးရေဆးရံုေတြမွာ ဆရာဝန္မ်ား တနဂၤေႏြဆို နားရက္ယူၾကတဲ႔ တိုင္းျပည္လဲျဖစ္ပါတယ္။ (ဤအေၾကာင္းကုိ အခ်ိန္ရလွ်င္ သပ္သပ္ ထပ္ေရးပါမည္။)

လိပ္ေခါင္းအေၾကာင္းကုိေတာ႔ ရွည္မွာဆိုးတဲ႔အတြက္ မေရးေတာ႔ပါ။ အျခားသူမ်ား ေရးသားထားတဲ႔ ပို႔စ္ေတြရွိပါတယ္။ က်ေနာ္သက္သာခဲ႔တဲ႔ နည္းလမ္းကေတာ႔..

၁) အဝတ္ေလွ်ာ္တဲ႔ ေရဇလံုတခုခု သို႔မဟုတ္ အဝက်ယ္ ဇလံုတခုထဲမွာ မိမိခံနိုင္ရည္ရွိနိုင္ေသာ အပူခ်ိန္ရွိတဲ႔ ေရေႏြးေႏြးကို ထဲ႔ၿပီး ထိုဇလံုထဲတြင္ ထိုင္ပါ။ ေရကတင္ပါးအထိ ၄လက္မေလာက္ဆိုရင္ ရပါၿပီ။ ဆားခါးရွိရင္ အနည္းငယ္ ထဲ႔နိုင္ပါတယ္။ က်ေနာ္ကေတာ႔ မထဲ႔ခဲ႔ပါ။

ေရေအးသြားရင္ ေရေႏြးအနည္းငယ္ ထပ္ေရာပါ။ တၾကိမ္ထိုင္ရင္ ၁၅ မိနစ္မွ ၂၀ မိနစ္ထိထိုင္ရပါမယ္။ တေန႔ကို အနည္းဆံုး ၃ၾကိမ္၊ ၄ၾကိမ္ သို႔မဟုတ္ နာရီအနည္းငယ္ ျခား၍ ထပ္ခါထပ္ခါ လုပ္နိုင္သည္။

စအိုဝက ယားယံ၊ ေရာင္ရမ္း၊နာက်ဥ္တာေတြ သက္သာရင္ ဆားခါးကုိ ဆက္မသံုးေတာ႔ပဲ ေရေႏြးခ်ည္း သက္သက္သံုးပါ။ ဆားခါးသံုးလို႔ မ်က္နွာေယာင္ရမ္းလာတာမ်ိဳးနဲ႔ အလာ႔ဂ်စ္ျဖစ္တယ္ ထင္ရင္ မသံုးပါနဲ႔။

၂) အဆိုပါေရာဂါ ခံစားေနရစဥ္အခ်ိန္အတြင္း အိုမီဂါ ၃ ပါတဲ႔ ငါးၾကီးဆီကုိ မနက္၊ ေန႔လည္ႏွင္႔ ညေန ၁လံုးစီ ေသာက္ပါ။ သို႔မဟုတ္ ဆရာဝန္ ညြႊန္ၾကားသည္႔အတိုင္း ေသာက္ပါ။ ငါးၾကီးဆီသည္ လိပ္ေခါင္းေရာဂါကုိ မကုစားနိုင္ေသာ္လည္း ဝမ္းေပ်ာ႔ေစရန္ အကူညီေပးသည္။ (သူ႔ရဲ႕အသံုးဝင္ပံုေတြကေတာ႔ မ်ားပါတယ္)

၃) ၾကက္သြန္ျဖဴ ၁မႊာကုိ အခြံႏြာပါ။ သာမန္အခြံခြာသလိုမ်ိဳး မဟုတ္ပဲ ရိုးရိုးအခြံရဲ႕ေအာက္မွာ အရမ္းပါးတဲ႔ အလြာေလး ၁ထပ္ရွိပါတယ္။ လည္းေကာင္းကုိပါ ႏြာပါ။ ညအိပ္ခါနည္းမွာ ယင္းၾကက္သြန္ျဖဴကုိ စအိုအတြင္းသို႔ ထဲ႔သြင္းပါ။

