Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, December 22, 2018

အိပ္ရာဝင္ အိပ္ယာထ ရြတ္ဆုိသင့္ေသာ ေမတၱာပုိ ႔

ေမတၱာကုိႏွလုံးသြင္းျခင္းဟာ ႏွလုံးသြင္းသူတုိ႔အား အထူးသျဖင့္ အက်ဳိးမ်ားေစပါတယ္။

ဒါေၾကာင့္ “သုဘုတိ” ဆုိတဲ့ ရဟႏၱာမေထရ္ဟာ ဆြမ္းခံႂကြတဲ့အခါအိမ္တုိင္းအိမ္တုိင္းေရွ႕၌ ေခတၱရပ္ေနစဥ္အတြင္း ေမတၱာစ်ာန္ကုိ ဝင္စားေတာ္မူပါတယ္။အဲဒီေမတၱာစ်ာန္မွထျပီး ဆြမ္းကုိအလွဴခံေတာ္မူပါတယ္။

အဲဒါဟာ ဆြမ္းလွဴတဲ့ ဒါယကာ ဒါယိကာမမ်ားတုိ႔အား အက်ဳိးမ်ားေစရန္ ျဖစ္ပါတယ္။အဲဒီလုိအက်ဳိးမ်ားေအာင္ေမတၱာစ်ာန္ ဝင္စားျပီး အလွဴခံေလ့ရွိတဲ့အတြက္ “အရွင္သုဘုတိ”ကုိ ျမတ္စြာဘုရားက အလွဴခံပုဂၢဳိလ္ျမတ္မ်ားမွာ “အျမတ္ဆုံးအျဖစ္ ဧတဒဂ္ဂုဏ္ထူးရွင္” ခ်ီးက်ဴးေတာ္မူပါတယ္။

ယခုအခါမွာလည္း အလွဴပြဲမ်ား၌ ရဟန္းေတာ္မ်ားေမတၱာသုတ္ ပရိတ္ေတာ္ကုိ ရြတ္ဖတ္ပြားမ်ားၾကတာဟာ အလွဴဒါနအက်ဳိးမ်ားေစရန္အတြက္ပါပဲ။ဒါေၾကာင့္ ေမတၱာပရိတ္ေတာ္ကုိ ရြတ္ဖတ္ ခ်ီးေျမာက္ေတာ္မူၾကတဲ့အခါ ေမတၱာကုိလည္း ပြားရင္း ေလးေလး စားစားရြတ္ဖတ္သင့္ပါတယ္။
ဒါေၾကာင့္ မိမိတုိ႔အေနျဖင့္ ေရာက္ေလရာအရပ္မွာေမတၱာဘာဝနာကုိ ပြားသင့္ပါတယ္။မိမိေနတဲ့ ေနျမဲ ေနရာမ်ားမွာလည္း အခြင့္ရသေလာက္
ဒီေမတၱာဘာဝနာကုိပြားမ်ားသင့္ပါတယ္။

ေအာက္ထစ္ဆုံးအားျဖင့္ ဘုရားဝတ္ျပဳျပီးတဲ့ေနာက္မွာအခ်ိန္ရသေလာက္ ပြားမ်ားသင့္ပါတယ္။အေၾကာင္းညီညြတ္ရင္ ဒီလုိပြားမ်ား ရင္း မၾကာမီအတြင္းလည္း ေမတၱာစ်ာန္ကုိရႏုိင္ပါတယ္။

ဒီေနရာမွာ “ဓနဥၥာနီ”ဆုိတဲ့ ပုဏၰားအေၾကာင္း နည္းနည္းေလးေျပာျပခ်င္ပါတယ္။

“ဓနဥၥာနီႏွင့္ ေမတၱာစ်ာန္”

ဓနဥၥာနီဆုိတဲ့ ပုဏၰားၾကီးဟာ ေသလုနီးပါးေရာဂါျဖစ္ေနတဲ့အခါအရွင္သာရိပုတၱရာကုိ ပင့္ေစတယ္။အရွင္သာရိပုတၱရာက ႂကြေရာက္ေတာ္မူျပီးေတာ့ သူ႔ေရာဂါအေၾကာင္းကုိ ေမးျပီးတဲ့ေနာက္ ဒီလုိေဟာေတာ္မူ ပါတယ္။ေဟာပုံကေတာ့ “ငရဲနဲ႔ တိရိစၦာန္ ဘယ္ဟာက ေကာင္းျမတ္သလဲ စသည္ျဖင့္ ေမးခြန္းထုတ္တယ္။

