Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 16, 2018

ခလေးငယ်နှစ်ဦးအား ဓမ္မတာနှင့်ဆန့် ကျင်သည့် အဓမ္မပြုကျင့်မှုဖြစ်ပွာ



ဝေါ - ဒီဇင်ဘာ (၁၇)

ပဲခူးတိုင်းဒေသကြီး ဝေါမြို့ နယ်အပြင်ကန်တော်ရပ်ကွက် (--)လမ်းတွင်နေထိုင်သည့် အသက် (၇ )နှစ်အရွယ်နှင့်အသက်( ၄ )နှစ်အရွယ်ရှိမိန်းခလေးငယ်နှစ်ဦးဓမ္မာတာနှင့်ဆန့် ကျင်သည့် အဓမ္မပြုကျင့်ခံရမှုဖြစ်ပွားခဲ့သည်ဟုသတင်းရ ရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ (၁၆) ရက်နေ့ လည် (၂ )နာရီအချိန်ခန့် က မ-------နှင့် မ------ဆိုသူညီအမနှစ်ဦးမှာ တစ်ခြံဝင်းတည်းရှိ၎င်းတို့ ၏ နေအိမ်အရှေ့ ဘက်တွင်ဆောက်လုပ်ထားသော အမဝမ်းကွဲတော်စပ်သူ၏အိမ်သို့ သွားရောက်လည်ပတ်ရာ အမဝမ်းကွဲတော်စပ်သူ မရှိချိန်အမဝမ်းကွဲ ၏ခင်ပွန်းဖြစ်သူကိုရဲဟိန်း အသက် (၃၆) နှစ်ဆိုသူမှညီအမနှစ်ဦးအားဓမ္မတာနှင့်ဆန့် ကျင်သည့် အဓမ္မပြုကျင့်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မြို့ မရဲစခန်း၏ ပထမသတင်းပေးတိုင်တန်းချက်များအရသိရသည်။

ခလေးငယ်နှစ်ဦး၏မိခင်ဖြစ်သူ လာရောက်တိုင်တန်းချက်များအရ ဝေါမြို့ မရဲစခန်းမှ တရားခံဟုယူဆရသည့် ကိုရဲဟိန်း အပြင်ကန်တော်ရပ်ကွက်နေသူအား (ပ)၅၈၈/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ ဖြင့်အမှုဖွင့်အရေးယူထားပြီးဝေါပြည်သူ့ ဆေးရုံမှဆေးစာထင်မြင်ချက်တောင်းခံထားလျှက်အမှုအားဥပဒေနှင့်အညီတရားစွဲဆိုတင်ပို့ နိုင်ရေးဆက်လက်စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။

Waw Media - Admin Team

No comments:

Post a Comment