လြယ္ကူေစရန္ ဆီတမ်ိဳးမ်ိဳးသံုးနိုင္ပါတယ္။ အထဲကို ၂လက္မခန္႔ သြင္းပါ။ ၿပီးရင္ တစ္ညထားလိုက္ပါ။
ေနာက္ေန႔ဝမ္းသြားရင္ သဘာဝအတိုင္း ျပန္ထြက္သြားတာမို႔ စိတ္ပူစရာမလိုပါ။ ယင္းနည္းကုိ တပတ္လွ်င္ သံုးၾကိမ္ ျပဳလုပ္ရင္ လံုေလာက္ပါၿပီ။

အျပင္လိပ္ေခါင္းအတြက္ ဆိုရင္ေတာ႔ အထက္ေဖၚျပပါ နည္းမ်ားအျပင္ ယခုထပ္မံ ေဖၚျပမဲ႔ နည္းကုိပါ ျပဳလုပ္ေပးပါ။ (က်ေနာ္ အသံုးမျပဳခဲ႔ပါ)

၄) ၾကက္သြန္ျဖဴ ၃မြႊာ၊ ၄မြႊာခန္႔ကုိ ေရ ၅၀၀မီလီလီတာ ခန္႔မွာ ဆူေအာင္ၾကိဳပါ။ ေရတဝက္ေက်ာ္ခန္႔ က်န္ေတာ႔တဲ႔အခ်ိန္မွာ ၾကက္သြန္ျဖဴမ်ားကုိ စစ္ထုတ္၍ ေအးေအာင္ထားပါ။ ၿပီးရင္ အဝတ္စ သန္႔သန္႔၊ ဂြမ္းစတို႔နဲ႔ စိုေအာင္စြတ္ၿပီး စအိုဝကုိ တို႔ေပးပါ။ အဝတ္စ၊ ဂြမ္းစ သပ္မစိုေတာ႔ရင္ ထပ္စြတ္ၿပီး ထပ္မံျပဳလုပ္ေပးပါ။

ၾကက္သြန္ျဖဴအစား အားလူးအစိမ္းကို ေရေဆး၍ အခြံသင္၊ သတၳဳရည္ ညွစ္ယူကာ အသံုးျပဳနိုင္သည္။
အထူးသတိျပဳရန္ကေတာ႔ ယခုေဖၚျပပါနည္းလမ္းသည္ ဆရာဝန္ႏွင္႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင္႔ မေတြ႔နိုင္ေသာ သူမ်ားအတြက္သာ သင္႔ေတာ္သည္ဟု ထင္ပါသည္။

စအိုမွ ေသြးထြက္ျခင္းမွာ အေၾကာင္းအမ်ိဳးမ်ိဳး ရွိနိုင္ေသာေၾကာင္႔ ဆရာဝန္နွင္႔ တိုင္ပင္ျခင္းသည္သာ အေကာင္းဆံုးျဖစ္ပါသည္။
ဝင္းလႈိင္ဦး
#Unicode Version#
 သြင်္ကန်အပြီးမှာ ရန်ကုန်ကို ခွင့်ပြန်ခဲ့ပြီး ခွင့်စေ့တဲ့အချိန်မှာ ကျနော်အလုပ်လုပ်နေတဲ့ နိုင်ငံကိုပြန်လာခဲ့ပါတယ်ဒီနိုင်ငံက နိုင်ငံတကာလေဆိပ် ရောက်တာနဲ့ အထုပ်အပိုးတွေကို ကျနော်အလုပ်လုပ်ရာ ဒေသကိုပို့ပြီး လူကတော့ အဝတ်အနည်းငယ်နဲ့ အခြားဒေသကို လူစားဝင်ပေးဖို့ သွားခဲ့ပါတယ်။

ကိုယ်အမြဲနေရမဲ့ နေရာလဲမဟုတ် အခန်းကလဲ တဦးတည်းသီးသန့် နေတာမို့ ဖြစ်သလို အသားဟင်းကိုပဲ ကြော်လိုက်၊ ပြုပ်လိုက်နဲ့ စားသောက် နေလာခဲ့ပြီး ရာသီပြောင်း နေရာပြောင်းနဲ့ ဝမ်းလဲမမှန်တော့ပဲ နုတ်ခမ်းမှာပါ အပူဖု လေးတွေပါ ထွက်လာပါတယ်။