ဓနဥၥာနီက ငရဲထက္ တိရိစၦာန္ကေကာင္းျမတ္ပါတယ္။”စသည္ျဖင့္ ေျဖၾကားတယ္။

ေမးပုံေျဖပုံေတြကေတာ့“တိရိစၦာန္နဲ႔ ျပိတၱာ၊ ျပိတၱာနဲ႔လူ၊ လူနဲ႔ စတုမဟာရာဇ္စသည္ျဖင့္ ပရနိမၼိတဝသဝတၱိတုိင္ေအာင္ ေမးေျဖျပီးတဲ့အခါ ပရနိမၼိတဝသ ဝတၱိနတ္ေတြနဲ႔ ျဗဟၼာေလာက ဘယ္ဟာကျမတ္သလဲလုိ႔”ေမးတယ္။

အဲဒီအခါ ဓနဥၥာနီက ျဗဟၼာေလာက ဆုိတဲ့အသံကုိၾကားရေတာ့ စိတ္တက္ၾကြလာျပီး“အရွင္သာရိပုတၱရာဟာ ျဗဟၼာေလာကလုိ႔ေျပာပါသလား။”လုိ႔ေမးတယ္။အဲဒီအခါ ျဗဟၼာေလာကမွာ စိတ္ညႊတ္လုိလားျခင္းရွိေၾကာင္း သိေတာ္မူတဲ့အတြက္ ျဗဟၼာေလာကသုိ႔ ေရာက္ေစႏုိင္တဲ့ အက်င့္လမ္းကုိ ေဟာၾကားမယ္လုိ႔ မိန္႔ေတာ္မူျပီးေတာ့ ဒီလုိေဟာၾကားေတာ္မူပါတယ္။

“အရပ္ဆယ္မ်က္ႏွာ၌ ရွိသမ်ွ သတၱဝါအားလုံးကုိေမတၱာစိတ္ျဖင့္ ျဖန္႔ေနတာ၊ ေမတၱာပုိ႔ေနတာဟာ ျဗဟၼာ ျဖစ္ေၾကာင္း အခြင့္အလမ္းပဲလုိ႔”ဆုိလုိတာပါပဲ။ကရုဏာ၊ မုဒိတာ၊ ဥေပကၡာတုိ႔ျဖင့္ ျဖန္႔ေနပုံကုိလည္း နည္းတူပင္ေဟာၾကားေတာ္မူပါတယ္။အဲဒီလုိ ေဟာၾကားျပီးေတာ့အရွင္သာရိပုတၱရာက ျပန္ႂကြသြားတယ္။

ျမတ္စြာဘုရားထံသြားေရာက္ျပီးေတာ့ ဓနဥၥာနီအားေဟာခဲ့တဲ့အေၾကာင္းအရာမ်ားကုိ ေလွ်ာက္ထားတယ္။ အဲဒီအခါမွာျမတ္စြာဘုရားရွင္က “ျဗဟၼာ့ဝိဟာရစ်ာန္ထက္လြန္ျမတ္တဲ့ အရိယာမဂ္ဖုိလ္ရေအာင္ ျပဳက်င့္ ဖြယ္ရွိေနပါလ်က္ ဓနဥၥာနီပုဏၰားကုိျဗဟၼာေလာက၌ တည္ေစျပီးေတာ့ထားခဲ့သလားလုိ႔” မိန္႔ေတာ္ၾကားျပီးေတာ့ ဓနဥၥာနီဟာ ျဗဟၼာ့ေလာကသုိ႔ ေရာက္သြားေၾကာင္းကိုလည္း မိန္႔ေတာ္မူပါတယ္။

အဲဒီလုိမိန္႔ေတာ္မူ တဲ့အတြက္ အရွင္သာရိပုတၱရာလည္းျဗဟၼာ့ေလာကသုိ႔သြား၍ ဓနဥၥာနီျဗဟၼာအား တရားေဟာေသးေၾကာင္း ထုိအခါမွစ၍ (၄)ပုိဒ္မ်ွရွိတဲ့ တစ္ဂါထာကုိ သစၥာတရားႏွင့္ယွဥ္ျပီး ေဟာေတာ္မူခဲ့ေၾကာင္း အ႒ကထာမွာျပဆုိေတာ္မူပါတယ္။