ဒီမှာ ကျနော့်ကို ထိတ်လန့်စေမဲ့ အဖြစ်နဲ့ ကြုံတွေ့ရတော့တာပါပဲ။ တမနက် ဝမ်းသွားပြီး ပြန်အထမှာ လတ်ဆတ်တဲ့ သွေးတွေကို အိမ်သာသုံး စက္ကူမှာ တွေ့လိုက်ရပါတယ်။တခါမှ ဒီလိုမျိုးအတွေ့ အကြုံမရှိတဲ့ အတွက် အကြီးအကျယ် ထိတ်လန့်ပြီး တောင်တွေး မြောက်တွေးနဲ့ ပူပန်သောက ရောက်ပါတော့တယ်။

ညနေဖက် တကြိမ်ဝမ်းသွားတာမှာလဲ ဒီအတိုင်းမို့ ပိုစိုးရိမ်ပြီး နောက်တကြိမ် ဝမ်းသွားရမှာကို ကြောက်လာပါတယ်။ဒီလိုနဲ့ ဖြစ်စဉ်ကို ရန်ကုန်မှာ ရှိတဲ့ အသိဆရာဝန်တွေနဲ့ အခြားလူတွေကိုပါ မေးစမ်းပြီး တိုင်ပင်ရပါတယ်။ ဒီမှာ ထင်စရာရှိတာက ဒီလူနှယ် ဒီမှာရှိတဲ့ ဆရာဝန်တွေကို သွားမပြပဲ ဘာလို့များ မြန်မာပြည်ကလူတွေကို ပြန်မေးရသလဲ မေးစရာရှိပါတယ်။

ကျနော်တာဝန်နဲ့ နေတဲ့နေရာက နယ်ဖြစ်ပါတယ်။ မြို့မှာလို လူဖြူဆရာဝန်များနှင့် မြန်မာဆရာဝန်များမရှိပါ။ ဒီနိုင်ငံရှိလူများနှင့် အလုပ်လာကြသူများ အပါအဝင် ၉၀ရာနှုန်းခန့်သည် ငှက်ဖျားရောဂါ ရှိကြပါသည်။

ဘာရောဂါဖြစ်ဖြစ် ငှက်ဖျားရောဂါကိုသာ ခေါင်းစဉ်တပ်သည့် အကျင့်ရှိကြသဖြင့် သူတို့နှင့် မတိုင်ပင် မဆွေးနွေးလိုပါ။ ပုဂ္ဂလိက ဆေးခန်းများ အဓိကမြို့ကြီး နှစ်မြို့ သုံးမြို့တွင်သာ ရှိပြီး အစိုးရဆေးရုံတွေမှာ ဆရာဝန်များ တနင်္ဂနွေဆို နားရက်ယူကြတဲ့ တိုင်းပြည်လဲဖြစ်ပါတယ်။ (ဤအကြောင်းကို အချိန်ရလျှင် သပ်သပ် ထပ်ရေးပါမည်။)

လိပ်ခေါင်းအကြောင်းကိုတော့ ရှည်မှာဆိုးတဲ့အတွက် မရေးတော့ပါ။ အခြားသူများ ရေးသားထားတဲ့ ပို့စ်တွေရှိပါတယ်။ ကျနော်သက်သာခဲ့တဲ့ နည်းလမ်းကတော့..

၁) အဝတ်လျှော်တဲ့ ရေဇလုံတခုခု သို့မဟုတ် အဝကျယ် ဇလုံတခုထဲမှာ မိမိခံနိုင်ရည်ရှိနိုင်သော အပူချိန်ရှိတဲ့ ရေနွေးနွေးကို ထဲ့ပြီး ထိုဇလုံထဲတွင် ထိုင်ပါ။ ရေကတင်ပါးအထိ ၄လက်မလောက်ဆိုရင် ရပါပြီ။ ဆားခါးရှိရင် အနည်းငယ် ထဲ့နိုင်ပါတယ်။ ကျနော်ကတော့ မထဲ့ခဲ့ပါ။

ရေအေးသွားရင် ရေနွေးအနည်းငယ် ထပ်ရောပါ။ တကြိမ်ထိုင်ရင် ၁၅ မိနစ်မှ ၂၀ မိနစ်ထိထိုင်ရပါမယ်။ တနေ့ကို အနည်းဆုံး ၃ကြိမ်၊ ၄ကြိမ် သို့မဟုတ် နာရီအနည်းငယ် ခြား၍ ထပ်ခါထပ်ခါ လုပ်နိုင်သည်။