ဒီေနရာမွာ သိေစလုိတာက “ဓနဥၥာနီ”ဆုိတဲ့ ပုဏၰားဟာေသခါနီးဆဲဆဲ နာရီဝက္ခန္႔ေလာက္အတြင္းမွာ ေမတၱာစသည္ကုိ ပြားေစျပီးေတာ့ စ်ာန္ရသြားတယ္။အဲဒီစ်ာန္ကုသုိလ္ေၾကာင့္ ျဗဟၼာ့ေလာကသုိ႔ ေရာက္သြားရတယ္။အဲဒါကုိသိေစလုိရင္းပါပဲ။

ဒါေၾကာင့္ ေသခါနီးကာလမွာ အားကုိးစရာအျခားကုသုိလ္ထူး မရွိရင္ အျခားကုသုိလ္မ်ားကုိ ႏွလုံးသြင္းလုိ႔မရေတာ့လွ်င္ ေမတၱာပြားေနျခင္းျဖင့္ အားကုိးစရာ ေကာင္းေကာင္း ရႏုိင္တယ္ဆုိတာလည္း မွတ္ထားၾကဖုိ႔ပါပဲ။အားလုံးေသာ သူမ်ားလည္း ေမတၱာတရား အစဥ္ထား ႏုိင္ၾကပါေစလုိ႔ ဆုေတာင္းေမတၱာပုိ႔သလုိက္ပါတယ္။

အိပ္ရာဝင္ အိပ္ယာထ ရြတ္ဆုိသင့္ေသာ ေမတၱာပုိ႔လကၤာ

သတၱာဝါခပင္း ဆင္းရဲကင္း ပူျပင္းဒုကၡျငိမ္းပါေစ။
သတၱဝါခပင္း ေရာဂါကင္း ပူျပင္းဘယာျငိမ္းပါေစ။
သတၱဝါခပင္း စိုးရိမ္ကင္း ပူျပင္းေသာကျငိမ္းပါေစ။
ကမၻာေနသူ မ်ားဗုိလ္လူ ၾကည္ျဖဴဟဒယရႊင္ပါေစ။
တရားနာျငား ေယာဂီမ်ား ၾကီးထြားသမာဓိရွိပါေစ။
ခႏၱီတရား လက္ကုိင္ထား ကင္းကြာေဒါသျငိမ္းပါေစ။
ေမတၱာေရခ်မ္း ပက္ခါျဖန္း ေအးခ်မ္းသာယာရွိပါေစ။
စႏၵာလမင္း ထိန္ထိန္လင္း ျပည့္တင္းျဖဳိးေမာက္နုိင္ပါေစ။
ကုိယ္စိတ္ႏွစ္ျဖာ ေဘးရန္ကြာ လြန္စြာက်န္းမာရွိပါေစ။
ႏွလုံးစိတ္ဝမ္း ရႊင္ကာလမ္း မႏြမ္းထာဝရရွိပါေစ။
အလုပ္ကုိယ္စီ ေဘးမသီ ၾကံစီထေျမာက္ေအာင္ပါေစ။

စာဖတ္သူအားလုံး ကုိယ္စိတ္ႏွစ္ပါး
က်န္းမာခ်မ္းသာၾကပါေစ။
အရွင္ဝိမလဝံသ(နာလႏၵာတကၠသုိလ္


#Unicode Version#

မေတ္တာကိုနှလုံးသွင်းခြင်းဟာ နှလုံးသွင်းသူတို့အား အထူးသဖြင့် အကျိုးများစေပါတယ်။

ဒါကြောင့် “သုဘုတိ” ဆိုတဲ့ ရဟန္တာမထေရ်ဟာ ဆွမ်းခံကြွတဲ့အခါအိမ်တိုင်းအိမ်တိုင်းရှေ့၌ ခေတ္တရပ်နေစဉ်အတွင်း မေတ္တာဈာန်ကို ဝင်စားတော်မူပါတယ်။အဲဒီမေတ္တာဈာန်မှထပြီး ဆွမ်းကိုအလှူခံတော်မူပါတယ်။

အဲဒါဟာ ဆွမ်းလှူတဲ့ ဒါယကာ ဒါယိကာမများတို့အား အကျိုးများစေရန် ဖြစ်ပါတယ်။အဲဒီလိုအကျိုးများအောင်မေတ္တာဈာန် ဝင်စားပြီး အလှူခံလေ့ရှိတဲ့အတွက် “အရှင်သုဘုတိ”ကို မြတ်စွာဘုရားက အလှူခံပုဂ္ဂိုလ်မြတ်များမှာ “အမြတ်ဆုံးအဖြစ် ဧတဒဂ်ဂုဏ်ထူးရှင်” ချီးကျူးတော်မူပါတယ်။

ယခုအခါမှာလည်း အလှူပွဲများ၌ ရဟန်းတော်များမေတ္တာသုတ် ပရိတ်တော်ကို ရွတ်ဖတ်ပွားများကြတာဟာ အလှူဒါနအကျိုးများစေရန်အတွက်ပါပဲ။ဒါကြောင့် မေတ္တာပရိတ်တော်ကို ရွတ်ဖတ် ချီးမြောက်တော်မူကြတဲ့အခါ မေတ္တာကိုလည်း ပွားရင်း လေးလေး စားစားရွတ်ဖတ်သင့်ပါတယ်။
ဒါကြောင့် မိမိတို့အနေဖြင့် ရောက်လေရာအရပ်မှာမေတ္တာဘာဝနာကို ပွားသင့်ပါတယ်။မိမိနေတဲ့ နေမြဲ နေရာများမှာလည်း အခွင့်ရသလောက်
ဒီမေတ္တာဘာဝနာကိုပွားများသင့်ပါတယ်။

အောက်ထစ်ဆုံးအားဖြင့် ဘုရားဝတ်ပြုပြီးတဲ့နောက်မှာအချိန်ရသလောက် ပွားများသင့်ပါတယ်။အကြောင်းညီညွတ်ရင် ဒီလိုပွားများ ရင်း မကြာမီအတွင်းလည်း မေတ္တာဈာန်ကိုရနိုင်ပါတယ်။

ဒီနေရာမှာ “ဓနဉ္စာနီ”ဆိုတဲ့ ပုဏ္ဏားအကြောင်း နည်းနည်းလေးပြောပြချင်ပါတယ်။

“ဓနဉ္စာနီနှင့် မေတ္တာဈာန်”

ဓနဉ္စာနီဆိုတဲ့ ပုဏ္ဏားကြီးဟာ သေလုနီးပါးရောဂါဖြစ်နေတဲ့အခါအရှင်သာရိပုတ္တရာကို ပင့်စေတယ်။အရှင်သာရိပုတ္တရာက ကြွရောက်တော်မူပြီးတော့ သူ့ရောဂါအကြောင်းကို မေးပြီးတဲ့နောက် ဒီလိုဟောတော်မူ ပါတယ်။ဟောပုံကတော့ “ငရဲနဲ့ တိရိစ္ဆာန် ဘယ်ဟာက ကောင်းမြတ်သလဲ စသည်ဖြင့် မေးခွန်းထုတ်တယ်။

ဓနဉ္စာနီက ငရဲထက် တိရိစ္ဆာန်ကကောင်းမြတ်ပါတယ်။”စသည်ဖြင့် ဖြေကြားတယ်။

မေးပုံဖြေပုံတွေကတော့“တိရိစ္ဆာန်နဲ့ ပြိတ္တာ၊ ပြိတ္တာနဲ့လူ၊ လူနဲ့ စတုမဟာရာဇ်စသည်ဖြင့် ပရနိမ္မိတဝသဝတ္တိတိုင်အောင် မေးဖြေပြီးတဲ့အခါ ပရနိမ္မိတဝသ ဝတ္တိနတ်တွေနဲ့ ဗြဟ္မာလောက ဘယ်ဟာကမြတ်သလဲလို့”မေးတယ်။

အဲဒီအခါ ဓနဉ္စာနီက ဗြဟ္မာလောက ဆိုတဲ့အသံကိုကြားရတော့ စိတ်တက်ကြွလာပြီး“အရှင်သာရိပုတ္တရာဟာ ဗြဟ္မာလောကလို့ပြောပါသလား။”လို့မေးတယ်။အဲဒီအခါ ဗြဟ္မာလောကမှာ စိတ်ညွှတ်လိုလားခြင်းရှိကြောင်း သိတော်မူတဲ့အတွက် ဗြဟ္မာလောကသို့ ရောက်စေနိုင်တဲ့ အကျင့်လမ်းကို ဟောကြားမယ်လို့ မိန့်တော်မူပြီးတော့ ဒီလိုဟောကြားတော်မူပါတယ်။

“အရပ်ဆယ်မျက်နှာ၌ ရှိသမျှ သတ္တဝါအားလုံးကိုမေတ္တာစိတ်ဖြင့် ဖြန့်နေတာ၊ မေတ္တာပို့နေတာဟာ ဗြဟ္မာ ဖြစ်ကြောင်း အခွင့်အလမ်းပဲလို့”ဆိုလိုတာပါပဲ။ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့ဖြင့် ဖြန့်နေပုံကိုလည်း နည်းတူပင်ဟောကြားတော်မူပါတယ်။အဲဒီလို ဟောကြားပြီးတော့အရှင်သာရိပုတ္တရာက ပြန်ကြွသွားတယ်။