စအိုဝက ယားယံ၊ ရောင်ရမ်း၊နာကျဉ်တာတွေ သက်သာရင် ဆားခါးကို ဆက်မသုံးတော့ပဲ ရေနွေးချည်း သက်သက်သုံးပါ။ ဆားခါးသုံးလို့ မျက်နှာယောင်ရမ်းလာတာမျိုးနဲ့ အလာ့ဂျစ်ဖြစ်တယ် ထင်ရင် မသုံးပါနဲ့။

၂) အဆိုပါရောဂါ ခံစားနေရစဉ်အချိန်အတွင်း အိုမီဂါ ၃ ပါတဲ့ ငါးကြီးဆီကို မနက်၊ နေ့လည်နှင့် ညနေ ၁လုံးစီ သောက်ပါ။ သို့မဟုတ် ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်ပါ။ ငါးကြီးဆီသည် လိပ်ခေါင်းရောဂါကို မကုစားနိုင်သော်လည်း ဝမ်းပျော့စေရန် အကူညီပေးသည်။ (သူ့ရဲ့အသုံးဝင်ပုံတွေကတော့ များပါတယ်)

၃) ကြက်သွန်ဖြူ ၁မွှာကို အခွံနွာပါ။ သာမန်အခွံခွာသလိုမျိုး မဟုတ်ပဲ ရိုးရိုးအခွံရဲ့အောက်မှာ အရမ်းပါးတဲ့ အလွာလေး ၁ထပ်ရှိပါတယ်။ လည်းကောင်းကိုပါ နွာပါ။ ညအိပ်ခါနည်းမှာ ယင်းကြက်သွန်ဖြူကို စအိုအတွင်းသို့ ထဲ့သွင်းပါ။

လွယ်ကူစေရန် ဆီတမျိုးမျိုးသုံးနိုင်ပါတယ်။ အထဲကို ၂လက်မခန့် သွင်းပါ။ ပြီးရင် တစ်ညထားလိုက်ပါ။
နောက်နေ့ဝမ်းသွားရင် သဘာဝအတိုင်း ပြန်ထွက်သွားတာမို့ စိတ်ပူစရာမလိုပါ။ ယင်းနည်းကို တပတ်လျှင် သုံးကြိမ် ပြုလုပ်ရင် လုံလောက်ပါပြီ။

အပြင်လိပ်ခေါင်းအတွက် ဆိုရင်တော့ အထက်ဖေါ်ပြပါ နည်းများအပြင် ယခုထပ်မံ ဖေါ်ပြမဲ့ နည်းကိုပါ ပြုလုပ်ပေးပါ။ (ကျနော် အသုံးမပြုခဲ့ပါ)

၄) ကြက်သွန်ဖြူ ၃မွှာ၊ ၄မွှာခန့်ကို ရေ ၅၀၀မီလီလီတာ ခန့်မှာ ဆူအောင်ကြိုပါ။ ရေတဝက်ကျော်ခန့် ကျန်တော့တဲ့အချိန်မှာ ကြက်သွန်ဖြူများကို စစ်ထုတ်၍ အေးအောင်ထားပါ။ ပြီးရင် အဝတ်စ သန့်သန့်၊ ဂွမ်းစတို့နဲ့ စိုအောင်စွတ်ပြီး စအိုဝကို တို့ပေးပါ။ အဝတ်စ၊ ဂွမ်းစ သပ်မစိုတော့ရင် ထပ်စွတ်ပြီး ထပ်မံပြုလုပ်ပေးပါ။

ကြက်သွန်ဖြူအစား အားလူးအစိမ်းကို ရေဆေး၍ အခွံသင်၊ သတ္ထုရည် ညှစ်ယူကာ အသုံးပြုနိုင်သည်။
အထူးသတိပြုရန်ကတော့ ယခုဖေါ်ပြပါနည်းလမ်းသည် ဆရာဝန်နှင့် အကြောင်းအမျိုးမျိုးကြောင့် မတွေ့နိုင်သော သူများအတွက်သာ သင့်တော်သည်ဟု ထင်ပါသည်။

စအိုမှ သွေးထွက်ခြင်းမှာ အကြောင်းအမျိုးမျိုး ရှိနိုင်သောကြောင့် ဆရာဝန်နှင့် တိုင်ပင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။

 ဝင်းလှိုင်ဦး

No comments:

Post a Comment