မြတ်စွာဘုရားထံသွားရောက်ပြီးတော့ ဓနဉ္စာနီအားဟောခဲ့တဲ့အကြောင်းအရာများကို လျှောက်ထားတယ်။ အဲဒီအခါမှာမြတ်စွာဘုရားရှင်က “ဗြဟ္မာ့ဝိဟာရဈာန်ထက်လွန်မြတ်တဲ့ အရိယာမဂ်ဖိုလ်ရအောင် ပြုကျင့် ဖွယ်ရှိနေပါလျက် ဓနဉ္စာနီပုဏ္ဏားကိုဗြဟ္မာလောက၌ တည်စေပြီးတော့ထားခဲ့သလားလို့” မိန့်တော်ကြားပြီးတော့ ဓနဉ္စာနီဟာ ဗြဟ္မာ့လောကသို့ ရောက်သွားကြောင်းကိုလည်း မိန့်တော်မူပါတယ်။

အဲဒီလိုမိန့်တော်မူ တဲ့အတွက် အရှင်သာရိပုတ္တရာလည်းဗြဟ္မာ့လောကသို့သွား၍ ဓနဉ္စာနီဗြဟ္မာအား တရားဟောသေးကြောင်း ထိုအခါမှစ၍ (၄)ပိုဒ်မျှရှိတဲ့ တစ်ဂါထာကို သစ္စာတရားနှင့်ယှဉ်ပြီး ဟောတော်မူခဲ့ကြောင်း အဋ္ဌကထာမှာပြဆိုတော်မူပါတယ်။

ဒီနေရာမှာ သိစေလိုတာက “ဓနဉ္စာနီ”ဆိုတဲ့ ပုဏ္ဏားဟာသေခါနီးဆဲဆဲ နာရီဝက်ခန့်လောက်အတွင်းမှာ မေတ္တာစသည်ကို ပွားစေပြီးတော့ ဈာန်ရသွားတယ်။အဲဒီဈာန်ကုသိုလ်ကြောင့် ဗြဟ္မာ့လောကသို့ ရောက်သွားရတယ်။အဲဒါကိုသိစေလိုရင်းပါပဲ။

ဒါကြောင့် သေခါနီးကာလမှာ အားကိုးစရာအခြားကုသိုလ်ထူး မရှိရင် အခြားကုသိုလ်များကို နှလုံးသွင်းလို့မရတော့လျှင် မေတ္တာပွားနေခြင်းဖြင့် အားကိုးစရာ ကောင်းကောင်း ရနိုင်တယ်ဆိုတာလည်း မှတ်ထားကြဖို့ပါပဲ။အားလုံးသော သူများလည်း မေတ္တာတရား အစဉ်ထား နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

အိပ်ရာဝင် အိပ်ယာထ ရွတ်ဆိုသင့်သော မေတ္တာပို့လင်္ကာ

သတ္တာဝါခပင်း ဆင်းရဲကင်း ပူပြင်းဒုက္ခငြိမ်းပါစေ။
သတ္တဝါခပင်း ရောဂါကင်း ပူပြင်းဘယာငြိမ်းပါစေ။
သတ္တဝါခပင်း စိုးရိမ်ကင်း ပူပြင်းသောကငြိမ်းပါစေ။
ကမ္ဘာနေသူ များဗိုလ်လူ ကြည်ဖြူဟဒယရွှင်ပါစေ။
တရားနာငြား ယောဂီများ ကြီးထွားသမာဓိရှိပါစေ။
ခန္တီတရား လက်ကိုင်ထား ကင်းကွာဒေါသငြိမ်းပါစေ။
မေတ္တာရေချမ်း ပက်ခါဖြန်း အေးချမ်းသာယာရှိပါစေ။
စန္ဒာလမင်း ထိန်ထိန်လင်း ပြည့်တင်းဖြိုးမောက်နိုင်ပါစေ။
ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ လွန်စွာကျန်းမာရှိပါစေ။
နှလုံးစိတ်ဝမ်း ရွှင်ကာလမ်း မနွမ်းထာဝရရှိပါစေ။
အလုပ်ကိုယ်စီ ဘေးမသီ ကြံစီထမြောက်အောင်ပါစေ။

စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး
ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်

မေတ္တာဖြင့်မျှဝေပါသည်

No comments:

Post a Comment